မျက်မမြင်ကောင်းမလေး

Nan ShinFebruary 11, 20131min1286

 

မျက်မမြင်ဘဝကို ရရှိထားလို ့သူ ့ကိုသူ မုန်းတီးနေတဲ့ကောင်းမလေးတစ်ယောက်ရှိ တယ်။သူ ့က သူ ့ကိုယ်သူတင် မုန်းတာမဟုတ်ဘူး။သူအရမ်းချစ်တဲ့ သူ ့ချစ်သူကောင်း လေးကလွဲပြီး တစ်လောကလုံးမှာ ရှိတဲ့ လူတွေအားလုံးကို မုန်းတာ။သူ ့ကောင်လေးက သူ ့အနားက တစ်ဖဝါးမှ မခွါပဲသူ ့ကိုပြုစုပေးနေတာလေ။တစ်နေ ့မှာ’’ကောင်လေးရယ် ငါသာမျက်စိပြန်မြင်ခဲ့ရင် နင့်ကိုပဲ လက်ထက်မှာ သိလား.’’.လို ့ကောင်းလေးကို ပြော လိုက်တယ်။ သိပ်မကြာခင်မှာပဲ ကောင်းမလေးအတွက် မျက်စိနှစ်လုံးစလုံးလှူမဲ့ အလှူရှင်ပေါ် လာပြီး သူ ့ရဲ ့မျက်စိတွေပြန်ကောင်းသွားတယ်။သူ အရာအားလုံးမြင်နိုင်ခဲ့ပြီဆိုတော့ သူ ့ချစ်သူကောင်လေးကို အရင်ဆုံး ကြည့်လိုက်တယ်။ဒါပေမဲ့ ကောင်လေးက မျက်မ မြင်လေး တစ်ယောက်ဖြစ်နေတယ်။အဲ့ဒိအချိန်မှာ ကောင်းလေးက သူ ့ကိုမေးတယ်။

‘’ကောင်မလေး မင်းအခု ငါအပါအဝင် အရာအာလုံးကို မြင်နိုင်စွမ်းရှိသွားပြီးဆိုတော ့ ငါ့ ကိုလက်ထက်တော့မှာပေါ့နော်’’

ကောင်းမလေးက ခါခါးတူးတူးငြင်းတယ်။

‘’ဟင့်အင်း ဟင့်အင်း နင်လဲ မျက်မမြင်တစ်ယောက်ပဲ ဆိုတော့ ငါနင် ့ကို လုံးမလက်မ ထက်နိုင်ဘူး’’ အဲ့ဒိအချိန်မှာ ကောင်လေးဟာ ဝမ်းနည်းလွန်းလို ့ငိုရင်းသူ ့အနားကထွက်ခွာ သွားခဲ့တယ်။ကောင်မလေးအတွက် စာလေးတစ်ဆောင်လဲ ရေးပေးထားခဲ့တယ်။

 

‘’ကောင်မလေး ငါ့ရဲ ့မျက်လုံးတွေကို သေသေချာချာ ဂရုစိုက်လိုက်ပါနော်’’

 

ဒါဟာ လူတွေရဲ ့အခြေနေအပြောင်းအပြောင်းအလဲပေါ်မူတည်ပြီး သူတို ့ရဲ ့ စိတ်ဓါတ်တွေပြောင်းလဲတတ်တယ်ဆိုတဲ့ ဥပမာလေးတစ်ခုပါ။ဘဝမမေ့တတ် တဲ့ လူဆိုတာ သိပ်ကိုရှားပါတယ်။ ဘဝဆိုတာ လှပပြီးကြည်နူးဆွဲမက်ဖွယ် လက်ဆောင်တစ်ခုပါ အကြင်နာမဲ့ပြီး ကြမ်းတမ်းရက်စက်တဲ့စကားလုံးတစ်လုံးကို မပြောဆိုခင်….. စကားမပြောနိုင်သူတွေကို သတိရပါ။ စားနေရတဲ့ အစားအသောက်ရဲ ့အရသာညံ့ဖျင်းမှုကို အပြစ်တင်မပြောဆိုခင်…. စားစရာမရှိတဲ့ သူတွေကို သတိရပါ။ ကိုယ့်ရဲ ့ချစ်သူအိမ်ထောင်ဘက်ကိုအပြစ်တင်မပြောဆိုခင်…… ချစ်သူ အိမ်ထောင်ဘက်တစ်ယောက်ရဖို ့ဘုရားသခင်ထံမှာ ငိုယိုပြီးတောင်းဆို နေကြသူတွေကို သတိရပါ။ ကိုယ်ရထားတဲ့ဘဝကို ကိုယ်တိုင်အပြစ် ပြန်မမြင်ခင်……. စောစောစီးစီး ဆုံးပါးသွားကြတဲ့ သူတွေကို သတိရပါ။ ကိုယ့်ရဲ ့သားသမီးကလေးငယ်တွေကို အပြစ်မတင်ခင်……. သူတို ့ကိုယ်တိုင် ကလေးမရနိုင်လို ့ပြင်းပြင်းပြပြ ကလေးရချင်နေသူတွေကိုသတိရပါ။ ကိုယ်နေမဲ့အိမ်ဟာ သန် ့ရှင်းမှုမရှိလို ့၊ညစ်ပေနေလို ့၊တံမျက်စည်းလှည်းမည့်သူ မရှိလိုဆိုပြီး ဂျီးများ ပြစ်တင်မှုတွေမပြုခင်……….. အိမ်ခြေရာမဲ့ ခြေသလုံးအိမ်တိုင်လျှောက်သွားနေရတဲ့ သူတွေကို သတိရပါ။ ခရီးရှည် ကားမောင်းထွက်ခါွရမှာကို မညည်းညူခင်……………. ကားမရှိလို ့ခရီးဝေးကို ကိုယ်တိုင်လမ်းလျှောက်နေရသူတွေကို သတိရပါ။ ကိုယ်လုပ်နေရတဲ့ ကိုယ့်အလုပ်ကို ငြီးငွေ ့ပြစ်တင်မှုမပြုခင်………… အလုပ်လက်မဲ့တွေ၊မသန်စွမ်းလို ့အလုပ်မလုပ်နိုင်သူတွေ၊ကိုယ့်အလုပ်ကို အားကျ နေသူတွေကို သတိရပါ။ သူတပါးရဲ ့ချွတ်ချော်မှားယွင်းမှုကို လက်ညှိူးကောက်ကောက်ထိုးပြီး အပြစ်မတင်ခင်…. လောကမှာ အမှားကင်းတဲ့သူရှိသလား..ငါကိုယ်တိုင်ရော အမှားကင်းသူ ဖြစ်ရဲ ့လားဆို တာကို ပြန်စဉ်းစားကြည့်ပါ။ ဘဝမှာ စိတ်ပျက်ငြီးငွေစရာတွေ စိတ်ဓါတ်ကျစရာတွေ ကို တွေ ့ကြုံမိမယ်ဆိုရင် တောင် ပြုံးဖြစ်အောင်တော့ ပြုံးလိုက်ပါ။ ဘုရားသခင်နဲ ့ကံကြမ္မာက ကျွန်တော်တို ့ကို အခုချိန်ထိ အသက်ရှင်ခွင့်ပေးထား သေးတယ် မဟုတ်လား။ ဘဝဆိုတာ အရောင်စုံ အရသာစုံ နဲ ့မြတ်နိုးစွဲမက်ဖွယ် လက်ဆောင်တစ်ခုဖြစ်တယ်။ အဲ့ဒိဘဝထဲကို ရဲရဲကြီး ရူးသွပ်နစ်ဝင် လိုက်ပါ။ ပျော်ပျော်ကြီးခံစားလိုက်ပါ။ ဘဝကို ရရှိခြင်းအထိန်းအမှတ် အားပါးတရ ထကလိုက်ပါ။ ဘဝကိုရရှိပိုင်ဆိုင်ထားသူတစ်ရောက်အဖြစ်နဲ ့ဂုဏ်ယူပြီး ပီတိသောမနဿတွေ ဖြစ်လိုက်စမ်းပါ။

 

နန်းရှင် ဘာသာပြန်သည်။ ၁၊၂၇၊၁၃။

6 comments

  • ကထူးဆန်း

    February 11, 2013 at 6:21 am

    ကြိုဆိုပါတယ် နန်းရှင်ရေ ..
    အားပါးတရ တော့ မကပါရစေ နဲ့ နော် ..ပြုံးရုံလောက်သာ ပြုံးပါရစေ .. :kwi:

  • padonmar

    February 11, 2013 at 9:15 am

    နန်းရှင်ဆိုတာ လူဟောင်းပဲမလား။
    အားပေးနေပါတယ်။

  • kyeemite

    February 11, 2013 at 10:00 am

    ကျုပ်အထင် ကောင်လေးက မျက်လုံးတစ်လုံးပဲလှူရမှာ..
    မျှမျှတတ နှစ်ယောက်လုံးမြင်ရတာပေါ့…

    • လူကလေး

      February 11, 2013 at 2:53 pm

      kyeemite ကိုထောက်ခံပါတယ်.။

      • မောင်ပေ

        February 11, 2013 at 8:47 pm

        နင် တစ်လုံး
        ငါ တစ်လုံး
        ပြည်သူ ့လက်ပစ်ဗုံး
        ဟီဟိ

  • kai

    February 12, 2013 at 5:44 am

    ဒေလ်းကာနယ်ဂျီက.. သောကကင်းဝေးနေနိုင်ရေးဆိုတဲ့စာအုပ်မှာ..
    ကိုယ့်ထက်ပိုဆိုးသူတွေကိုကြည့်ပြီး.. သောကဖျောက်နိုင်ဖို့…ရေးထားခဲ့တယ်..

    ဆိုးးးးးးးးဒေါ့…
    ဟာရေး…
    ..မျက်မမြင် ကောင်းမလေးဂေါင်းဇင်နဲ့ရေးးးဒဲ့. နန်းးးရှင်းးးရေး…
    အောက်က်…ဂ…ဇားအုပ်သာ.. ဘားသားပြန်းလိုက်ဒေါ့…။ :kwi:
    =
    How to Stop Worrying and Start Living is a self-help book by Dale Carnegie. It was first printed in Great Britain in 1948 by Richard Clay (The Chaucer Press), Ltd., Bungay Suffolk (S.B.N. 437 95083 2). It is currently published as a Mass Market Paperback of 352 pages by Pocket (Revised edition: September 15, 1990), ISBN 0-671-73335-4.

Leave a Reply