အော်ငါတို့နိုင်ငံလည်းဒီလိုလူကြီးတွေလက်ဝါးကြီးအုပ်တဲ့လက်ကကိုမလွတ်ပါလားနော်။ ကားစုတ်တွေကျတော့စေတနာဗလဗွနဲ့ ယဉ်မောင်းတွေကိုရောင်းချပြီး ၊ ကားကောင်းတွေကျ တော့သူတို့နာမည်ပေါက်ယူမယ်။

kpFebruary 10, 20131min630

စီးပွား/ကူးသန်းအငှားယာဉ်လုပ်ငန်းမှ အငှားယာဉ်များကို ရောင်းချပေးရာတွင် အငှားယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့မရောက်ရှိဘဲ အလုပ်လက်မဲ့ဘဝရောက်ရှိမည့် ယာဉ်မောင်း (၁၂)ဦး
၂၀၁၃ခုနှစ် ဇန်နဝါရီလ (၂၈)နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ (၁၀) ကော်လံ (၀၂) ပါ ရန်ကုန် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စီးပွား/ကူးသန်းအငှားလုပ်ငန်းမှ အငှားယာဉ်များကို မကြာမီရောင်းချပေးမည် ဆိုသည့်သတင်းနှင့် ၎င်းနောက်ဆက်တွဲတွင် အလုပ်လက်မဲ့ဘဝသို့ရောက်ရှိတော့မည့် ယာဉ်မောင်းများ အကြောင်းကို အောက်ပါအတိုင်းဖတ်နိုင်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (အငှားယာဉ်လုပ်ငန်း) မှအငှားယာဉ်မောင်းများအားမိမိတို့ မောင်းနှင်သော အငှားယာဉ်(taxi) များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယာဉ်မောင်းများဖွဲ့စည်းထားသော သာရေးနာရေး ကော်မတီ အဖွဲ့ဝင် များကိုပြောကြားသည်။
(၂၁-၄-၂၀၁၂) မှစပြီး ဌာနနှင့်အငှားယာဉ်မောင်းများကြား မပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံတော်သမ္မတကြီးက အငှားယာဉ်မောင်းများသည်လည်း ပြည်သူထဲက ပြည်သူတွေဖြစ်သည့်အတွက် ယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့ရောက်ရှိပြီးအားလုံးအဆင်ပြေစေရန် ခွင့်ပြုလိုက်သောကြောင့် ယခုကဲ့သို့ ရောင်းချပေးလိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောကြားသည်။
ယခင်ကဌာနနှင့်ယာဉ်မောင်းကိုယ်စားလှယ်များညှိနှိုင်းထားသော အပ်ထားစလစ်ဈေးနှုန်း၏ ၆၀%ကို ယာဉ်မောင်းများမှ ပေးချေရမည်ဆိုသော်လည်းယခုအခါယာဉ်မောင်းများ အဆင်ပြေသက်သာစေရန်အတွက် သင့်တော်သောဈေးနှုန်းများဖြင့်သာပေးချေနိုင်အောင်ဆောင်ရွက်ပေးမည်ဟုပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သာရေး/နာရေးကော်မတီအဖွဲ့ဝင်များအားထပ်မံပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတကြီးနှင့်ပြည်ထောင်စုဝန်ကြီးတို့၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့်အငှားယာဉ်မောင်း ဘဝမှ ယာဉ်ပိုင်ဘဝသို့ ရောက်ရှိမည်ဖြစ်သည့်အတွက် ယာဉ်မောင်းအားလုံးကအထူးကျေးဇူးတင်လျက် ရှိ ကြောင်း သိရသည်။
ထိုကဲ့သို့ကြေးမုံသတင်းစာတွင် နိုင်ငံတော်သမ္မတကြီးနှင့် ဝန်ကြီးကယာဉ်မောင်းများအား ယာဉ်မောင်းဘဝ မှ ယာဉ်ပိုင်ရှင်ဘဝသို့ ရောက်ရှိမည်ဟုဆိုခဲ့သော်လည်း ယခုအခါ စီးပွား/ကူးသန်း သက်ဆိုင်ရာ လူကြီးများမှ ရောင်းချပေးမည့်ကားများတွင် Cedric အစီးရေ (၂၂၃)စီး၊ ဖင်ကောက် Van (၀၇)စီး နှင့် Caldina Van (၀၅)စီး စုစုပေါင်း (၁၂)စီး ပါရှိပါသည်။ ၎င်းအနက်မှ ဖင်ကောက် Van နှင့် Caldina Van (၁၂)စီးတို့အား အမှန်တကယ်လက်ရှိမောင်းနှင်နေသော ယာဉ်မောင်းများကိုရောင်းချပေးမည်မဟုတ်ဘဲ နိုင်ငံတော်နှင့် ဌာန အတွက် နေ့မအား၊ ညမအား တာဝန်ထမ်းဆောင်ပေးခဲ့သည့် လူကြီးများ၊ EC များဖြစ်သည့်အတွက် ၎င်းတို့အားနိုင်ငံတော်မှ Bonus ပေးသည့်အနေဖြင့် အမည်ခံ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိကြီးများ / အငြိမ်းစားယူပြီးအရာရှိကြီးများ / ၎င်းတို့နှင့်သက်ဆိုင်သော အမျိုးသမီး အမည်ခံများကိုသာ ရောင်းချပေးတော့ မည်ဟု အငှားယာဉ်ဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဗိုလ်မှူး သိန်းနိုင်မှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၀၈)ရက်နေ့၊ ၎င်း၏ရုံးခန်းတွင် နံနက် (၁ဝး၄၅)အချိန်၌ ဤကိစ္စနှင့် သက်ဆိုင်နေသည့် ယာဉ်မောင်းများအား ဖြေကြားခဲ့သည်။
အထက်ပါကိစ္စများနှင့်ပတ်သက်၍ ယခုလက်ရှိမောင်းနှင်နေသော ယာဉ်မောင်းများသည် သက်ဆိုင်ရာဌာနသို့ တရားဝင်စပေါ်ငွေ(၀၈)သိန်းအပြင် ကားမောင်းခွင့်ရရှိရေးအတွက် အပိုငွေကန်တော့ကြေးအဖြစ် (၁၀)သိန်းနှင့် (၁၂)သိန်းအကြား စုစုပေါင်းသိန်း(၂၀)ပေးသွင်းခဲ့ရပါသည်။ ထိုနေ့မှစ၍ ကားများကိုမိမိတို့မှ ဂိုထောင်မှ စထုတ်ယူခွင့်ရရှိပြီး နေ့စဉ်တရားဝင်ရုံးသွင်းငွေ ၁၀,၅၀ဝိ/- (ငွေကျပ်တစ်သောင်းငါးရာတိတိ) ပေးသွင်းရသည်။ ထို့အပြင် အထက်တွင်ဖော်ပြခဲ့ပြီးသော အမည်ခံလူကြီးများအား တစ်လလျှင် ၁၅၀,၀၀ဝိ/- (ငွေကျပ်တစ်သိန်း ခွဲတိတိ)ကိုလည်း ထပ်မံ၍ လစဉ်ယနေ့တိုင်ပေးဆောင်ခဲ့ရပါသည်။ ထိုကားများကို မောင်းနှင်စဉ်ကာလ အတွင်းလည်း ပြင်ဆင်စရိတ်များကိုလည်း ကုန်ကျရသည့်အပြင် ရုံးသို့လည်း နေ့စဉ်ငွေသွင်းသည်ကိုလည်း မပျက်မကွက် ပေးသွင်းခဲ့ရပါသည်။
ယခုအခါ ဗိုလ်မှူးသိန်းနိုင်၏ပြောကြားချက်သည် နိုင်ငံတော်သမ္မတကြီးနှင့် ဝန်ကြီးတို့၏ လမ်းညွှန်ချက်များနှင့် မကိုက်ညီ ကွဲလွဲမှုများရှိနေပါသောကြောင့် ကျွန်တော်တို့ယာဉ်မောင်းများသည် စိုးရိမ်ပူပန်လျက်ရှိနေကျပါသည်။
———————————————
အော်ငါတို့နိုင်ငံလည်းဒီလိုလူကြီးတွေလက်ဝါးကြီးအုပ်တဲ့လက်ကကိုမလွတ်ပါလားနော်။
ကားစုတ်တွေကျတော့စေတနာဗလဗွနဲ့ ယဉ်မောင်းတွေကိုရောင်းချပြီး ၊ ကားကောင်းတွေကျ
တော့သူတို့နာမည်ပေါက်ယူမယ်။
တစ်လကို 150000ကျပ်အမြတ်ပေးရတယ်ဆိုတော့ တစ်နှစ်ကို ၁၈သိန်း။တစ်ကယ်အကျိုး
ခံစားတော့နာမည်ပေါက်လူကြီးတွေဆိုတော့ကောင်းသဟ..ကောင်းသဟ