ကံတရားနဲ ့လုပ်သောအလုပ်ဆိုသည်မှာ

မောင် ပေFebruary 10, 20131min1473

မင်္ဂလာပါ ခင်ဗျာ
ကျုပ် မောင်ပေ သည် ဟိုးတုန်းကပေါ့ ၊ ၂၀၁၁ နှစ်ကုန်ခါနီးမှာ ဖြစ်မယ်ထင်ပါတယ် ၊ ဘော်လုံးခန် ့မှန်း ပို ့စ်များ မရေးဖြစ်ခင် ၊ ဘော်လုံးပွဲလောင်းကစားခြင်းနဲ ့ပတ်သက်ပြီး “ဘောလုံးသမားများ ဒီကိုလာ” ဆိုတဲ့ ပို ့စ်လေး တင်ခဲ့ဖူးပါတယ် ။
ပြောချင်တာကတော့
ဘော်လုံးလောင်းကစားခြင်း ဆိုသည်မှာ ကံချည်းပဲမူတည်နေတဲ့ အလုပ်မဟုတ်ပါဘူး
ငွေရေးကြေးရေးအရ လုပ်ပြီဆိုတာနဲ ့ ၊ လှည့်ကွက်လေးတွေ ၊ ဉာဏ်စိုက်ထုတ်ရတာလေးတွေ အများကြီး ရှိပါတယ် ။ နောက်ပြီး အစဉ်အလာဆိုတာကိုလဲ သတိထားရပါသေးတယ် ။
ဒါပေသည့် အရပ်ထဲကလူတွေ ယေဘူယျ ပြောနေကြတာကတော့ ကံစမ်းတဲ့အလုပ် ၊ ကံပေါ်မူတည်တဲ့ အလုပ်လို ့ ပေါ့ဗျာ ။
ကောင်းပြီလေ ကံပေါ်မူတည်တဲ့အလုပ်လို ့ဆိုရင် ကံကောင်းဖို ့အတွက် ၊ ကိုယ့်ဘာသာကိုယ် ဘာသာရေး ၊ လူမှုရေး ၊ အလှူအတန်း ဒါနတွေလဲ ပြုရမပေပေါ့
ကျုပ်……. မောင်ပေသည်……. ခန် ့မှန်းချက်များရေးနိုင်ဖို ့၊ အမှန်ဆုံး ခန် ့မှန်းနိုင်ဖို ့အတွက် နေ ့စဉ် ဘုရားဝတ်ပြုခြင်း ၊ အလှူဒါန ကို နဲများမဆို သဒ္ဒါစိတ်ပေါက်သလို လုပ်ခြင်းများနဲ ့ ကိုယ့်ကံ မနိမ့်ဖို ့ ရည်ရွယ်ပြီး လုပ်ပါတယ်။
ကျုပ်တို ့နိုင်ငံက တစ်ချို ့လူတွေကတော့ လောင်းကစားခြင်း ကို မွဲဆေးဖော်တဲ့အလုပ် လို ့ပြောနေကြပါတယ် ။ မှန်ပါတယ် ။ လောင်းကစားခြင်း ဆိုတာ ဘာမှမသိပဲ ရမ်းလုပ်ရင် ၊ မွဲ စေ မှာ အမှန်ပါပဲ
ဒါပေသည့် အဲဒီလို မွဲဆေးလို ့ပြောနေတဲ့ လူတွေ အတိအကျမသိတဲ့ အလုပ်ကတော့ ၊ ချမ်းသာသည် ဟု ဆိုသော လူတန်းစား အနဲငယ်နဲ ့၊ လူလတ်တန်းစား အနဲငယ်တို ့ကတော့ ဘော်လုံးလောင်းကစားခြင်းမှ အကျိုးအမြတ်တွေ ရနေတယ်ဆိုတာပါပဲ ။
ဒီကိစ္စကို လူတိုင်း ဘာလို ့မသိကြသလဲ ဆိုရင် ၊ လောင်းကစားနဲ ့ အကျိုးဖြစ်နေတဲ့ လူတစ်ယောက်က ၊ တစ်ခြားလူကို ၊ သူဘာကြောင့် ပိုက်ဆံရပါတယ် ဆိုတာ.. မပြောကြပါဘူး ။
ဒီတော့… ပတ်ဝန်းကျင်သည် လောင်းကစားကြောင့် ဘဝပျက်သွားတာတွေကိုပဲ တွေ ့ရ ၊ ကြီးပွားချမ်းသာအကျိုးဖြစ်နေတာမျိုးကိုတော့ မတွေ ့ရတော့ ၊ လွယ်လွယ်ပြောကြတော့တာပေါ့ ။

ကျုပ် မောင်ပေ သည်နောက်ပိုင်း ခန် ့မှန်း ပို ့စ်တွေ အဆက်မပြတ်ရေးတင်နေတယ်ဆိုတာ ၊ ကိုယ်ရေးတဲ့ ပို ့စ် မှာပါတဲ့ ပွဲချိန်တွေနဲ ့ ကိုယ်ကြည့်ချင်တဲ့ ပွဲတွေကို ပြန်စစ်လို ့ရလို ့ပါ ။
ညပိုင်း ဒက်စတော့ ရှေ ့မှာ မထိုင်ဖြစ်တော့တဲ့ အခါမျိုးကြရင် ၊ ဖုန်းနဲ ့အင်တာနက်သုံးရင်း ၊ ဘယ်ပွဲက ဘယ်အချိန်ကန်မှာလဲ ဆိုတာလေးကို အလွယ်တကူ ကြည့်ရတာပ ။
နောက်ပြီး ကျုပ် ခန် ့မှန်းတယ်ဆိုတာလဲ ပွဲကန်ခါနီး ထွက်တဲ့အနေအထားတွေပေါ်မှာ မူတည်ပြီးမှ မှန်းခဲ့တာပါပဲ ။ ခန် ့မှန်းတဲ့အတိုင်း မှန်လာတယ် မှားလာတယ် ဆိုတာကတော့ ၊ ကြားထဲမှာ ဖြစ်သွားတဲ့ အခြေအနေအမျိုးမျိုးအပေါ်မှာ မူတည်မှာပါ ။
ဆိုတော့ဗျာ… ကျုပ် ရမ်းမခန် ့မှန်းရဲ တဲ့အတွက် ၊ သည်မှာထွက်တဲ့ ဈေးကို မသိရမချင်း ၊ မခန် ့မှန်းရဲသေးတာကို ၊ ကျုပ် စာဖတ်သူများ နားလည်ပေးကြပါလို ့ တောင်းဆိုပါရစေနော
ဒါကတော့ ပေနဲနဲရှည်ခြင်းပေါ့ဗျာ
ကဲပါလေ
ဒီည အတွက်…….
ပွဲစဉ်တွေနဲ ့အချိန်တွေကတော့

*** ပရီးမီးယားလိဂ် ***

8.00 အက်စတွန်ဗီလာ(၁၉) – ဝက်ဟမ်း(၁၁)
10.30 မန်ယူ(၁) – အဲဗာတန်(၆)

*** ဘွန်ဒက်လီဂါ ***

9.00 အော့စ်ဘတ်(၁၇) – မိန် ့ဇ်(၆)
11.00 ဖရိုင်းဘတ်(၁၀) – ဒူဆယ်ဒေါ့ဖ်(၁၅)

*** စီးရီးအေ ***

6.00 ပါးမား(၁၀) – ဂျီနိုအာ(၁၇)
8.30 အက်တလန်တာ(၁၃) – ကာတားနီးယား(၇)
8.30 ဘိုလော့နာ(၁၄) – ဆီနာ(၁၉)
8.30 ကယ်ဂလီယာရီ(၁၆) – အေစီမီလန်(၄)
8.30 ပါလာမို(၂၀) – ပက်စကာရာ(၁၈)
8.30 ဆမ်ဒိုးရီးယား(၁၅) – ရိုးမား(၈)
8.30 အူဒီးနီး(၉) – တိုရီနို(၁၁)
2.15 အင်တာမီလန်(၅) – ချီယေဗို(၁၁)

*** လာလီဂါ ***

5.30 ဘာစီလိုနာ(၁) – ဂီတာဖေး(၁၂)
10.30 ဇာရာဂိုဇာ(၁၆) – ဆိုစီဒက်(၈)
12.30 ဘီဘာအို(၁၄) – အက်စ်ပန်ညို(၁၅)
2.30 ဗယ်လကာနို(၇) – အသလက်တီကို(၂)

**********************

အိမ်ကွင်းမှာ အနိုင်ပြန်ရှာမှာက “ပါးမား”

ပါးမား(၁၀) – ဂျီနိုအာ(၁၇)

ပါးမား စီးရီးအေပွဲစဉ်၂၃အပြီး ၈ နိုင် ၊ ရ သရေ ၊ ၈ ရှုံး ၊ ရဂိုး၃ဝ ပေးဂိုး၃၁ ၊ ၃၁မှတ်
ဂျီနိုအာ စီးရီးအေပွဲစဉ်၂၃အပြီး ၅ နိုင် ၊ ၆ သရေ ၊ ၁၂ ရှုံး ၊ ရဂိုး၂၅ ပေးဂိုး၃ရ ၊ ၂၁မှတ်

ပါးမားအခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
ဖီအိုရင်တီးနား ၂-ဝ ပါးမား
ပါးမား ၁-၂ နာပိုလီ
ချီယေဗို ၁-၁ ပါးမား
ပါးမား ၁-၁ ဂျူဗင်တပ်
ပါးမား ၂-၁ ပါလာမို

ဂျီနိုအာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ပွဲတွေကတော့
ဂျီနိုအာ ၃-၂ လာဇီယို
ဂျူဗင်တပ် ၁-၁ ဂျီနိုအာ
ဂျီနိုအာ ဝ-၂ ကာတားနီးယား
ကယ်ဂလီယာရီ ၂-၁ ဂျီနိုအာ
ဂျီနိုအာ ၂-ဝ ဘိုလော့နာ

သည်နှစ်သင်း ထိပ်တိုက်တွေ ့ဆုံခဲ့မှုများကတော့
Sep 26, 2012 Genoa 1 – Parma 1
Feb 25, 2012 Genoa 2 – Parma 2
Oct 2, 2011 Parma 3 – Genoa 1
Jan 30, 2011 Genoa 3 – Parma 1

ဈေးအနေအထားအရ ပါးမား သရေဆိုရင် အပြည့်ရှုံးအနေအထားကို သည်မှာ တစ်ဂိုးအနိုင်ဖွင့်မလား ၊ ဒါမှမဟုတ် ပါးမား သရေဆိုရင် ၉ဝပတ်ချာလည် အရှုံးဖွင့်မလား မသိရသေးပါဘူး
သည်ပွဲမှာတော့ ဘယ်လိုဈေးပဲထွက်ထွက်
အိမ်ကွင်းမှာ အနိုင်သေချာပေါက် ပြန်ရှာမယ့်
“““ ပါးမား ””” ကို အားပေးသင့်ပါတယ်

*********************

ဒီညပွဲတွေ ဈေးထွက်လာချိန်မှာ ကြည့်မိလိုက်တော့ ၊ ရှုံးပွဲဆက်နေတဲ့ အသင်းတွေဟာ နေရဲချင်စရာမရှိတဲ့ ဈေးအနေအထားတွေနဲ ့ထွက်လာတာကို တွေ ့ရပါတယ်
ပွဲချိန်လဲ နီးနေပြီမို ့ ၊ အရှည်ကောက်မရေးတော့ပါဘူး
တိုတိုတုတ်တုတ်ရေးဖြစ်သွားတာက

“““ ရိုးမား ”””
“““ အေစီမီလန် ”””
“““ ဘိုလော့နာ ”””
“““ အင်တာမီလန် ”””
“““ အဲဗာတန် ”””

အဲဒီ ငါးသင်းကို အားပေးရင် ပျော်ရွှင်ရမှာ သေချာပါတယ်

*********************

******* အားလုံး အောင်မြင် ပျော်ရွှင်နိုင်ပါစေ *******

3 comments

  • surmi

    February 10, 2013 at 2:27 pm

    စနေလန်းရင် တနင်္ဂနွေကြမ်းမတဲ ့
    ကဲ လာလေ ့ ……!!!!

  • မဟာရာဇာ အံစာတုံး

    February 10, 2013 at 11:13 pm

    ဘောလုံးပွဲရယ်မှ မဟုတ်ပါဘူးးးး
    အခြား ဟာတွေလည်း သူ့ဟာနဲ့သူ ခန့်မှန်းကြည့်ရတာပဲ ..
    တစ်ခါတစ်ခါ ခန့်မှန်းတာနဲ့ ကွက်တိတိုးမယ် ..
    တစ်ခါတစ်ခါ ခန့်မှန်းတာနဲ့ တက်တက်စင်အောင် လွဲမယ် …
    ဒါ … ဖြစ်တတ်တဲ့ သဘောတရားပဲလို့ ထင်ပါတယ် …
    ဒီတော့ကာ … မှန်းတာ မှန်းဗျာ ..
    ကျွမ်းကျင်တဲ့လူ မှန်းရင် လွဲခဲပါတယ် ….

  • ဦးကြောင်ကြီး

    February 10, 2013 at 11:50 pm

    ပါးမား နွားလား စားသွား တအားများ..

Leave a Reply