မြန်မာ့စစ်တုရင်

DEPARKO DEPARKOFebruary 7, 20131min139

IMG_0084
မြန်မာ့စစ်တုရင်
အတွင်းစစ်ကဲပေါက် ဆင်ခွထောက်ကာ
စစ်မြင်းဆက်ထား ရထားယှဉ်ပြိုင်
အနိုင်ကစား ယှဉ်ပြိုင်သွားမည့်
မြန်ဌာနီဘွား ဇာနည်များကို
တိုင်းတစ်ပါးက မျက်ထားမတူ
တမူဆန်းသစ် နည်းစနစ်လဲ
ဓလေ့မတူ စိတ်မတူဘဲ
မြန်မာ့အမွေနှစ် စစ်အသင့်ပြင်
စစ်တုရင်ကို ဘယ်သူကများ
နိုင်ပါငြားအံ့။
ဆင်ဦးကင်းထိုး မြင်းနှင့်ပိုးကာ
စစ်ကဲလမ်းလျှောက် ထိုးဖေါက်မွှေနှောက်
ရထားဆင့်ကဲ သူ့နယ်ထဲသို့
ရဲစစ်သည်များ ချိတ်ဆက်ထားပြီး
ရှေ့တိုးနောက်ငင် ဆင်ဖြင့်ယှဉ်ကာ
ဘုရင်ပါထွက် ခွေကာသတ်မည်
ဉာဏ်ရည်ခြင်းတူ ယှဉ်လိုသူအား
မတူဆန်းပြား ရွှေ့ကွက်များကို
သင်ကြားပေးခဲ့ချင်ပါသည်။
(အာဆီယံစစ်တုရင်ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များသို့ဂုဏ်ပြုကဗျာ)

7 comments

  • P chogyi

    February 7, 2013 at 9:51 am

    ကျွန်တော်တို့က အဲဒီလောက်ဉာဏ်မမြင့်ဘူးဗျာ
    အားပေးသွားပါတယ်။

  • DEPARKO DEPARKO

    February 7, 2013 at 9:59 am

    ကျေးဇူးပါ

  • DEPARKO DEPARKO

    February 7, 2013 at 10:07 am

    https://www.facebook.com/Sittuyin
    link မှာ ကျွန်တော်မြန်မာ့စစ်တုရင်၊ အာဆီယံနိုင်ငံများမှအမျိုးမျိုးသောစစ်တုရင်ကစားနည်းများနဲ့ပါတ်သက်ပြီးဝါသနာပါသူများဝင်ရောက်လေ့လာနိုင်ပါတယ်
    https://www.facebook.com/pages/Deparko/437486549623449
    link မှာကတော့ အနုပညာ(ကဗျာ ။စာညွန့်) ဝါသနာပါသူများလာရောက်ဘို့ဖိတ်ခေါ်ပါတယ်

  • kyeemite

    February 7, 2013 at 11:11 am

    လင့် အညွှန်းလေးတွေအတွက်ကျေးဇူးပါဗျာ

  • မောင်ပေ

    February 7, 2013 at 8:14 pm

    မြန်မာ့စစ်တုရင် ကို စာတွေထဲမှာသာ ဖတ်ဖူးပေမယ့်
    အပြင်မှာ မတွေ ့ဖူး မလေ့လာဖူးဘူးရယ်
    မြန်မာ့စစ်တုရင် ကစားနည်းတွေကို ရွာထဲမှာ တင်ပေးပါလား

  • DEPARKO DEPARKO

    February 8, 2013 at 1:34 pm

    မြန်မာစစ်တုရင်ကစားနည်းကို ကျွန်တော်အပေါ်မှာပေးထားတဲ့ link ထဲဝင်ခဲ့ပါ ကစားနည်းတွေရော မြန်မာစစ်တုရင် game ပါတင်ထားပါတယ် ဝါသနာပါသူရော on line ကစားလိုသူတွေပါဝင်ရောက်နိုင်ပါတယ် အပြင်မှာတကယ်ကစားချင်ရင် အောင်ဆန်းကွင်းမှာဖွင့်ထားတဲ့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှာလည်း နေ့စဉ် အပျော်တမ်း ဝင်ရောက်လေ့ကျင့်ကစားနိုင်သလို စမ်းချောင်း မုန့်လက်ဆောင်းကုန်းဓမ္မါရုံမှာ စစ်တုရင်ဝါသနာပါတဲ့ အဖိုးအိုကြီးတွေရှိပါတယ် အဲဒီမှာလည်းကစားနိုင်သလို ရွှေဘုံသာလမ်းအောင်ဆုံးဘလောက်မှာလည်း ဝါသနာရှင်တွေကစားနေပါတယ် နေ့တိုင်းနီးပါးရှိပါတယ်

  • Mr. MarGa

    February 8, 2013 at 9:13 pm

    မြန်မာစစ်တုရင်ကို စိတ်ဝင်စားတယ်
    လေ့လဲ လေ့လာဖြစ်ပါတယ်
    အခုထိတော့ လေ့လာသူ အဆင့်သာ ရှိပါသေးတယ်

Comments are closed.