ခေါ်မှာ ပြောမှာ နှုတ်ဆက်မှာလား…

Shin Mway LunFebruary 10, 20131min26625

ရွာသူရွာသားများအားလုံး မင်္ဂလာပါ..

မန်းဂေဇက်မှာ အခုမှ စတင်မိတ်ဆက်ဖြစ်ပေမယ့် ဝင်ပြီး ဖတ်ရှု အားပေး နေခဲ့တာ ကြာပါပြီ..

ကလေးတွေ အဖေ တိုက်တွန်းလွန်းလို့ မန်ဘာဝင်ထားတာ မကြာသေးပါဘူး..

စာတွေ ဝင်ဖတ်ဖြစ်နေပေမယ့် မိတ်ဆက်စာလည်း မရေးဖြစ်သလို တစ်ခါမှလည်း မမန့်ဘူးသေးပါဘူး..

အပြင်မှာလည်း ရန်ကုန် မန္တလေးက ရွာသူ ရွာသား တချို့နဲ့ တွေ့ဆုံဖူးပါတယ်.. နာမည် ကြည့်ပြီး တချို့လည်း သိကြမယ်လို့ ထင်ပါတယ်..

ခုမှ ရွာထဲမှာတရားဝင်မိတ်ဆက်တာပါ…စာများများ မရေးတတ်လို့ ပို့စ်တွေတော့ သိပ်တင်ဖြစ်မှာ

မဟုတ်ပေမယ့် အမြဲဖတ်ရှုအား ပေးမယ့်မန်ဘာတစ်ယောက်ပါလို့ မိတ်ဆက်ပါရစေ…

ဟိုတစ်ယောက်နဲ့ စက်လုပြီး မကိုင်ရမယ့် အချိန်မှာတော့ ကွန်မင့် ပေးဖြစ်မယ်ထင်ပါရဲ့

ခင်မင်စွာဖြင့်

ရှင်မွေးလွန်း (ရာဇဝင်ထဲက ရှင်မွေ့နွန်း မဟုတ်ဘူးနော်)

 

25 comments

  • Mလုလင်

    February 11, 2013 at 12:00 am

    ဟုတ်ကဲ့ . . .။

  • surmi

    February 11, 2013 at 12:21 am

    ဟုတ်ကဲ့ …. သိပါပြီ ….
    ကိုရွာစား မင်းနန္ဒာရော သတိယကြောင်းပြောလိုက်ပါဦး ။
    ဟန်းဖုန်းချည့်ဘဲ ကလိမနေနဲ့ဦးလို့ ။ တီဗွီကြီးလည်း ကြည် ့လို့ရပါသေးကြောင်း …..

  • ဦးကြောင်ကြီး

    February 11, 2013 at 12:29 am

    ရှင်မွေးလွန်း
    ခြင်ဆေးထွန်း
    နင်ပြေးယွန်း
    ဝင်ကြေးစွမ်း
    လင်မေးခွန်း
    ဆင်ပေးဂွမ်း
    ယဉ်ကျေးပြွမ်း
    ကြင်ထွေးကွမ်း..။

  • MAUNG

    February 11, 2013 at 7:58 am

    ခေါ်မှာ ပြောမှာ နှုတ်ဆက်မှာပါ 🙂

  • padonmar

    February 11, 2013 at 8:57 am

    ရှင်မွေးလွန်းဆိုတာ ရွာစား ကွန်ဖရင့်လာတက်တုံးက လက်ဆွဲပြီးလာတဲ့ တစ်ယောက်လား။
    ဂါဝန်အစိမ်း၊စတော့ကင်းဘောင်းဘီအနက်လေးနဲ့လေ။
    ငယ်ငယ်ချောချောလေးနော။

    • nozomi

      February 11, 2013 at 9:13 am

      အန်တီလေးကလဲ အဲဒီလိုကြီး အတိအကျ မမေးပါနဲ့ မဟုတ်ရင် အားနာစရာကြီး

      ရွာစားကျော်ရဲ့ ဇနီး ရွာစားကတော်ကြီးကို ကြိုဆိုပါတယ်
      တခြားရေးစရာ မရှိရင် ရွာစားကျော်ကို မကျေနပ်တဲ့ အကြောင်းရေးပေါ့ တကယ်ဖတ်လို့ကောင်းမှာ

  • P chogyi

    February 11, 2013 at 9:14 am

    ဂါဝန်အစိမ်းနဲ့ မဖြစ်နိုင်ပါဘူး
    ဟိုဘက်ဘေးက ဘောင်းဘီတိုအနက်နဲ့
    တစ်ယောက်ဖြစ်မှာပါ။
    ခင်မင်ရင်းနှီးစွာကြိုဆိုပါတယ်။

  • weiwei

    February 11, 2013 at 9:17 am

    ရွာစားကျော်ရဲ့ ပင်တိုင်ဇာတ်လိုက် မင်းသမီး ..
    စာတွေထဲမှာ ရင်းနှီးပြီးသားဖြစ်နေသလို အပြင်မှာပဲ တွေ့ဖူးပြီးသားမို့လို့ ခေါ်မှာ ပြောမှာ နှုတ်ဆက်မှာပါ …

  • ခင်ခ

    February 11, 2013 at 10:08 am

    ယောင်နောက် ဆံထုံးပါ ရုန်းမဖယ်သာတော့
    မောင်ဘယ်ကို သွားသွား တစ်ဖဝါးမှမခွာလိုပေ၊
    ကျမတို့ မိန်းကလေးကျက်သရေ ဪ ကျမတို့ မိန်းကလေးကျက်သရေ
    ချစ်သူသက်ဝေအိမ်သူ့ဆွေ ၊
    မခေါ်ချင်ထားခဲ့လေ အမျှော်အမြင်တရားဖြေ နားနားနေနေ
    ချစ်သူရှိရာ သံသရာရှည်ရှည် ဒီတစ်မိုးအောက်မှာလေ။
    ယောင်နောက် ဆံထုံးပါစမြဲ မခွဲဘူးကွယ့် ချစ်သူရေ………………….။
    ( နားထောင်ဖူးတဲ့ မာမာအေးရဲ့ သီချင်းလေးကို သတိရသွားလို့ ရှင်မွေးလွန်း ရေ။ )

  • ဗုံဗုံ

    February 11, 2013 at 10:10 am

    ခေါ်မှာပေါ့ ပြောမှာပေါ့ နှုတ်ဆက်မှာပေါ့ ဦးလေးမင်းနန္ဓာ အတင်းတွေလည်း အုပ်မှာပေါ့ နော အန်တီရှင်မွေးလွန်းရယ် :mrgreen:

  • kyeemite

    February 11, 2013 at 10:18 am

    မင်္ဂလာပါ ရွာစားကျော်ကတော်ရေ…
    အပေါ်က ကိုနိုကြီး ပြောသလို ရွာစားကျော်နဲ့
    နောင်ဂျိန်ပလေးတဲ့ အကြောင်းတွေရေးပေါ့ဗျား.. :kwi:

    • Shin Mway Lun

      February 11, 2013 at 10:34 am

      ဟယ်…အဲဒါဆိုရင်တော့ရေးစရာသိပ် မရှိလောက်ဘူး…

  • Shin Mway Lun

    February 11, 2013 at 10:30 am

    အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုကြလို့ ဝမ်းသာရပါတယ်….
    ပြီးခဲ့တဲ့ရန်ကုန် ကွန်ဖရင့်မှာ မလိုက်လာနိုင်ခဲ့ပါဘူးရှင်…

  • မင်းနန္ဓာ

    February 11, 2013 at 10:31 am

    ဪ ဪ…
    မေတ္တာထားကြတယ်.. အရောက်ပို့ကြတယ်..
    အချွန် အကြီးကြီးနဲ့ မကြတယ်.. အပ်တုတ်တုတ်ကြီးနဲ့ ထိုးကြတယ်..
    အဟင့်.. :528:
    တစ်ယောက်က ဂါဝန်အစိမ်း၊စတော့ကင်းဘောင်းဘီအနက်လေးကို လက်ဆွဲလာတာတဲ့
    နောက်တစ်ယောက်က ဟိုဘက်ဘေးက ဘောင်းဘီတိုအနက်နဲ့တစ်ယောက်ဖြစ်မှာပါ တဲ့
    ကျုပ် အတင်း အုပ်မယ့်သူနဲ့ နောင်ဂျိန်ပလေးတာ ရေးခိုင်းတဲ့သူတွေနဲ့..
    ဗျဲ ျဲ ျဲ ျဲ :byae:

  • ခိုင်ဇာ

    February 11, 2013 at 11:55 am

    ခေါ်မယ်။
    ပြောမယ်။
    နှုတ်ဆက်မယ်။

    ကျနော့ ကိုလည်း
    ခေါ်ပါ။။
    ပြောပါ။
    နှုတ်ဆက်ပါ။

    :hee:

  • အင်း ……………..တစ်ယောက်တစ်ခြမ်းလောက်နဲ့တော့
    ဒီနံမယ်ယူလို့ မရလောက်သေးဘူး။
    နောက်ထပ်ကြိုစားခိုင်းအုံးနော်
    ဒို့သိတယ်ေ့ဟ့……………………………….

    • Shin Mway Lun

      February 11, 2013 at 1:04 pm

      ဒီလောက်ဆိုပြည့်စုံပါပြီ လေးပါက်ရယ်…

  • thaung htutsoe

    February 11, 2013 at 3:40 pm

    မင်္ဂလာပါ Shin Mway Lun
    အနော်ကတော့ အားလုံးကို
    ခေါ်မယ် ပြောမယ် နှုတ်ဆက်မယ်

  • kai

    February 11, 2013 at 4:03 pm

    လူသားတာဝန်ကျေတဲ့..မိခင်အဖြစ်.. အသိအမှတ်ပြုတယ်ဗျို့…
    ဆိုတော့…
    .. ယောက်ျားတွေစစ်ထဲသေတာများလို့.. ကမ္ဘာစစ်ပြီးတော့..မိခင်တွေ.. သားယောကျာ်းမွေးတာများတယ်..
    အဲဒီကနေ.. ဒီခေတ်ထဲရောက်တော့.. သမီးတွေအမွေးများတယ်လို့.. စစ်တမ်းကဆိုသဗျ..

    မြန်မာပြည်ရဲ့..အခြေအနေသိရအောင်… ရှင်မွေးလွန်းရဲ့.. သားနဲ့သမီးအချိုးချပြစေချင်ကြောင်း.. :kwi:

  • ရှင်မွေးလွန်း …. ဒဲ့ …
    မင်းနံလိုက်ဒါ .. ချိပီးတား ဆိုတော့ …
    အပေါ်ဂ ပေါဂျသလိုဘဲ ..
    အညိုး အရင်းဒွေပေါ့နော် …

    စကားမစပ် ..
    ဟိုပုံပြင်မှာ မစွံလိုက်ရပေမယ့် ..
    ခုလက်တွေ့ဒေါ့ဖြင့် စွံလိုက်ချက် ကလေးတောင် ရနေပီ ..
    ဟီဟိ …… :mrgreen:

    • P chogyi

      February 11, 2013 at 5:47 pm

      မောင်အံ သူများကောင်းစားမနာလိုဖြစ်နေလား။

      • ဟက်လူ …
        ကျုပ်က မနာလိုစရာ လားဗျ …
        ကျုပ် မနာလိုဒါ စုံခုတ်နေတဲ့ အတွဲဒွေဘဲ …
        သူတို့က စုံခုတ်ဒါဒတ် ကျော်တွားပီ ..
        အပိုတွေတောင် ပါလာပီ … ဟီးဟီး … :mrgreen:

  • Mr. MarGa

    February 11, 2013 at 8:59 pm

    သိတယ်သိတယ်
    ရွာစားကျော် ပြောပြောနေတာ
    ဒါပေမဲ့
    သူပြောတာကို ပုံဖော်ရင်
    တစ်ခါပြော တစ်ယောက်ဆိုတော့
    ဘယ်တစ်ယောက်ပါလိမ့်နော်
    (ရွာစားရေ ပြေးပြီဗျို့ :mrgreen: )

  • MaMa

    February 12, 2013 at 4:19 pm

    ရှင်မွေးလွန်းရေ…
    ရွာ့ပြင်မှာ အရင်သိပြီးမှ ရွာထဲရောက်လာတဲ့ ရွာ့ဆွေရွာ့မျိုးမို့ ကြိုဆိုပါတယ်။
    နေပူတော်ဇာတ်လမ်းတွေ နောက်ထပ်ဗားရှင်းတမျိုးနဲ့ ထပ်သိရတော့မယ်လို့လည်း မျှော်လင့်ပါတယ်။

    ရွာစားကျော်က ရွာထဲအရင်ရောက်နှင့်နေပေမယ့် အားမငယ်နဲ့။
    ရှင်မွေးလွန်းက အရင်ဦးအောင် ဆုယူပြလိုက်ပေ့ါ။ :hee:

Leave a Reply