တိမ်လှိုင်းကြက်ခွပ်

1 ကောင်းကင်မှ စမြင်လိုက်ရတဲ့ တိမ်ကြက်ခွပ်
1 ကောင်းကင်မှ စမြင်လိုက်ရတဲ့ တိမ်ကြက်ခွပ်

 

“တိမ်လှိုင်းကြက်ခွပ်”

အလုပ်ပိတ်တဲ့တစ်ရက် အပြင်ထွက်မလုို့လုပ်တုံး

“လေးပေါက်………….ဘယ်မှာလဲ”ဆိုပြီးဖုန်းဝင်လာပါတယ်။

ရန်ကုန်မှာနေတဲ့ရွာသူတစ်ယောက်။

မန်းလေးကိုအလည်ရောက်နေပါသတဲ့။

အဲဒါနဲ့သူတို့ဘယ်ရောက်နေလဲဆိုတော့မြောက်ပြင်မှာတဲ့။

သူတို့ရောက်တဲ့နေရာနဲ့မဝေးတဲ့ 19လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာချိန်းလို်က်ပါတယ်။

ရောက်လာတော့စကားတွေပြောကြ။

ပြီးရင်ဘယ်သွားချင်လဲမေးတော့ နန်းတွင်းကို သွားချင်ကြပါသတဲ့။

ဒါနဲ့ဘဲ ကျုံးကိုမြောက်ဘက်ကနေပါတ် အရှေ့ပေါက်ကနေ နန်းတွင်းထဲကိုဝင်လို့

မြနန်းစံကျော်ရွှေနန်းတော်ကိုအလည်သွားကြပါတယ်၊

နန်းတော်ထဲအရောက်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကလှိုင်းကြက်ခွပ်ထနေပုံကလှပ။

2 နန်းဆောင်ပေါ်မှာစီးမိုးနေသော
2 နန်းဆောင်ပေါ်မှာစီးမိုးနေသော

 

3 မန်းလေးနန်းတွင်းက နန်းဆောင်များနှင့် တိမ်လှိုင်းကြက်ခွပ်
3 မန်းလေးနန်းတွင်းက
နန်းဆောင်များနှင့် တိမ်လှိုင်းကြက်ခွပ်

 

4 လှိုင်းကြက်ခွပ်တွေစီးမိုးထားတဲ့နေဝင်ချိန်လေး
4 လှိုင်းကြက်ခွပ်တွေစီးမိုးထားတဲ့နေဝင်ချိန်လေး

 

 

 

5 နေရောင် ပျောက်လုဆဲဆဲ
5 နေရောင် ပျောက်လုဆဲဆဲ
7 လွမ်းစေသော
6လွမ်းစေသော

 

6စနက်ရှော့မဟုတ်တဲ့လက်ဆော့
7စနက်ရှော့မဟုတ်တဲ့လက်ဆော့

 

 

8 ပန်းဆီရောင်ကောင်းကင်နဲ့ ကြက်ခွပ်တိမ်
8 ပန်းဆီရောင်ကောင်းကင်နဲ့ ကြက်ခွပ်တိမ်

အဲဒိက အပြန် သူ့တို့ကို တည်းအိမ်ရောက်အောင်လိုက်ပို့။

အိမ်မပြန်နိုင်သေးဘဲတိမ်ကြက်ခွပ်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဧရာကမ်းနံဘေးပြေးမယ်လုပ်တော့

နေကျတာ မြန်နေတော့ အချိန်မမှီလောက်။

ရေပြင်ရယ် ကျယ်ပြန့်တဲ့ကောင်းကင်ရယ်ရှိမယ့်နေရာကို

အမြန်ဆုံးရောက်မယ့်နေရာကို တွက်ကြည့်တော့ တက်သေးအင်း အနောက်မြောက်ဘက်ခြမ်းကိုသတိရတော့

ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့ပါတယ်။

ရောက်တဲ့အချိန်မှာကို နေရောင်က မင်းဝံကိုကွယ်ခါနီးနေပါပြီ။

ဒါနဲ့ဘဲ ့ တိမ်လှိုင်းကြက်ခွပ်တွေနဲ့တက်သေးအင်းရေပြင်ကို နေဝင်ချိန်လေးနဲ့

တွဲဖက်လိုက်တဲ့အခါမှာတော့

…………………………………………….

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

30-1-2013

 

9 ယစ်မူးစေသော
9 ယစ်မူးစေသော

 

29 comments

  • ဂန္ဓာရီ ဆြာအုပ်

    February 11, 2013 at 9:25 am

    wow..လှပါပေ့ကိုပေါက်ရယ် အမိအရပါပဲ

  • တောတွင်းပျော်

    February 11, 2013 at 10:12 am

    ပုံ ရ ကိုသဘောကျတယ်။
    ဒီ ့ထက်မက မြင်ကွင်းလေးကို ကျယ်ပေးလိုက်ရင် ပိုလှသွားမယ်ထင်တယ်….

    • ဟုတ်တယ်ဗျ ဒီပုံလေးကို အလျားလိုက်မယူလိုက်မိတာရယ် ဗေဒါပင်ကို အဓိက ထားယူလိုက်တော့
      နည်းနည်းလေးမြင်ကွင်းကျုံံ့သွားတယ်

  • ဗုံဗုံ

    February 11, 2013 at 10:16 am

    လှလိုက်တာဟယ် တိမ်တွေပေါ်တက်ပြီး ခုန်ပေါက်ကလိုက်ချင်တာ တစ်ကယ်ပြောတာ ဖေပေါက်ဂျီး :mrgreen:

  • weiwei

    February 11, 2013 at 10:24 am

    အရမ်း အရမ်း လှတယ် …
    မန်းလေးကို ဒီနှစ်ထဲတော့ သေချာပေါက် ရောက်အောင်လာမှာ …

    • မဝေရေ အခုရက်တိမ်တွေက ပိုလှတယ် ။
      မနေ့ညနေအလုပ်ပိတ်တော့ တောင် မှ လက်ပံပင်နဲ့တိမ်တွေတင်လိုက်သေးတယ်
      လှ၏.
      မန်းလေးကိုလာခဲ့ပါ လိုက်ပို့ပေးပါမယ်။
      မဒမ်ပေါက်ကလဲ မဝေကိုမျှော်နေပါ၏။

  • kyeemite

    February 11, 2013 at 11:24 am

    ကိုပေါက်ရေ..တိမ်လှိုင်းကြက်ခွပ်
    မလွတ်အောင်ရိုက်
    နေဝင်ခိုက်မှာ
    ပန်းဆီရောင်ပြေး
    လှလွန်းပေပေါ့….

    • ကိုမိုက်ရေ မနေ့က ဥပုဒ်နေ့အလုပ်ပိတ်ရက်
      ကျနော်နှစ်သက်တဲ့ပုံလေးတွေအတော်များများရလိုက်ပါတယ်
      တင်ပေးပါမယ်။နော်

  • ခိုင်ဇာ

    February 11, 2013 at 11:48 am

    ပုံ ၈ ကို ကြိုက်တယ်။ :hee:

  • ပုံ(7) ရယ် ပုံ(8 ) ရယ်က ကင်မရာမှာပါတဲ့ ဖန်ရှင်သုံးရိုက်ထားတဲ့အတွက်
    သဘာဝထက် နည်းနည်းလေးတော့လွန်သွားပါတယ်။
    ဒါပေမယ့်ကျနော်လည်းကြိုက်တယ်။

  • Myo Thant

    February 11, 2013 at 2:06 pm

    ဒီတိမ်တွေကလည်း
    ဆရာကိုပေါက် ကင်မရာကိုင်လိုက်ချိန်မှာများ
    အပြေးရောက်လာကြသလား မသိပါဘူး
    တိမ်တွေက တောက်
    ကိုပေါက်က ရယ်ဒီ
    အားလုံးလှပါသည် ၊

  • Myo Thant

    February 11, 2013 at 3:44 pm

    ဆရာရေ
    မတ်လ မဟုတ်ရင်တောင် ဧပြီမှာ မန္တလေးရောက်ဖြစ်မှာပါ
    ကိုပေါက်ရယ် ဆရာပေရယ် ကိုခင်ခရယ် တွေ့ချင်ပါတယ်ဗျာ
    ဒီကြားထဲ ရန်ကုန်ရောက်ရင်လည်း ဖုန်းဆက်ပါနော့

  • thaung htutsoe

    February 11, 2013 at 5:31 pm

    လှိုင်းကြက်ခွပ်တွေစီးမိုးထားတဲ့နေဝင်ချိန်လေးကို ကြိုက်တယ်

  • ကြိုက်သဗျာ .. ခိုက်သဗျာ ..
    အကုန်လုံး .. အကုန်လုံး …
    နောက်ထပ် ထပ်ကြိုက်ရရင် ..
    ခညား ချာပေးမယ့် တောင်မလေးလို့ပဲ ကြောရဒေါ့မှာဘဲ .. :mrgreen:

  • aye.kk

    February 11, 2013 at 9:05 pm

    ပုံတွေအားလုံးလှလိုက်တာ။
    ပုံ(၈)ပန်းဆီသွေးရောင်ကိုနှစ်သက်လွန်းမိပါတယ်။
    တိမ်တွေကလှလွန်းနေတာကအံ့မခန်းစရာဘဲ။
    ကိုပေါက်ရဲ ့လက်ရာလှလှတွေကြည့်ပြီး
    အမောလဲပြေ၊အပန်းလဲပြေ၊ကြည်နှူးနှစ်သက်စိတ်ချမ်းမြေ့ရလို ့
    ကျေးဇူးအထူးတင်မိပါတယ်။။

  • Hnin Hnin

    February 12, 2013 at 12:58 am

    ပုံတွေက လှလိုက်တာ…လေးပေါက်ရေ
    ပုံ ၈ က အရောင်က ပန်းဆီရောင် စိုလွန်းလို့ ထူးဆန်းပြီး လှနေတာပဲ။ ပုံ ၄ လည်း လှတာပဲ။

  • ဒီနေ့မနက်စောစော လုလင်ရောက်လာတာနဲ့ လက်ပံပွင့်တွေရိုက်လာသေးတယ် နောက်ရင်တင်ပေးမယ်နော်

  • padonmar

    February 12, 2013 at 11:39 pm

    ကိုပေါက်ကို အားကျပြီး တိမ်တွေ မြင်ရင် ဒါ့ပုံရိုက်ချင်လာရော
    ၊ပြီးတော့ ကြည့်ရင် လှလည်း မလှတာနဲ့ ရှက်ပြီး ဖျက်ပစ်မိရော။

    • မမာရေ
      ရိုက်ပြီးရင် တင်သာတင်ပေးလိုက်ပါ ။
      ပုံတိုင်း ပုံတိုင်းမှာ အလှတစ်ခုစီတော့ ရှိနေမှာအသေအချာပါဘဲ။

  • မောင်ပေ

    February 13, 2013 at 11:09 am

    ရေလည် လှတယ် ၊ လန်းတယ်ဗျာ
    အဲ့နေ ့က ၊ လေးဗောက်နဲ ့တွေ ့ခဲ့ပေမယ့် တိမ်တွေကို သတိမထားမိခဲ့တာ နာတာပဲ

  • winkyawaung

    February 13, 2013 at 10:09 pm

    ဆရာပေါက် တိပ်တွေပေါ်ကို အလည်လာရောက်ခဲ့ပြန်ပါပြီ..။ မကွေးသားကို ဆက်သွယ်ပါအုံးဗျ..။

  • panpan

    February 14, 2013 at 8:50 am

    နံပါတ်၄ပုံလေးရယ် နံပါတ်၈ပုံလေးရယ် အရမ်းမိုက်တယ်
    ကူးထားမယ်နော် လေးလေး :hee:

  • Mr. MarGa

    February 14, 2013 at 9:08 pm

    မိုက်တယ် မမိုက်ဘူး မပြောတော့ပါဘူး
    ကြိုက်လွန်းလို့ ကူးသွားချင်ပါတယ် ဆိုတာရယ်
    ကူးပြီးရင်လဲ လက်က အငြိမ်မနေတာမို့ cover photo တင်ချင်ပါတယ် ဆိုတာရယ်
    လာ ခွင့်တောင်းတာဗျို့

Leave a Reply