အဆိပ်သင့် နေတဲ့ အချစ်

Thit San KhantFebruary 10, 20133min1013

3d_love_heart-800x600

 

(၁)
တစိမ်းလူ ရဲ့ လက်မောင်းကို
နင်တွဲခိုကာ ပျော်နေတုန်း
ငါ့နှလုံးသားတွေ အခိုးငွှေ့ပြန်ကာ
တိမ်တိုက်တွေလို ငါ့မျက်ဝန်းက
မိုးရေတွေ ရွာချ
အဲ့ မျက်ရည်တွေထဲမှာ
ငါ့စိတ်ဓါတ်တွေ စုန်းစုန်းမြုတ်ခဲ့ရော…
 –
(၂)
ရှုံးနိမ့်ခဲ့ပြီဆိုတဲ့ နောက်ဆုံးအသိက
အရူးကွက်နင်းလို့
လှည့်ထွက်သွားတဲ့ နင့်ခြေရာတွေကို
တစ် နှစ် သုံး လိုက်ရေနေရင်း
ငါ့ ဘဝ ပျောက်ဆုံးသွားတယ်
ဒါပေမယ့်
အဲ့ ဇတ်လမ်းက အစီအစဉ်တကျ
မဖြစ်ခဲ့တာကိုတော့
ငါကိုယ်တိုင် မသိခဲ့ဘူး…
 –
(၃)
ဟန်ဆောင် မျက်နှာဖုံးတပ်
နင့်ရှေ့မှာ ပျော်ဟန်ဆောင်တုန်း
မသိတက်တဲ့ နင် ကိုယ်တိုင်
ပြောခဲ့တဲ့ စကား တစ်ခွန်းက
ရင်ကို စူးနစ်ဝင်ခဲ့တယ်
“နင်သာငါ့ဘဝပါတဲ့”
အဲ့ဒီလို စကားတွေမှာ ပျော်ဝင်ခဲ့တဲ့
ငါ့ကိုငါ သနားလာတယ်…
 –
(၄)
“ဟယ်လို”
ဆိုတဲ့ ဖုန်းထဲက နင့်အသံလေး
ကြားလိုက်တိုင်း
ငါ့မှာ ရင်ခုန်သံမြန်နေတုန်းပဲ
ကျေးဇူး ပြုပြီး ငါသာ နင့်အချစ်ဆုံးလို့
မပြောပါနဲ့တော့
ငါ့ရှေ့မှာ နင်တွဲခဲ့တဲ့ သူကိုလဲ
အဲ့ဒီလို စကားမပြောမိပါစေနဲ့လို့
ဆုတောင်းသံ တိုးတိုးလေးနဲ့
ညတိုင်း ဆုတောင်းမိနေတယ်…
 –
(၅)
ကာရန် မမိတဲ့ ကဗျာ တစ်ပုဒ်လဲ
ခနော်နီ ခနော်နဲ့
ငါ့ Wall ပေါ်မှာ
ထာဝရ တစ်သက်စာ
နင့် အတွက်
နေရာယူထားဆဲပါပဲ…

3 comments

  • မဟာရာဇာ အံစာတုံး

    February 10, 2013 at 10:59 am

    အဆိပ်သင့်ခဲ့ အဖြစ်အပျက်တွေ
    လူ အများစုရဲ့ နှလုံးသားမှာ
    ရှိတတ်ပါတယ်လေ ……။
    ဒါကြောင့် ….
    သင့်နေတဲ့ အဆိပ်ကို
    အချိန် ဆိုတဲ့ သမားတော်နဲ့ ကုစားလိုက်လို့ အကျံပုချင်ပါလယ် …

  • Mr. MarGa

    February 10, 2013 at 11:46 am

    နင်သာ ငါ့ဘဝပါ
    အခါခါ ပြောပေမဲ့
    ငါမြင်ခဲ့ရတာတွေကို
    ဘယ်လို မေ့ပစ်ရပါ့
    ဂွကျကျ ငါ့စတိုင်နဲ့
    မမေ့နိုင်တာ နင်သိပါတယ်
    မေ့ဖို့ကို ခွင့်ပြုပေးပါဦး
    %%%%%%%%%%%%%%%%%%%
    ဖတ်သွားတယ်ဗျို့

  • မောင်ပေ

    February 10, 2013 at 11:46 am

    ငါ့ဝေါပေါ်မှာ
    ညဘောခေါ်ပါ (ဘော=ဘောလုံးပွဲ)
    စပြောတော်ကြာ
    မဖောလျော်ကွာ
    အသောဆော်နာ

Leave a Reply