ကွေးနိုင်ဆန့်နိုင်သော ဘက်ထရီပုံစံတစ်မျိုးအားကိုးရီးယားသုတေသနသမားများမှ ထုတ်လုပ်ခဲ့ခြင်း

Mr WorldWideFebruary 8, 20131min1383

တောင်ကိုးရီးယားနိုင်ငံမှ သုတေသနပြုသူများသည် ကွေးနိုင်ဆန့်နိုင်သော ဘက်ထရီတစ်မျိုးကို ပြုလုပ်နိုင်ခဲ့ခြင်းသည် လာမည့်နှစ်များတွင် ကွေးနိုင်ဆန့်နိုင်သော စမတ်ဖုန်းများအား ထုတ်လုပ်နိုင်ရန် အတွက် ခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။ အူဆန်သိပံ္ပနှင့်နည်းပညာတက္ကသိုလ်မှ သုတေသနအဖွဲ့က သာမန်ဘက်ထရီများထက် ပိုမိုကောင်း မွန်သော ပေါ်လီမာ အီလက်ထရိုလိုက်(Polymer Electrolyte) ဘက်ထရီပုံစံသစ် တစ်မျိုးအား ထုတ်လုပ် နိုင်ခဲ့ပါသည်။

ကိုးရီးယားသိပံ္ပဝန်ကြီးဌာနမှ ပြောခွင့်ဆိုခွင့်ရှိသူတစ်ဦးမှ ကိုးရီးယား ဂျွန်ဝမ်းသတင်းစာသို့ ပြောကြားရာတွင် လီသီယမ်အိုင်ယွန် ဘက်ထရီ(Lithium-ion Batteries)များတွင်  ပေါ်လီမာ အီလက် ထရိုလိုက်ကို အသုံးပြုခြင်းအားဖြင့် ပြဿနာအနည်းငယ် ရှိနိုင်သည်ဟုဆိုပါသည်။ အဆိုပါ ပြဿနာမှာ အီလက်ထရိုလိုက်အား ခွဲခြားထားသော ဖလင်ကော်ပြားလေးများသည် အပူကြောင့်ပျော်သွားပါက ၎င်းတွင် ပါဝင်သော အဖိုနှင့် အမဒြပ်စင်များသည် အချင်းချင်း ဆွဲဆောင်၍ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်ခြင်းပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က လပ်စ်ဗီးဂတ်တွင် ပြသခဲ့သည့် အီလက်ထရောနစ်ပြပွဲတွင် ဆမ်ဆောင်း ကုမ္ပဏီအနေဖြင့် ကွေးနိုင်ဆန့်နိုင်သော စမတ်ဖုန်းအား ပြသခဲ့ပြီး ၎င်းအား ယွမ်ဟု ခေါ်ပါသည်။ ထိုပြပွဲတွင် နမူနာပုံစံအနေဖြင့် ကွေးနိုင်ဆန့်နိုင်အောင် လုပ်ပြနိုင်ခဲ့သော်လည်း ထိုသို့ပြုလုပ်ခြင်းကြောင့် အရောင် မှေးမှိန်သွားခြင်းကဲ့သို့ မဖြစ်ပေါ်ခဲ့ပါဟု ဆိုပါသည်။

Korean researchers develop flexible battery

The team, from the Ulsan National Institute of Science and Technology, say they have developed a “fluid-like” polymer electrolyte that is more flexible than a traditional battery.

The new system is, according to the researchers, more stable than conventional batteries.

A spokesman for the Korean science ministry told the Korean Joongang Daily: “Conventional lithium-ion batteries that use liquefied electrolytes had safety problems as the film that separates the electrolytes may melt under heat, in which case the positive and negative elements may come in contact, causing an explosion.

http://www.telegraph.co.uk/technology/mobile-phones/9806450/Korean-researchers-develop-flexible-battery.html

3 comments

  • thaung htutsoe

    February 8, 2013 at 9:25 am

    ခံနိုင်ရည်စွမ်းပကားလေးက ဘယ်လိုရှိလဲ ကို အီးတီ
    အလှမဟုတ်ဘဲ တစ်ဘဝစာ ဆိုရင်တော့ ပိုကောင်းတာပေါ့
    ကျွန်တော်တို့ သုံးနေတဲ့ ဘတ္ထရီခြောက်တွေကတော့ (၈)နှစ်အာမခံဘဲရတာဗျ
    သယ်ယူရတာလည်းခက်ခဲ့တော့ နည်းနည်း ဒုတ်ခ ရောက်တယ်

  • ကျုပ်တို့မတော့ ….
    ခုမှ touch လေးကို ပွတ်ရုံ ပွတ်နေတုန်း …
    ဟောဗျာ …
    ကွေ့နိုင် ဆန့်နိုင်တဲ့ ဟာတွေ ထွင်တော့မတဲ့ ……..။

    ကျုပ်လည်း အားကျမခံ တီထွင်အုံးမှ …..
    ဘယ်လို ထွင်ရင် ကောင်းမလဲ ?????
    ဟုတ်ပြီ ……. ဒီလို ထွင်မယ် ….

    စမတ်ဖုန်း များအား ဝူခုန်း ဇာတ်ကားထဲမှ
    တုတ်အကြီးကြီးအား နားကြား ညှပ်ထား၍ ရသော ပုံစံကဲ့သို့ …
    စမတ်ဖုန်းများအားလည်း “ဥုံဖွ” ရွတ်ရုံမျှဖြင့်
    ကျုံ့စေနိုင်သော စမတ်ဖုန်းအား မဟာရာဇာ ကုမ္ပဏီ လီမိတက်မှ
    ပရော်ဖက်ဆာ ဒေါက်တာရာဇာ အနန္တ စကြဝဠာ မဟာ့မဟာ အံချာဒုံး ဆိုသည့် ဆရာကြီးကြီးမှ
    စမ်းသပ် တီထွင်မှုမှာ အောင်မြင်နေပြီ ဖြစ်ကြောင်း ……..
    စိတ်ဝင်စားပါက ကြိုတင် ဘွတ်ကင် လုပ်နိုင်ပြီ ဖြစ်ဘာဂျောင်းးးးး

  • kai

    February 9, 2013 at 4:13 am

    ကွေးနိုင်ဆန့်နိုင်တဲ့ဘက်ထရီနဲ့.. ကွေးနိုင်တဲ့.. မှန်သားပြင်တွေ ထီထွင်နေကြတာ.. နောင် ၅နှစ်လောက်ဆို.. ဆဲလ်ဖုံးတွေ.. လိပ်ပြီးခေါက်ပြီး.. သယ်လို့ရမယ့်သဘောရှိတယ်..
    အကြီးကြီးတွေရမယ်ပေါ့…

    ထီထွင်သူတွေသာဓုပါဗျာ..
    သူများအလှူတဖက်သတ်လက်ခံပြီး.. နတ်ပြည်ရောက်လာတဲ့.. နတ်သားတွေရဲ့.. ကြင်ယာတော်နတ်သားဖြစ်ကြပါစေ….။ :kwi:

Leave a Reply