19 comments

  • Myo Thant

    February 6, 2013 at 2:17 pm

    သားရေ
    ၁၁နှစ်ကျော်လာတဲ့သား စကားတွေ တအားတတ်လာသလို
    မချိုမချဉ်မျက်နှာမျိုးနဲ့ မုန့်ဘိုးလည်း တိုးတောင်းလာတတ်ပြီနော်
    ၈လ အရွက်ကတည်းက အဖမဲ့ခဲ့ရတဲ့ အဖေ့ငယ်ဘဝမှာ
    သားဖွားဖွားဟာ အဖေ့အတွက် အမေဖြစ်သလို အဖေလိုမျိုးလည်းအားကိုးခဲ့ရတယ် ၊
    သားအလှည့်မှာလည်း အမေမရှိတော့တာ ၅ နှစ်ကြာခဲ့ပေမယ့်
    အဖေဟာ သားအတွက် အဖေဖြစ်သလို အမေလိုလည်း ဂရုစိုက်မြဲပါ
    သား သွားချင်တဲ့နေရာ သား လိုချင်တဲ့ပစ္စည်း ငြီးတွားခြင်းမဲ့စွာနဲ့ အဖေဖြည့်ဆည်း
    ဒီလောကကြီးထဲက သန်းချီတဲ့ အဖေပေါင်းများစွာထဲမှာ
    အဖဟာ တော့ပ်ဝမ်း မဟုတ်ရင်တောင်
    အတော်ဆုံးအဖေ တစ်ထောင်ထဲမှာ ပါရစေ့မယ်ကွာ ၊

  • nozomi

    February 6, 2013 at 2:26 pm

    မနက်ကတင် FM က မွေးနေ့ဆုတောင်း သီချင်းလာတယ်
    ဇော်ဝင်းထွဋ် ရဲ့ မျိုးဆက်သစ် ဆိုတဲ့ သီချင်း

    အလိုက်လေး လဲ သဘောကျ အာရုံထဲ လဲ သားပုံ ပေါ်လာတာမို့ လိုက်တောင် ညည်းမိသေး

    ယုံကြည်တယ် သားရေ အကောင်းဆုံး မနက်ဖြန်တွေ ယူလာနိုင်မလားလေ ….

    ကိုမျိုးသန့် သားကလဲ အကောင်းဆုံး မနက်ဖြန်တွေ ယူလာနိုင်တဲ့ သားဖြစ်မှာပါ

    (အဲဒီ သီချင်းလေး ဘယ်မှာ ရနိုင်လဲ သိသူများ မျှဝေပေးပါဦး)

  • Myo Thant

    February 6, 2013 at 2:49 pm

    ပထမဆုံးကောမန့်အတွက် ကျေးဇူးပါ ၊ သီချင်းအတွက် ရှာကြည့်ပါဦးမယ် ၊

    ပို့စ်မှာ စာ နဲ့ ပုံနဲ့ တစ်ခါတည်း တွဲမတင်တတ်လို့ အဆင်မပြေတာခွင့်လွှတ်ပါ ၊
    ဝါရင့်သူများ သင်ကြားပေးကြပါဦးနော် ၊

  • kyeemite

    February 6, 2013 at 4:04 pm

    ကိုမျိုးသန့် ရေ..အိမ်ထောင်ရေးမကောင်းခဲ့တာသိရလို့စိတ်တော့မကောင်းပါဘူး
    နှင်းတွေဝေမှဖြင့်ကွယ် ပို့စ်မှာတည်းက သတိတော့ပြုမိလိုက်သား..
    ဒီလိုမိနဲ့ဖ မာနပြိုင်ပွဲတွေမှာ မြေစာပင်က သားသမီးတွေပါ….အဆင်ပြန်ပြေစေချင်လိုက်တာဗျာ..
    (ဖြစ်နိုင် မဖြစ်နို်င်တော့မသိဘူးပေါ့)
    သားလေးကလည်းထက်မြက်မဲ့ကလေးပါ…
    အစစ အဆင်ပြေပါစေဗျာ…

  • kai

    February 6, 2013 at 4:12 pm

    “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမှင်စုတ်ထိုး၊ ဤသုံးချက် ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး”
    အဲလို ရှေးရိုးစွဲတွေက.. လူတွေကို..သင်ကြား ပြောပြပြီး.. လိုရာသိမ်းသွင်းစည်းရုံးသွားတယ်..။
    လူနေမှုဘဝကို.. တော်တော်ဒုက္ခပေးနိုင်တဲ့အခြေအနေဖြစ်နေတဲ့..ခေတ်နဲ့မညီတဲ့.. ရှေးရိုးစကားဖြစ်နေပြီ..။

    တကယ်က..
    အိမ်ထောင်မှုက.. အဆင်မပြေရင်.. ညှိသင့်..ဖြေရှင်းသင့်..ဒါမှမရရင်ကွဲသင့်..ခွဲသင့်ပါတယ်..
    လူ့ဘဝတိုပါတယ်နော..
    ဒီပါတနာနဲ့အဆင်မပြေ… နောက်တယောက်ရှာ… လက်တွဲဆက်မြဲသင့်တာပေါ့…။

    ဒီအတိုင်းပဲ..
    ဘုရားတည်..။ စုတ်ထိုး(တက်တူးထိုး).. အကုန်ပြန်ပြင်ခွင့်.. ရှိရမယ်..။
    ပြန်ပြင်ကြ…
    အကောင်းဆုံးကို.. ရအောင်တည်ဆောက်ကြပါလို့.. :kwi:

  • Myo Thant

    February 6, 2013 at 4:21 pm

    သားက နေသားကျနေသလို
    သူ့အမေ တိုင်းတစ်ပါးက ပြန်လာတိုင်း တွေ့ခွင့်ပေးထားတာပဲလေ ၊
    ပြီးတော့ သားက ကျနော်နဲ့ သူ့အဖွားကိုပဲ ငယ်ငယ်လေးထဲက ပိုကပ်ခဲ့တာပါ
    ပြန်ပေါင်းဖို့ကတော့ သိကြားမင်း ဆင်း စည်းရုံးတောင် ကျနော်က ဆောရီးပါ ၊
    အဲသလောက် နာပါတယ်ဗျာ၊

  • pooch

    February 6, 2013 at 4:25 pm

    ၁၁ နှစ်အရွယ်သာသာလောက်မှာ ကျမအဖေလည်း ဆုံးသွားတာ
    အမေတယောက်ထဲ စောင့်ရှောက်လို့ လူလားမြောက်လာတာပါ
    မိဘမေတ္တာက အားကြီးပါတယ် တယောက်ထဲ ကျန်နေရင်တောင် ကိုယ့်သားသမီးတော့ ထီးရိပ် လရိပ်ထက်ပိုအေးအောင် ဆောင်းပေးနိုင်တယ်
    ( ကိုယ်တွေ့ )

    စီနီယာ မျိုးသန့်လေးလည်း သားလိမ္မာလေး ဖြစ်လာမှာအသေအချာပါ

    သူကြီးပြောတာကို နားမယောင်ပါနဲ့ မတော်ကလေး စိတ်ဆင်းရဲနေရအုန်းမယ် :mrgreen:

    • nozomi

      February 6, 2013 at 4:31 pm

      အပိုကြီး ဘာတွေ အလုပ်များနေလဲ

      စီနီယာ မျိုးသန့်လေးလည်း သားလိမ္မာလေး ဖြစ်လာမှာအသေအချာပါ ဆိုတော့

      ကိုမျိုးသန့် အဖေ ကို ပြန်ရှင် ခိုင်း ရ မလို ဖြစ်နေပြီ
      အပိုကြီး နော် အပိုကြီး

      • pooch

        February 6, 2013 at 4:50 pm

        ဟီး ဂျူနီယာ မျိုးသန့်လေး ပြောတာ ပါ ဆော်ရီးပါရှင့် :mrgreen:

  • ခင်ခ

    February 6, 2013 at 4:39 pm

    အိမ်ထောင်မပြု
    ဘုရားမတည်
    ဆေးမှင်စုတ်မထိုး
    နောင်ပြင်စရာ မလိုအမျိုး။
    ရွာထဲ အပိုကြီးတွေ အဲလိုပြင် ရွတ်နေကြနော်
    သူကြီးသိရဲ့လား? ။

    • kai

      February 7, 2013 at 5:21 am

      မြန်မာပြည်အပျိုကြီးတွေများတာ..(အဓိက,က) မြန်မာ ယောကျာ်းတွေအသုံးမကျလို့ပေါ့…
      ဆိုတော့..
      ကျုပ်သာလွှတ်တော်ငှက်ကထဖြစ်မယ်ဆို..Same-sex marriage ခွင့်ပြု..တရားဝင်ဖြစ်.. ဥပဒေမြန်မြန်ထုတ်ပေးလိုက်တယ်..
      အပျိုကြီးအချင်းချင်း.. ဘဝပါတနာဖြစ်.. လက်ဆက်နှစ်သက်..ကြင်ဖေါ်ဖြစ်နိုင်ကြပါစေသတည်း..။
      :kwi:
      =
      Same-sex marriage in the United States – Wikipedia, the free …
      en.wikipedia.org/wiki/Same-sex_marriage_in_the_United_States
      Same-sex marriage in the United States is recognized in several jurisdictions. As of January 2013, nine states—Connecticut, Iowa, Maine, Maryland, …
      =
      British House of Commons Approves Gay Marriage
      New York Times ‎- 1 day ago
      Lawmakers overwhelmingly approved the law, a gain for a bill that Prime Minister David Cameron has made a centerpiece of his drive to …

  • ဗုံဗုံ

    February 6, 2013 at 4:44 pm

    အဟမ်းးးးး ဦးမျိုးသန့် သိစေရန်
    ပိုင်ရှင်၏ (သက်ဆိုင်သူ) ခွင့်ပြုချက်မရဘဲ ပုံများထည့်သွင်းချင်း မပြုလုပ်ပါရန်နှင့်
    အကယ်၍ ကြားဖြတ်လုယူ သူများပေါ်ပေါက်လာပါက ကတုံးတုံးပြီး စစ်ကိုင်းချောင်ရောက်ဖို့အရေး မြင်မိပါသောကြောင့် ကောင်းကောင်းတွင် သက်ဆိုင်သူရှိပြီး ဖြစ်ကြောင်း တစ်ခါတည်း ထည့်သွင်း ဖော်ပြပေးစေလိုပါသည်။ ထိုစည်းကမ်းချက်များကို မလိုက်နာပါက ယောက်ဂမဂျီးသော ဘာသော ညာသော နားမလည်ဘဲ ဘိုးဘွားရိပ်သာသို့(အိမ်မှာရှုပ်သည့်အတွက်) ပို့လိုက်မည် ဖြစ်ပါဂျောင်းးးးးးးးးးးး
    ပုံ/
    မိဗုံ (ကောင်းကောင်း၏ သက်ဆိုင်သူ) :harr: :harr: :harr:

    • Myo Thant

      February 6, 2013 at 4:51 pm

      ကောင်းပါပြီ ကောင်းကောင်းပိုင်ရှင်ရယ် ၊
      စစ်ကိုင်းချောင် မရောက်စေရပါဘူး ၊
      ရွှေကြက်ယက်ထိပ်က ပိတ်စောင့်နေမှာပေါ့ နော့ 🙂

  • Myo Thant

    February 6, 2013 at 4:45 pm

    ( စီနီယာ မျိုးသန့်လေးလည်း သားလိမ္မာလေး ဖြစ်လာမှာအသေအချာပါ )

    အဲဒါဆို ကျနော်က ဘာ မျိုးသန့်ပါလိမ့် ?

    အဖေပြန်ရှင်လာရင်တော့ အသက် ၇ဝ အမေ ဒုက္ခများမယ်ထင်တယ်နော် ၊
    ကျနော်က အဖေ့ကို မြင်ကို မမြင်ခဲ့ဖူးပါဘူး
    အမေက ကျနော့်အပေါ်အရမ်းတာဝန်ကျေခဲ့သလို
    ကျနော်ကလည်း သားအပေါ်မှာ တာဝန်ကျေရမှာပါ ၊
    ဒါပေမယ့် တစ်ခါ တစ်ခါတော့လည်း တိုးတိုးတိုင်ပင်ဖော် ဆိုတာများ လိုသလား လို့ 😛 🙂

    • P chogyi

      February 6, 2013 at 5:26 pm

      ကိုမျိုးသန့်က Old စီနီယာပေါ့။

  • MaMa

    February 6, 2013 at 4:49 pm

    ပုံနဲ့စာကို ကြည့်ပြီး စိတ်မကောင်း အတော်ဖြစ်မိတယ်။

    သဂျီးရဲ့ အနောက်တိုင်းအယူအဆကို ဆန့်ကျင်ပြီး ပြောရအုံးမယ်။

    မိစုံဖစုံမရှိတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ဟာ အတော်ထိန်းရခက်ပါတယ်။
    သားသမီးအတွက် မိဘထက် ဘယ်သူမှ ပိုမကောင်းနိုင်ပါ။
    မိရင်းဖရင်းကသာ အကောင်းဆုံးမို့….
    ဖြစ်နိုင်ရင် (သည်းမခံနိုင်လောက်တဲ့ လူမှုရေးအရှုပ်အထွေးကလွဲလို့) မိဘတွေကပဲ သားသမီးအရေးတွေးပြီး အိမ်ထောင်ရေးကိုတည်မြဲအောင် (နှစ်ဦးစလုံးက) ကြိုးစားကြစေချင်တယ်။

    လုံးဝမဖြစ်နိုင်တော့ဘူးဆိုရင်လည်း သဂျီးပြောသလို ပြန်ပြင်ဖို့အတွက် သူ့အကြောင်း ကိုယ့်အကြောင်းသိကြပြီးသူကိုပဲ ရွေးသင့်ပါတယ်။
    မိုချိုရေးတဲ့ ကံကောင်းတာလား ကံဆိုးတာလား ပိုစ့်ကလိုမျိုး အရင်ကတည်းက သိကျွမ်းနေသူ၊ အဆင်ပြေသူ ဆိုရင် အကောင်းဆုံးပေ့ါ။

  • MaMa

    February 6, 2013 at 5:00 pm

    အရင်ပိုစ့်တွေ မဖတ်ဖူးပဲ ခုပိုစ့်တစ်ပုဒ်ထဲဖတ်မိတာနဲ့
    ကွန်မန့်တွေဝင်ထားတာလည်း မသိပဲ ရေးတင်ပြီးမှ ရှေ့က ကွန်မန့်တွေတွေ့ရတော့
    ဘာမှမသိပဲ ပြောမိတာ မှားပြီထင်တယ်။ :buu:

  • မောင်ပေ

    February 6, 2013 at 8:12 pm

    ဂျူနီယာသန် ့
    ကြူပလီရာမန် ့
    ကူညီပါအံ့
    ပူစီလာနန် ့

  • padonmar

    February 6, 2013 at 10:15 pm

    ညာဖက်မှာ
    Learn-how-to-do-4
    ရှိပါတယ်။
    မောင်ဂီရဲ့ ပို့စ် ရွာထဲမှာ ပုံတင်ရင် ပါ။
    https://myanmargazette.net/160515
    ဓာတ်ပုံနဲ့ caption မှာစာတို ရေးပါ။
    ကျန်တာတော့ ပုံမှန် စာတင်တဲ့ အတိုင်းပါပဲ။

Leave a Reply