IMG_0084
မြန်မာ့စစ်တုရင်
အတွင်းစစ်ကဲပေါက် ဆင်ခွထောက်ကာ
စစ်မြင်းဆက်ထား ရထားယှဉ်ပြိုင်
အနိုင်ကစား ယှဉ်ပြိုင်သွားမည့်
မြန်ဌာနီဘွား ဇာနည်များကို
တိုင်းတစ်ပါးက မျက်ထားမတူ
တမူဆန်းသစ် နည်းစနစ်လဲ
ဓလေ့မတူ စိတ်မတူဘဲ
မြန်မာ့အမွေနှစ် စစ်အသင့်ပြင်
စစ်တုရင်ကို ဘယ်သူကများ
နိုင်ပါငြားအံ့။
ဆင်ဦးကင်းထိုး မြင်းနှင့်ပိုးကာ
စစ်ကဲလမ်းလျှောက် ထိုးဖေါက်မွှေနှောက်
ရထားဆင့်ကဲ သူ့နယ်ထဲသို့
ရဲစစ်သည်များ ချိတ်ဆက်ထားပြီး
ရှေ့တိုးနောက်ငင် ဆင်ဖြင့်ယှဉ်ကာ
ဘုရင်ပါထွက် ခွေကာသတ်မည်
ဥာဏ်ရည်ခြင်းတူ ယှဉ်လိုသူအား
မတူဆန်းပြား ရွှေ့ကွက်များကို
သင်ကြားပေးခဲ့ချင်ပါသည်။
(အာဆီယံစစ်တုရင်ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များသို့ဂုဏ်ပြုကဗျာ)

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..