နောင်လာမည့်စစ်ပွဲများတွင်လူသားနေရာ၌ အစားထိုးတော့မည့် စက်ရုပ်များ

Mr WorldWideFebruary 7, 20131min772

ပထမကမာ္ဘစစ်အတွင်းတွင် စက်သေနတ်များ၊ တင့်ကားများ၊ လူသတ်ဓာတ်ငွေ့များ စသည်တို့ကြောင့် လူပေါင်း ၉ သန်းကျော် သေဆုံးခဲ့ကြရ၍ နိုင်ငံအတော်များများသည် စစ်ပွဲများတွင် လူတို့၏အသက်ဆုံးရှုံးနိုင်မှု အနည်းဆုံးနည်းလမ်းများကို ရှာဖွေကြရာမှ Robot ဟူသော အသုံးအနှုန်းသည် ၁၉၂ဝ ခုနှစ်တွင် စတင်တွင် ကျယ်လာခဲ့ပါသည်။

 

terminator-600x450

 

ယနေ့အခါတွင်မူ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများတွင် မောင်းသူမဲ့လေယာဉ်များမှ စစ်ရေးတာဝန် များကို ထမ်းဆောင်လျက်ရှိနေကြောင်း တွေ့ရမည်ဖြစ်ပေသည်။ ၎င်းတို့အား နီဗားဒါး (Nevada)မှ ထိန်းချုပ် မောင်းနှင်နေခြင်းဖြစ်ရာ လူ့သမိုင်းတွင် ပထမဆုံးအနေဖြင့် စစ်ပွဲတစ်ခုအား ကမာ္ဘ့တစ်ဖက်ခြမ်းမှ ထိန်းချုပ် တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်ပေသည်။

ပထမကမ္ဘာစစ်၏ အနိဋ္ဌာရုံများကြောင့် စက်ရုပ်စစ်သည်များဟူသော မျှော်မှန်းချက်များသည် အမှန် တကယ်ရုပ်လုံး ပေါ်လာခဲ့ပေသည်။ ယနေ့ အမေရိကန်စစ်ဘက်တွင် တိုက်ခိုက်ရေး လေယာဉ်မှူးများထက်  မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းချုပ်နိုင်မည့် ယာဉ်မှူးများအဖြစ် ပိုမိုလေ့ကျင့်ပေးနေသည်ကို စတင် မြင်တွေ့ရပေသည်။ ယနေ့အခါတွင် မောင်းသူမဲ့လေယာဉ်အစင်း ၇၀၀ဝ နှင့် မောင်းသူမဲ့မြေပြင်တိုက်ခိုက်ရေး ယာဉ်အစင်း ၁၂၀၀ဝ ကျော် အသုံးပြုနေပြီဖြစ်ပါသည်။ ၂၀၀၂ ခုနှစ် အမေရိကန်ကွန်ဂရက်၏ အတည်ပြုချက် အရ ၂၀၁၅ ခုနှစ်တွင် စက်ရုပ်စစ်သည်များကို စတင်အသုံးပြုမည်ဖြစ်ကြောင်း ဖော်ပြထားသဖြင့် လက်တွေ့ တွင် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အနေအထား ဖြစ် ပါသည်။

သို့ဖြစ်ပါ၍ အသစ်ဖြစ်ပေါ်လာမည့် စက်ရုပ်စစ်ပွဲများသည် ကျွန်ုပ်တို့အား မည်သည့်အခြေအနေ တစ်ခုသို့ ဆောင်ကြဉ်းသွားလေမည်နည်းဟူသော မေးခွန်းတစ်ခု ပေါ်ထွက်လာပါသည်။ ၁၉၄၅ ခုနှစ်တွင် ဟီရို ရှီးမားမြို့ပေါ်သို့ နျူကလီးယားဗုံး ကြဲချလိုက်သောအခါ ကျွန်ုပ်တို့လက်ခံယုံကြည်ထားခဲ့သည့် အမှန်တရား နှင့်စစ်ပွဲ၏သဘောသဘာဝများ ပြောင်းလဲသွားသကဲ့သို့ အလိုအလျောက် ထိန်းချုပ်သော စက်ရုပ်စစ်သည် များကြောင့် ကျွန်ုပ်တို့နားလည်လက်ခံထားခဲ့သည့် စစ်ပွဲ၏အဓိပ္ပာယ်ဆိုသည်မှာလည်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

Source: www.bbc.com/future/story/20120403-robots-go-to-war

အခုလိုစစ်သားစက်ရုပ်တွေနဲ့အတူ ထွက်ပေါ်လာမှာကတော့ လေဆာရောင်ခြည်လက်နက်များပဲ ဖြစ်ပါတယ်။ အခုဆိုရင်လေဆာရောင်ခြည်တွေဟာ ဘယ်လောက်တောင် စွမ်းဆောင်နိုင်သလဲဆိုတာကိုတော့ နောက်သတင်းမှာဖော်ပြပေးပါဦးမယ်။

 

2 comments

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    February 7, 2013 at 11:12 am

    Starwar ရုပ်ရှင်လိုဖြစ်တော့မယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • မောင်ပေ

    February 7, 2013 at 8:05 pm

    စက်ရုပ်စစ်သားပေါ်လာတာကို အကြမ်းဖက်သမားတွေကို နှိမ်နှင်းတဲ့နေရာမှာ သုံးရင် အရမ်းမိုက်မှာပဲ
    မစ်ရှင်းလုပ်တာနဲ ့ ၊ အိုစမာဘင်လာဒင် ကို လုပ်တုန်းကလိုမျိုး ဗီဒီယိုရိုက်ပြီး ၊ တစ်ကမ်ဘာလုံးကို live လွှင့်ပေးသင့်တယ်
    သတင်းဘာသာပြန်ပေးလို ့ ရှဲရှဲပါ

Leave a Reply