သင်္ဘောက ထိုင်ဝမ် ရေလက်ကြားဝင်တာနဲ့စင်္ကာပူ အီကွေတာရာသီဥတုကနေ
တစ် မဟုတ်ခြင်းအေးစက်တဲ့ ၊ထိုင်းမှိုင်းတဲ့ ၊စွတ်စိုတဲ့ မနေသာတဲ့ရာသီ ဥတုကိုပြောင်းသွားသည်။

သင်္ဘောသားတွေ အလုပ် လုပ် ရခက်လာကြတော့ငယ်ငယ်ကြီးကြီး ကိုယ့် ခလေးတွေ လိုပဲ
(ဖိလစ်ပီနိုတွေ၊ ကုလားလေးတွေ၊ တရုတ်လေးတေ၊ွ မြန်မာတွေ
ဥရောပသားတွေ ) ကို သတိရှိကြဘို့ ခြေချော်လက်ချော်၊ ချော်လဲ တာ ပြုတ်ကျတာ
ထိခိုက် ဒဏ်ရာရတာတွေ မရှိရ အောင် ကြုံတိုင်း သတိပေး ရင်းနဲ့ဘဲ

တရုတ် ပြည် က (Xiamen) ဆိုတဲ့ဆိပ် ကမ်းကို ဖေဖေါ်ဝါရီလ ၆ရက်နေ့ ညက ၀င်တယ် ၇ရက် နေ့ မနက် အစောကြီးပြသနာ ကင်းကင်းရှင်းရှင်းနဲ့ ပြန် ထွက်လာတော့ သင်္ဘောသားတွေ အားလုံး ပင်ပမ်းနေပေမဲ့
ရာသီဥတု ကြမ်းရတဲ့ ကြားက သင်္ဘောက
ညနေ မှာနောက် ဆိပ် ကမ်း (Fuzhou) ကို ထပ် ကပ်ရမှာ ဆိုတော့ သင်္ဘော တစ်စင်းလုံး ပတ် ပြီး
စစ်ဆေး ချည်နှောင် ရေမ၀င်အောင် လုပ် ကြရင်း သူတို့တွေ ပင်ပန်း နွမ်းလှ အိပ်ရေးပျက် မျက်နှာငယ်တွေ နဲ့ ဖြစ်နေလေပြီ

နောက်ဆိပ်ကမ်း (Fuzhou) ကို ညနေ စောင်း အ၀င် မှာ လေက ပို ပြင်း ထန်လာပါသည် သူကြီးနဲ့ ရေကြောင်းပြ တွေအကြောက်ဆုံး
(off-shore wind )ဆိပ်ကမ်းဘက်ကနေသင်္ဘောကို ကပ်မရအောင် ပြန်တိုက် နေတဲ့လေ ဟာ
အနားရောက်မှ တစ်နာရီ ၁၀ မိုင်ကနေ ရုတ်ခြင်း ၂၅ မိုင်တိုးတိုက်လာတော့ ရေကြောင်းပြလဲ
အကူသဘော ၂စီးအပြင် တစ် စီး တိုးထပ်တောင်းပါတယ် သို့သော် မရှိနေသောကြောင့်၂စီးနဲ့ ဘဲရအောင်ဝင်ရတော့ မည်။

600505_514380981946072_880768680_n

ဒီလိုပြသနာ ကို (Black Sea Winter) မှာ ရုရှား နဲ့ တူရကီ ဆောင်းတွင်းမှာ ဆိုးဆိုးရွားရွားကြုံ ခဲ့ဘူးပေမဲ့
ဒါတွေ က ကံတရားနဲ့ ပိုဆိုင်တယ်လို့ ကျနော် ပြောရင် လူတွေ ကျနော့် ကို ကဲ့ရယ်မယ်ထင်ပါတယ်။အတွေ့အကြုံ အရတော့ ကံသာ အမိကံသာ အဖ ပါပဲဗျာ။

ရှေ့နောက် ကပ်ထားတဲ့သင်္ဘော ၂စီးရဲ့ကြားကို အင်ဂျင် ကို ရှေ့ တိုးနောက် ဆုတ် ပြီး
မီတာ ၂၅၀ ရှည် တဲ့ သင်္ဘော ကို လေထန် နေတုန်း ၀င်နေရချိန် မှာ ဖြစ် သွားနိုင်တဲ့ ပြသနာတွေကအများကြီး ပါ ..
ဘာပဲဖြစ်ဖြစ် နောက်ဆုံးကြရင် သူကြီးခေါင်း ဘဲ၊ ကျနော့် ကို ဘဲ လက် ထိပ် ခပ် ခေါ်သွားမှာပါ
ခေါင်းတည် ၀င်တာဘဲ အနားရောက်ရင် လေက တမင် တိုးတိုက်သလို ဖြစ် ပြီး ခေါင်းလှန်သွားတယ်
ရေကြောင်းပြလဲ ဇောချွေးပြန်နေပြီ သွေးအေးပါတယ်ဆို တဲ့ ကိုယ် တောင် နဲနဲ ညစ်လာပါသည်။

ဦးနဲ့ဖင် ပိုင်းမှာ အအေးဒဏ် ကို ခံရင်း အလုပ် လုပ်နေရတဲ့ကျနော့် သင်္ဘောသားတွေ
(အရာရှိတစ်ယောက် သင်္ဘောသား ၂ယောက်ဆီ) ရှေ့တစ်ဖွဲ့နောက်တစ်ဖွဲ့တွေ ခင်မျာ ၊
ရေကြောင်းပြ မတက်ခင်ကထဲက ပြေးလွားလုပ် ကိုင်နေကြရတာ
တစ်နေကုန် ခိုက်ခိုက်တုန် ချမ်းနေတဲ့ စွတ်ထိုင်းရာသီဥတုထဲမှာ တစ်ခါတစ်ခါ ဆူဆဲခံရသေးတယ်
(ကျနော်က ကျနော့်လူတွေ ကို မဆဲတတ်ပါဘူး)

သင်္ဘောသားတစ်ယောက် ဆိပ်ကမ်းမကပ်ခင် လုပ်ဆောင်ရတဲ့ စာရင်းတွေ ကို List နဲ့ ချရေးပြီး
သူတို့လုပ်ရတဲ့ အလုပ်တွေ ကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားရင် သင်္ဘောသားတွေ ဟာ
ဘယ်လောက် အစွမ်းစရှိတယ် ဆိုတာကို သာမန် လူတွေ သြောချ ရမှာပါ
သူတို့ကိုပေးတဲ့ လစာရဲ့ ၃ ဆလောက် နဲ့ ထိုက် တန်တယ်ဆို တဲ့ ကျနော့် စကားကို ကန့် ကွက် ကြမယ်မထင်ပါဘူး
ကန့်ကွက်ရင် အဲဒီသူက ကုမဏီ ရဲ့ အစေပါး ရုံးက လူဘဲဖြစ် ပါလိမ့်မယ်။

ည ၇နာရီ မှာ ရေကြောင်းပြတက်လာပြီး၈နာရီ ကနေ ၉နာရီ ခွဲ ထိ မိုးဖွဲတွေထဲ အေးစက် နေတဲ့
တရုတ်ပြည်ဆောင်းရာသီ ထဲ အကြိတ်အနယ်ကြိုးစားအပြီးမှာ သင်္ဘောအောင်မြင်စွာဆိပ်ကမ်းကပ် နိုင်တော့သည်။

အပူမီးကြီး ကျ စိတ်ချမ်းသာသွားပြီးလို့
ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ စာရွက်စာတမ်း စစ်ဆေး မေးမြန်း မှုတွေ အတွက်
အခန်းထဲက အရေးကြီးတဲ့ ဖိုင်တွေ ယူပြီး အောက်က ရုံးခန်းထဲဆင်းအလာမှာ Port Security အရာရှိ ၂ယောက် စောင့်နေပါတယ်။
ကျနော့်သင်္ဘောက သူတို့ ဆိပ် ကမ်းက ပလက်ဖောင်းတစ်ခုကို ၀င်တိုက်လို့ ပျက် ဆီးသွားကြောင်းခံဝန်စာလာတောင်းတာပါ။

ဘယ်လိုဖြစ်နိုင်မှာတုန်း ကျနော် တို့သင်္ဘော ဆိပ်ကမ်းနဲ့ အနီးဆုံးရောက်ဖို့တောင် အကြိမ်ကြိမ်ကြိုးစားရတာ
မျက်စေ့တွေပြူးပြဲ ပြီး သင်္ဘောရဲ့ လားရာကို ၀ိုင်းကြည့်ပြီး Tugs တွေ နဲ့ တွန်း အင်ဂျင်နဲ့ ထိုး
ကြိုးနဲ့ ဆွဲ Thrusters တွေ နဲ့ ရွေ့ မနည်းဝင်ခဲ့ ရတာ ဘာကို မှ တိုက်မိတာ မမြင်ပေမဲ့ ပြသနာကစပြီ
အဲလိုဖြစ် ရင် ဖုန်းတွေ ဆက်ရတယ် ကို့ ဘက်က Innocence ဖြစ်ကြောင်း Protest လုပ် ရတယ်
P&I လို့ခေါ်တဲ့ သင်္ဘောကုမဏီတွေ စုတည်ထောင်ပြီးသူတို့ ဘက်ကရှေ့နေလိုက်ပေးမဲ့သူခေါ်ရတာ
ညသန်းခေါင်ကြီးကျ မှ စင်္ကာပူ ၊ဟောင်ကောင်၊ UK Denmark ဖုန်းတွေ စာတွေ အပြန်လှန်ရေး ခေါင်းခဲရပြီ
ဓါတ်ပုံရိုက် Form တွေ ဖြည့် နဲ့ ငြင်းကြခုံကြနဲ့ စိတ်ပျက်စရာဗျာ..

ကိုယ် မလုပ်ဘူး ဒိုင်ခံငြင်းလဲ မရ ၊ အမေရေ သားမသိတော့ဘူးဆိုပြီး ထွက် ပြေး လို့ လဲ မရတော့ခံပေရော့ဘဲ
မနက် ၁ နာရီ ၃ နာရီ နဲ့ ၆ နာရီ တွေ မှာ ဖုန်းတွေ လာပြီး ၂ဦး ၂ဖက် agent ရှေ့ ထားပြီး
အငြင်းအခုံ မပြီးသေးဘဲ သင်္ဘော ကို ဆိပ် ကမ်းက ထွက် ခွာခွင့်ပြုလို့တော်သေးတယ်။

စိတ်ထဲ မတင် မကျ နဲ့ခံပြင်း နေပေမဲ့ အပြင် က ရာသီ ဥတု ဆိုးဝါးနေတာကြောင့်
စိတ်များနေလို့ မရပေ ကျန်တာတွေ ခဏမေ့ပြီး လှိုင်းလေတွေ ကြားမှာ ကျွန်းတွေ အများကြီးထဲ ကြိုးစား ရုန်း ကန်နေတဲ့သင်္ဘော ကို အာရုံပြန်စိုက်ထားရပါသည်။

ရေကြောင်းပြ လဲ သနားစရာ ပါဘဲ တရုတ် နှစ်ကူး ဘို့ တာဆူ ပြီး အိမ်ပြန် တာတောင်
အသက် နဲ့ လုနေရတယ် သူ့ သင်္ဘောလေးလဲ ခလောက်ဆံဖြစ်နေတော့ ကြောက်ကြောက်နဲ့ ကျနော် တို့သင်္ဘောကြီးနဲ့
ခဏကွယ်ထားပြီးသူ့သင်္ဘောကို Cover လုပ် ပေးဘို့ တောင်းပန်တာနဲ့ ကျွန်းတွေ နားမှာ စက်ရပ် ပြီးမျှောပေးထားရတယ်
ကျေးဇူးအကြိမ်ကြိမ် တင် ပြီး သူ့ Boat ကလေး ကောင်းကောင်းမွန်မွန် ထွက်သွားတော့မှ ကိုယ် လဲ ခရီးဆက် ဖို့ အရှိန်တင်လိုက်တယ်….
ကျွန်းစွယ်တွေ ထဲ က ထွက် ရင် ဒီထက် ပိုကြီးတဲ့ လှိုင်းကြီးတွေ လာတော့ မယ်။

မပျော်ပါဘူး အမေရယ်….
ရေ လိုကြည်လင် တဲ့ ခလေးဘ၀ လေးတုန်းကလဲ
နာကြင် ကူးခတ် ခဲ့ရတာဘဲ လို့စဉ်းစားနေတုန်း

FB ချက် လိုင်းမှာ အမေ ဆီက Message တက် လာတယ် သား အဆင်ပြေ နေကောင်းရဲ့လားတဲ့
စိတ်ထဲလှိုက်ကနဲဖြစ်သွားတယ်..ပြီးမှ
အမေ..သားက အမေ့ကို သတိရနေတာ လို့ ၀မ်းသာအားရ ပြောလိုက် မိတယ်။
သား အဆင် ပြေ မှာပါ လို့ ပဲ ပြန်ပြော ခဲ့တယ်။

( ညနေကျတော့ ကြေးနန်းဝင်လာတယ် သင်္ဘောကို အရေးမယူဘူးလို့ ဆုံးဖြတ်တယ်တဲ့)။
အင်း ရာစု လဲ ရာတန်လေးတွေ စုရတာ မလွယ်ပါဘူးဗျာ။

၈ ရက် ဖေဖေါ်ဝါရီ
ထိုင်ဝမ် ရေလက်ကြား ( Fuzhou to Busan Voyage 1206)။

(ရာစု)

Credit by: Myanmar Seaman Union

About အူးစည်

has written 140 post in this Website..