ပြန်လှည်ခြေချခွင့် ရရှိခြင်း..

kotun winlattFebruary 6, 20131min877

ဂေဇက်ရွာသူရွာသားများ ကျန်းခန့်သာလို့ မာပါစ… ရွာသူ/သားအပေါင်း  စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ကျနော်တောသားမှ မေတ္တာပို့သ

ဆုတောင်းအပ်ပါသည်။ ကာလကြာရှည် ဂေဇက်ရွာကြီးနဲ့ ဝေနေခဲ့ရပါသော ကျနော် ဒီနေ့တွင်မှ အင်တာနက်သုံးစွဲခွင့် ပြန်လည် ရရှိပြီး သကာလ စုပ်ချာချာကွန်နက်ရှင်လေးအား

စုပ်ချာချာ ကွန်ပြူတာလေးအား အသုံးပြု၍ အားသွန်ခွန်စိုက် ဤစာလေးအားရေးသားအပ်ပါသည်။

အင်တာနက်ကိုလည်း မသုံးရ ညပိုင်းတွင်လည်း အပြင်မထွက် အမိန့်ကြောင့် ကျနော့်မှာ နေမထိ ထိုင်မသာဖြစ်နေရပါသည်။ လေးပေါက်ကိုလည်း

သတိရ..ကိုကြီးကမ်းကိုလည်း ဆွေးမိ..ဟိုးအဝေးကြီး တဂျီးလေးမောင်ခိုင်ကိုလည်း တမ်းတ…လူထူဆန်းသလားးးနာမည်ပဲထူးဆန်းလေးသလားမသိသော

လူကြီးကိုလည်း မေ့မရ…လွှတ်တော်မှာ ချွတ်ချော်အဲ…တော်ကြာ ခုံရုံးဖွဲ့ပြီး အစစ်ဆေးခံနေရလိမ့်ဦးမယ်… အမတ်မင်းအားလည်း လွမ်းဆွတ်….ဆြာပေနှင့်တကွရွာသူရွာသားတို့

မတွေ့ရသည့်နေမှစပြီး ကျနော့်မှာ စားမဝင်အိပ်မပျော်ဖြစ်နေပြီး ဒီယနေ့တွင်မှ အစာလေးပြန်ဝင်ကာ နေထိထိုင်သာရှိလေချေပြီ….အို..ကောင်းးလေစွ..ကောင်းးးလေစွ….ဒီနေ့တော့

ဒီမျှလောက်သာရေးပြီးးကျနော်ပြန်ပြေးဆင်းချေတော့မည်…ဟိုးးးအဝေးက တဂျီးမောင်ခိုင်ရေ..ကျနော်မလာနိုင်လည်း ကျနော့်အကောင့်လေးကို

မဖျက်လိုက်ပါနဲ့ဦး…ဒုက္ခိတအွန်လိုင်းသုံးနေရသူမို့ စိတ်ရှည်သည်းခံပြီး ထားပေးပါ..ကျနော်တို့ရွာ ဂျီအက်အမ်ဆိုသော တာဝါတိုင်ကြီးထောင်ပြီးသကာလ…

အံအားသင့်စရာဈေးနှုန်းနဲ့

ဖုန်းကတ်တွေရောင်းပေးတဲ့ အခါမှ ဂေဇက်ရွာကြီးထဲမှာ အနှံ့လျှောက်လည်လိမ့်ဦးမကွဲ…အခုတော့ ဒီမျှလောက်သာ…..

ရွှင်လန်းချမ်းမြေ့ကြပါစေ……

7 comments

  • kyeemite

    February 6, 2013 at 3:48 pm

    ပျောက်နေတာကြာတဲ့ တောပျော်ကြီး ကိုထွန်းဝင်းလတ်ကို
    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသဗျာ….နောက်တစ်ခုက
    ခင်ဗျားစိုးရိမ်သလို တဂျီးမောင်ခိုင် က ခင်ဗျားအကောင့်ဖျက်မပစ်ရဲပါဘူးဗျာ..
    ဟင်း..ဟင်း..ဖျက်ကြည့်ပါလား ကျုပ်တို့တစ်ရွာလုံး
    ဆန္ဒဖေါ်ထုတ်ပွဲလုပ်ပစ်လိုက်မှာပေါ့…
    ခင်တဲ့.. :kwi:

  • ခင်ခ

    February 6, 2013 at 4:18 pm

    ကိုထွန်းဝင်းလတ်ရေ မကြာခဏ လာပေါ့ဗျာ။ ဒုက္ခိတအွန်လိုင်း ဖြစ်နေရချိန်မှာပြောတာပါ။

  • မောင်ပေ

    February 6, 2013 at 8:31 pm

    ဖုန်းကဒ်ကတော့ ၃လပိုင်းမှ ဈေးထုတ်ပြောမယ်ဆိုတော့ ၊ ၃လပိုင်းကုန် ဖြစ်မလား
    ဒါမှမဟုတ် ၂သိန်းဖုန်းတွေစချသလို ၄လပိုင်းထဲ ဖြစ်မလား မှန်းကြည့်နေတယ်ဗျို ့
    ဘာပဲဖြစ်ဖြစ်
    ဂေဇက်ရဲ ့နိဗ္ဗာန်ဆော်ကြီး ပြန်လာတာ ဝမ်းသာပါကြောင်း

  • padonmar

    February 6, 2013 at 10:07 pm

    ဒါဆို အလှူခံဖလား မပိုက်နိုင်သေးဘူးပေါ့။
    မကြာမကြာတော့ လာပါနော်။

  • မင်းနန္ဓာ

    February 6, 2013 at 11:58 pm

    ဆရာမလေးနဲ့ အဆင်ပြေပြီး
    ဂေဇတ်ကို မေ့နေဘီလားအောက်မေ့တာ
    မကြာ မကြာ လာပါဗျာ
    ခင်တဲ့
    ရွာစားကျော်

  • Foreign Resident

    March 4, 2013 at 4:42 pm

    ကိုထွန်းဝင်းလတ်ရေ ။
    သတိရသေးတဲ့ အတွက် ကျေးဇူးပါဗျာ ။

Leave a Reply