လေဆာရောင်ခြည်လက်နက်များတစ်ခေတ်ဆန်းသစ်လာမည်ဖြစ်ခြင်း

Mr WorldWideFebruary 7, 20131min781

အစ္စရေးအစိုးရသည် ပို၍ဆွဲဆောင်မှုရှိသော လေဆာရောင်ခြည်သုံး ဒုံးပျံကာကွယ်ရေးစနစ်ကို အသုံး မပြုဘဲ အိုင်ယွန်းဒူး(မ်) (Iron Dome) ဟုခေါ်သော ဒုံးခွင်းဒုံးစနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ စစ်ဘက်တွင် အသုံးပြုခဲ့ပါသည်။ သို့သော်ယခုအခါတွင် လေဆာရောင်ခြည်ကဲ့သို့ တိုက်ရိုက်စွမ်းအင် အသုံးပြုနည်းပညာ များတိုးတက်လျက်ရှိပြီး မကြာမီကာလတွင် အဆိုပါအသံတိတ်လက်နက်များကို စမ်းသပ်မှုများပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း

ကာကွယ်ရေးစက်မှုလုပ်ငန်းများမှ ပြောကြားခဲ့ပါသည်။

 

laser

 

အဓိကအဖွဲ့အစည်းမှာ အမေရိကန်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းဖြစ်သော လော့ဟိမာတင် ကုမ္ပဏီ ဖြစ်ပါသည်။ အစ္စရေး-ဂါဇာ အပစ်အခတ် ရပ်စဲပြီး တစ်ပတ်မပြည့်မီတွင် ကုမ္ပဏီမှ ၎င်းတို့တီထွင်လုပ်ကိုင် နေသည့် အဒမ် (Adam,Air Defence Anti-munitions) ဟုခေါ်သည့် လေဆာရောင်ခြည်သုံး လက်နက်ကို ထုတ်ဖော်ပြခဲ့ပေသည်။ ၎င်းလက်နက်စနစ်သည် အခဲဖိုင်ဘာလေဆာ (Solid-State Fiber Laser) ကို အသုံးပြု ထားပြီး အကွာအဝေး ၂ ကီလိုမီတာမှ ဝင်ရောက်လာသော ဒုံးပျံအသေးစားများကို ဖျက်ချနိုင်စွမ်းရှိပါသည်။ ကုမ္ပဏီသည် သတင်းအချို့ကို ဖွင့်ချခဲ့သော်လည်း လေဆာနည်းပညာနှင့် ပတ်သက်သော အသေး စိတ်အချက် အလက်များကို လျှို့ဝှက်ထားခဲ့ပြီး မြေပြင်အခြေပြုလက်နက်များအကြောင်းကို အင်တာဗျူးလုပ်ရန်ငြင်းဆိုခဲ့ပါ သည်။ အနီးကပ်ဝင်ရောက်လာမည့် ခြိမ်းခြောက်မှုများကို ချေဖျက်နိုင်မည့် ၁ဝ ကီလိုဝပ် အားရှိ လေဆာ ရောင်ခြည်ကို မိမိတို့ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ လင်းဖစ် ရှာမှ BBC သို့ပြောဆိုခဲ့ပါသည်။

 

Source: http://www.bbc.com/future/story/20121207-laser-weapons-shine-on

Lockheed Martin Demonstrates High-Energy Laser C-RAM Application

The Lockheed Martin Area Defense Anti-munitions (ADAM) prototype laser weapon system successfully destroys a rocket target flying on a wire at a range of 1.6 kilometers on Dec. 10, 2012, replicating similar demonstrations conducted earlier this year. Since August, the system has successfully engaged an unmanned aerial system target in flight at a range of approximately 1.5 kilometers (0.9 miles) and has destroyed four small-caliber rocket targets in simulated flight at a range of approximately 2 kilometers (1.2 miles). Acquisition, tracking and destruction of the target took approximately three seconds.

 

 

One comment

  • မောင်ပေ

    February 7, 2013 at 7:27 pm

    အနာဂတ် စပေ့ကိုလိုနီနယ်ချဲ ့ဖို ့ သတင်းကောင်းပါပဲ
    အဓိကကတော့ တရုတ်နဲ ့ကုလားတွေဆီ မဟက်ခံရဖို ့ပဲဗျို ့

Leave a Reply