ပုဂံဘုရားဖူးထွက်ခြင်း

Ko chogyiFebruary 6, 20131min21518

အသစ်အဦး ပုရစ်ဖူးကလေးတွေ ဝေစီနေတဲ့ ဆောင်းအကုန်နွေအကူးမှာ ဥဩငှက် ကလေးတွေလဲ သီဆိုကျူးကြတဲ့ အချိန်ပေါ့။ ကျွန်တော် ရာဇာချိုကြီးတစ်ယောက် နံနက်ခင်း အိပ်ယာအထမှာ ဘယ်ကိုများ  ခြေစင်္ကြာဖြန့်ရင်ကောင်းမလဲတွေးရင်း နေ့သစ်ကို နှုတ်ဆက်လိုက်ပါတယ်။ (စောစောထ၊ အိပ်ယာသိမ်း…….. စတဲ့ ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ခန်းစာထဲမှာပါတဲ့ နံနက်ခင်းပြုဖွယ်ရာတွေ ချန်ခဲ့မယ်)

အဲဒီနောက် စီးတော်ယာဉ် ဘီးစင်္ကြာ(Bicycle)ကို ဘယ်တစ်ချက်၊ ညာတစ်လှည့် နင်းရင်း အိမ်တော်မဟာရှိရာ ပုဂံရွှေပြည်မြို့သစ်ဆီမှ ပုဂံမြို့ဟောင်းတစ်နေရာသို့ ထွက်ခဲ့ပါတော့တယ်။ စိမ်းညက်ညီမဘုရား၊ စိုးမင်းကြီးကျောင်း၊ နဂါးရုံဘုရား၊ အပယ်ရတနာစေတီတို့ကို ဖြတ်ကျော်ရင်း နံနက်ခင်းအလှတွေကို ခံစားလို့ပေါ့။

ရုတ်တရက် အညှော်နံမွှေးမွှေးရနံလေးရလို့ ကြည့်လိုက်တော့ မွန်မလေး လုံလုံရဲ့အကြော်တဲကိုတွေရတယ် နံနက်ခင်းစားရာ ဘူးသီးကြော်နဲ့ ကောက်ညှင်းပေါင်းကို အဲဒီ မှာပဲ အဆင်ပြေစေလိုက်ပါတယ်။ မွန်မလေးရဲ့အကြော်ဆိုင်ကထွက်တော့ မွန်ဘုရင် မနူဟာမင်းရဲ့ကောင်းမှုတော်စေတီကို ဝင်ဖူးဖို့စိတ်ကူးရလိုက်တယ်။

အဲဒီလိုနဲ့ ဘုရားရှေ့ရောက်တော့ ဖရဲသီးရောင်းတဲ့အဘက သူ့ဖရဲသီးအတင်းဝယ်ခိုင်းလို့   စောစောစီစီးမစားပါရစေနဲ့လို့ တောင်းပန်ပြီး ဘုရားထဲပြေးအဝင် “ သမီးက နေကဗျာပါ ဘုရားသမိုင်းရှင်းပြရမလား”လို့ မေးလာတယ်။ အဲဒါနဲ့ သမီးကဘုရားသမိုင်း သိလို့လားဆိုတော့ အင်္ဂလိပ်လိုရေးထားတဲ့ ဘုရားသမိုင်းစာအုပ်ထဲကနေ သမီး ကိုယ်တိုင်ဘာသာပြန်ထားတာတဲ့။

ရှင်းပြခကတော့ ဒေါ်လှဒင်္ဂါးပေးရမယ်တဲ့။ မြန်မာငွေနဲ့ပေးလို့မရဘူးလားဆိုတော့ လူသိရှင်ကြားအော်လိုက်မှာနော်ဆိုလို့ မနည်းရှောင်ပြေးခဲ့ရတယ်။ အဲဒီအချိန်မှာပဲ “မရှိလို့မလှူ၊ မလှူလို့မရှိ………… စသည်ဖြင်”့ မိုက်ကိုအတင်းကပ်ပြီး အသံဗြဲကြီးနဲ့ အော်လိုက်တဲ့ အလှူခံဦးမိုက်ကြီးရဲ့ အသံကို မသိချင်ယောင်ဆောင်ပြီး ဆက်ဝင် လာခဲ့တာ  ဘုရားရှင်ရုပ်ပွားတော်ကို ဖူးမြော်လိုက်ရပါတယ်။

4393008155_4ebcf0aa37_z

ဘုရားကိုဦးသုံးကြိမ်ချပြီးတဲ့နောက် အခုလိုရှစ်ခိုးရတဲ့အကျိုးကြောင့် ဘာဖြစ်ပါစေ ညာဖြစ်ပါစေ နားပူနားဆာလုပ်ပြီး ကျဉ်းမြောင်းတဲ့လှိုဏ်ထဲကနေပြန်ထွက်လာခဲ့ ပါတယ်။ (ဘုရားလှိုဏ်ဂူဘာလို့ကျဉ်းတယ် သိချင်ရင်တော့ နေကဗျာကို ဘုရားသမိုင်း မေးကြည့်တော့ ကျွန်တော်ကတော့ ဇာတ်လမ်းရှည်မှာစိုးလို့ မပြောပြတော့ဘူး)

အချိန်လဲစောသေးတာနဲ့ နန်းဦးဘုရားဖက်ဆက်လျှောက်ခဲ့တာ လမ်းမှာအတင်းပြော ရင်း ရေအိုးရွက်လာတဲ့ အိအိနဲ့တုံတုံသူငယ်ချင်းနှစ်ယောက်နဲ့ တိုက်မိမလိုဖြစ်လို့ မနဲ့ ရှောင်လိုက်ရသေးတယ်။ ဘုန်းကြီးကျောင်းဝန်းထဲက ဖုန်တက်နေတဲ့ အရုပ်တွေရောင်း တဲ့ဆိုင်မှာ အထက်အညာက ကိုဗျောက်ရဲ့ဓာတ်ပုံပို့စ်ကဒ်တွေ တင်ရောင်းနေတာတွေ့ လို့ ကိုင်ကြည့်မိတာ ဈေးရောင်းတဲ့ ဆူးလှည်း(ဇာတ်လမ်းနာမည်မဟုတ်)ဆိုတဲ့ ကောင်မလေးက မဝယ်ရင်မကိုင်နဲ့ဆိုပြီး ဟောက်တာခံလိုက်ရသေးတယ်။ ရှက်ရှက်နဲ့ ကိုကြင်ကရေးတဲ့ ဘဝတစ်သက်တာ ကျန်းမာရေးပညာဆိုတဲ့ စာအုပ်ဝယ်ခဲ့ရတယ်။

ဒီလိုနဲ့ နန်းဦးဘုရားရှေ့နားရောက်တော့ ကန်ထရိုက်ပုံအကျင်္ ီဝတ်ပြီး ခေါင်းပေါင်းစ တလူလူနဲ့ လူတစ်ယောက်တွေ့လို့ အလှူလား၊မင်္ဂလာဆောင်လားမသိ၊ အတူလိုက်ပြီး အဝကြိတ်ရင်ကောင်းမယ်ကြံပြီး မိတ်သွားဖွဲမိတယ်။ “ကျုပ်က ပုဂံဘုရားဖူးလာသူတွေ အမှတ်တရဖြစ်အောင် ဓာတ်သေရိုက်ပေးတဲ့သူဗျ” ဘာတွေလာပြောနေတာလဲဆိုလို့ အသာလေး လှည့်ပြန်ခဲ့ရပါတယ်။

ထန်းတောနားကအဖြတ် ကြောင်လို့အော်တဲ့ ဝတုတ်တုတ်နဲ့တစ်ယောက်ရယ်၊ ပရင်တာရောင်းစားမယ့်သူကွလို့ ကြွေးကြော်နေတဲ့ ခေါင်းမှာဆံပင်ကိုမိုးကြိုးပစ်ထားတဲ့ ပုံစံနဲ့တစ်ယောက်ရယ်၊ နေပြည်တော်မသွားတဲ့ ကိုယ်စားလှယ်လို့အော်နေတဲ့ ဖြူဖပ် ဖြူရော်နဲ့သူတစ်ယောက်ရယ် သုံးယောက်ပေါင်း စောစောစီးစီး ထန်းရည်မူးပြီး သောင်း ကျန်းနေတာတွေ့လို့ သဂျီးကိုသွားတိုင်ဖို့ သတင်းထူးရပြီဆိုကာ ရွာထဲကိုအပြေးချီတက် ခဲ့တာပေါ့။ သဂျီးကိုလဲပြောရော “ငါ့ရဲ့ ဆယ်အိမ်ခေါင်းတွေကွ ရွာထဲကသတင်းမှန် သိချင်လို့ အောက်ခြေကို ကွင်းဆင်းခိုင်းထားတာ လာမရှုပ်နဲ့ဆိုလို့” ခပ်ကုပ်ကုပ် ပြန်ခဲ့ရပါတယ်။

သဂျီးကိုမကျေနပ်တာနဲ့ သဂျီးသမီးကြေးမုံဂျီးကို ရဲစားစကား လိုက်ပြောမယ်ရယ် စိတ်ကူးပြီး ဟိုကြည့်ဒီကြည့်အလုပ်မှာ ကြောင်တကောင်မာန်ဖီလို့ အတင်းလိုက်လာ တာနဲ့ အပြေးပြန်ခဲ့ရပါတော့တယ်။ တော်ပါပြီ ဒီနေ့အတွက် ဘယ်မှမသွားဘဲ အိမ်မှာ အေးအေးဆေးဆေး MG ဖတ်ရင်းနားတော့မယ်။

(တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ မည်သူကိုမျှမရည်ရွယ်ပါ၊ နာမည်တူ၊ အကြောင်းအရာ တူသူများခွင့်လွှတ်ပါ၊ ဖြစ်ရပ်မှန်မဟုတ် စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်။ ဘုရားဖူး သွားတဲ့သူတွေများလို့ သူများနောက်လိုက်ပြီးရေးကြည့်တာပါ။)

18 comments

  • ခင်ခ

    February 6, 2013 at 4:13 pm

    မော်တော်ကားလေး ဘာလေးနဲ့တော့ ဘုရားဖူး မပတ်ဘူး။ စီးတော်ယာဉ် ဘီးစင်္ကြာ(Bicycle) ပတ်တော့ ခဏလေးပတ်ဖြစ်တာပေါ့။ ဖတ်ကောင်းမယ်ကြံတုန်း ဆရာက အိမ်မှာ အေးအေးဆေးဆေး MG ဖတ်ရင်းနားတော့မယ် တဲ့ဗျာ။

    • P chogyi

      February 6, 2013 at 5:23 pm

      ကိုခင်ခရေ ပထမဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါ။
      နောက်ထပ်ဘုရားဖူးခရီးဆက်တင်ပါမယ်။

  • ကျန်ဒါဒွေ သိချင်ဝူးး
    ရာဇာချိုကြီး … ဆိုပီး …
    ကျုပ် နံမယ်ဂျီးထဲက ယူသုံးထားဒဲ့အတွက် ..
    တရားစွဲဂျင်ဘာဒယ် … ငွင်းး ငွင်းး

    အိုက်လို တရား မစွဲစေချင်ရင် ..
    ကျုပ်ကို တစ်နေ့ ကွမ်း ၁၀၀ဝ ဖိုး ဆက်သစေ ..
    အမိန့်ဒေါ် …… :mrgreen:

    • P chogyi

      February 6, 2013 at 5:36 pm

      မောင်အံက မူပိုင်ခွင့်ရပြီးသားလား
      မဟုတ်ရင် အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်
      အဲဒီလိုမစွဲစေချင်ရင် တစ်နေ့ကော်ဖီတစ်ခွက်တိုက်စေ။

  • may flowers

    February 6, 2013 at 5:44 pm

    အဲ………..တကယ့်ပုဂံဘုရားဖူးထွက်ခြင်း လားလို့…………တော်တော်နောက်တာပဲ….ဒီတော့

    သဂျီးဟောက်ထုတ်လို့ ညစ်ညစ်နဲ့ရေးတဲ့ပိုစ့်ဆိုပါတော့ ..ဟီဟိ.။

  • ဗုံဗုံ

    February 6, 2013 at 7:32 pm

    အူးလေး ချိုကြီး စက်ဘီးကို ဆက်နင်းပါ ဘုရားတစ်ဆူမှ မလွတ်စေနဲ့ ပုဂံဘုရားစုံမှ အိမ်ကိုပြန်ပါ ဒါဘဲ :mrgreen:

    • P chogyi

      February 6, 2013 at 8:10 pm

      ဘုရားစုံအောင်သွားဆိုသွားပါမယ်။ အိမ်တော့ပြန်ပါရစေဦး
      စက်ဘီးနဲ့ ဆိုင်ကယ်လဲလိုက်ဦးမယ်။

  • အလင်းဆက်

    February 6, 2013 at 7:56 pm

    အရေးလေးက သော့သော့နော့နော့….
    ============
    နာမည်တွေကတော့..
    တူသလိုလို …
    အဟိ ။
    🙂

  • မောင်ပေ

    February 6, 2013 at 8:08 pm

    ဘုရားဖူးသွား
    ကုလားရူးနား
    မစားဘူးခါး
    တအားမူးစား

  • padonmar

    February 6, 2013 at 10:21 pm

    ဆယ်အိမ်ခေါင်းတွေ သောက်တာ ထန်းရေမှ ဟုတ်ရဲ့လား ကိုချိုရယ်။
    ဘပုကပြောတော့………….

  • kyeemite

    February 7, 2013 at 10:43 am

    အင်း..ဘုရားကိုပုဆိန်ပေါက်ရှိခိုးပီး အလှူခံကျတော့
    ချူးတစ်ပြားမှထည့်ဖေါ်မရဘူး…ဒီမှာကဖြင့် မိုက်နဲ့ စက်ငှားခတောင်မကျေသေးလို့
    ဘုရားပေါ်တောင်အကြွေးတင်နေပါတယ်ဗျို့.. :harr:

  • Shwe Ei

    February 7, 2013 at 3:15 pm

    အတင်းတုတ်နေကျတာက ဘဒူ့အကြောင်းတဲ့လဲဟင်င် :kwi:

    • P chogyi

      February 7, 2013 at 5:08 pm

      ရှကီရာရဲ့ သားဦးလေးအကြောင်းဖြစ်မှာ
      ကျွန်တော့တောင်မမြင်ဘူး ဝင်တိုက်မှာစိုးလို့ မနည်းရှောင်လိုက်တာ
      ဘာပြောနေမှန်းသေသေချာချာမကြားလိုက်ဘူး
      ကျောက်ပျဉ်ရွက်ပြီးစောင့်မယ်ဆိုလားပဲ

  • MaMa

    February 7, 2013 at 3:21 pm

    ရွာထဲမှာ ကြော်ငြာပြီး ရာဇာချိုကြီး ဘုရားဖူးခရီးစဉ် လုပ်စားလို့ရပြီ။
    ဒါပေမယ့် ဘုရားဖူးလိုက်ချင်တဲ့ ခရီးသည်တွေကို ကန့်သတ်ချက်တော့ထားရမယ်။
    အရေးရယ် အကြောင်းရယ်ဆိုရင် လျှင်မြန်ဖြတ်လတ်စွာ ပြေးလွှားနိုင်သူများ ဖြစ်ရမည်လို့။ :harr:

    • P chogyi

      February 7, 2013 at 5:14 pm

      ဖုရားဖူးယာဉ်ကတော့ စက်ဘီးနဲ့ပို့မှာနော်

  • ဂန္ဓာရီ ဆြာအုပ်

    February 7, 2013 at 9:54 pm

    တော်သေးတယ် (၁) ဖတ်လိုက်မိလို့
    မဟုတ်ရင် တကယ်ထင်နေဦးမှာ
    တော်ပါသေးရဲ့ ဓာတ်သေ အကြွေးရိုက်မသွားလို့ ဟိ

  • လုံမလေးမွန်မွန်

    February 7, 2013 at 10:27 pm

    မနက်စာက စားကောင်းတယ်မို့လား… :mrgreen:

    ဘုရားဆက်ဖူးတယ်လို့ ဟိုဘက်ပို့စ်မှာ တွေ့ထားပါတယ်… ယောက်…အဲ့..ဦးလေးနဲ့ အတူတူ ဘုရားလိုက်ဖူးမယ်နော်… ဒါနဲ့..တြောက်ထဲလား… တားလေးရော..ပါဝူးလား… ဂလိုပဲ မေးကျိတာနော်..
    :kwi:

  • Mr. MarGa

    February 10, 2013 at 10:56 am

    အွမ် ဒီတစ်ပုဒ်ကို ဘာလို့ကျော်မိသွားတာပါလိမ့်
    အခုမှ ဖတ်မိတယ်
    အဲဒီလူတွေ အကုန်လုံးက ပြောနေပါတယ်
    ရာဇာ ချိုကြီးကို တရာစွဲမယ်တဲ့
    အသရေဖျက်မှုနဲ့ :mrgreen:
    P Chogyi ကို မဟုတ်ဖူးနော်

Leave a Reply