MG ရွာသူားများခင်ဗျာ……….ခေါင်းစဉ်က တယ်လီဖုန်း(၁)ဆိုတော့(၂)တို့(၃)တို့ကို ကျွန်တော် အလျင်းသင့်သလို ဆက်လက်ရေးပါဦးမယ်ခင်ဗျာ။ စိတ်ရှည်သည်းခံ ရေသောက်ပြီးဖတ်ပေးကြပါဦးးခင်ဗျာ။

၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာပြည်သူားများ(ဟဲ  ဟဲ အနော်အပါပေါ့နော်) အင်မတန်မှ စိတ်ဝင်စားနေတဲ့ အကြောင်းအရာများစွာထဲက တယ်လီဖုန်းအကြောင်းကို ကျွန်တော်လည်း နည်းနည်း ပေါကြည့်ချင်တာပေါ့။

အဟမ်း   အဟမ်း   ပေါရမယ်ဆိုရင်…………………..

တယ်လီဖုန်းဆိုတာ ဘယ်ကစတင်ပေါ်ပေါက်လည်းဆိုတာကို ကျွန်တော်အရင်စဉ်းစားရပြီပေါ့။ (ဟဲ..ဟဲ ရွှီးတာ) လိုအပ်တဲ့အချက်အလက်လေးတွေကိုရှာဖွေဖို့ စာကြည့်တိုက်တွေ မွှေရပြီပေါ့။ စာကြည့်တိုက်တွေမွှေတယ်ဆိုလို့ အထင်တော့မကြီးလိုက်ကြနဲ့ဦးနော် ပန်းဆိုးတန်းဝန်းကျင်က လမ်းဘေး စာအုပ်အဟောင်းဆိုင်တွေကို ပြောတာ။ ဪ တယ်လီဖုန်းကို စကော်တလန်ပြည်သား အလက်စန္ဒား ဂရေဟန်ဘဲလ်က ၁၈၇၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ကျွန်တော်တို့မြန်မာနိုင်ငံကို အိုဒီအင်တယ်အီလက်ထရောနစ်ကုမဏီက စတင်တည်ထောင်ပြီး တင်သွင်း ခဲ့တာကိုး …………

“တယ်လီဖုန်း”ဆိုတာဘာလည်းလို့ ကျွန်တော်ရှာကြည့်တော့ ဂရီဘာသာစကားက  ဆင်းသက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ တယ်လီ(Distance)အကွာအဝေးနဲ့ ဖုန်း(Boice)အသံတို့ကို ပေါင်းဆက်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ နည်းနည်းလေး ကျွန်တော်ပြောချင်တာက (F.O.C) Friber Optic Cable အကြောင်းလေးပါ။ (F.O.C)က လူအများ ဆံချည်မျှင်ကေဘယ်လ်ဟု တင်စားခေါ်ရ လောက်အောင် ဆံပင်သမျှသေးငယ်တဲ့ ဖန်ချောင်းရှည်များကို မိုင်ပေါင်းများစွာကွာဝေးသည့် ဒေသများထိ သွယ်တန်းနိုင်အောင် သိပံပညာရှင်များပြုလုပ်ထားတာကို အံ့ဩခမှန်းတွေ့ရှိရပါတယ်။ ဆံပင်မျှသာရှိသော (F.O.C) ဖန်ချောင်းတစ်မျှင်ချင်းစီ­­­­မှာ တယ်လီဖုန်းလိုင်းပေါင်း သန်းနှင့်ချီပြီး ဆက်သွယ်မှု ပြုလုပ်နိုင်တယ်ဟု ဆိုထားတာtel 2ကိုတွေ့ရပါတယ်။tel 3

tel 7

ဒါဆိုရင်ကျွန်တော်တို့ မြန်မှာနိုင်ငံ အနှံအပြားမှာ ယခုသွယ်တန်းလျှက်ရှိတဲ့ (F.O.C) တယ်လီဖုန်းလိုင်းများ ပြီးစီးသွားပါက မြန်မာ့လူထု ဆက်သွယ်မှုကွန်ယက်က ပြောဖွယ်ရာမရှိလောက်အောင်ကောင်းမွန်နိုင်မှာပါ။ မှတ်ချက်—-ကွန်ကျတယ်ဆိုပြီး ထွက်ပြေးသွားတဲ့ ကိုကို ၊ မမ တို့မပါ…………….

About thaung htutsoe

thaung htutsoe has written 3 post in this Website..