ကချင်ပြည်နယ်ကို ပြည်သူလွတ်တော်ဥက္ကဌနှင့်အဖွဲ့ ဒေသခံများနှင့် တွေ့ဆုံ

moegyiFebruary 10, 20131min52

ပြည်သူလွတ်တော် ဥက္ကဌ သူရဦးရွေမန်းနှင့် အဖွဲ့သည် ယနေ့ ကချင်ပြည်နယ်ကို သွားရောက်ပြီး စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံခဲ့ပါသည်။ တိုင်းပြည်အတွက် အရေးပါသော ခရီးစဉ်လို့ ယူဆပါသည်။ လွန်ခဲ့သော အပတ်က ပြည်သူလွတ်တော်ဥက္ကဌဟာ ကချင်ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းလာမည် ဆိုလျှင် လက်ခံဖို့ ပြောကြားပြီးနောက် ပထမဆုံး ခရီးစဉ်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်မယ် လို့ပြောကြားထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်လာမည်ဆိုလျှင် ကချင်ပြည်နယ် မကြာသောကာလမှာ ငြိမ်းချမ်းလာတော့မယ်ဟု ထင်မြင်ယူဆပါသည်။ kio/kia အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးကျန်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်း တစ်ခုဖြစ်ပါသည်။ နှစ်ဖက်အဖွဲ့စည်းတွေဟာ တိုင်းပြည်ကောင်းစားရေးအတွက် အတ္တတွေကို ချပြီး တူတာတွေကို ညှိနှိုင်းကြမည်ဆိုလျှင် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အဆင်ပြေနိုင်ပါသည်။ တိုက်ပွဲတွေဖြစ်နေတာဟာ အဓိကတော့ ပြည်သူတွေဘဲ ဒုက္ခတွေ ခံစားရတာပါ အစိုးရရော ကေအိုင်အေရော ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ လိုအပ်ပါသည်။