မြန်မာ ဝ – ၁ ဖိလစ်ပိုင်

thihayarzarFebruary 6, 20131min800

ဒီနေ့ညနေ ၆းဝဝနာရီ အချိန်မှာ ယှဉ်ပြိုင်ကစားကြတဲ့ မြန်မာလက်ရွေးစင်အသင်းနဲ့ ဖိလစ်ပိုင်လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာလက်ရွေးစင်အသင်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ နောက်ထပ်အကြွေးတစ်ခု ထပ်တင်ရင်း ရှုံးနိမ့်သွားပါတယ်။မြန်မာအသင်းမှာ ဆူဇူကီးဖလားတုန်းက ဒဏ်ရာရနေတဲ့ ကစားသမားတွေ ဒီပွဲမှာ ပါဝင်လာတာတွေ့ရပါတယ်။ ဖိလစ်ပိုင်အသင်းမှာတော့ ဆူဇူကီးဖလားတုန်းက လူစာရင်းအတိုင်းမဟုတ်ပဲ ခြေစွမ်းပြတဲ့ ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်လာခြင်းမရှိပါဘူး။ ဒီနေ့ပွဲ မြန်မာအသင်းအနေဖြင့် ဂိုးကန်သွင်းမှုများ များစွာရရှိခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲအောင် သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာအသင်းမှာ အပိုင်ဂိုးကန်သွင်းမှု သုံးကြိမ်ရရှိခဲ့ပါတယ်။ ကျော်ဇေယျာဝင်းမှ နှစ်ကြိမ်နဲ့ သိန်းသန်းဝင်း တစ်ကြိမ်တို့ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ချစ်ကြည်ရေးပွဲဆိုသော်ငြားလည်း တစ်ဖက်နှင့် တစ်ဖက် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ကြတဲ့ ပွဲတစ်ပွဲ ဖြစ်တာနဲ့အညီ အဝါကဒ်ပြား ငါးကဒ်အထိ ပြသခံကြရပါတယ်။ အဝါကဒ်ပြားများကို ဒုတိယပိုင်း မှသာ ပြသခံရခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းက သုံးကဒ်နဲ့ မြန်မာအသင်းက နှစ်ကဒ် ပြသခံခဲ့ရပါတယ်။ နှစ်ဖက်ကစားသမားများ အချင်းများတာကိုလည်း တွေ့ရပါတယ်။ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းရဲ့ ဂိုးပေါက်က ခြိမ်းခြောက်မှု အားနည်းပေမယ့် ၇ရ မိနစ်မှာ ဖိလစ်ပိုင်အသင်းမှ အိုဂျေပေါ့တီးရီးယားရဲ့ အဝေးကန်ချက်မှ အနိုင်ဂိုးသွင်းယူသွားတာဖြစ်ပါတယ်။ မြန်မာအသင်းနောက်တန်းကစားသမားများ ပိတ်ဆို့ကစားပုံ ညံဖျင်းခဲ့လို့ ဒီဂိုးကို ပေးလိုက်ရတာပါ။ မြန်မာအသင်းဟာ ၆၆ မိနစ်မှာ ၄၉ စိုးမင်းဦးအစား ၁၁ နန္ဒလင်းကျော်ချစ် ဝင်ရောက်ကစားခဲ့ပါတယ်။ ၇၅ မိနစ်မှာ သိန်းသန်းဝင်းအစား ၁၃ ပြည့်ဖြိုးအောင် လူစားလဲလှယ်ခဲ့ပါတယ်။ သိန်းသန်းဝင်းနေရာမှာ အစားဝင်မယ့်သူမရှိလို့ ဂိုးပေးလိုက်ရတာပါ။ တိုက်စစ်မြင့်ပီး နောက်တန်းမှာ ပိတ်ဆို့မှု အားနည်းခဲ့ပါတယ်။ နောက်ဆုံး လူစားလဲလှယ်မှုအဖြစ် ၁၂ အောင်ဟိန်းကျော် အစား ၄ ဇော်ဇော်ဦး ဝင်ရောက်အစားပါတယ်။ ဖိလစ်ပိုင်အသင်းမှ နှစ်ကြိမ်လူစားလဲလှယ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဆူဇူကီးဖလား ရှုံးကြွေးကို ပြန်မဆပ်နိုင်တဲ့အပြင် အိမ်ကွင်းမှာပါ နောက်ထပ် အရှုံးတစ်ခု နောက်ထပ် ထပ်တင်ခဲ့ပါတယ်။ မြန်မာဘောလုံးချစ် ပရိသတ်ကြီးတွေကတော့ မကုန်သေးတဲ့ ဝဋ်ကြွေးများကို ထပ်ပီး ဆပ်နေကြရပါတယ်။