မင်း လိုက်ခဲ့ဦးးးး

+++++++++++++++++++++++++++++++

ရွက်ဟောင်းတွေ ကြွေလေပြီ
ရွက်ဟောင်းတွေ ကြွေလေပြီ

+++++++++++++++++++++++++++++++

 

ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။

အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။

ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။

ဒီမြင်ကွင်းက …..

 

လွမ်းတတ်သူ တစ်ယောက်အတွက် အလွမ်းတေးတစ်ပုဒ်လို ….

ကဗျာဆရာ တစ်ယောက်အတွက် ကဗျာတစ်ပုဒ်လို …

သန့်ရှင်းရေးသမား တစ်ယောက် အတွက် စိတ်ပျက်ဖွယ်ရာလို ….

ရဟန်း တစ်ပါး အတွက် တရား ရစရာလို ……

လို ….. လို ….. လို …. လို ………

 

ဘာပဲဖြစ်ဖြစ်ပါ …….

အသစ်တွေ လာဖို့အတွက် အဟောင်းတွေ ကြွေလွင့် ပေးရခြင်း သဘောတရားပါပဲ …

ဒါ ….. သဘာဝ တရား တစ်ခုပါပဲ …..

ဒီသဘောတရားကို လွန်ဆန်မယ် ဆိုရင်တော့ …….

အင်းးးးးး မကောင်းဘူးပေါ့ …….

ထိုင်ပြီးရင် မထချင်ဘူး ဆိုပေမယ့်လို့လည်း …

ကြာကြာထိုင်ရင် ဖင်ပူတယ် ….. အညောင်းမိမယ် …..

ဆိုးကျိုးတွေက အားကြီးပဲ ……။

 

အဟမ်းး ဟမ်းး

ဆိုလိုချင်တာကတော့ ……

နောက်လူတွေ လာပြီ …. ရှေ့လူတွေ ဖယ်ပေးဂျဘာ .. ငွင်းး ငွင်းးး

နောက်တာပါ .. အတည်ပါ .. မဟုတ်ပါဘူး .. တကယ်ပါ …

(ခရက်ဒစ်တူ .. အရီးလတ်ပါ)

 

ဘာပဲဖြစ်ဖြစ်ပါလေ ….

ဒီလို ရော်ရွက်ဝါတွေ ကြွေလွင့်၊ ရိုးတံသာ ကျန်တော့တဲ့ အပင်တစ်ပင် …

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အခါ … တွေးလိုက်မိတယ် …

ငြင်းမရဘူး .. တစ်နေ့တော့ ကြွေလွင့်မှာပဲ ……

ဒါ … လောက ဓမ္မတာပဲ …….

 

ပြီးတော့ .. ဒါ တရားပြနေတာပဲ …….

အသေ မဦးခင် ဉာဏ်ဦးအောင် လုပ်မှ တော်ရော့မယ် …

ကျုပ်လည်း တောထွက်တော့မယ် ……

ဒါမယ့် .. သရဲ ကြောက်တယ် …

“” ကိုကိုအံ ကို တစ္ဆေ ကိုက်လိမ့်မယ်ကွယ် …

ချစ်ခလေး ..

မင်း လိုက်ခဲ့ဦးကွယ် ……. “”  :mrgreen: :mrgreen:

+++++++++++++++++++++++++++++++

{

ပျင်းပျင်းနဲ့ ……

ရေးမိ ရေးရာ လျောက်ရေးလိုက်တာ ဖြစ်ပါကြောင်း ….။

}

 

+++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++

22 comments

  • ခင်ခ

    February 8, 2013 at 12:42 pm

    ( ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။
    အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။
    ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။ )
    ဥဩ ဥဩ ဥဩ လို့လည်း ဥဘဥ ဌက်ရဲ့တွန်သံက ဆက်ကာ ဆက်ကာ ကြားရပြန်တော့ လွမ်းတတ်သူ စိတ်ထဲလည်း မချိတင်ကဲပေါ့။
    ဪ နွေရောက် တော့မှာပါလားလေ………..။

  • ခင်ခ

    February 8, 2013 at 12:43 pm

    ( ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။
    အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။
    ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။ )
    ဥဩ ဥဩ ဥဩ လို့လည်း ဥဩ ဌက်ရဲ့တွန်သံက ဆက်ကာ ဆက်ကာ ကြားရပြန်တော့ လွမ်းတတ်သူ စိတ်ထဲလည်း မချိတင်ကဲပေါ့။
    ဪ နွေရောက် တော့မှာပါလားလေ………..။

  • kyeemite

    February 8, 2013 at 1:11 pm

    အံစာတုံးရေ..တောထွက်ချင်ပေမဲ့
    ထွက်စရာတောမရှိတော့ဘူးကွ
    လွင်တီးခေါင်ဖြစ်ကုန်ပီ… :harr:

  • MaMa

    February 8, 2013 at 4:19 pm

    မောင်အံစာ အဲသဟာကြောင့် ခုကတည်းက ကပ္ပိယလုပ်ပြီး ပါရမီဖြည့်နေတာထင်တယ်။
    ဘာပဲဖြစ်ဖြစ် အားမငယ်နဲ့။
    နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားအကြောင်း ဟောထားတဲ့တရားတစ်ပုဒ်မှာ တောထွက်တာ မိဖုရားရော မူးကြီးမတ်ရာတွေ တပြုံကြီးနဲ့လို့ ကြားဖူးတယ်။ :harr:

  • တောတွင်းပျော်

    February 8, 2013 at 4:38 pm

    ကျုပ် နေတဲ ့တောကကိုသာ ကြွတော်မူခဲ ့ပါ ခင်ဗျ….
    ကြိုဆိုရေးတွေက ခေါင်းတထောင်ထောင်နဲ ့ တာဝန်ကျေစွာ ကြိုဆိုကြပါလိမ် ့မယ် ခင်ဗျ….
    ကျွတ်……………………………………………တွေ

  • thaung htutsoe

    February 8, 2013 at 5:11 pm

    တောထွက်မယ်ဆိုရင် ဆော်ဒီက သဲကန္တာရမှာ ပိုအေးဂျမ်းတယ် ကိုအံစာ
    ဘယ်သူမှ မပြောဲပနဲ့နော် တော်ကြာ ကိုအံစာအတွက် နေရာမကြံဘူးဖြစ်နေအုံးမယ်
    စေတနာနဲ့ပြောတာ

  • အားလုံးဘဲ ခည ..
    ခုလို ကွန်မန့်များ လာရောက် ပေးသနားတွားဂျဒါ ..
    ရှဲရှဲ သန်းကျူး အကြီးကြီး ပါဂျ …

    နောက်မှ အေးချေး ရီပလိုင်းလုပ်မယ်နော် … :mrgreen:

  • Mr. MarGa

    February 8, 2013 at 8:04 pm

    သရဲကြောက်တဲ့ မောင်အံက
    တောထွက်ဦးမတဲ့
    အပေါ်ကပြောထားတာလေးကတော့ ကောင်းပါရဲ့
    ရှေ့လူတွေ ဖယ်သင့်ပြီ
    ဒါပေမယ့်
    နောက်ကနေ ပံ့ပိုးပေးရင်တော့ အတိုင်းထက်အလွန်ပေါ့

  • Mobile

    February 8, 2013 at 9:31 pm

    မဟာဘာဂျာလား ပုလွေလားတော့မသိ ကိုအံစာတုံးကြီးရေ
    ဟိုရေးထားတဲ့ လို လို လေးကြောင်းကို အင်မတန် သဘောကျလှသဗျ။
    တောထွက်မယ်ဆို တစ္ဆေကြောက်ဖို့လိုပါဘူး တောထဲမှာ သူ့နေရာနဲ့သူ
    ရေနံတူးတဲ့လူတွေ ရွှေတူးတဲ့လူတွေ ကျောက်တူးတဲ့လူတွေ သစ်ခုပ်တဲ့လူတွေ
    ဆေးမြစ်ဝါးမြစ်ရှာတဲ့လူတွေ ဟိုတစ်လောကတော့ တောက်တဲ့ရှာတဲ့လူတွေ ရှိကြပါတယ်။
    ကောင်မလေးကို တောထဲခေါ်သွားဖို့က ငှက်ဖျားနဲ့ ဘာနဲ့အဆင်မပြေနိုင်ပါဘူး။
    အကောင်းဆုံးကတော့ ကောင်မလေးကို ကျုပ်ဆီမှာ အပ်ထားခဲ့ပါ ပြီးရင် စိတ်ဖြောင့်ဖြောင့်နဲ့
    တောထွက်နိုင်ပါတယ်ဆိုတာလေး အကြံပြု့လိုက်တာပါ………………….
    ဘော်ဒါအပေါင်းအသင်းများ၏ ကောင်မလေးများကို စောင်မကြည့်ရှု့တတ်သော မိုဘိုင်းးးးးးးးးးးးး

  • mamanoyar

    February 9, 2013 at 10:05 am

    နွေဦးကိုရောက်လာပြီဆိုတော့
    အခြေမခိုင်ရင် ရူးတောင်သွားနိုင်တယ်နော်
    ဦးဦးအံလည်းသတိထားဦးးးးးးးးးးးးးးးးး:kwi:

  • ဦးကြောင်ကြီး

    February 9, 2013 at 10:09 am

    မင်းလိုက်ဦး
    သင်းနှိုက်ဗူး
    ဟင်းကြိုက်ခူး
    ဆင်းရိုက်မူး
    ကင်းပိုက်ဒူး
    ယင်းမိုက်းနူး
    လင်းသိုက်မြူး
    အင်းစိုက်ထူး..။

  • ရွှေ ကြည်

    February 9, 2013 at 11:07 am

    တောမထွက်နဲ့ ပါရမီရင့်သန်ရင်ရန်ကုန်မှာတင် တရားကျပြီး ရဟန္တာဖြစ်နိုင်တယ် ငါ့မောင်။
    မြင်အောင်သာရှုပေတော့ :mrgreen:

  • ဗုံဗုံ

    February 9, 2013 at 12:11 pm

    ကွကိုယ် တောထဲ ထင်းခုတ် မှိုရှာ သွားမှာများ ဟိုလူ့ လိုက်ခဲ့ ဒီလူ့လို်က်ခဲ့ ခေါ်နေသေးတယ် အံပါ့ အံမပါတုံးကြီးရယ် :mrgreen:

  • surmi

    February 9, 2013 at 3:11 pm

    မောင်ရင်အံ နှယ် …အပါ ့ကွာ
    တောမထွက်ဘဲ တရားရတဲ ့နည်းကိုသဂျီးသိတယ်လေ …
    တစ်ခုပဲ ….
    ဂျပိုးတွေ ့တိုင်းလိပ်လို ့ မြင်ရင်တော ့ ကျုပ်အဆိုးမဆိုနဲ ့ ….
    :harr:

    • kai

      February 9, 2013 at 3:25 pm

      ဂေါတမဘုရားလက်ထက်မှာ.. တောထွက်ပြီးတရားရပါတယ်ဆိုတဲ့.. သူတွေစာရင်းလုပ်ပြပါဥိး..
      အဲ..
      တောမထွက်ပဲ.. တရားရသူစာရင်းလည်းလုပ်ကြည့်နော…
      ဆိုတော့..
      တောထွက်..တရားရတယ်ဆိုတာ.. ဟိန္ဒူတွေထဲမတော့.. တယ်များသပေါ့…
      ဆာဒူးတွေလေ..။
      တချို့ဆို.. ဖြတ်ရင်းဖြတ်ရင်း.. အဝတ်တောင်ဝတ်တာမဟုတ်…

      ဒန့်တန်တန်း…..။ :kwi:

      • surmi

        February 9, 2013 at 3:44 pm

        ဆာဒူး သည်ဆာမိမဟုတ်
        ဆာမိသည်တောမထွက် …..
        တော် တီးတော် …..
        :hee:
        မှန်၏ ဟုတ်၏ သို ့သော်
        တရာအားထုတ်သောသူတို ့ ပရိဗောဓ ကင်းစေသောငှါ
        ဆိပ်ငြိမ်သောအရပ်သာ သင် ့တော်သည်မို ့
        တော နှင် ့ သစ်ပင် ကျောင်းခန်းတွင်
        အသင်ကြိုက်ရာသွားးးးးးး
        :kwi:
        သွားရုံတောမရဘူးနော် .. .. ကွိ ကွိ

  • မောင်ထက်ကြီး(မုံရွာ)

    February 9, 2013 at 3:44 pm

    နွေရောက်တော.မယ် ဆိုတော. ကျုပ်စိတ်ညစ်တယ်ဗျာ.. ရာသီဥတုက ပူရတဲ.အထဲး မီးကလည်းမလာ..ရေကလည်း မလာ.. ဘယ်နေလို.နေရမှန်းကိုမသိပါဘူးဗျာ။။ ကျုပ်တို. အညာ
    ကတော်တော်ပူတယ်ဗျ……

  • ဟုတ်ကဲ့ပါ ခင်ဗျ …

    ကျနော့်ရဲ့ ဘာမဟုတ် ညာမဟုတ် ပို့စ်လေးမှာ ဝင်ရောက်ပြီး သကာလ
    ကွန်မန့်များ ပေးသွားကြပါကုန်သော …

    ဦးခင်ခကြီး၊ ဦးကြီးမိုက်၊ အန်တီမမ၊ တောတွင်းပျော်၊ သောင်းထွဋ်စိုး၊ မွန်မွန်၊ ရောင်းရင်းကြီး၊ သဂျား၊ မိုဘိုင်း၊ မမနိုရာ၊ ဦးကြောင်၊ မမဂျီး၊ မိဗုံ၊ ဘိုးတော်ဆာ၊ ဘဂျီး၊ မောင်ထက်ကြီး …

    တို့အား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …

    ကွန်မန့် မပေးသော်လည်း ..
    လာရောက် ဖတ်ရှုသွားသူ အပေါင်းအား ကျေးဇူး တင်ရှိပါကြောင်း ….

    ချစ်တဲ့ ……….
    အံစာတုံး

  • pooch

    February 9, 2013 at 7:30 pm

    ရွက်ဟောင်းတွေ ကြွေတဲ့ရာသီရောက်တော့ အမှိုက်ပိုရှုပ်တာပေါ့ကွယ်
    ဒီတိုင်းတောင် ဖုန်တွေပေါလို့ စိတ်ဓာတ်ကျနေတာ :mrgreen:

  • Traditional Medicine

    February 10, 2013 at 12:29 pm

    နွေရောက်ပြီလေ…ရိုးတံ ကျဲကျဲ.ပင်အို တို့ အလှခြင်းလည်းပြိုင်……ဆက်မဆိုတက်တော့ဘူး…. အားပေးသွားပါတယ်..

Leave a Reply