ရန်ကုန်မြို့နေ အခြေခံလူတန်းစားတော်တော်များများဟာ လုပ်ငန်းခွင်ဝင်ဘို့ ၀န်ထမ်းအများစုဟာလဲ လိုင်းကားများကိုအားကိုးနေရပါတယ်၊ ဟိုင်းလက်၊ ဒိုင်နာ၊လိုက်ထရပ်၊လိုင်းကားငယ်လေးတွေဟာ ဒီဘက်ခေတ်မှာ ဘတ်စကားကြီးတွေကိုမယှဉ်နိုင်လေတော့ လူရဘို့နဲ့ အတက်အဆင်းစိပ်စိပ် အတိုဆွဲ လေးတွေဖြစ်အောင် အရှိန်ကုန်မောင်း လုတင် လုဝင်နဲ့ အန္တရာယ်ဖြစ်ကြတာ မကြာခဏဆိုသလိုဘဲ ကားမှောက်၊ ကားတိုက် အနိဌာရုံမြင်ကွင်းတွေ သတင်းတွေ ကြားနေကြရပါတယ်။ကားတွေကလည်း အလုအယက်ငွေရှာနေရတော့ ပြင်ဆင်ရေးဆိုတာ မဖြစ်မနေပြင်ရမှ ၀ပ်ရှော့ကိုရောက်တော့။ ကြံ့ခိုင်ရေးဆိုတာဗလာနထ္ထိ ခရီးသည်တွေဟာ အသက်ကိုကျွတ်ကျွတ်အိပ်နဲ့ထုတ်ပြီး ခရီးဆက်နေကြရတယ်။
ကားသမားတွေရဲ့ လောဘ၊ဒေါသ၊မောဟစိတ်တွေကြောင့် ခရီးသည်တွေဟာ အလိုလို သရဏဂုံ မြဲပြီးသား ဘာသာရေးကိုင်းရှိုင်းကုန်ကြတာ သူတို့ကိုကျေးဇူးတင်ရမလိုလိုပါ။
တစ်ခါ ၉၆ ဒိုင်နာကားကို ကျွန်တော်ဆက်မစီးရဲတော့လို့ ကမ္ဘာအေးဘုရားမှတ်တိုင်မှာ ကျွန်တော် လိုရာခရီးမရောက်ခင် ဆင်းခဲ့ရဘူးပါတယ်။ ကြောက်လို့တော့မဟုတ်ပါ အကျိုးမဲ့ အဓိပ္ပါယ်မဲ့ ကျွန်တော် အသက်ဆုံးရှုံးမခံနိုင်လို့ပါ။
ဒီတော့ ကားစီးတဲ့ အများပြည်သူကို ဘာသာရေးကိုင်းရှိုင်းအောင်ဆောင်ရွက်ပေးနေတဲ့ နိဗ္ဗာန်ဆော် တွေကို ကျွန်တော်တို့ကျေးဇူတင်ကြရအောင်လား

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..