စံချိန်တင်လောက်အောင်ကို မှားပါတယ်…တကယ်ကြီးပါ…

johnnydeerFebruary 11, 20131min611

စနေ..တနင်္ဂနွေ…အင်္ဂလန်ပရီးမီးယားလိဂ်ဘော့လုံးပွဲ ၉ ပွဲ ကန်သွားပါတယ်…
(၁) စပါး…1+20..နယူးကာဆယ်
နယူးက…ပြင်သစ်တသိုက်နဲ့မြူးကြွနေတယ်…ပြား 20 နဲ့ တစ်ကျပ်တော့လဲရမှာပေါ့…ချ..နယူးကာဆယ်….(အဖြေ…စပါး..2း1 နယူးကာဆယ်)      ….ရှုံး….
(၂)နောဝချ်…50-…ဖူဟမ်
နောဝစ်ချ် အိမ်ကွင်းကောင်း..ဖူဟမ် အဝေးကွင်းညံ့…
ငါးမူးနဲ့တကျပ်လဲရမှာပေါ့…ချ..နောဝချ်….         (အဖြေ…နောဝချ်..0း0..ဖူဟမ်)         ……ရှုံး…
(၃)စတုတ်…1+75…ရီးဒင်း…
စတုတ်ခြေ..ဒလဟော ကျနေတယ်….ရီးဒင်း တိုက်စစ်မှုး တစ်လတာ အကောင်းဆုံးဆု ရထားတယ်…ခြေကျတဲ့ကောင် အပေါ်ကြေးရောက် ဘယ်တော့မှ မအောင်ဘူး…ချ….ရီးဒင်း….                            (အဖြေ…စတုတ်…2း1 ရီးဒင်း)        …..ရှုံး…
(၄)ချယ်လ်ဆီး…2+75 ဝီဂန်
ချယ်လ်ဆီး နောက်ဆုံးပွဲတောက်လျှောက် ခြေကျနေ…နှစ်လုံးအထက်ပြတ်သောပွဲနည်းလာ..
ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်..
ချ…ဝီဂန်…                                                   (အဖြေ…ချယ်လ်ဆီး…4း1 ဝီဂန်)    …..ရှုံး….
(၅)ဆန်းဒါးလန်း…+80…အာစင်နယ်…
ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်…ပြီးတော့ အိမ်ရှင်အောက်ကြေးလက်မနှေးနဲ့တဲ့…
ချ…ဆန်းဒါးလန်း..                                 (အဖြေ…ဆန်းဒါးလန်း…0း1.အာစင်နယ်)…….ရှုံး…
(၆)ဆွမ်ဆီး…1+45 QPR
ဈေးအလိုအရတော့ သေချာပေါက် ဆွမ်ဆီးပဲ…ဘယ်လိုမှ ဒီဈေးမပေါက်သင့်ဘူး..
ဒါပေမယ့်   QPR ရဲ့ရုန်းအားကြောင့် 45 ပြားနဲ့ တကျပ်လဲသင့်တယ်ထင်တာပဲ…ဟယ်ရီရက်နက် ဒီလောက်မညံ့ပါဘူး…
ချ…QPR                                               (အဖြေ…ဆွမ်ဆီး…4း1 QPR)               …..ရှုံး….
(၇)ဆောက်သင်ပတန်…1+20…မန်စီးတီး
တအားကြိုက်တယ်..ဆောက်သင်ပတန်ကို…ဒါပေမယ့် ကျွန်တော်က မန်ယူ ပရိသတ်လေ…မန်ယူကို မသိစိတ်ကနေ..ဖလားရစေချင်တယ်…မန်စီးတီးကချလိုက်ရင်
မန်စီးတီးနိုင်ရင် ပိုက်ဆံရမယ်…ရှုံးရင် မန်ယူ အခြေအနေကောင်းမယ်…ဘာပဲဖြစ်ဖြစ်…
ချ..မန်စီးတီးပဲ…                          (အဖြေ…ဆောက်သင်ပတန်..3း1 မန်စီးတီး)        …..ရှုံး…..
(၈)အေဗီလာ..10-…ဝက်စ်ဟမ်း
အေဗီလာ..အိမ်ကွင်း အဝေးကွင်းမရွေး ရှိသမျှအသင်းအကုန်ရှုံးနေတယ်…ပြီးတော့ Level 10 ပေါက်တဲ့ပွဲ များသောအားဖြင့် အိမ်ဌားစားတယ်…
ချ…ဝက်စ်ဟမ်း                            (အဖြေ….အေဗီလာ…2း1 ဝက်စ်ဟမ်း)             …..ရှုံး……
(၉)မန်ယူ…1+70…အဲဗာတန်
ဈေးကြည့်တာနဲ့ ကလေးတောင်သိတယ်…မန်ယူအိမ်ကွင်း…အနဲဆုံး..1= ပေါက်ရမှာ…
မန်ယူတွေခေါ်ထားတာ…ဈေးဖွင့်တဲ့သူက အဲဗာတန် တအားကြိုက်နေတယ်…ဈေးဖောက်တဲ့သူဆိုတာ ဆရာ….မန်ယူနိုင်တော့လဲ ချန်ပီယံဖြစ်တာပေါ့…
ချ…အဲဗာတန်….                          (အဖြေ….မန်ယူ…2း0 အဲဗာတန်)                   …..ရှုံး……

ဒီလိုပဲ စဉ်းစားလိုက်ပါတယ်….
ဒီအတိုင်းပဲ ချလုပ်လိုက်ပါတယ်….
ဒီလိုနဲ့ပဲ ပွဲတိုင်း စံချိန်တင် ရှုံးသွားပါတယ်….
ဒါကြောင့် လူတစ်ယောက်ဟာ ကံဇာတာ တအားနိမ့်လာပြီ ဆိုရင် စ တွေးတဲ့အတွေးကိုက မဟုတ်တာ စတွေးမိတယ်တဲ့…မဟုတ်တာတွေပဲ လုပ်မိတယ်တဲ့…ကဲ..အခုလဲ မဟုတ်တာတွေပဲ ရေးမိပြန်ပြီ….ကံကြမ္မာ ဂြိုဟ်စီးရင် သေးပေါက်ရင်းတောင် ကိုယ့်ဟဝှာကို မြွေမှတ်လို့ ထ ခုန်တယ်ဆိုတာ ဟုတ်လောက်တယ်….

(ဘော့လုံးဝါသနာတူချစ်ပရိသတ်ကတော့ မေးတော့မယ်…ရှောင်ချင်လို့ဆိုပြီး….နောက်ဆုံးပွဲလေးကော ဘယ်လို စဉ်းစားပါသလဲလို့…ကဲ..ပြောမယ်နော်…လီဗာပူးနဲ့ဝက်စ်ဘရွန်းပွဲလေး..တစ်ပြတ်ပေါက်တယ်…တနလာင်္နေ့ဆိုတာ အောက်စားတယ်…ဘာပဲဖြစ်ဖြစ်…ဝက်စ်ဘရွန်းပဲ…ကျွန်တော် ဆယ်ပွဲလုံးပဲမှားမလား…တပွဲတော့ မှန်ဦးမလား…ကိုယ့်ဘာသာကိုပဲ စဉ်းစားကြတော့…)

One comment

  • MAUNG

    February 11, 2013 at 6:52 am

    မှန်လိုက် လေ အစ်ကိုရာ၊ ကြွေကျ ရင်ဆက်တိုက်ကြ တယ်ဆိုတာ။
    🙁

Leave a Reply