ကျွန်တော့်အကြောင်း

jmaungmgFebruary 15, 20131min1418

ကျွန်တော်အကြောင်းပြောရရင်နာမည်ကအရင်စပြောမယ် နာမည်ကဂျူနီယာမောင်မောင် မွေးချင်းလေးယောက်ထဲမှာအငယ်ဆုံး အသက်ကတော့လေးဆယ်ရှိပြီ ရည်းစားလည်းမရှိဘူး မိန်းမလည်းမရှိဘူး ပိုက်ဆံလည်းမရှိဘူး ဘာဖြစ်လဲသေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ ဒီလိုပဲပြောရတာပေါ့ဗျာ အရှက်ပြေ တကယ်တော့အသက်လေးဆယ်ဆိူတဲ့လူတယောက်မှာပိုင်ဆိုင်မူ့ တွေကတော်တော်ကိုများနေရမှာ ကျောင်းတက်တုံးက မှတ်မှတ်ရရကတော့လေးနှစ်လုံးမူးနေတာပဲ စာမေးပွဲလားအောင်တာပေါ့ ခိုးချတာကိုး ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူး တနိုင်ငံလုံးခိုးဲကြတာ ဘာကြောင့်လဲဟုတ်လား စစ်အစိုးရတီတွင်လိုက်တဲ့အဝေးသင်ဆိုတဲ့ပညာရေးစနစ်ကြီးကြောင့်ပေါ့ ကျွန်တော်နောက်ဆုံးနှစ်ကဆို ဂုဏ်ထူတန်းတောင်ဝင်လိုက်သေး ဆက်မတက်တော့ပါဘူး ရှက်လို့ ဆက်တက်တဲ့လူထဲက အခုဆိုကျောင်းဆရာဖြစ်နေတဲ့လူတောင်ရှိတယ် ဘာမှမတက်ပဲဘယ်လိုများစာ ပြန်သင်နေလည်းတော့မသိဘူး အခုလက်ရှိလုပ်နေတဲ့အလုပ်က ကျောက်စိမ်းအရောင်း အဝယ်လုပ်တယ် အထင်မကြီးနဲ့ ကျွန်တော်လုပ်တာအောက်ကျောက်လေးတွေပါ အဆင်မပြေပါဘူးဗျာ ထမင်းတောင်အမေကျွေးထားလို့ မဟုတ်ရင်ငတ်သေတာကြာပြီ အမေကတော့ကျွန်တော့်ဘဝမှာတော်တော်အရေးပါတယ်ဗျ ဘာလို့လည်းဆိုတော့ကျွန်တောိတို့ငယ်ကတည်းက မီသားစုကိုပစ်ပြီးနောက်မိန်းမယူသွားတာ အမေကပဲကျွန်တော်တို့မောင်နှမတွေကို ကျွေးမွေး စောင့်ရှေက်ခဲ့တာ တော်ပါ ပြီအဖေအကြောင်းတော့မပြောချင်တော့ဘူး ပြောရရင်အံ့ဩကုန်နိူင်ဖွယ်ပဲ အခုလောလောဆယ်ဖြစ်ချင်နေတာကတော့ သဌေးဖြစ်ချင်တယ် ပိုက်ဆံလိုချင် တယ်ကျွန်တော်ဘဝမှာအရေးအကြီးဆုံးက အမေပဲ ဒုတိယကပိုက်ဆံ ခင်ဗျားတို့ရောပိုက်ဆံမလိုချင်ကြဘူးလား……….

8 comments

  • Myo Thant

    February 15, 2013 at 2:51 pm

    ( တကယ်တော့အသက်လေးဆယ်ဆိူတဲ့လူတယောက်မှာပိုင်ဆိုင်မူ့ တွေကတော်တော်ကိုများနေရမှာ )

    အဲဒီလိုပြောမှပဲ အင်း ငါလည်းတော်တော်လိုပါသေးလားလို့ အတွေးဝင်မိတယ်

    • jmaungmg

      February 16, 2013 at 1:58 pm

      တော်သေးတာပေါ့ ဘဝတူလေးတွေ ရှိသေးလို့

  • မောင်ပေ

    February 15, 2013 at 6:31 pm

    သိပ်မပင်ပန်းပဲနဲ ့ပိုက်ဆံများများရချင်ရတော့
    အင်ဖော်မာ လုပ်ပေါ့
    :kwi:

    • Mobile

      February 15, 2013 at 8:50 pm

      ဒို့ကိုပေကြီးက အကြံပြုထားသကွ လက်တည့်စမ်းတဲ့အနေနဲ့ ကိုပေ ကြီးကိုအရင်
      တွယ်ထည့်လိုက်အုံးမှနဲ့တူဒယ်…………
      ပို့ပိုင်ရှင်ရေ… ခင်ဗျားတို့လည်း ပိုက်ဆံမလိုချင်ကြဘူးလားဆိုတော့ အဆုံးမရှိ အစရှိကြီးဗျာ
      ပိုက်ဆံရအောင် ဘိုလုုပ်ရမယ်လေး ပြောပါအုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ကျုပ်ယူဆချက်ကတော့ဗျာ ပိုက်ဆံ ဆိုတာမိုးပေါ်တက်ရှာရဒါဟုက်ပါဘူးဗျ။
      ဒီလိုဆောင်ပုဒ်လေးလဲ ထွင်ထားတယ်
      အချိန်တိုင်းနေရာတိုင်းမှာ ရေမရှိပေမယ့်
      အချိန်တိုင်းနေရာတိုင်းမှာ ငွေရှိတယ်………………..

      • jmaungmg

        February 16, 2013 at 2:02 pm

        အချိန်တိုင်းနေရာတိုင်းမှာ ငွေတွေရှိတယ် ဒါပေမဲ့ကိုယ်ဟာမဟုတ်တော့ခက်ပြီလား အကိုရာ

    • jmaungmg

      February 16, 2013 at 1:56 pm

      ပင်ပန်းချင်ရင်ပန်းပါစေ အင်ဖော်မာတော့မလုပ်ပရစေနဲ့ဗျာ

  • မောင်တင့် တယ်

    February 16, 2013 at 3:49 pm

    ပိုက်ဆံလား မကြာမှီ လာမည်.. မျှော်…
    သို့သော်…… ဒန်တန်တန်….

  • Foreign Resident

    February 16, 2013 at 4:08 pm

    ” ခင်ဗျားတို့ရော ပိုက်ဆံမလိုချင်ကြဘူးလား ”

    ပိုက်ဆံ !!!!!
    အောင်မလေးလေး ၊ လိုချင်တာပေါ့ ဆရာရယ် ။ ဘယ့်နှယ်ပြောပါလိမ့် ။
    လွယ်လွယ် နှင့် ရမယ့် ခွင်ကောင်းလေးတွေ တွေ့ရင် ၊
    အဘ ကိုလည်း လက်တို့အုံးနော် ။

Leave a Reply