နိဗ္ဗာန်ဆော်

DEPARKO DEPARKOFebruary 6, 20131min215

ရန်ကုန်မြို့နေ အခြေခံလူတန်းစားတော်တော်များများဟာ လုပ်ငန်းခွင်ဝင်ဘို့ ဝန်ထမ်းအများစုဟာလဲ လိုင်းကားများကိုအားကိုးနေရပါတယ်၊ ဟိုင်းလက်၊ ဒိုင်နာ၊လိုက်ထရပ်၊လိုင်းကားငယ်လေးတွေဟာ ဒီဘက်ခေတ်မှာ ဘတ်စကားကြီးတွေကိုမယှဉ်နိုင်လေတော့ လူရဘို့နဲ့ အတက်အဆင်းစိပ်စိပ် အတိုဆွဲ လေးတွေဖြစ်အောင် အရှိန်ကုန်မောင်း လုတင် လုဝင်နဲ့ အန ္တရာယ်ဖြစ်ကြတာ မကြာခဏဆိုသလိုဘဲ ကားမှောက်၊ ကားတိုက် အနိဌာရုံမြင်ကွင်းတွေ သတင်းတွေ ကြားနေကြရပါတယ်။ကားတွေကလည်း အလုအယက်ငွေရှာနေရတော့ ပြင်ဆင်ရေးဆိုတာ မဖြစ်မနေပြင်ရမှ ဝပ်ရှော့ကိုရောက်တော့။ ကြံ့ခိုင်ရေးဆိုတာဗလာနထိ္ထ ခရီးသည်တွေဟာ အသက်ကိုကျွတ်ကျွတ်အိပ်နဲ့ထုတ်ပြီး ခရီးဆက်နေကြရတယ်။
ကားသမားတွေရဲ့ လောဘ၊ဒေါသ၊မောဟစိတ်တွေကြောင့် ခရီးသည်တွေဟာ အလိုလို သရဏဂုံ မြဲပြီးသား ဘာသာရေးကိုင်းရှိုင်းကုန်ကြတာ သူတို့ကိုကျေးဇူးတင်ရမလိုလိုပါ။
တစ်ခါ ၉၆ ဒိုင်နာကားကို ကျွန်တော်ဆက်မစီးရဲတော့လို့ ကမာ္ဘအေးဘုရားမှတ်တိုင်မှာ ကျွန်တော် လိုရာခရီးမရောက်ခင် ဆင်းခဲ့ရဘူးပါတယ်။ ကြောက်လို့တော့မဟုတ်ပါ အကျိုးမဲ့ အဓိပ္ပါယ်မဲ့ ကျွန်တော် အသက်ဆုံးရှုံးမခံနိုင်လို့ပါ။
ဒီတော့ ကားစီးတဲ့ အများပြည်သူကို ဘာသာရေးကိုင်းရှိုင်းအောင်ဆောင်ရွက်ပေးနေတဲ့ နိဗ္ဗာန်ဆော် တွေကို ကျွန်တော်တို့ကျေးဇူတင်ကြရအောင်လား

12 comments

  • P chogyi

    February 6, 2013 at 8:23 pm

    တင်ပါတယ်၊ တင်ပါတယ်။

  • မောင်ပေ

    February 6, 2013 at 8:25 pm

    ဒါပေါ့ဗျာ
    ကျေးဇူး ဂေါ်ဇီလာပဲပေါ့
    ကျေးဇူးရှိသူကို ကျေးဇူးသိရမှာ မင်္ဂလာတစ်ပါးပေပါကလား

  • Mr. MarGa

    February 6, 2013 at 9:23 pm

    ကျေးဇူးကို အကြီးကြီးကို တင်မိပါတယ် လို့

  • ကြံကြံဖန်ဖန် …
    စပါယ်ယာ ကို နိဗ္ဗာန်ဆော် .. တဲ့ … :mrgreen:
    တကယ် ..
    တွေးလည်း တွေးတတ်ပါရဲ့ဗျာ ….
    ကြံဖန်ပြီး ကျေးဇူး တင်တတ်ခြင်းဟာလည်း မင်ဂါတစ်ပါးဘာဘဲ … ဟဲဟဲ …

  • DEPARKO DEPARKO

    February 7, 2013 at 9:00 am

    ကားစီးတဲ့အခါ ဘုရားစာမရွတ်ဘူးတဲ့ခရီးသည်တော့ရှိမည်မထင်

  • panpan

    February 7, 2013 at 9:57 am

    ကနေ့မနက်တောင် ဘီအမ်ကားပေါ်အတက် ပြုတ်မကျတာတော်သေး
    တက်လို့ခြေတစ်ဖက်ပဲတင်ရရုံရှိသေး အတင်းကိုမောင်းရော :chee:
    အရပ်ကပုပု ခြေနင်းခံကမြင့်မြင့်နဲ့ :mrgreen:

  • ခင်ခ

    February 7, 2013 at 10:02 am

    မန်းက လိုင်းကားစီးရင်တော့ တစ်ရေးတမော အိပ်လို့ရသဗျ။
    ခမ်ဖြေးဖြေး အေးအေးဆေးဆေးလေ။ စီးတဲ့ဦးရေလည်းနည်း သပေါ့။ အများကတော့ ဆိုင်ကယ်တွေနဲ့ တဝီဝီပေါ့ဗျာ။

  • kyeemite

    February 7, 2013 at 10:28 am

    အင်း..မနေ့ညနေ ရုံးကအပြန် သမိုင်းဘူတာရုံလမ်းပေါ်ကတံတားအဆင်းနားမှာ
    ဒိုင်နာနဲ့ ဘတ်စ်ကားကြီးတိုက်ထားတာဗျာ…လူနာတွေတော့မတွေ့လိုက်တော့ဘူး
    ဒိုင်နာခေါင်းကပြားချပ်သွားတာ..ဒရိုင်ဘာနဲ့ ဘေးကထိုင်တဲ့လူတော့ ရှင်ဖို့မလွယ်…
    ဘုရား…ဘုရား…ဘုရား…

  • Thit San Khant

    February 7, 2013 at 1:43 pm

    ကျွန်တော့်ကို ဆို ကားပေါ်က ပစ်ချသွားတာ
    ပေကပ်ပြီး မဆင်းလို့တဲ့ လုပ်ရက်ပါပေ့ 🙁

  • Ghi Ghi ThE KiD

    February 7, 2013 at 1:46 pm

    ဆော် ဆိုလို့ ဘယ်ဆော်လေးလဲပေါ့ ..
    နိဗ္ဗန်ဆော် ဆိုလို့ နိဗ္ဗန်ရောက်မယ့် ဆော်လေး
    လိမ်မာရေးခြား ရှိသူကလေးရယ်လားပေါ့ ..
    (နန်းချင်စရာလေးအကြောင်းလားပေါ့)
    ဟုတ်လည်းဟုတ်ဖူး
    လူဇိုး

    :kwi:

  • MaMa

    February 7, 2013 at 2:29 pm

    နာမည်ပေးတတ်လိုက်တာ အားကျစရာပဲ။ :kwi:
    ဘာကိုအပြစ်တင်ရမလဲတော့ မသိဘူး။
    ကားတိုက်မှုတွေ များလာတာ၊ အသေအပျောက်များလာတာတော့ အမှန်ပဲ။
    :eee:

  • koyo

    February 9, 2013 at 3:58 pm

    ကချင်ပြည်နယ်က ခရစ်ဆယာန်တွေ အကုန်လုံးနိဗ္ဗာန်ရောက်ကုန်တော့မှာပါလား။ သာဓု
    သာဓု သာဓု ခေါ်နိုင်ကြပါစေ။

Comments are closed.