ရွေးကျ

ဖြာကျနေတဲ့ရောင်စုံတွေနဲ့
သာယာတဲ့ဟောဒီလမ်းမဟာ
အနော်ရထာ တဲ့ ၊
နှစ်ထောင်ကစ ငါးရာအဆုံး
သုံးလို့ရတဲ့အင်္ကျီပုံကြား
ရွေးလျက်သားဟာ ကျနော်ပါ ၊
ဘေထုပ်ဆိုပေမယ့်
အခြေမစုတ်သလို
အမေလုပ်သူမသိ
လက်ထဲရှိတာ တစ်ထောင်တည်းပါ ၊
နှစ်ထောင်တန်ဟာ လှတာမှန်ပေမယ့်
တကယ့်လိုအပ်မှုဟာ အင်္ကျီဖြစ်ဖို့ပါ
အဲဒီလို အဲဒီလိုနဲ့
ကျနော့်ရဲ့ လက်တွေဟာ
ငါးရာတန်ကြား အလုပ်များရင်း
ဖျော့တော့တော့အဆင်းပေမယ့်
ရှင်းနေတဲ့ အင်္ကျီအပြာ
ကျနော့်လက်ထဲ ပါခဲ့ပါပြီ ၊
အင်္ကျီဖြစ်ဖို့သာ ယူဆတဲ့ကျနော့်အတွက်
ပိုထွက်လာမယ့် အသပြာ
လဘက်ရည်ဆိုတာမက
စီးကရက်ပါ ရခဲ့ပါတယ် ၊
ဘယ်လိုပဲဖြစ်ဖြစ်
ဝတ်လိုက်ရင်အတူတူမို့
ချို့တဲ့ တဲ့ဘဝအပေါ်
ကျနော် ပျော်လျက်ပါ ၊
ဒီလိုနဲ့ နေ့ရက်တွေကို
မေ့လျက်သလို ဖြတ်သန်း
အထီးကျန်လမ်းပေါ်မှာ
ချစ်ချင်ခြင်းဆိုတာ ရှိလာပါရောလား
ဒါပေမယ့်ဗျာ
ဘတ်စ်ကားနဲ့ နှစ်ပါးသွား
လခက နည်းပါးတဲ့ကျနော့်အတွက်
အိမ်သူဖြစ်နိူင်သူဟာ ဘယ်မှာများပါလဲ ?
အဆင်းညီဖို့ထက် အင်္ကျီဖြစ်ဖို့ကိုသာ
စဉ်းစားခဲ့တဲ့ကျနော့်အတွက်
ချစ်မက်ရမယ့်သူဟာ
ဘေထုပ်မှာထက် ရှာရခက်မှန်း
တမ်းတရင်းနဲ့သိခဲ့ရပါပြီ ၊
ဒါပေမယ့်ကွယ်
အလယ်အလတ်တောင် မဝယ်တတ်ခဲ့သူ
အူတူတူငနဲတစ်ကောင်အတွက်
အဆွေးဘဝ ဝေးကြရအောင်
ရွေးကျတစ်ပွင့် ထွေးပွေ့ခွင့်ရှိပါရစေ ။

9 comments

  • kyeemite

    February 7, 2013 at 11:41 am

    ကောင်းလိုက်တဲ့ ဘဝကဗျာလေးဗျာ..
    ရွေးကျတစ်ပွင့် ထွေးပွေ့ခွင့်
    မနှေးမလင့် လာပါစေ….

  • Myo Thant

    February 7, 2013 at 12:08 pm

    ပထမဆုံးကောမန့်အတွက် ကျေးဇူးပါဗျာ ၊
    ထွေးပွေ့ခွင့်အတွက်တော့ ရွာသားတွေကို အားကိုးပါရစေလား 🙂

  • Thit San Khant

    February 7, 2013 at 1:15 pm

    အမြန်ဆုံး ထွေးပွေ့ခွင့်ရရှိပါစေ ဗျာ…
    ဆုတောင်းပေးလျက်…

  • ဘဆွေ

    February 7, 2013 at 3:11 pm

    ရွေးကျတစ်ပွင့်
    ထွေးမ လို့ ပွေ့ခွင့်ကို
    အသင်…တွေးဆချင့်တယ်ပေါ့

    လေးနှမ ဟောဒီ ရွာသူ တွေအသိပါကွယ်
    ကြွေးကခေါင်ထိ
    ခလေးတွေကရှိနေရင်လည်းဖြစ်တယ်
    ဖေးမပါရစေတစ်ဘဝစာအတိ
    ပေးဆပ်ရပါစေ အမိရယ်ဆိုတာတောင်
    ဝေးစွ ကန်တော့ဆွမ်းနဲ့ငြိ
    ဘေးချ ထားခံထိပြီး
    ခွေးအကြီးတွေ လှည်းပိသလို
    ဆွေးသ ဂိနေရတဲ့
    အဝေးက အဖိတို့တွေကိုလဲငဲ့ပါဦး ။ (အဖိ=အခါတိုင်းရင်းသားစကားဖြင့်အကို)

    ခင်တဲ့ကိုမျိုးသန့်ရေ……..
    ကျွန်တော်တို့တောင် တရုပ်သိုင်းသမား စော်ကွေ့ရှောင် တို့ ဖွန်ကွေ့ချန်တို့ဖြစ်နေတာ ကို လာပြီးအားကိုးရင်တော့ ငါးပါးမှောက်ပြီပဲ….ငှက်ပျောပင်သာ စစိုက်တော့..။
    ခင်တဲ့
    ဘဆွေ။
    မှတ်ချက်- ဟိုဘက်ပိုစ့်တွင် သဂျီးမြှောက်ပေး သဖြင့် ကဗျာစပ်ရန် အလွန် စိတ်အားထက်သန် နေပါသည်

  • Myo Thant

    February 7, 2013 at 3:22 pm

    အားကိုးပါတယ်ဆိုမှ ငှက်ပျောပင်စိုက်ခိုင်းနေပါ့လား
    ဒီရွာသားတွေနဲ့တော့ ခက်ပြီ
    ဪ ဒါနဲ့ ဟိုတလောက ပို့စ်တစ်ခုထဲ
    သဂျီးဆီမှာ တူမတွေ ဒါဇင်ဝက်လောက်ရှိတယ်ဆိုလား ဖတ်မိလိုက်သလိုပဲ
    ီ ဟီး ဟီး

  • nozomi

    February 7, 2013 at 5:35 pm

    အခုတစ်လော ရွာထဲ
    အလိုရှိကြောင်း ပို့စ် တွေ တွေ့နေရတော့
    အားကျမခံ တစ်ခုခုတော့ တင်ဦးမှ..

    ရွေးကျမဟုတ်ပဲ မသိသူတွေ ကျော်သွားတာ နေမှာပါ

  • Myo Thant

    February 9, 2013 at 12:35 pm

    ရွေးကျ ဆိုပေမယ့် ထွေးမြတော့ မလုပ်ပါနဲ့
    ဘေးက လေးနှမ ဆို မဆိုးဘူး

    🙂

Leave a Reply