ဪ………..ဪ တယ်လီဖုန်း (၁)

thaung htutsoeFebruary 6, 20131min1419

MG ရွာသူားများခင်ဗျာ……….ခေါင်းစဉ်က တယ်လီဖုန်း(၁)ဆိုတော့(၂)တို့(၃)တို့ကို ကျွန်တော် အလျင်းသင့်သလို ဆက်လက်ရေးပါဦးမယ်ခင်ဗျာ။ စိတ်ရှည်သည်းခံ ရေသောက်ပြီးဖတ်ပေးကြပါဦးးခင်ဗျာ။

၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာပြည်သူားများ(ဟဲ  ဟဲ အနော်အပါပေါ့နော်) အင်မတန်မှ စိတ်ဝင်စားနေတဲ့ အကြောင်းအရာများစွာထဲက တယ်လီဖုန်းအကြောင်းကို ကျွန်တော်လည်း နည်းနည်း ပေါကြည့်ချင်တာပေါ့။

အဟမ်း   အဟမ်း   ပေါရမယ်ဆိုရင်…………………..

တယ်လီဖုန်းဆိုတာ ဘယ်ကစတင်ပေါ်ပေါက်လည်းဆိုတာကို ကျွန်တော်အရင်စဉ်းစားရပြီပေါ့။ (ဟဲ..ဟဲ ရွှီးတာ) လိုအပ်တဲ့အချက်အလက်လေးတွေကိုရှာဖွေဖို့ စာကြည့်တိုက်တွေ မွှေရပြီပေါ့။ စာကြည့်တိုက်တွေမွှေတယ်ဆိုလို့ အထင်တော့မကြီးလိုက်ကြနဲ့ဦးနော် ပန်းဆိုးတန်းဝန်းကျင်က လမ်းဘေး စာအုပ်အဟောင်းဆိုင်တွေကို ပြောတာ။ ဪ တယ်လီဖုန်းကို စကော်တလန်ပြည်သား အလက်စန္ဒား ဂရေဟန်ဘဲလ်က ၁၈၇၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ကျွန်တော်တို့မြန်မာနိုင်ငံကို အိုဒီအင်တယ်အီလက်ထရောနစ်ကုမဏီက စတင်တည်ထောင်ပြီး တင်သွင်း ခဲ့တာကိုး …………

“တယ်လီဖုန်း”ဆိုတာဘာလည်းလို့ ကျွန်တော်ရှာကြည့်တော့ ဂရီဘာသာစကားက  ဆင်းသက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ တယ်လီ(Distance)အကွာအဝေးနဲ့ ဖုန်း(Boice)အသံတို့ကို ပေါင်းဆက်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ နည်းနည်းလေး ကျွန်တော်ပြောချင်တာက (F.O.C) Friber Optic Cable အကြောင်းလေးပါ။ (F.O.C)က လူအများ ဆံချည်မျှင်ကေဘယ်လ်ဟု တင်စားခေါ်ရ လောက်အောင် ဆံပင်သမျှသေးငယ်တဲ့ ဖန်ချောင်းရှည်များကို မိုင်ပေါင်းများစွာကွာဝေးသည့် ဒေသများထိ သွယ်တန်းနိုင်အောင် သိပံပညာရှင်များပြုလုပ်ထားတာကို အံ့ဩခမှန်းတွေ့ရှိရပါတယ်။ ဆံပင်မျှသာရှိသော (F.O.C) ဖန်ချောင်းတစ်မျှင်ချင်းစီ­­­­မှာ တယ်လီဖုန်းလိုင်းပေါင်း သန်းနှင့်ချီပြီး ဆက်သွယ်မှု ပြုလုပ်နိုင်တယ်ဟု ဆိုထားတာtel 2ကိုတွေ့ရပါတယ်။tel 3

tel 7

ဒါဆိုရင်ကျွန်တော်တို့ မြန်မှာနိုင်ငံ အနှံအပြားမှာ ယခုသွယ်တန်းလျှက်ရှိတဲ့ (F.O.C) တယ်လီဖုန်းလိုင်းများ ပြီးစီးသွားပါက မြန်မာ့လူထု ဆက်သွယ်မှုကွန်ယက်က ပြောဖွယ်ရာမရှိလောက်အောင်ကောင်းမွန်နိုင်မှာပါ။ မှတ်ချက်—-ကွန်ကျတယ်ဆိုပြီး ထွက်ပြေးသွားတဲ့ ကိုကို ၊ မမ တို့မပါ…………….

9 comments

  • kyeemite

    February 7, 2013 at 10:34 am

    စောင့်ဖတ်ပါအုံးမယ်ဗျာ…
    ဒါနဲ့..တယ်လီဖုန်းကို အမှန်တကယ်စတင်တီထွင်သူဟာ
    စကော်တလန်ပြည်သား အလက်စန္ဒား ဂရေဟန်ဘဲလ်
    မဟုတ်ဘူးလို့လဲကြားဖူးသလားလို့…သူကလူလည်ကျပီး
    အရင်မူပိုင်ခွင့်တင်လိုက်တာဆိုပဲ..ဟုတ်မဟုတ်တော့…မသေချာ..

    • Ghi Ghi ThE KiD

      February 7, 2013 at 10:52 am

      During a deposition filed for the 1887 trial, Italian inventor Antonio Meucci also claimed to have created the first working model of a telephone in Italy in 1834. In 1886, in the first of three cases in which he was involved, Meucci took the stand as a witness in the hopes of establishing his invention’s priority. Meucci’s evidence in this case was disputed due to a lack of material evidence for his inventions as his working models were purportedly lost at the laboratory of American District Telegraph (ADT) of New York, which was later incorporated as a subsidiary of Western Union in 1901.

      Ref:http://en.wikipedia.org/wiki/Alexander_Graham_Bell

  • kyeemite

    February 7, 2013 at 11:49 am

    သိနေတယ်လေ…သဂျီး (သို့) ဂီဂီ အထောက်အထားနဲ့လာတော့မယ်ဆိုတာ..
    ကျုပ်လည်းဖတ်ဖူးပီးမမှတ်မိတော့လို့…ကျေးကျေးပါ မိညီမ ရဲဇားဂျီးရေ.. :kwi:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      February 7, 2013 at 12:02 pm

      လေးမိုက်…

      အဲ့လို သွားမခေါ်နဲ့… မောင်ဂီသွေးတက်သွားဦးမယ်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • ခိုင်ဇာ

    February 7, 2013 at 1:17 pm

    ကလင် ကလင် မြည်သံ ဒီ လို ချိုတယ် …
    တယ်လီဖုန်းလေးရယ် …
    ဟယ်လို ဟယ်လို၊
    ဘယ်သူ ဘယ်သူ ဒီ လို မေးတော့ကွယ်။
    ကြင်နာသူတွေ ပြောစကားလေးတွေ အားလုံး ကြားအောင်ပဲ
    ဝေးသော အရပ်က ဖုန်းလေးဆက်လာ သိပ်ကို ပျော်ပါတယ်။

    (နောက် တယ်လီဖုန်း ၂ ပို့(စ) မှ နောက်တစ်ပုဒ် လာဆိုမယ်နော်)

    :harr: :harr:

  • thaung htutsoe

    February 7, 2013 at 4:51 pm

    At 1834 ,they made only telegraph.Not phone.

    “1834:Carl F.Gauss and Ernst H. Weber build the electromagnetic telegraph. The telegraph was the first step to making electrical signals travel from one device to another.”

    Thank you all my friends.Now i’m trying telephone (2).Please read and sent some advice.

  • Mr. MarGa

    February 10, 2013 at 11:31 am

    ဝင်မန့်မလို့ လုပ်ပြီး မေ့သွားလို့
    အခုမှမန့်မယ်နော်
    တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမှာ သုံးတဲ့ကြိုး သုံးမျိုးရှိပါသဗျ
    ဘိုလိုပဲပြောလိုက်မယ်နော်
    twisted pair
    coaxial cable
    optical fiber ရယ်တဲ့
    အခု သုံးနေတဲ့ ကြိုးဖုန်းတွေမှာ
    အများဆုံး သုံးနေတာက twisted pair နဲ့ coaxial cable ပါတဲ့ဗျာ
    ဆိုတော့ အဲဒီ f.o.c ကတော့ အင်တာနက်လိုင်းမှာပဲ သုံးတာတွေ့ဖူးပါသေးတယ် လို့

    • thaung htutsoe

      February 11, 2013 at 9:29 pm

      ဟုတ်ကဲ့ပါ KoMarGa အကိုပြောတာမမှားပါဘူး
      ဒါပေမယ့် twisted pair ဝါယာတွေက ကျွန်တော်တို့ အိမ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ကြိုးများဖြစ်ပြီး
      coaxial cable ဝါယာများကတော့ ရေအောက်များမှာ သွယ်တန်းရသော ကြိုးများဖြစ်ပါတယ်
      optic fiber ကြိုးများကတော့ twisted pair ဝါယာကို နည်းပညာမြင့်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ
      twisted pair ဝါယာက ကြေးနန်းကြိုးကို အသုံးပြုပြီး optic fiber ကတော့ ဖန်မျှင်များဖြင့်များကို အသုံးပြုထားခြင်းဖြစ်ပါတယ်ဟု ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် မန်နေဂျာတစ်ဦးမှ ပြောပြပါတယ်ခင်ဗျာ

Leave a Reply