ဧည့်သည် …
ဧည့်သည် ဟာ ဧည့်သည်လို နေ ပါ…
အိမ်ရှင်ကို မစော်ကားပါးနဲ့…
ဧည့်သည်..
ဧည့်သည် ဟာ အိမ်ရှင်ကို သိတတ်ပါ..
အရိပ်လည်းနေ.. အခက်လည်းချိုး…
အိမ်ရှင်ကို အရိုးချိုး ..
အိမ်ရှင်ကို ဂုတ်သွေးစုပ် ဖို့ မကြိုးစားပါနဲ့..

ဧည့်သည်..
အိမ်ရှင်က ထမင်းခူးကျွေးရင်..ပန်ကန်တော့ဆေးပါ..
လူပါးဝ တတ်ရင် ကိုယ့် အိမ်ကိုယ်နေပါ..
သူများအိမ်မှာ ခြေဆန့်လှဲ ဖို့ အရည်အချင်းရှိမှ..
အိမ်လည် လာပါ..

ဧည့်သည်..
ဧည့်သည်ဟာ အိမ်ရှင် မဟုတ်ပါဘူး…
အိမ်ရှင် ခွင့်ပြုမှ..ဧည့်သည် အဖြစ်နေရမှာပါ..

ဧည့်သည်..ဟာ ဧည့်သည် လို မနေ ရင်..
ဧည့်သည်လို မပြုမူရင်..
အိမ်ရှင်ကလည်း ဧည့်သည်လို ဆက်ဆံမှာမဟုတ်ပါဘူး..
အိမ်ရှင်တိုင်းဟာ ဧည့်သည် အစစ်ကိုပဲ..အလိုရှိပါတယ်…
ဧည့်သည်ယောင်ဆောင်ပြီး..အိမ်ရှင်နေရာကို လုဖို့..စဉ်းစားရင်တော့…
ဧည့်သည် ခင်ဗျားအတွက်.. အိမ်ရှင်တိုင်းက တံခါးပိတ်ထားတယ်….

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်

   Send article as PDF