402

ရွှေ ကြည်February 9, 20131min27727

images

 

မိဘအိမ်လောက်မနွေးထွေးပေမယ့်

အေးစက်စက်မဟုတ်ခဲ့တဲ့

နွေးထွေးပျော်ရွှင်ခဲ့ရတဲ့နေရာ။

ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့်

လွတ်လပ်ပျော်ရွှင်ခဲ့တဲ့

ရင်းနှီးစွာလုံခြုံခဲ့တဲ့နေရာ။

မိသားစုလိုသွေးမနှောပေမယ့်

ဘေးလူလို့ပြောမရခဲ့တဲ့

တွယ်တာရသူတွေနေခဲ့တဲ့နေရာ။

ရင်နှင့်ရင်းတဲ့ခံစားချက်တို့ဖွင့်ဟတိုင်ပင်လို့

သောကတွေအပျော်တွေဝေမျှဖူးတဲ့နေရာ။

မျှော်နေပေးပါ

ကြိုနေပေးပါ

အရင်လိုပဲနွေးထွေးပေးပါ

ငါတခေါက်မကပြန်လာခဲ့မယ်

သူငယ်ချင်းတို့ရယ်။

 

(ရန်ကုန်အခန်းကသူငယ်ချင်းများစွာကိုလွမ်းလို့ရေးမိတာပါ)

ကျေးဇူးအထူးတင်ပါတယ်ရှင့်။

27 comments

  • Myo Thant

    February 9, 2013 at 11:09 am

    ၄၀၂ ဆိုလို့ ပုဒ်မ ၄၀၂ အကြောင်း ထင်မိတာ
    အခုတော့ အခန်း ၄၀၂ ကိုး

    • ရွှေ ကြည်

      February 9, 2013 at 11:20 am

      ကိုမျိုးသန့်ရေ ဝင်ဖတ်သွားလို့ကျေးဇူးပါနော့
      ဒီလိုပဲလေ လူစိတ်ဝင်စားအောင် ဘာလိုလိုညာလိုလို :mrgreen: :mrgreen:

  • ခင်ခ

    February 9, 2013 at 11:37 am

    အခါခါမက
    ပြန်လာဖြစ်လည်း
    မရိုးနိုင်ပါ
    တမ်းတအမှန်မှာ
    ထိုနေရာ။
    (သူငယ်ချင်းများရဲ့ ရန်ကုန်ကအခန်းကို လွမ်းတဲ့ ရွှေကြည်အတွက်ပါ။)

  • ဘွ ဆိုတာ …
    တွေ့ ဆုံ ကြုံ ကွဲ ဓမ္မတာ ပါပဲ ….
    ဒါပေမယ့်လို့လည်း ….
    အော် …. အလွမ်း … အလွမ်း … အလွမ်း …
    အဲဒီ အလွမ်းဆိုတာကြီး ရင်ဘတ်ထဲ မရှိရင် သိပ်ကောင်းမှာ …

  • Ghi Ghi ThE KiD

    February 9, 2013 at 11:55 am

    ဆဲဗင်းအိုဆဲဗင်း.

    ကတောက်ခ်.
    မီးမှာင်မှောင်. သော့ဖွင့်ဝင်ရဗျန်ဗီ.

    :harr:

    ချဉ်ထှာကွာ.

  • ရွှေ ကြည်

    February 9, 2013 at 12:50 pm

    လေးခင်ခရေ ကျေးဇူးပါနော်။ ပြန်နေချင်သေးတာ အဲဒိအခန်းမှာ။

    မောင်အံရေ အချစ်တွေရှိနေသေးသမျှအလွမ်းတွေလည်းရှိနေရဦးမှာပေါ့။

    ကိုဂီ သော့မခတ်နဲ့လေ မီးလည်း ဒီအတိုင်းဖွင့်ထားလိုက် အေးရော :harr:

  • ဗုံဗုံ

    February 9, 2013 at 1:08 pm

    မမရွှေကြည်ကလည်း နော် လေယာဉ်ပျံလေးတစ်စင်း ဝယ်ထားလေ သတိရရင် ကွကိုယ်မောင်းပြီး ခဏလာ ပြီးတော့ ပြန်သွား ဘာခက်တာ မှတ်လို့ မိဗုံတောင် ပိုက်ဆံကောက်ရရင် ဝယ်ထားမလားလို့ :mrgreen:

    • ရွှေ ကြည်

      February 9, 2013 at 2:14 pm

      အယ် တော်လိုက်တဲ့ဗုံလေးကွယ်။ 😆

  • မောင်ပေ

    February 9, 2013 at 2:33 pm

    ဖိုး အို တူး
    မျိုး ကို ဘူး
    ချိုး တို ဟူး
    ဆိုး ငို ရူး
    ရိုး ပို မူး

  • ချစ်မရေ..
    အမွန်တို့လည်း အဲဒီလိုပါပဲ… သူငယ်ချင်းတွေကပဲ မိသားစုဖြစ်နေတာ… အိမ်မှာလူတစ်ယောက်လောက်များလျော့နေရင် မနေတတ်ဘူး.. ပြောလိုက်သေးတယ်.. ရန်ဖြစ်ရမယ့်သူတစ်ယောက်လျော့လို့ ပျင်းတယ်လို့…. :mrgreen:

    တစ်နေ့နေ့တော့ ပြန်ဆုံမှာပေါ့ကွာ..ချစ်တဲ့ သူငယ်ချင်းများ…

    • ရွှေ ကြည်

      February 12, 2013 at 4:17 pm

      အမွန်ရေ အမှန်ပဲ အဲဒီလိုပဲ 😆 တယောက်ယောက်များခရီးသွားရင် မနေတတ်သလိုတောင်ဖြစ်နေကြတာ။

  • surmi

    February 9, 2013 at 3:51 pm

    အိမ်မလွမ်းတဲ ့ဆေးပေးမယ်
    လွမ်းစရာနောက်ထပ်တစ်ခုရှိရင်
    အိမ်လွမ်းသက်သာသွားလိမ် ့မယ် :hee:

    • ရွှေ ကြည်

      February 12, 2013 at 6:59 pm

      ကိုရင်ဆာမိရေ တကယ်ကြီးလားဗျ :mrgreen:

  • P chogyi

    February 9, 2013 at 4:16 pm

    တရုတ်နှစ်ကူးရက်မှာ လူသန်းပေါင်း 200 လောက်အိမ်ပြန်ကြတယ်တဲ့။
    အဲဒီ သန်း ၂၀ဝ ကျော်မှာ ရွှေကြည်တစ်ယောက်မပါ ပါလား………..

    • ရွှေ ကြည်

      February 12, 2013 at 7:01 pm

      ကိုပီချိုကြီးရေ လေဆိပ်တော့ရောက်တယ်ဗျို့ ငိုချင်တယ် ပြန်တဲ့သူတွေမှ အများြုကီးကို ကိုယ်ကလိုက်ပို့တဲ့သူတဲ့ဗျာ။

  • ခိုင်ဇာ

    February 9, 2013 at 4:27 pm

    မလွမ်းပါနဲ့အေ။ လွမ်းရက်ဆက်ရင် ဘာမှ လုပ်ချင်စိတ်မရှိပဲ နုံးနေတတ်တယ်။
    မပူနဲ့ ညီမလေး။
    ဒီပိတ်ရက်ရှည်ကို စီလုပ်ကို သွားမယ်။ (Chinese Garden)
    ဂျာပွန်ကိုလည်းသွားမယ်။ (Japanese Garden)
    သူ တို့နှစ်ခုကလည်း နီးတယ်လေ။

    :harr:

    • ရွှေ ကြည်

      February 12, 2013 at 7:03 pm

      အစ်မရေ အင်ဒိုက ဘာတန်ဆိုလားသွားလိုက်တာငွေကုန်သံပြာဖြစ်လာတယ် 😆
      စလုံးမြေကလွတ်ပြီးရောဆို သွားလိုက်တာ ပြောကိုမပြောချင်တော့ဘူး ……။

  • Mr. MarGa

    February 9, 2013 at 5:26 pm

    402 ဆိုတော့ ခေါင်းထဲကို ပထမဆုံးဝင်လာတာက ကွန်ပျုတာတက္ကသိုလ်၊ ဂုဏ်ထူးတန်းမှာသင်ရတဲ့ဘာသာရပ်လေ
    သချာင်္ (Computational Mathematics) ကို 402 လို့ခေါ်တယ်။
    တတိယနှစ်မှာတော့ 302 ပေါ့
    ဖတ်ကြည့်တော့မှ အခန်းနံပါတ်ဖြစ်နေတာကိုး
    ဒီတစ်ခါ ရန်ကုန်ရောက်ရင် ဝင်ပြီးတော့ အလွမ်းဖြေပေါ့ကွယ်

    • ရွှေ ကြည်

      February 12, 2013 at 7:05 pm

      သိကြားမင်းရေ ကျောင်းသင်ခန်းစာဆိုဘာမှမသိတော့ဘူး :mrgreen:
      ရန်ကုန်ရောက်ရင်အရင်ဆုံးသွားမှာအဲဒိအခန်းကသူငယ်ချင်းတွေဆီကိုပေါ့။

  • padonmar

    February 9, 2013 at 7:58 pm

    ရွှေကြည်ရေ
    ခုထိတော့ အခန်းလေးကို လွမ်းနေသေးတာပေါ့နော်။
    အခန်းလေးနဲ့ သူငယ်ချင်းတွေထက် ပိုချစ်ရမယ့်သူပေါ်လာတဲ့ အခါကျရင်တော့……..

    • ရွှေ ကြည်

      February 12, 2013 at 7:07 pm

      အန်တီပဒုမ္မာရေ ပိုချစ်ရမယ့်သူဆိုတာဘယ်တော့များမှပေါ်မလဲဆိုတာတော့
      ငွေရောင်ပိတ်ကားပေါ်မှာသာစောင့်မျှော်ရှုစားရပေဦးမည်။ လောလောဆယ်တော့……

  • Mobile

    February 9, 2013 at 8:50 pm

    ဖတ်ရှု့အားပေးသွားတယ်ဗျို့ ရွှေကြည်လား ရွှေနှောက်လားရေ……..

    • ရွှေ ကြည်

      February 12, 2013 at 7:09 pm

      ရွှေကြည်ပါတော် ကိုရင်ကလည်း မတွေ့တာကြာတာနဲ့ ရွှေကြည်လား၊နောက်လားတောင်မသိတော့ဘူးလား 😆

  • ဦးကြောင်ကြီး

    February 10, 2013 at 11:44 pm

    ဒကောင်တွေများ လွမ်းစရာမှတ်လို့ ရွှေကြည်ဂလေးရယ်.. ပြန်လာရင် ဦးကြောင်ဆီ တန်းဝင်လာခဲ့… အားလုံး ပြည့်စုံစေရမယ်…. အာဗွားစ်..။

    • ရွှေ ကြည်

      February 12, 2013 at 7:11 pm

      အောင်ကြူးဆီလာရဲဘူး လာဘူး ဒါဗြဲ :harr:

  • MaMa

    February 13, 2013 at 8:47 am

    ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာလည်း ဒုတိယ မိသားစုလိုပဲ။
    ပထမ မိသားစုပြီးရင် အဲဒီ ဒုတိယ မိသားစုက ဘဝအတွက် အားပြည့်ဆေးတစ်မျိုးမို့ တကယ်ကို လိုအပ်ပါတယ်။
    ချစ်ရွှေကြည်လေးလည်း အနေကြာလာတာနဲ့အမျှ ကိုယ်ရောက်ရှိရာပတ်ဝန်းကျင်မှာ ဒုတိယ မိသားစုတွေ ထပ်တွေ့ပြီး ပျော်ရွှင်နိုင်ပါစေ။ :hee:

Leave a Reply