“ငေးကြည့်နေမိတယ် တခဏ။´´

ခင္ခFebruary 8, 20131min10535

“ငေးကြည့်နေမိတယ် တခဏ။´´

 

နောက်ဆုံးခေတ်ပေါ်

မော်တော်ကား အကောင်းစားတစ်စီး

ကျွန်တော်ရှေ့မှာရပ်လိုက်ပြီး

သပ်ရပ်လှပကာ ဖြူစိမ်းဝတ်စုံလေးနဲ့

ကျောင်းသားလေးတစ်ဦး ဆင်းတာမြင်ရတော့

ငေးကြည့်နေမိတယ် တခဏ။

 

ဟော အဲဒီကားလေးအထွက်

နောက်ပုံစံတစ်မျိုး ကားသစ်တစ်စီး

ထပ်မံဆိုက်ရောက်လာကာ ချောမောလှတဲ့

ကျောင်းသူလေးတစ်ဦး တံခါးလေးအဖွင့်

ခြေလေးအလှမ်း ဆင်းကာနေတော့လည်း

ငေးကြည့်နေမိတယ် တခဏ။

 

တစ်စီးပြီးတစ်စီး ဆိုက်ကာရောက်လို့

ကျောင်းသား ကျောင်းသူ အလျိုလျိုဆင်းကြ

ထိုခဏလည်း

ငေးကြည့်နေမိတယ် တခဏ။

 

ဒါအပြင် ကျောင်းဖယ်ရီခေါ်

လိုက်ထရက်လိုမျိုး ကားတွေဆိုက်လို့

အော်ဟစ်ကာပြော စကားတွေများကာ

ရောက်လာကျောင်းသား အမြောက်အများလည်း

ငေးကြည့်နေမိတယ် တခဏ။

 

ငါတို့ကျောင်းတက် ခဲ့စဉ်အခါက

အဝေးပြေးလမ်းမ နှစ်မိုင်မျှကို

ချွေးတစ်လုံးလုံးကျအောင် တစ်နာရီမျှ

လျှောက်ခဲ့ရပြီး ကံကောင်းသည့်နေ့

ကားကြုံရပ်ပေး တင်သူရှိရင်

ထိုနေ့အတွက်တော့ သက်သာလှပေါ့

စာဆိုတာရေးတတ် ဖတ်တတ်

တော်ရောပေါ့ကွယ် သားငယ်ရယ်မို့

မူလတန်းပြီး ကျောင်းထွက်ခဲ့ကာ

စီးပွားရှာရ ငါ့တို့ဘဝ

အဲလိုအတွေး တွေးနေမိရင်း

ကျောင်းကြီးကိုသာ

ငေးကြည့်နေမိတယ် တခဏ။

 

“ ဦးလေးကြီး သားကို နို့ရေခဲချောင်းတစ်ချောင်း ပေးပါ´´ “ကျွန်တော်ကို ချောကလက် တစ်ချောင်း´´

“သမီးကို စတော်ဘယ်ရီ တစ်ချောင်း´´ လို့ ကလေးတွေ ရေခဲချောင်းလာဝယ်တော့မှ ခုန အတွေးတွေ အငေးတွေရပ်ကာ “အေး အေး ပေးမယ်ကွယ့်´´ ဆိုပြီ ရေခဲချောင်း ဈေးဆက်ရောင်းနေရပေါ့ဗျာ၊ အဲလိုနဲ့ အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ပြီး ကလင်………ကလင်……… ဆိုတဲ့ ကျောင်းတက်ခေါင်းလောင်းသံမြည်တော့ မှဘဲ ကျောင်းသား ကျောင်းသူတွေလည်း ကိုယ့်စာသင်ခန်း အသီးသီးစီ ပြေးအလွှား ပြေးကာသွားကြတာကို ငေးကြည့်နေမိတယ် တခဏ။

ကံ ဆိုတာ အလုပ်၊ ကုသိုလ်ကံ ကောင်းအောင် ကိုယ်ကဘဲလုပ်ရတာဆိုပေမယ့် ဘဝပေးကုသိုလ်ကံ မတူညီမှု့ တွေကျတော့ကော ဘယ်လိုပြောကြပါ့မလဲ။ ချမ်းသာတဲ့ မိသားစုမှ မိသားစုဝင်အဖြစ်ရောက်ရှိလာတဲ့ သား သမီး တွေကျတော့ရော အဲဒီကလေး ပြည့်စုံကံကောင်းစွာနေရတာ ကလေးက လုပ်တာလား မိဘတွေဖြစ်တဲ့ လ

35 comments

  • Myo Thant

    February 8, 2013 at 1:47 pm

    ဖတ်ရှုခံစားကြည့်နေမိတယ် တခဏ။

    ဆက်တွေးမိနေတာက မကြာခဏ

    • ခင်ခ

      February 8, 2013 at 1:58 pm

      ကနဦးကွန့်လို့ ကျေးဇူးတင်မိပါတယ် ကိုမျိုးသန့်ရေ။

  • thaung htutsoe

    February 8, 2013 at 2:09 pm

    နောက်ဆုံးအပိုဒ်ကတော့ တကယ်ကို ရင်ထဲနင့်နေအောင်ထိတယ်ဗျ
    ပြောင်မြောက်လွန်းလှပါတယ်။

  • လေးလေးရေ… မြင်ရတဲ့မြင်ကွင်းကို ခံစားပြီးရေးတတ်ပါပေတယ်…

    ချမ်းသာသည်ဖြစ်စေ..ဆင်းရဲသည်ဖြစ်စေ..စိတ်ဓာတ်ကောင်းလေးတွေနဲ့ ကြီးပြင်းလာရင် ကောင်းမှာပဲနော်.. တစ်ချို့ကျတော့လည်း ချမ်းသာပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ပြီး ဘဝကို သက်တောင့်သက်သာ သဘောထားကြတယ်..တစ်ချို့ကျတော့ ဆင်းရဲတဲ့ဘဝကိုကနေ ရုန်းထွက်ဖို့ ကြိုးစားကြတယ်… ချမ်းသာတဲ့ ပေါ်ကြော့သားသမီးထက်စာရင် ရုန်းကန်ပြီး ကြိုးစားချင်စိတ်ရှိတဲ့ သားသမီးဖြစ်ရတာ ပိုကောင်းတယ်လို့ ထင်မိပါတယ်…

    • ခင်ခ

      February 8, 2013 at 6:53 pm

      လုံမလေးရေ မပူမပင် နေထိုင်ကြရတဲ့ ဘဝလေးတွေ နဲ့ ကျောင်းနေအရွယ်လေးများ
      ပညာကိုဆုံးသည်ထိ သင်နိုင်ကြစေချင်တာပါဘဲဗျာ။

  • တောတွင်းပျော်

    February 8, 2013 at 7:34 pm

    ^^ကံ ဆိုတာ အလုပ်၊ ကုသိုလ်ကံ ကောင်းအောင် ကိုယ်ကဘဲလုပ်ရတာဆိုပေမယ့် ဘဝပေးကုသိုလ်ကံ မတူညီမှု့ တွေကျတော့ကော ဘယ်လိုပြောကြပါ့မလဲ။ ချမ်းသာတဲ့ မိသားစုမှ မိသားစုဝင်အဖြစ်ရောက်ရှိလာတဲ့ သား သမီး တွေကျတော့ရော အဲဒီကလေး ပြည့်စုံကံကောင်းစွာနေရတာ ကလေးက လုပ်တာလား မိဘတွေဖြစ်တဲ့ လ^^

    ခင်သော ကိုခ
    ကျနော်လည်း ကိုခင်ခလို မေးဖူးသဗျ။
    US မှာနေတဲ ့ နှ ုတ်ခမ်းမွှေးတဖက်နဲ ့မျက်မှန်တခြမ်းကွဲတပ်ထားတဲ ့ အဘက ပိုစ်တစ်ခုမှာ
    တားရော ့သီအိုရီ ဆိုလား.. အောခစ် သီအိုရီ ဆိုလား ခေါ်ရခက်ခက် သီအိုရီ တစ်ပုဒ်နဲ ့ပုံနဲ ့ပြပြီး ရှင်းပြဖူး
    သဗျ…
    ကျနော ့မှာ အဘပြောတဲ ့သီအိုရီကိုသဘောကျလွန်းလို ့ အဲဒီသီအိုရီကို ကျနော် သဘောကျတဲ ့
    ဇာတ်မင်းသားဖိုးချစ်နာမည်ယူ …ဖိုးချစ်သီအိုရီလို ့ အမည်ပြောင်းပြီ အိမ်ဦးခန်းမှာ သေသေချာချာ သိမ်း
    ထားလိုက်တယ်… ဖုန်တက်တက်၊ ချကိုက်ကိုက်…………
    အဘရှင်းပြတာက…
    ကွန်တင်နာသင်္ဘောကြီးကို အပိုင်စီးဖို ့ ဆိုမာလီဒမြက လှေကလေးတစ်စင်းပေါ်ကနေ ရပ် လို ့ အော်ဟစ်
    အမိန် ့ပေးလိုက်တဲ ့အသံ ထွက်တဲ ့တချိန်တည်းမှာ ရုရှနိုင်ငံ မော်စကိုမြိ ု ့စွန်တစ်နေရာက ညဉ် ့ငှက်မ
    လေးတစ်ယောက်ရဲ ့ ပီ ့ ကနဲလေလည်သံကြောင် ့ ကျနော ် တောတွင်းပျော် မောင်းနေတဲ ့ကား
    ဘီးပေါက်ရတာဖြစ်ပါသတဲ ့…….

    • kai

      February 9, 2013 at 12:25 am

      ဒါတင်ဘယ်ကမလည်း.. လပ္ပတ္တာမြို့နယ် ငပုတောကျေးရွာက… သာဂိနွားကျောင်းရင်း. နွားကိုဖြန်းကနဲ့ရိုက်လိုက်တာကြောင့် ဆိုမာလီဓါးမြက.. အဲဒီစပိစ်ဘုတ်ပေါ်ရောက်နေတာလို့လည်း.. ပြောနိုင်ပါတယ်..။
      ကမ္ဘာလူဦးရေ သန်းရထောင်တင်မက.. စင်္ကြာဝဌာကြီးရဲ့.. ရုပ်ဝတ္ထု.. နာမ်သတ္တိအားလုံး.. ဆက်စပ်ဖြစ်ဖြစ်နေကြတာပါ..။

      ယေဓမ္မာ ဟေတုပ္ပဘဝါ – အကြင်ဖြစ်ရပ်တိုင်း၌ အကြောင်းခံတရားရှိသည် …

      ဆိုတော့..
      ပိုတိတိကျကျဖတ်နိုင်ကြအောင်…
      ကျုပ်ရေးထားတဲ့.. လင်ခ့်ကလေး ပြန်ပေးသင့်တယ်..။ :kwi:

  • မောင်ပေ

    February 8, 2013 at 7:52 pm

    သူဌေးကြီးလေးခကတော့
    အခြေခံဘဝတွေကိုလဲ ဝင်ခံစားနိုင်တာကလား

    • ခင်ခ

      February 8, 2013 at 9:06 pm

      တောတွင်းပျော်ရေ ခုလိုရှင်းပြတာအတွက် ကျေးဇူးပါ။ ဒါပေသည့် သိပ်တော့မရှင်းသလိုဗျ။

      ဆရာပေရေ ကျွန်တော်က မွေးကထဲက ရွှေလင်ဗန်းနဲ့ အချင်းဆေးနိုင်တဲ့ မိဘတွေက ပေါက်ဖွားလာသူမဟတ်ဘူးလေ။
      ရုန်းကန်လှုပ်ရှား နေခဲ့ရသူပါဗျ။

      • တောတွင်းပျော်

        February 8, 2013 at 9:51 pm

        ကျနော်လည်း မရှင်းလို ့ အိမ်ဦးခန်းထဲထိုးထည် ့ထားတာ…
        ရှင်းချင်ရင်တော ့ သူကြီးကို နားရွက်ကဆွဲပြီး ရှင်းပြခိုင်း…
        သူက ကံသဘောကြောင် ့ မဟုတ်ပါတဲ ့…
        ကို ရှူံးနိမ် ့မှ ုများနဲ ့လူ ရဲ ့ နင်လားဟဲ ့ ကံတရား ပိုစ်အောက်က ကော်မင် ့ကို
        ဖတ်ကြည် ့ပါ ခင်ဗျာ……

        • surmi

          February 9, 2013 at 2:51 pm

          ကျနော ့လည်း ပြောခဲ ့ဘူးသဗျ … ဘာတဲ့
          ဆာမိ ချောင်းဆိုးလို ့ နယူးယောက်မှာ စန္ဒီ မုန်တိုင်းဝင်သွားတယ်ဆိုပဲ
          ဒါနဲ ့ ကျနော်လည်း ဆက်မပြောရဲတော ့ဘူးဗျု ့ိ
          တော်ကြာ ကျနော် ့ကို အလျော်တောင်းနေမှဖြင် ့ …..
          ခေးအော ့ သီအိုရီ ထင်ပါရဲ ့….

  • Mr. MarGa

    February 8, 2013 at 8:22 pm

    ကျောင်းနေအရွယ်ကလေး ကျောင်းနေရေး
    မူလတန်းအတွက် အခမဲ့ ပညာရေး
    ဆောင်ပုဒ်တွေကတော့ အားရှိချင်စရာ
    အောက်ခြေ လက်တွေ့မှာတော့ …
    မပြောတော့ပါဘူးဗျာ

    • ခင်ခ

      February 8, 2013 at 9:15 pm

      ဆောင်ပုဒ်တွေအတိုင်း အခမဲ့ပညာရေးရှိနေတာတောင် တစ်ချို့မိသားစုတွေရဲ့ ဘဝဟာ ပညာရေးထက် ငွေရှာရေး ကိုဦးစားပေးရတဲ့အခါ
      ကျောင်းပညာနဲ့ ဝေးရတာပေါ့ Mr.MarGa ရေ။

      • Mr. MarGa

        February 8, 2013 at 9:19 pm

        ငွေရှာရေးကို ဦးစားပေးတာက
        ကျောင်းသားတွေတင်မကပဲ ဆရာမတွေပါ ပါနေတာကလဲ တစ်ပိုင်းဗျ

  • Mobile

    February 8, 2013 at 9:11 pm

    ကံ ဆိုတာ အလုပ်၊ ကုသိုလ်ကံ ကောင်းအောင် ကိုယ်ကဘဲလုပ်ရတာဆိုပေမယ့် ဘဝပေးကုသိုလ်ကံ မတူညီမှု့ တွေကျတော့ကော ဘယ်လိုပြောကြပါ့မလဲ။ ချမ်းသာတဲ့ မိသားစုမှ မိသားစုဝင်အဖြစ်ရောက်ရှိလာတဲ့ သား သမီး တွေကျတော့ရော အဲဒီကလေး ပြည့်စုံကံကောင်းစွာနေရတာ ကလေးက လုပ်တာလား မိဘတွေဖြစ်တဲ့ လ….
    ++++++++++++++++++++++++++++++++
    မင်္ဂလာပါကိုခင်ခရေ ကျနော် မတောက်တစ်ခေါက် ဝင်ပွားချင်လို့ပါ။
    ဘဝပေးကုသိုကံ မတူညီမှု၊ ချမ်းသာတဲ့ မိသားစုဝင် အဖြစ်ရောက်ရှိလာတဲ့သား၊ သမီး တွေကျတော့ရော
    အဲ့ဒီကလေး ပြည့်စုံကံကောင်းစွာ နေရတာကလေးက လုပ်တာလား မိဘတွေဖြစ်တဲ့ လ.
    လူကလုပ်တာလို့ ရေးမယ်ပဲထင်ပါတယ်။ အဲ့ဒါလေးကို ကျုပ်အမြင်တော့ ကလေးကလုပ်တာပဲဗျ။
    ကလေးရဲ့ ဟိုအတိတ်ဘဝ အထိုထိုမှာ ပြု့ခဲ့တဲ့ ဒါနကုသိုလ် ကံကြောင့် ရယခုဘဝ မှာချမ်းသာတဲ့
    မိသားစုဝင်ဖြစ်ရတာဗျ။ ဒါနကုသိုလ်ရဲ့ အကျိုးပေးပါ။
    ဆင်းရဲတဲ့ဘဝ ကိုရလာပေမယ့် ချမ်းသာအောင်လုပ်လို့ရတယ်…
    ဆင်းရဲမယ့်လမ်းကြောင်းနဲ့ ချမ်းသာမယ့်လမ်းကြောင်းရွေးလို့ရတယ်……..
    ဆင်းရဲတဲ့ မိဘဆီမှာ လူဖြစ်မယ်
    ချမ်းသာတဲ့ မိဘဆီမှာ လူဖြစ်မယ် ဒါကကျတော့
    မိမိပြုခဲ့တဲ့ ဒါန တစ်နည်းကောင်းမှုကုသိုလ်ကံ နဲ့ဖြစ်လာတာပါ။
    မိမိလုပ်တာနဲ့ ဘာမျှမဆိုင်တဲ့ အကြောင်းအရာတွေ အကောင်းတွေ အဆိုးတွေ ဖြစ်လာတာကို
    မိမိကိုယ်တိုင်လည်းကြုံဖူးကြလိမ့်မည်။ ပတ်ဝန်းကျင်မှာလည်းတွေ့ဖူးကြလိမ့်မည်။

    • ခင်ခ

      February 9, 2013 at 9:31 am

      ကလေးရဲ့ ဟိုအတိတ်ဘဝ အထိုထိုမှာ ပြု့ခဲ့တဲ့ ဒါနကုသိုလ် ကံကြောင့် ရယခုဘဝ မှာချမ်းသာတဲ့
      မိသားစုဝင်ဖြစ်ရတာဗျ။ ဒါနကုသိုလ်ရဲ့ အကျိုးပေးပါ။
      တစ်ခါတလေ အယူအဆတွေက ယူနီဘာဆယ်ထရု မဟုတ်ဘဲ ဘာသာတစ်ခုအတွက်သာ လက်ခံနိုင်တာ မျိုးလည်းရှိတော့ ကိုမိုဘိုင်းပြောတာကို ယေဘူယျတော့ မှတ်ထားပါ့မည်။

  • ခိုင်ဇာ

    February 8, 2013 at 10:37 pm

    အောင်ရဲလင်း လေးပါလား …………….
    ငေးကြည့်နေမိတယ် အကြာကြီး။

    ကောင်းပြည့်လေးပါလား………………..
    ငေးကြည့်နေမိတယ် အကြာကြီး။

    အလင်းရောင်လေးပါလား……………….
    ငေးကြည့်နေမိတယ် အကြာကြီး။

    ဟီး :mrgreen:
    ကိုခရေ နောက်တာနော်။
    ခုတလော ကျုပ် အစ်ကို ခ ကြီး ပြန် အရေးစိတ်လာလို့ ဝမ်းသာနေတာ။
    ဒါလေးတွေမြင်ပြီးတော့လည်း ဖတ်ကောင်းတဲ့ စာတစ်ပုဒ် ဖြစ်အောင် ရေးနိုင်တာပါကလား။
    :hee:

    • ခင်ခ

      February 9, 2013 at 9:36 am

      ခိုင်ဇာ လေးပါလား………………
      မမှိန်မသုန် မျက်တောင်မခတ်
      ငေးကြည့်နေမိတယ် သူအလှမှာနစ်မျောလို့။

      ဟုတ်တယ်မခိုင်ဇာရေ ပြီးခဲ့တဲ့ရက်တွေမှာ အလုပ်တွေကို မြန်မာဆိုင်းဝိုင်းကြီးတီးရသလို
      ပတ်လည်ရှုပ်ပြီး လုပ်နေရလို့ စဉ်းစားခန်း အတွေးခန်း မဝင်နိုင်ခဲ့လို့လေ။
      အခုလို အားပေးတာ ကျေးဇူးပါ။

  • ရေခဲချောင်း ရေးနေတဲ့ လူကြီးကို ငေးကြည့်တဲ့ တခဏမှာ
    ငေးကြည့်ကဗျာအလှကို ရေးနိုင်တဲ့ ဦးခင်ခကြီး ကို ..
    ငေးကြည့်နေမိတယ် တခဏ ….

    ပြီးတော့မှ စိတ်ကူးရ …
    တောင်မလေး ပုံလေးကို ထုတ်လို့ …
    ငေးကြည့်နေမိတယ် အကြာကြီး .. အဟီးးး

    ဟုတ်ဒယ်လေ .. ဦးခင်ခကြီးက လူကြီးကြီး ..
    ငေးကြည့်ရင် ခဏ ပဲ ကြည့်လိုက်မှာပေါ့ …
    ဘာရို့ .. အကြာကြီး ကြည့်ရမှာဒုံးလို့ …
    တောင်မလေး ကိုဒေါ့ အကြာကြီး ကြည့်မှာဘဲ … ရဘူးး
    ဒါ .. တရားဒယ် … :mrgreen:

    ဝင်ရောက် စ နောက်သွားပါကြောင်း ……..။

    • ခင်ခ

      February 9, 2013 at 9:43 am

      တရာသောနည်းလမ်းနဲ့ ကျင့်ကြံနေထိုင်တတ်သူပါသကား ကိုအံစာတုံးရေ။
      ကိုအံစာတုံးနဲ့ နှစ်ယောက်ချိန်းပြီး အေးအေးဆေးဆေး စကားတွေပြော ဘီယာတိုက်မလို့ ကြုံခဲ့ရင်ပေါ့။ အဲလိုစိတ်ကူးထားတာ အခုတော့ အဲဒီစိတ်ကူးပြောင်းသွားပြီဗျ။ ဘာလို့လဲဆိုတော့ အေးအေးဆေးဆေး ထိုင်သောက်ရမယ်မထင်ဘူး ကိုအံစာတုံးက ကျွန်တော့ကို ငေးကြည့်ချင်တာ တခဏဘဲ မို့လေ။
      တော်ကြာ သောက်ကောင်းတုန်း ခင်ဗျ ကို မကြည့်ချင်တော့ဘူး ပြန်ကြမယ်ဆိုမှ ဟက်ကော့ကြီးနဲ့ဗျာ။

      • ဦးခင်ခကြီးးးး

        အဟီးးး အဟဲ … အဟီးးး
        ကျုပ်က စတာပါ .. နောက်တာပါ ….
        စကားအဖြစ်မို့ ခဏလေးလို့ ပေါဒါဘာ …
        ဂယ်ဆိုရင်ဒေါ့ အကြာကြီး ကြည့်မှာပေါ့လို့ ….
        စိတ်ကူးဒွေ ပြောင်းနဲ့တော့နော် .. :mrgreen:

        • ခင်ခ

          February 9, 2013 at 11:45 pm

          မဟာဗျုဟာ အံစာတုံး ပါသကား။

  • padonmar

    February 8, 2013 at 11:52 pm

    မလ္လိကာ မိဖုရား က မြတ်စွာဘုရားကို မေးတာရှိတယ်လေ။
    အချို့က ချမ်းသာတယ်၊အချို့ကဆင်းရဲတယ်။
    အချို့က ရုပ်လှတယ်၊အချို့က ရုပ်ဆိုးတယ်။…
    စသည်ဖြင့် ….
    ဖိုးချစ်သီအိုရီရေးတဲ့ အဘကိုသာ သုံးကိုယ်မခွဲအောင် ရှင်းပြခိုင်းလိုက်ပါတော့။

  • MaMa

    February 9, 2013 at 8:07 am

    ငေးကြည့်နေမိတယ် တခဏ ကိုဖတ်ပြီးးးးးးးးးးး
    တွေးကြည့်လိုက်မိတယ် အကြာကြီးးးးးးးးးးးးးးးး

    • ခင်ခ

      February 9, 2013 at 9:46 am

      အဲဒီ အဘ နဲ့တွေ့မှဘဲ မေးကြည့်လိုက်ပါ့မယ် အမ ပဒုမ္မာရေ။

      တွေးလိုက်မိတဲ့ အတွေး ပိုစ့်ရေးရင် လက်ရာကောင်းလေးတပုဒ်အဖြစ် ဖတ်ရမယ်ထင်ပ အမ မမရေ။
      အမ မမ တို့က တကယ်အရေးကောင်းသူတွေမို့လေ။

  • kyeemite

    February 9, 2013 at 8:37 am

    ကံ ဆိုတာ အလုပ်၊ ကုသိုလ်ကံ ကောင်းအောင် ကိုယ်ကဘဲလုပ်ရတာဆိုပေမယ့် ဘဝပေးကုသိုလ်ကံ မတူညီမှု့ တွေကျတော့ကော ဘယ်လိုပြောကြပါ့မလဲ။
    ကိုခင်ခ မေးတဲ့မေးခွန်မျိုး စိန်ဗိုက်ဗိုက် လည်း လှည်းတန်းက သူတောင်းစားသားအမိအကြောင်း
    ပို့စ်တင်ပြီးမေးဖူးတယ်ဗျို့…
    အဖြေကတော့ လူတွေရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ပေါ်မူတည်ပြီ ကွဲမှာပဲဗျ..

    • ခင်ခ

      February 9, 2013 at 9:51 am

      တွေးမိတဲ့သူတိုင်း အတော်များများ အဲဒီအမေးမျိုး ခေါင်းထဲဝင်တတ်ကြတယ် ကိုကြီးမိုက်ရေ။
      ဘာလို့လည်းဆိုတော့ ဘယ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် တွေ့မြင်နေရတဲ့ မြင်ကွင်းတွေမို့လေ။
      မြင်ရပုံခြင်းမတူနိုင်ပေမယ့် အခြေခံအချက်တွေကတော့ တူတတ်လို့ပါ။
      ကိုကြီးမိုက်ပြောသလို ကိုယ်ပိုင်ယုံကြည့်မှု့အရ ကျေနပ်ခြင်းတွေ ပြည့်စုံခြင်းတွေ မူတည်ကြတယ်ဆိုတာကို လက်ခံရင်း အတွေးများစွာပွားနေမိတယ်ဗျာ……………………။

  • ဗုံဗုံ

    February 9, 2013 at 9:31 am

    ငေးကြည့်မိတဲ့ တစ်ခဏ
    ပြေးကြည့်လိုက်မိတာ တစ်ဘဝစာ
    တတ်လည်းတတ်နိုင်တဲ့ ဦးကြီးခ
    နောက်တစ်ခါရန်ကုန်သွားရင်ဖြင့် သများတို့လည်း ရန်ကုန်အထိ အသွားအပြန် လမ်းကြုံလိုက်ချင်ပါဂျောင်းးးး :mrgreen:

    • ခင်ခ

      February 9, 2013 at 9:53 am

      မိမိစရိတ်ကို မိမိတာဝန်ယူ၍ လိုက်ပါမည်ဆို ခေါ်သွားရတာ အပန်းမကြီးပါကြောင်း ပြန်ကြားလိုက်ပါ၏ မိဗုံရေ။

      • ဗုံဗုံ

        February 9, 2013 at 10:13 am

        စရိတ်မတတ်နိုင်လို့ လမ်းကြုံလိုက်ချင်ပါတယ်ဆိုမှ ကပ်စီးနှဲလိုက်တာ ပိုက်ဆံကောက်ရမှ ကိုယ့်ဖာသာကို လေယာဉ်စင်းလုံးငှားပြီးသွားမှာ လမ်းကြုံလိုက်ချင်ရင် ပြောနော် လေးခ :mrgreen:

        • Myo Thant

          February 9, 2013 at 10:26 am

          ကိုခရေ သတိထားနော်
          တော်ကြာ လှည်းတန်းနားက ကောင်းကောင်းဆီပို့ပေးဆို ကိုခပဲဒုက္ခများမှာ

          🙂

  • mamanoyar

    February 9, 2013 at 9:59 am

    ဦးဦးခင်ခ ရေ
    ရေခဲချောင်းတောင်းစားချင်လာပြီ

    • ခင်ခ

      February 9, 2013 at 10:08 am

      ဟုတ်လား ချောကလက်လား စတော်ဘယ်ရီလား နို့လား ရိုးရိုးလား မမနိုရာရေ။

  • padonmar

    February 9, 2013 at 8:32 pm

    ချမ်းသာတဲ့ မိဘရဲ့ သားသမီးဖြစ်ရတာ ဆင်းရဲတဲ့ မိဘရဲ့ သားသမီးဖြစ်ရတာထိတော့ အတိတ်ကံလို့ ပြောရမှာပဲ။
    ချမ်းသာတဲ့မိဘ ချင်းတူပါရက် စာကြိုးစားလို့ အင်ဂျင်နီယာဖြစ်တဲ့သူနဲ့ စာမကြိုးစားလို့ ဆယ်တန်းတောင် မအောင်တဲ့သူကတော့ ပစ္စုပ္ပန်ကံပေါ့။
    …………
    ကျမတို့ အတိတ်ကံကြောင့် မြန်မာပြည်မှာ လူဖြစ်တယ်။
    အင်မတန်နှေးတဲ့ ကွန်နက်ရှင်ကိုသုံးနေရတယ်။
    ကျမသာ လမ်းဘေးက ကလေး(သို့) အင်တာနက်ဆိုတာ ဘာမှန်းမသိတဲ့ လူချမ်းသာဖြစ်ရင် ဒီ ကွန်နက်ရှင် နှေးနေတာ ကျမတွက် ဘာမှ အကျိုးသက်ရောက်မှုမရှိဘူး။
    ပစ္စုပ္ပန်မှာ လုပ်တဲ့ အားထုတ်မှု ကံပေါ်မူတည်ပြီး
    သဂျီးတို့၊ဘဖေါတို့၊မလတ်၊မောင်ဂီ၊ရွှေကြည်၊မိုချို၊လဲ့လဲ့တို့လို နိုင်ဂျံဂါးရောက်ပြီး ဖလန်းဖလန်းထတဲ့ အင်တာနက်သုံးခွင့်ရတာ၊
    မောင်အံလို မြန်မာပြည်မှာ နေသော်လည်း သူလည်း ဖလန်းဖလန်းထတာ(အဲ အင်တာနက်ကိုပြောတာ)
    ဖုန်းနဲ့ သုံးတဲ့သူ၊ADSL သုံးတဲ့သူ၊Wimax သုံးတဲ့သူ၊Redlink သုံးတဲ့သူ။Fiberoptic သုံးတဲ့သူတွေ သုံးရတဲ့ ဖီလင်ချင်း မတူတာကတော့ ပစ္စုပ္ပန်ကံပဲပေါ့။
    ကျမရဲ့ ပစ္စုပ္ပန်ကံကို ငွေအားဉာဏ်အား၊ဗဟုသုတအား၊ဝီရိယအားတွေ စိုက်ပြီးပြုပြင်ပြောင်းလဲလိုက်ရင် ကျမတို့လည်း အနာဂတ်ကံမှာ တစ်နည်းနည်းနဲ့ ဖလန်းဖလန်းထသော အင်တာနက် သုံးခွင့်ရလာပါလိမ့်မယ်.။
    ……..
    ပြောရတာမောသွားပြီ ရေခဲချောင်း တစ်ချောင်းပေးပါ. ချောကလက်

    • ခင်ခ

      February 9, 2013 at 10:17 pm

      အမ ပဒုမ္မာရဲ့ ဥပမာပေးရှင်းချက်လေးကိုတော့ သဘောကျသွားပြီဗျာ။
      ချောကလက် ရေခဲချောင်း ပေးပါတယ်။ အဲ ဟုတ်ပါဘူး BC ပေးလိုက်ပါတယ်ဗျ။

Leave a Reply