စိတ် သို့မဟုတ် ဦးနှောက်

ခင္ခFebruary 11, 20131min30936

စိတ် သို့မဟုတ် ဦးနှောက်

 

ကာယကံ၊ ဝစီကံ၊ မနှောကံ ဆိုတဲ့ ပြုမူမှု့ သုံးမျိုးရှိတာကို သိကြမှာပါ။ အဲဒီ သုံးမျိုးကို စေစားသူဟာ ဦးနှောက် ဖြစ်ပါတယ်၊ အင်္ဂလိပ်လို Mind ဆိုတဲ့ ဦးနှောက်တွင်း ဖြစ်ပေါ်တဲ့စိတ်၊ အဲဒီကမှတဆင့် မှတ်ဉာဏ်ဖြစ်တော့ Memory ပေါ့၊ ပြီးတော့ စိတ်ကူးစိတ်သန်းကို Idea တဲ့ စသည်ဖြင့် ဝေါဟာရတွေရှိတယ်။ အဲဒါတွေဟာ ဦးနှောက်ကနေ ဖြာထွက်မှု့တွေပါဘဲ။

သာမန်လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ နိုင်ငံတကာအလေးချိန်နဲ့ဆို ၃ ပေါင်၊ မြန်မာအလေးချိန်နဲ့ဆို ၈၅ ကျပ်သား လောက်ရှိတယ်လို့ ဆေးကျမ်းမှာဖော်ပြထားပါတယ်၊ ယောက်ျားရဲ့ ဦးနှောက်က မိန်းမရဲ့ ဦးနှောက် ထက် ပိုလေးပါတယ်၊ တစ်ချို့ကတော့ ဦးနှောက်အလေးချိန်စီးလေ ဥဏ်ပိုကောင်းလေလို့ပြောကြပါတယ်၊ သုတေသီတွေကတော့ ဒီသဘောကိုလက်မခံကြပါဘူး၊ မမှန်တာကို သုတေသနပြုပြီး ဖြစ်ပါတယ်။

ဦးနှောက်ဟာ အလွန်သေးငယ်မှုန်မွှားတဲ့ ဆဲလ် ( cell ) ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်၊ ကလာပ်စည်းတစ်ခုတိုင်းဟာ အလုပ်ဝတ္တရား တစ်ခုစီကို ဆောင်ရွက်ပါတယ်၊ မျက်စိနဲ့ ဆက်သွယ်တဲ့ဆဲလ်၊ နားနဲ့ဆက်သွယ်တဲ့ဆဲလ်၊ ခြေ လက် တို့နဲ့ ဆက်သွယ်တဲ့ဆဲလ်၊ စသည်ဖြင့် အမျိုးမျိုးပေါ့။ ဦးနှောက်ကို လေ့လာရင် ပဓာနအပိုင်း ၃ ပိုင်းရှိပါတယ်။ အဲဒီအပိုင်းတွေကတော့ ဦးခွံအောက်မှာရှိတဲ့ ဦးနှောက်ကြီးပိုင်း၊ နောက်ပိုင်း အောက်ဘက်က ဦးနှောက်အသေးပိုင်း နဲ့ ဦးနှောက်ရိုးတံ ( Brain Stem ) ပိုင်း တို့ဖြစ်ပါတယ်။

ဦးနှောက်ဟာ အာရုံကြောစနစ်ရဲ့ အရေးပါအင်္ဂါကြီးလို့ ဆိုပြီး သူနဲ့ ကျောရိုးတို့က ဗဟိုအာရုံကြောစနစ်ကို ဖွဲ့စည်းပြီး အခြေခံလုပ်ငန်းတွေ ဖြစ်ကြတဲ့ နှလုံးခုန်ခြင်း၊ အသက်ရှုခြင်း၊ ကိုယ်ခန္ဓာအပူချိန် ထိန်းခြင်းတို့ကို လုပ်ဆောင်ပါတယ်။

ဦးနှောက်ဖွဲ့စည်းပုံအနေနဲ့ ပထမပိုင်းက ဦးနှောက်ကြီးလို့ ဆိုရမယ့် ဆယ်ရီဗရမ် အပိုင်းဖြစ်ပါတယ်၊ အင်္ဂလိပ်လို Cerebrum ဖြစ်ပါတယ်၊ သူသည်ဦးနှောက်တစ်ခုလုံးမှာ ခြောက်ပုံငါးပုံ နေရာယူပါတယ်၊ သိမှု ထိမှု ဉာဏ်ပညာ စတဲ့ မှတ်ယူ စေစား ညွှန်ကြားတဲ့ တာဝန်ယူသူဖြစ်ပါတယ်၊ ဒါကြောင့် လူဘဝအတွက် အလွန်အရေးပါတဲ့ အင်္ဂါစုလို့ ဆိုနိုင်ပါတယ်၊ သူချွတ်ယွင်း ပျက်စီးရင်တော့ ဘဝဆုံးပြီပေါ့လေ။ ဒီဦးနှောက်ကို အထက်အောက်ခွဲ ကြည့်မယ်ဆိုရင် အထပ်နှစ်ထပ်တွေ့ရမှာပါ၊ အပြင်က အနည်းငယ်ပါးလွှာပြီး မီးခုးရောင်အဆင်း ရှိကာ အတွင်း ထပ်က အရောင်က အဖြူပါ၊ အပြင်အထပ်ကို Gray matter ဟုခေါ်ပြီး အတွင်းအထပ်ကိုတော့ White matter လို့ခေါ်ပါတယ်။ မွဲပြာရောင်အပြင်အထပ်ပိုင်းက လူတို့ရဲ့အသိဉာဏ်နဲ့ ယှဉ်တဲ့ ဖြစ်စဉ်တွေကို ဆောင်ရွက်ပေး ပါတယ်။ သူ့ဆီက လိုရာသတင်းနဲ့ အကြောင်းအချက်ကို အတွင်းထပ်မှာရှိတဲ့ အာရုံကြောမျှင်တွေကတဆင့် ဆိုင်ရာကိုယ်ခန္ဓာ ကလာပ်စည်းဆီကို ချက်ချင်းပို့ပေးပါတယ်၊အပြင်အထပ်မှာ အာရုံကြောကလာပ်စည်းတွေ သန်းဂဏန်းချီအောင် ပါရှိသလို အတွင်းထပ်မှာတော့ အာရုံကြောမျှင်တွေ ပါရှိပါတယ်။

ဒုတိယပိုင်းက ဦးနှောက်သေးလို့ဆိုရမယ့် ဆယ်ရီဗယ်လမ် အပိုင်းဖြစ်ပါတယ်၊ အင်္ဂလိပ်လို Cerebellum ဖြစ်ပါတယ်၊ သူက ဦးနှောက်မှာကျန်တဲ့ ခြောက်ပုံတစ်ပုံနေရာကိုယူထားတာပါ၊ ကျောရိုးက တက်လာတဲ့ ဦးနှောက်ရိုးတံ ( brain stem )နောက်မှာတွဲပြီး တည်ရှိတဲ့ သီးခြားဦးနှောက်ငယ် ဖြစ်ပါတယ်၊ ဦးနှောက်နှစ်ခု စလုံးဟာ တပြန့်တပြူးမရှိကြပါဘူး၊ အလိပ်လိပ်အခွေခွေနဲ့သာ တည်ရှိတာပါ၊ အပေါ်ယံက ကြည့်ရင် ခွေလိပ် နေတဲ့ ပုံသဏ္ဌာန်တွေဟာ ထွန်သွားနဲ့ခြစ်ထားတဲ့ မြေသားအစင်း အမြှောင်းတွေ ဖြစ်နေသလိုမျိုးမြင်ရမှာဖြစ်ပြီး အင်္ဂလိပ်လို cerebral hemisphere လို့ သုံးနှုန်းတဲ့ ဦးနှောက်လုံးခြမ်း နှစ်ခုကိုတွေ့ရပါလိမ့်မယ်၊ အဲဒီ ဦးနှောက် လုံးခြမ်းကြီး တစ်ခုစီကိုတော့ cortex လို့ခေါ်တဲ့ အလွှာတစ်ခုက ဖုံးထားပါတယ်၊ဒီအလွှာတွင်းက အပြင်အထပ် ကို Gray matter ဟုခေါ်ပြီး အတွင်းအထပ်ကိုတော့ White matter လို့ဘဲခေါ်ပြီး သူမှာလဲ အပြင်သားဟာ အာရုံကြော ကလာပ် စည်းဆဲလ်တွေ ပြည့်နှက်နေပြီး အတွင်းသားမှာတော့ အုရုံကြောမျှင်ဖိုက်ဘာတွေ ပြည့်ဝ နေပါတယ်။

ဦးနှောက်သေးရဲ့အသားက ဦးနှောက်ကြီးနဲ့စာရင် ပိုပြီး နူးညံပျော့အိတယ်လို့ ဆိုပါတယ်၊သူကို ဦးနှောက်ရိုးတံ နောက်ဖက်မှာ တွေ့ရမှာပါ၊ ဦးနှောက်ကြီးလိုဘဲ အသားတွေဟာ ခွေလိမ်နေပြီး လုံးဝန်းတဲ့အသွင် ရှိပါတယ်၊ သူကိုထူထဲတဲ့ အာရုံကြောလမ်းကြောင်းတွေနဲ့ ဆက်သွယ်ထားပါတယ်၊ ဦးနှောက်လုံးခြမ်းနှစ်ခုကို အာရုံကြော မျှင် (nerve figer ) ပြားကြီးက တွယ်ဆက်ပေးထားပါတယ်။ ဦးနှောက်သေးရဲ့ လုပ်ငန်းတာဝန်က ကိုယ်ခန္ဓာရဲ့ အမှတ်မဲ့ တုံ့ပြန်မှု့တို့၊ ကိုယ်လက်လှုပ်ရှားမှုမှာ ဟန်ချက် ညီစေဖို့တို့ ထိန်းချုပ်လုပ်ဆောင်ပေးဖို့ ဖြစ်တယ်၊ မျက်လုံးထဲ ဖုန်ဝင်တဲ့အခါ အလိုလိုမျက်ရည်ထွက်စေပြီး ဖုန်စင်စေအောင် ဦးနှောက်သေးက ဦးနှောက်ကြီးကို သတင်းပေး၊ သူက ဆိုင်ရာကလပ်စည်းကို ညွှန်ကြားပေးတာပါ။ လမ်းလျောက်တဲ့အခါ ယိမ်းထိုး၊ ယိုင်လဲတာမျိုး မဖြစ်စေအောင် ထိန်းပေးပါတယ်၊ ဒါကြောင့်ဦးနှောက်သေးထဲမှာ ဆိုင်ရာကလာပ်စည်း ပျက်ပြီဆိုရင် မိမိကိုယ် ကို မထိန်းနိုင်တော့ဘဲ လမ်းလည်းမလျှောက်နိုင်တော့ဘူးဖြစ်တယ်။

ပြီးတော့နောက်အပိုင်းက ဦးနှောက်ရိုးတံ( Brain Stem ) ရဲ့ လုပ်ဆောင်မှု့ကတော့ ကျောရိုးနဲ့ ဦးနှောက် အခြားအပိုင်းတွေကြား သတင်းပို့ပေးဖို့နဲ့ ဦးခွံအာရုံကြော ၁၂ တွဲအနက်က ၁ဝ တွဲနဲ့ ဆက်ထားပြီး အသက်ရှု လုပ်ငန်း အော့အန်စရာရှိရင် အော့အန်စေတဲ့ အလုပ်တွေကို လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်အရေးပါတဲ့ သွေးထိနန်းလုပ်ငန်းကို လုပ်ပေးပါတယ်။

အဲဒီဦးနှောက်တွေကို ဖုံးအုပ်ပေးထားတာကတော့ ဦးခွံဖြစ်ပါတယ်၊ ဦးနှောက်ပေါ်မှာအမြှေးသုံးထပ်ရှိပြီး သူ့အပေါ် ကမှ ဦးခွံရှိတဲ့အတွက် တော်ရုံတန်ရုံပြိူလဲမှု့မှာ ဦးနှောက်ကို မထိုက်ခိုင်နိုင်ပါဘူး၊ ဒါပေမယ့် အသက်အရွယ် ကြီးရင့်လာသူတွေ အသက်ဆုံးရှုံးတတ်တဲ့ ကိစ္စရပ်တစ်ခုကတော့ ရေချိုးခန်းထဲချောလဲ မှု့ကြောင့်ဦးခေါင်း နဲ့ ဦးနှောက်ထိခိုက်မှု့ပါဘဲ၊ သတိထားစရာအချက်ပါ။

လူဘဝတစ်ခုလုံး ဖြစ်စဉ်မှာ ဦးနှောက် ပါဝင်ရတဲ့ အခန်းကဏ္ဍဘယ်မျှအရေးကြီးကြောင်း၊ ဦးနှောက်ရဲ့ လုပ်ဆောင်တဲ့ စွမ်းဆောင်မှု့တို့ကို သိစေချင်လို့ရယ် အဲဒီလောက်အရေးပါတဲ့ ဦးနှောက်ကို ကိုယ်ခန္ဓာရဲ့

အချူပ်အားဖြင့် ကာယကံ၊ ဝစီကံ၊ မနှောကံ တွေကို စီမံခန့်ခွဲတဲ့ ဦးနှောက်ဟာ စိတ်ကိုဖြစ်စေ စေတသိက်ကို ဖြစ်စေ ပေါက်ဖွားစေသော မဟာစွမ်းအားရှင်အဖြစ် လူခန္ဓာကိုယ်တွင် တည်ရှိသူဖြစ်ပါသဖြင့် အခြားအင်္ဂါတွေ လိုဘဲ အဟာရဖြစ်စေဖို့ အနားပေးဖို့လိုပါတယ်၊ ဒါကြောင့် အစားအသောက်ကို ဆင်ချင်စားပြီး တစ်နေ့တာ လှုပ်ရှားမှု့အပြီးမှာ ကောင်းစွာအိပ်စက်အနားယူကာ ဦးနှောက်စွမ်းအင် အားပြန်ဖြည့်စေခြင်းသည် မဖြစ်မနေ ဆောင်ရွက်သင့်ပါတယ်၊ အဲဒီလိုဘဲ စိတ်ကိုပျော်အောင်ထားခြင်းသည် ဦးနှောက်ကိုလန်းဆန်းစေပါတယ်လို့ ဖတ်ဖူးတဲ့ စာပေထဲမှ မျှဝေရေးလိုက်ပါ၏။ ( မူရင်းရေးသူ – မြန်မာ့အသံ ကျော်မင်း )

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

36 comments

  • Myo Thant

    February 11, 2013 at 10:10 am

    မသိခဲ့ မသင်ခဲ့ဖူးတာတွေ တင်ပြပေးလို့ ကျေးဇူးပါ
    ကျနော် စောစောအိပ်စက်အနားယူဖို့ ကြိုးစားပါတော့မယ်ဗျာ

  • ဗုံဗုံ

    February 11, 2013 at 10:27 am

    ဟုတ်တယ် မိဗုံလည်း ဦးနှောက်ကို တအားဂရုစိုက်တာ ပင်ပန်းမှာစိုးလို့ ဘာမှတွေးဘူး ဘာမှစဉ်းစားဘူး များများအိပ်တယ် ဦးနှောက်ထဲ ဘာမှထည့်မထားဘူး သနားလို့ အဲ့ဒါကြောင့် ဦးနှောက် အသန့်ရှင်းဆုံး ပြိုင်ပွဲလုပ်ရင် မိဗုံက ပထမဆုရမှာ သိလား :mrgreen:

  • ခိုင်ဇာ

    February 11, 2013 at 11:30 am

    Your lipstick stains~~
    on the front lobe of my left side BRAIN~~
    I knew I wouldn’t forget you~
    and so I went and let you blow my mind~~~

    ဘာမှဟုတ်ဘူး။
    သီချင်း ညည်းသွားတာ။
    :harr:

    • ခင်ခ

      February 11, 2013 at 11:36 am

      ကနဦးအားပေးမန့်သူ ကိုမျိုးသန့်ရေ ကျေးဇူးဗျို့။ ကျွန်တော်လည်း ဖတ်ရလို့ ဗဟုသုတ အဖြစ်သိရအောင် မျှဝေလိုက်တာလေ။

      မိဗုံရေ သင့်သင့်သော စဉ်းစားတွေခေါ်မှု့တွေလုပ်ပေးခြင်းကလည်း ဦးနှောက်အရည်အသွေးကို မြှင့်တင်ပေး ရာရောက်ပါတယ်ဗျ။ အလွန်အကျွံမခိုင်းမိစေဖို့ပါဘဲ။

      ပျော်ပျော်နေတတ်သူများ သီချင်းတောင်ငြီးလိုက်သေးတယ်နော် မခိုင်ဇာရေ။

  • မောင်ပေ

    February 11, 2013 at 8:51 pm

    လေးခ ရဲ ့ဦးဏှောက်အကြောင်းကို ဖတ်ရှုသွားပါတယ်
    အပြင်က ဝက်ဦးဏှောက်ခေါက်ဆွဲ နဲ ့ ဆိတ်ဦးဏှောက်ဆီပြန်ဟင်း ကို စားရင်းနဲ ့မှ ၊ ပြန်စဉ်းစားတော့မယ်

  • kai

    February 12, 2013 at 4:19 am

    ရှေးဂွမ်တိဂွမ်တိကတော့…မနော… စိတ်စေတသိက်.. အတွေးအခေါ်.. မှတ်သားမှုတွေက.. နှလုံးသားကလာတာတဲ့..
    အဘိဓမ္မာဆို.. အတိအကျကိုပြောထားသေးဗျား…
    မြန်မာအမျာစု.. အခုထိယုံကြည်ကြသေးသပေါ့..။ အောက်မှာလယ်တီဆရာတော်ကြီးစာအုပ်ထဲကစာ.. ကူးတင်ပေးလို်က်တယ်..။

    ကျုပ်ကတော့.. ဆရာ့ဆရာတော်ကြိးတပါးကို.. နှလုံးအစားထိုးကုသတာ.. နှလုံးကိုဖယ်ပြီး.. စက်နဲ့ ထိုးထုတ်လုပ်တာတွေနဲ့တကွ..စိတ်စေတသိက် (စေတသိက် ၅၂၊ စိတ် ၈၉) ..မှတ်ဉာဏ်တွေအကြောင်း… မေးလျှောက်ဖူးတယ်..
    လွန်ခဲ့တဲ့. ၁၅နှစ်လောက်ကပါ… :kwi:

    မနောဒွါရ
    စိတ်နှလုံးတွင်သိရှိသမျှသောကုသိုလ်အကုသိုလ်ထိုအာရုံတို.ခိုက်တိုက်ရု်နေဆဲ အခိုက်မှာစိတ်နှလုံးတွင်တဘွားဘွားဖြစ်ပေါ်သောကြံမှုသိမှု အလုံးစုံသည်မနောဝိညာဏဓာတ်မည်ဧ၊်
    ဟဒယဝတ်ထုမနောဝိညာဏ်ပေါက်မှ ထွက်တောက်သော ငရဲမီးအသိုက်အအုံသည်ကား အလွန်ကြီး ကျယ်လှဧ၊် သတ်ပုုံအစီအရင်ကိုပြဆိုအံ။မနောဝိညာဏ်မည်သည်နေ.နေ.ညညခဏမစဲ နှလုံးထဲမှာ တစ်ရှိန် တည်းတစ်ဆက်တည်းတစ်ခုတည်းဖြစ်ရု်အမြဲတည်သည်ဟုစွဲလမ်းရူု်နေဧ၊် ငါသိသည် ငါကြံသည် ငါတွေးသည် ငါဆသည်အစရှိသည်ဖြင်. ငရဲမီးတောက် မီးလျှံ မစဲ ထရျ်နေဧ၊်
    မနောဝိညာဏ်ဟူသမျှတို ့သည် ဟဒယဝတ်ထုရုပ်ပေါ်မှာတဖွားဖွား ဖြစ်ပေါ်ဧ။်။မနောဝိညာဏ်မှီရာဟဒယဝတ်ထုရုပ်သည်နှလုံးအိမ်သွေးမှာအသိန်းအသန်းမကတည်ရှိဧ၊်
    ။နှလုံးသွေးမှာလှိုင်းစီးရုု်တည်နေဧ၊် (လယ်တီဆရာတော်)

    • ဆူး

      February 12, 2013 at 11:07 am

      နှလုံးလဲရင် ရှင်နိုင်ပေမဲ့ နှလုံး မရှိရင် မရှင်နိုင်ဘူးလေ သဂျီးရဲ့..

  • ခင်ခ

    February 12, 2013 at 3:43 pm

    သူကြီးရေ စိတ် စေတသိက် က နှလုံးကလာတာဆိုတာ စာအရ တင်စားတာဖြစ်မယ် ထင်တယ်နော်။
    ပိုစ့်ပါအကြောင်းအရာက ဆေးဘက်ပညာ သုတေသီတွေရဲ့ လက်တွေ့ အရတွေ့ရှိချက်တွေပါ။
    မင်ကွန်းတိပိတဋ ဆရာတော်ကြီး ပျံလွန်တော်မူတော့ တိပိတဋ ကိုအလွတ်မှတ်နိုင်စွမ်းရှိလို့ ဆရာတော်ကြီးရဲ့
    ဦနှောက်ကိုစစ်ကြည့်ချင်လို့ သုတေသီအဖွဲ့က တောင်းဆိုဖူးကြောင်းသိရပါတယ်။ မှတ်ဉာဏ် စစ်ဖို့နှလုံးကို သူကြီးအဆိုအရတောင်းရမှာ ဘာကြောင့်မတောင်းပါလိမ်နော်။

  • kai

    February 12, 2013 at 3:59 pm

    ဆူးမမရေ..
    နှလုံးအစားထိုးလဲနေစဉ်စပ်ကြား.. နှလုံးအစားအလုပ်လုပ်ပေးတဲ့..စက်( ပန့်င်)နဲ့..သွေးတွေကို.. စုတ်မှုတ်လုပ်နေတာလေ..
    နာရီပေါင်းများစွာကြာတယ်..
    လူက နှလုံးမရှိပဲ.. စက်နှလုံးနဲ့အသက်ရှင်ပါတယ်..။
    =
    ဦးကြီးခခင်ဗျ..
    ကျုပ်ကအဘိဓမ္မာဆိုတာ.. ဂေါတမဘုရားဟောလို့.. မယုံကြည်ဖူး..
    ဘယ်နှယ်..
    သံဃာယနာထဲ…. နောက်ကလည်းလာသေး.. တရား(ဓမ္မ)တွေ.. သိမ်းကြုံး.. အဘိ(သာလွန် ထူးဆန်းသော) ရှယ်လုပ်ထားတာ.
    နာမယ်ကြီးကိုက..အဘိဓမ္မာ..တဲ့..။ ဘုရားဓမ္မထက်သာလွန်တယ်ဆိုပြီး.. ကျူးကျူးလွန်လွန်.. :buu:
    ဆိုတော့..
    သူတို့တွေခေတ်က.. သိသလောက်တတ်သလောက် ပြောခဲ့တာလို့ယူဆမိပါတယ်..

    တကယ်တော့..မှတ်ညဏ်အပါအဝင်.. အသိ..သတိတွေဟာ.. ဦးနှောက်နဲ့.. ကျော်ရိုးအပေါ်ပိုင်းတွေမှာရှိတာပါ..
    ဒီရာစုနှစ်ထဲတင်.. ဇီဝသိပ္ပံပညာရှင်တွေ.. ဦးနှောက်မီမိုရီကို.. တိုးနိုင်တဲ့.. ပစ္စည်းကိုထွင်ကြလိမ့်မယ်..
    လူက သက်တန်းရှည်လာရင်.. နေ့စဉ်ဘဝ..အလုပ်တွေမှတ်ဖို့ဦးနှောက်ထဲ မဆန့်နိုင်ဖူးဆိုတာ တွေ့သွားလို့တဲ့လေ…
    သာမန်အားဖြင့်.. ခပ်ကြမ်းကြမ်းလေးမှတ်သွားရင်အောင်.. လူ့ဦးနှောက်က.. နှစ် ၅၀ဝ စာပဲဆန့်တယ်တဲံ..

    ရှေ့ဘဝ..နောက်ဘဝ.. ဘဝအဆက်ဆက်.. ကုသိုလ်အကုသိုလ်ကံတွေ.. ဘယ်နားထား.. ဘယ်လိုသိမ်း.. ဘာနဲ့ပို့.. တွေးကြည့်စရာပါ…။
    ဦးနှောက်ထဲဆိုရင်တော့.. အဲဒီနေရာမီမိုရီကို.. ဖျောက်လိုက်( Flush )လုပ်လိုက်ရင် ပွဲပြတ်ပဲ..
    ကံတွေ Flush ဖြစ်ပါသွားသမို့.. ငရဲမင်းနဲ့..သိကြားမင်း.. ဒုတ်ခွတွေများကုန်မယ်နော… :kwi:

    • ဆူး

      February 13, 2013 at 11:14 am

      သိသားပဲ.. စက် နဲ့ နေလို့ ရတယ်လို့ ပြောမယ်မှန်း.. ဟဲဟဲ..
      စက်လည်း မရှိ နှလုံး လည်း မရှိ.. ( သွေး မလည် ပတ် နိုင်ရင်တော့ မရှင် နိုင်ဘူးနော့)..
      ကပ်ပြောခြင်း မဟုတ်ပါ။

      • padonmar

        February 20, 2013 at 1:05 am

        ဒဲ့ ကြက်ကလေးသတင်းဖတ်မိတုံးက ဒီပို့စ်ကို သတိရလိုက်မိသေးတယ်။
        အတော်ပဲ ဆူးတင်ပေးလိုက်တာ။
        ဦးနှောက်မပါပဲ မွေးတဲ့ Anencephaly ဆိုတဲ့ ရောဂါ သတိရမိတယ်။
        အဲဒီကလေးတွေက ၁ရက် ၂ ရက် တော့ အသက်ရှင်တတ်ကြသေးတယ်။

      • kai

        February 20, 2013 at 2:05 am

        ဖြစ်နိုင်ပါတယ်တဲ့.. ကြက်ကြွက်သားတွေက.. အာရုံကြောလှုံ့ဆော်မှုတွေကနေ.. လမ်းလျှောက်နေတာမျိုးပေါ့..။
        တချို့အသက်မရှိရင်.. ဆန့်ငင်ဆန့်ငင်ဖြစ်တာမျိုး..
        ဒါမျိုး .. လျှပ်စစ်ဓါတ်အပျော့ကလေးပေးပြီး.. လူတွေမှာစမ်းသပ်ဖူးတယ်..
        Frankenstein လိုပေါ့..

        ကြက်ကလေး”မိုက်” ကတော့.. ခေါင်းပဲ့သွားပေမယ့်.. နားပိုင်းတဖက်ကျန်နေပြီး.. လှုပ်ရှားမှုထိန်းချုပ်တဲ့ဦးနှောက်အပိုင်း ကျန်နေလို့ရှင်တာဖြစ်ပါတယ်တဲ့..
        ==

        Is it possible for a chicken to live without a head?
        Answer:
        Yes, but only for a limited time. A moving chicken is either not really alive or is not really headless.

        A completely beheaded chicken moves around because the muscles in the body are moved by random impulses from the nerves. This typically does not last very long.

        The University of Georgia Department of Poultry Science did lengthy studies on decapitation of broiler hens. After observing many birds it was concluded that latent activity in most headless chickens lasted no longer than 60 seconds. In the most extreme case observed, bleeding and muscular activity extended to 90 seconds.

        A story about a chicken named Mike is often brought up in connection with this subject. It says that in 1945 a chicken in Fruita, Colorado, lived for 18 months after having its head chopped off. (see related link for the full story)

        Mike the Headless Chicken was not beheaded completely – the story specifically states that the farmer was trying to chop high and missed, leaving a sizable chunk of the brain intact.
        =
        Beheaded Chicken Lives Normally After Freak Decapitation by Ax

        Nope, it’s not the latest ingenious, eye-popping item from Weekly World News. Instead it’s an actual headline from the October 22, 1945, issue of LIFE magazine, above an article about … well, a headless chicken.

        “Ever since Sept. 10,” LIFE informed its readers, “a rangy Wyandotte rooster named Mike has been living a normal chicken’s life though he has no head.” Mike, it seems, “lost his head in the usual rooster way. Mrs. L.A. Olson, wife of a farmer in Fruita, Colo., 200 miles west of Denver, decided to have chicken for dinner. Mrs. Olson took Mike to the chopping block and axed off his head. Thereupon Mike got up and soon began to strut around…. What Mrs. Olson’s ax had done was to clip off most of the skull but leave intact one ear, the jugular vein and the base of the brain, which controls motor function.”

        The rest is, believe or not, poultry history. Mike lived for 18 months after losing his head, finally succumbing at a motel in the Arizona desert in 1946 during one of his many appearances as a sideshow attraction in the American southwest.

        Here, LIFE.com presents Mike’s unlikely story, as well as the utterly unsettling pictures that ran (and some that never ran) in LIFE. Brace yourself …

        Read more: http://life.time.com/curiosities/photos-mike-the-headless-chicken-beyond-belief/#ixzz2LNIoFXdO

        • ဆူး

          February 20, 2013 at 11:01 am

          အသက် မရှိရင်တောင် ဆန့်ငင်ဆန့်ငင် ဖြစ်တယ် ဆိုတာ နာရီပိုင်းပေါ့.. အလွန်ဆုံးရက်ပိုင်းပေါ့ကွယ်..
          အစာကျွေးဖို့ မေ့သွားလို့ သေသွားတာလေ… လပေါင်း ၁၈လ ဆိုတာ မနည်းဘူးလေကွယ်။

          အနိစ္စ.. အနိစ္စ.. အနိစ္စ..
          မမြဲပါလား.. အစားငတ်လို့ သေသွားရှာတယ်။

          အဲ့ဒီခေတ်တုန်းက သဂျီးသာ သက်ရှိထင်ရှား ရှိနေမယ် ဆိုရင်.. အပိုင်ဝယ်ပြီး မီလျှံဘစ်ဇနပ် လုပ်မလားပဲ.. အဟဲ.. 😀

      • ခင်ခ

        February 20, 2013 at 11:38 am

        ရှာရှာဖွေဖွေ တင်ပေးတဲ့ မမဆူး ရေ ကျေးဇူးပါ။
        တစ်ခါတလေ နာမ့်ကြောတွေကလည်း လှုပ်ရှားစေပါတယ်။ အဲဒီ နာမ့်ကြောတွေရဲ့ နိုးဆော်မှု့ကြောင့် နှလုံးသွေးလည်ပတ်နေပြီး အသက်ရှင်မှု့ အတိုင်းအတာတစ်ခုထိ ရှိနေတယ်လေ။တစ်ချို့ဦးနှောက် လုပ်ဆောင်မှု့ ရပ်တန့်တဲ့ ရောဂါဖြစ်နေပေမယ့် အိပ်ယာထဲလဲပြီး ကာလကြာသည်ထိ အသက်ရှင်နေတာတွေ ရှိတတ်တဲ့သဘောပေါ့။ ဦးနှောက်က အသိစိတ်နဲ့ ခန္ဓာကိုယ် ထိန်းချုပ်မှု့ပေးတာပါ အသက်ရှင်မှု့ ကတော့ သွေးလည်ပတ်မှု့နဲ့ နှလုံးက အလုပ်လုပ်ပါတယ်လို့။

  • Mr. MarGa

    February 12, 2013 at 5:54 pm

    ဦးနှောက်အကြောင်းကို ဖတ်ပြီးတော့
    ပျော်ပျော်နေဖို့ပဲ တွေးမိလိုက်တယ်
    အေးအေးဆေးဆေး စိတ်(သို့) ဦးနှောက်ကို အနားပေးဖို့
    ည စောစောအိပ်တော့မယ်
    သဂျီးရေ
    အဲဒီမင်မိုရီကိုတော့ ဖျောက်လိုက်ပါနဲ့နော်
    နတ်သမီးတွေနည်းပြီး နတ်သားတွေ များလာလိမ့်မယ်
    အဲဒါဆို ဦးမာဃ အလုပ်ရှုပ်မှာပေါ့

  • padonmar

    February 12, 2013 at 10:58 pm

    စိတ်စေတသိက်တွေရဲ့မှီရာ ဟဒယဝတ္ထု ဆိုတာကို နှလုံးလို့ ဘာသာ မပြန်ပါဘူး။
    နှလုံးအိမ်တွင်း လက်တစ်ခုပ်ခန့်(စာအရတော့ တစ်လက်ဆွမ်းခွဲ) ရှိတဲ့ သွေးမှာတည်တယ်လို့ဆိုပါတယ်။
    ဆေးပညာနဲ့ ညှိရင်တော့ Cardiac Pacemaker ခေါ်တဲ့ Sinoatrial Node လို့ ထင်ပါတယ်။
    ဒေါသဖြစ်ရင် ကြောက်ရင် နှလုံးခုန် မြန်စေတဲ့ နေရာပါ။
    ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ ဟဒယဝတ္ထုဆိုတာ ဦးနှောက်နဲ့လည်းဆိုင် နှလုံးနဲ့လည်း ဆိုင်မယ်လို့ မြင်ကြောင်းဟောထားပါတယ်။
    တစ်ချို့စာတွေက ပါဠိကနေ ဘာသာပြန်ရာမှာ အယူအဆကွာတာပေါ်တည်ပြီး ငြင်းစရာတွေ ဖြစ်နေရတာပါ.

    • kai

      February 20, 2013 at 4:20 pm

      ဆေးပညာနားမလည်သူတွေက.. ရှေးအမြင်အတိုင်း ကိုယ့်အိုင်ဒီယာလေးထည့်.. ခပ်တည်တည်နဲ့စွတ်တင်ကြရတာကို.. ယုံတဲ့သူယုံ.. ပြန်ပြောဆွေးနွေးခွင့်မရှိ.. မယုံရင်.. ငရဲသွားရမယ်.. ယုံရင်နတ်ပြည်တက်ရမယ်… ဖြစ်နေတာကနေ.. ရှေးရိုးစွဲကြ.. .အဲဒီကနေ.. ရှေးစွန်းစွဲတော့တာလို့သုံးသပ်မိပါတယ်..

      သေချာတွေးရင်.. ဂေါတမဘုရားရှင်ခေတ်က.. စာပေအက္ခရာတောင်မပေါ်သေး..
      ဒီခေတ်..အခုအချိန်မှာတောင်.. လူ၁ဝယောက်တန်းစီနေတုံး.. ရှေ့ဆုံးတတယောက်ကို.. တိုးတိုးလေး… “မန်းဂဇက်”လို့ ပြောလိုက်ရင်တောင်.. နောက်ဆုံး ၁ဝယောက်လည်းရောက်ရော.. “အိုဘားမားထိုင်နေသည်” ဖြစ်သွားနိုင်တဲ့ဟာ… နော..

      တွေးသာကြည့်ကြပေတော့..
      ဆိုတော့…
      မြတ်စွာဘုရားဟောခဲ့ပါသည် ဆိုတိုင်း ဘုရားဟောအစစ်လို့.. တန်းမယုံကြဖို့ပါပဲ.. လို့..။
      ကျုပ်နားလည်သလောက်ကတော့.. ဗုဒ္ဓက.. အဲဒီဆေးပညာပိုင်း..ခန္တာပိုင်းဆိုင်ရာတွေလိုက်ဟောပြောနေမယ်.. မထင်ရေးချ..မထင်..။

      • ခင်ခ

        February 20, 2013 at 4:46 pm

        သူကြီးရေ
        မြတ်စွာဘုရားက ခန္ဓာကို ပိုင်းခြားဝေဖန်ပြီး အဖြစ်အပျက်သဘာဝကို ပေါ်လွင်ကာ
        တရားအသိဉာဏ် ရဖို့ကို ပိုပြီးအလေးထား ဟောခဲ့တယ်လို့ ယူဆပါတယ်။
        ပြီးတော့ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ နှစ်ကာလတွေမှာ ပြုပြင်စီမံတဲ့ အစာ အဟာရဆိုတာတွေလည်း မရှိသလောက်နည်းပြီး ဩဂဲနစ်ဆိုတဲ့ သဘာဝ အရသာအပြည့် ဖြစ်ကြတော့ ရောဂါတွေလည်း မဆန်းကျယ် နည်းခဲ့ ဟန်တူပါတယ်(တွေးကြည့်တာပါ)။
        အခုခေတ် တစ်ချို့ရောဂါဆန်းတွေကို မြတ်စွာဘုရားတောင် သိသွားဟန်ရှိပါ့မလား လို့ ပြောရမလိုပါဘဲ၊ အခုခေတ်ရောဂါဆန်းတွေဖြစ်ရတာ စား သောက် နေ မှု့တွေကလည်း ဆန်းသည်ထက်ဆန်းလာလို့ပါဘဲဗျ။
        အဲဒီတော့ ရောဂါတစ်ခုအတွက် လက်တွေ့ကျတဲ့ ကုသမှု့နဲ့ သုတေသနက ဘုရားကုထက်တော့ စိတ်ချရမယ်ဟု ယူဆပါ၏။

        • kai

          February 20, 2013 at 11:51 pm

          bc ပေးလို့ရရင်ပေးတယ်ဗျ…
          တကယ်..

          တကယ်တော့ မြတ်စွာဘုရားက.. သူကိုယ်တိုင်လည်း ဆေးဆရာဖြစ်ကြောင်းဟောပြောတော်မူဖူးပါတယ်..။
          ဒါပေမယ့်.. ခြေထောက်ဒဏ်ရာရတော့.. ဝမ်းချုပ်တော်မူတော့.. သမားတော်ဇီဝကဆီသွားကုပါတယ်..။ ဆိုတေ့ာ ဘာဆေးဆရာလည်း.. ကိုကြီးခရဲ့စာနဲ့တွဲဖတ်ဖို့ပါ…
          =
          ”ရဟန်းတို့ ငါသည် မကောင်းမှုမှ အပပြုပြီးသော၊ အရိယာ သူတော်ကောင်းတို့၏ တောင်းခြင်း၌ အားထုတ်သော၊ အခါခပ်သိမ်း ဖြန့်ထားသော လက်ရှိသော၊ အဆုံး စွန်သော ကိုယ်ကို ဆောင်သော၊ အတုမရှိမူ၍ ရောဂါကို နုတ်ပယ်နိုင်သော ဆေးဆရာ ဖြစ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။

        • ဆူး

          February 21, 2013 at 11:34 am

          ဘုရားက ရဟန်းတို့ ဆေးကု မစားကြနဲ့လို့ ပညတ်ခဲ့တာများ ဖတ်ဖူးကြားဖူးလား။
          သူ့ဟာသူ ကုနေရင် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဖြစ်သွားမှာပေါ့.. ဒါလေးတောင် မတွေးမိဘူးလား။

  • Traditional

    February 20, 2013 at 11:18 am

    မြတ်စွာဘုရား ဟောခဲ့ပါသည် အရာရာဉာဏ်နှင့်ဆင်ခြင်ပြီးမှ ယုံပါတဲ့
    ငါ ဘုရားပြောတိုင်း လည်းယုံစရာမလို ကိုယ်တိုင်သိ ကိုယ်တိုင်ကျင့်ပြီးမှယုံပါတဲ့
    လွတ်လပ်ပါသည်…ကိုင်..

    • ခင်ခ

      February 20, 2013 at 11:45 am

      ဘုရားဟောတွေကိုတော့ မငြင်းလိုဘူးကွယ် Traditional ရယ်။
      ဘာလို့လဲဆိုတော့ အဲဒီလောက်ထိ ဉာဏ်မမှီလို့ပါ။ ဒါပေမယ့်ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတွေအတော်များများကတော့ လက်တွေ့ကျင့်ရင် ကျေနပ်နိုင်တာတွေ ရှိပါတယ်။

  • ဦးဦးပါလေရာ

    February 21, 2013 at 1:38 am

    ပြောချင်တာ ပြောစရာတွေကများတော့ ကွန်မင့်နဲ့ပဲ ဖြတ်ဖြတ်ပြောသွားပါမယ်….

    ခင်ဗျားတို့သူကြီးရဲ့ တရားကိုနာပြီးတဲ့နောက် ကျုပ်ပြောတာလေးလဲ ထည့်စဉ်းစားကြည့်ပါ….

    (၁)
    အဘိဓမ္မာမှာ စိတ်ဟာ ဟဒယဝတ္ထု (ဟဒယရုပ်) ကို မှီပြီးဖြစ်တယ်လို့ ဆိုပါတယ်။
    အဲဒီစိတ်ကလေးတွေက အလွန်လျှင်မြန်စွာ ဖြစ်-ချုပ် သွားကြပြီး အဲဒီရှေ့က စိတ်ကိုအမှီပြုလို့ နောက်ကစိတ်တွေ အဆက်ဆက် ဖြစ်ပေါ်ချုပ်ပျောက်သွားကြတယ်လို့ ဆိုပါတယ်။
    ဒီနေရာမှာ ပြောချင်တာက ဟဒယရုပ် ဆိုတဲ့ဝေါဟာရထဲက ရုပ် ဆိုတာဟာ
    အများစိတ်ထဲထင်လိုက် နားလည်လိုက်သလို-
    ထိလို့ကိုင်လို့ရမှ၊ အရောင် အဆင်း အလေးချိန်ရှိမှ ရုပ်လို့ ခေါ်တာ မဟုတ်ပါဘူးနော…

    လေဟာလဲရုပ်ပါပဲ။ အလင်းဟာလဲရုပ်ပါပဲ။ အသံဟာလဲရုပ်ပါပဲ။ လျှပ်စစ်ဓါတ်ကလဲ ရုပ်ပါပဲ။ သံလိုက်ဓါတ်ကလဲ ရုပ်ပါပဲ။ ခန္ဓာကိုယ်ထဲ၊ အာရုံကြောစံနစ်ထဲက ဓါတုတုန့်ပြန်မှု့တွေကလဲ ရုပ်ပါပဲ…။

    အဲသလို ရုပ်တွေထဲက တမျိုးမျိုးသို့မဟုတ်တမျိုးထက်ပိုတဲ့ ရုပ်တွေကိုပဲ စိတ်ရဲ့မှီရာ၊ စိတ်ဖြစ်ရာဖြစ်လို့ ဟဒယဝတ္ထုလို့ ဆိုရတာပါပဲ…။
    ပါဠိအဘိဓါန်မှာတော့- ရုပ်ဆိုတာ-
    မသိတတ်သောကြောင့်/ အသိမရှိသောကြောင့်/ အသိနှင့်မဆိုင်သောကြောင့် ရုပ်ဖြစ်သည်လို့ ဆိုထားပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 21, 2013 at 2:39 am

      ရုပ်ဟူသမျှ မသိကြ သိက နာမ်ခေါ်လေ
      လူနတ်ဗြဟ္မာ သူငါမဟုတ်နာမ်နှင့်ရုပ်
      လို့ဆိုလေတော့
      သုံးဆယ့်တစ်ဘုံထဲက ဟိုဗြဟ္မာ ကြီးကိုတော့
      အဆင်ပြေသလိုလုပ်ကြပေါ့ဗျာ :mrgreen:

  • ဦးဦးပါလေရာ

    February 21, 2013 at 1:57 am

    (၂)
    အဘိဓမ္မာဟာ အဘိဓမ္မာထဲက စာသား အသုံးအနှုံး ဝေါဟာရတွေဟာ အကုန်ဘုရားဟောဟုတမဟုတ်နဲ့ စပ်လျှင်းလို့ပြောရရင်-
    အဘိဓမ္မာတင်မဟုတ်ဘူး- ပိဋကတတ်သုံးပုံ – သုတ်၊ ဝိနည်း၊ အဘိဓမ္မာ အားလုံးဟာ ဘုရားဟောစာလုံး အတိအကျလို့ မပြောနိုင်ပါဘူး..။
    အဲဒီတုန်းက ဘုရားဟောထား ပြောထား တာတွေကို အသံဖမ်း ဗီဒီယိုရိုက်မထားပါဘူး..။
    ဘုရားမရှိတော့မှ သင်္ဂါယနာတင်ပြီး အသက်ရှစ်ဆယ်လောက်ရှိတဲ့ ရဟန္တာဘုန်းကြီးတွေက ပြန်ရွတ်ပြတာကို အဆင့်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့ပြီး သီရိလင်္ကာမှာ ပိဋကတ် စာမူ အဆင့်ရောက်တာပါ။ အဲဒီအချိန်မှာ မဟာယာနကို မပြောနဲ့
    ထေရဝါဒထဲမှာကို ဟိုကျောင်းဟိုမူ ဒီကျောင်းဒီမူတွေ အစိတ်စိတ် ကွဲနေခဲ့တာပါ။

    ဒါကြောင့် အကာတွေကို မျက်စိမှိတ်ငြင်းနေလို့ အပိုပါပဲ…
    အနှစ်ကိုရှာပါ အနှစ်က အဓိကပါ..။
    အကာဆိုတာကတော့ အနှစ်တည်အောင် ဆောင်ထားတဲ့သဘောမျှသာပါ…။

    ဒါနဲ့ပါတ်သက်ပြီး ဥပမာတစ်ခုပြောပါမယ်။
    လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်က
    ကျုပ်အုပ်ချုပ်ရတဲ့ဝန်ထမ်းတွေကို
    (အတင်းအဖျင်း၊ကောလဟလတွေဟာ ဘယ်လိုဖြစ်သွားတတ်ကြောင်း) လက်တွေ့ပြဘူးပါတယ်။
    ပထမ-
    ဝန်ထမ်းတွေထဲက ဆယ်ယောက်ကို ရှေ့ကို ခေါ်ထုတ်လိုက်တယ်။
    ဒုတိယ-
    ဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီး တခြားလူမကြားအောင် တခုခု တီးတိုးပြောလိုက်တယ်။ စာနဲ့လဲရေးပြီးဖတ်ကြည့်ခိုင်းတယ်။
    တတိယ-
    အဲဒီအကြောင်းကို အဲဒီဝန်ထမ်းက အခြားဝန်ထမ်းတစ်ယောက်ကို နှစ်ကိုယ်ကြားပြန်ပြောပြီး အခန်းအပြင်ထွက်နေရတယ်-
    အဲသလိုဝန်ထမ်းအဆင့်ဆင့် လက်ဆင့်ကမ်းပြောသွားတာ ဆယ်ယောက်မြောက်ကို ပြောလို့ပြီးတော့
    ပထမဝန်ထမ်းနဲ့ ဆယ်ယောက်မြောက်ဝန်ထမ်းကို ရှေ့မှာချန်ပြီး ကျန်ဝန်ထမ်းတွေကို ကိုယ့်နေရာကိုယ်ထိုင်ခိုင်းတယ်။
    ပြီးတော့ ဆယ်ယောက်မြောက်ဝန်ထမ်းကို သူ ဘာကြားရတယ်ဆိုတာကို ပြန်ပြောခိုင်းတယ်
    ပြီးတော့ ပထမဝန်ထမ်းကို သူဘာကြားရတယ်ဆိုတာ ပြန်ပြောခိုင်းတယ်။ စာနဲ့ရေးထားတာကိုလဲ ဖတ်ခိုင်းတယ်။
    အဲဒီလက်တွေ့ပြချက်မှာ-
    ပထမဝန်ထမ်းပြောတာနဲ့
    ဆယ်ယောက်မြောက်ဝန်ထမ်းပြောတာ
    တစ်ခြားစီ လုံးလုံးကို မဆိုင်အောင် ဘာမှကိုမတူတော့တာ တွေ့ရတယ်။

  • ဦးဦးပါလေရာ

    February 21, 2013 at 2:03 am

    (၃)
    အဲဒါကြောင့်-
    လက်ရှိမြန်မာပြည်က ဘာသာရေးစာပေတွေထဲကဟာတွေဟာ တစ်လုံးမကျန်အကုန်မှန် ဘုရားဟောစစ်စစ်တွေလို့ မျက်စေ့မှိတ်ငရဲကြောက်ယုံတာကလဲ အစွန်းတစ်ဖက်ပါပဲ…

    အဲသလိုပဲ-
    လက်ရှိမြန်မာပြည်က ဘာသာရေးစာပေတွေထဲကဟာတွေဟာ အကုန်မှား- ဘုရားဟောမဟုတ်လို့ကိုယ်ထင်ရင် ပိဋကတ်မှာ အကြိမ်လေးထောင်ကျော်ပါလဲ ဘုရားဟောမဟုတ်-
    ဘုရားဟောဟုတ်တယ်လို့ကိုယ်ထင်ရင် ပိဋကတ်မှာ တစ်ကြိမ်ပဲပါရင်လဲ ဘုရားဟောဟုတ်တယ်လို့
    ထင်မြင်စွဲလမ်းတာလဲ အစွန်းတစ်ဖက်ပါပဲ..

  • ဦးဦးပါလေရာ

    February 21, 2013 at 2:12 am

    (၄)
    အဲဒီတော့ ကောင်းတာက-
    ဘုရားတရားကို သိပ်စိတ်မဝင်စားရင်လဲ ဒီလိုပဲ ပျော်သလို သက်တမ်းစေ့နေသွားပါ။
    ဘာသာရေးကိစ္စပွဲလမ်းတွေကို အပျော်သဘော လူမှု့ရေးသဘောထားပြီး ခရီးသွားဟန်လွှဲဆောင်ရွက်ပါ။
    အဲဒါ အိုကေပါ…။

    ဒီလိုမဟုတ်ပဲ ဘုရားတရားကို တကယ်စိတ်ဝင်စားရင်တော့
    အပေါ်မှာကျုပ်ပြောခဲ့တဲ့ အစွန်းနှစ်ဖက်ကို လွှတ်ချပြီး
    တကယ်လက်တွေ့ မြီးစမ်းကြည့်…
    ကြိုက်ရင် ကောင်းတယ်လို့သိရင် ဆက်စား…
    မကောင်းဘူးထင်ရင် ရပ်လိုက်….။

    ဘုရားတရားကို လက်တွေ့သိတဲ့သူက
    သူသိသလောက်ကို ဘယ်လိုသိသွားသလဲဆိုတော့
    ဖုံးထားကာထားတဲ့ တစ်စုံတစ်ရာကို ဖွင့်ပြလိုက်သလို
    ရှင်းရှင်းလင်းလင်း ဘယ်လိုမှငြင်းမရအောင် အပိုင်အနိုင်သိသွားတာ…။
    အဲသလိုသိမှ တရား…။

    အင်း…
    ကျုပ်ပြောတဲ့ထဲမှာ
    နတ်ပြည်တွေ ငရဲတွေ၊ ကျွန်းလေးကျွန်းနဲ့ မြင့်မိုရ်တောင်တွေ ၊ ကျောက်ပြင်နဲ့တူတဲ့စကြာဝဠာတွေတော့ မပါဘူး…..
    သိလဲမသိဘူး.. သိလဲမသိချင်ဘူး…
    ကိုယ်သွားမှာမဟုတ်လို့ Google earth နဲ့လဲ ရှာမကြည့်ထားမိဘူး….

    :harr:

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 21, 2013 at 2:43 am

      ဂင်္ဂ ါဝါဠု သဲစုမက မရည်တွက်နိုင်အောင်
      ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓရှင်တွေဘိုင်းဘိုင်ပြသွားတဲ့
      လူတွေဆိုတော့ ပြောခြင်တာပြောကြပေါ့ဗျာ
      ကျုပ်ကတော့ တစ်ဖက်ငါးရာဆိုတဲ့နေရာကို
      ရောက်အောင်ကိုးးးးးးးးးးးးးးးးသွားမှာ
      ပြောရင်းနဲ့တောင်သွားခြင်လာဘီ

      • ဦးဦးပါလေရာ

        February 21, 2013 at 2:15 pm

        ဘပု ရယ်…
        စာထဲကနတ်ပြည်ထက်သာတဲ့နေရာတွေ ဘန်ကောက်မှာအများကြီး…
        ပတ္တရားမှာရောပဲ….
        သူ့ဟာသူ လောဘဇောနဲ့ ထန်းတောထဲကမထွက်တာများ….
        :harr:

  • ဦးကြောင်ကြီး

    February 21, 2013 at 11:03 am

    အသိစိတ် နှလုံးသားက ဖြစ်တယ်ဆိုတာ သာမန်သိမှုထက် နင့်နင့်နဲနဲ ခံစားမှုကို ဆိုလိုဟန်ရှိတယ်။ ဥပမာ အခြစ်ဆိုပါတော့ ဥနှောက်ကလာလား ရင်ထဲကဖြစ်သလား သိနိုင်တယ်၊ အေးချမ်းလုံခြုခြင်း ကျေနပ်ပျော်ရွှင်ခြင်း ခံစားမှုများသည်လည်း ရင်ထဲကလာသလား ခေါင်းထဲမှာဖြစ်သလား ပြန်တွေးကြည့်လို့ရတယ်။ သဂျီး ကိုယ့်သားသမီး တွေ့လို့ စိတ်ကြည်နူးတဲ့အခါ ဒါမှမဟုတ် မတွေ့လို့ ပူလောင်တဲ့အခါ ရင်ထဲနှလုံးထဲမှာ ဖြစ်တာကို တွေ့လိမ့်မယ်။ ခေါင်းက ဒါဟိုဟာ ငါ့သမီး သားလို့ အမှတ်သညာပေးတာ ရင်ထဲက ခံစားမှုကဖြစ်တာ။ စိတ်အရမ်းဆိုးရင် ခေါင်းထဲကမဆိုးဘူး ရင်ထဲနှလုံးထဲက ဆတ်ဆတ်ခါအောင်ဆိုးတယ်။ ဓမ္မသဘော ယူပြောရင်တော့ အစွဲပေါ့ဗျာ တကယ်မရှိဘူး၊ အခုပြောနေတာ သမုတိသစ္စာနယ်ကို ပြောတာ။ စိတ်ကိုပဲ ဥပမာယူကြည့် ဘယ်ဟာကို စိတ်ခေါ်သလဲ၊ ညဏ်လည်းဒီအတိုင်းပဲ အကောင်အထည်ဖော်လို့ရသလား မနောအာရုံနဲ့ သွားမရောနဲ့နော် အဲဒါက တွေးလို့ မြင်ယောင်လို့ရတယ်၊ မနောအာရုံ ဝါ ဓမ္မရုပ်ကိုဖြစ်စေတဲ့ စိတ်ဆိုတာဂျီးကို ဘယ်မှာသွားရှာမလဲ။ အမှန်တရားကို သိတဲ့ ညဏ်ဆိုတာကို ဘယ်လိုသက်သေပြမလဲ။ မရှိငြင်းမလား တကယ်ရှိတယ်၊ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် ပြလို့မရဘူး။ နှလုံးစိတ်ဆိုတာ သွေးညှစ်ပေးတဲ့ နှလုံးအိမ်ကို တဲ့မယူနဲ့ သဘောလေးကို ခံစားခိုင်းတာ… အားလုံးကတော့ အတ္တကောင် ငါဆိုတာ ရှိတယ် တည်မြဲတယ် အယူကြမ်းအမှားကနေ လာတာ၊ အနိစ္စမမြဲဆိုပီး ငါမမြဲဆိုတာ တကယ်ရှိတယ် ထင်နေတဲ့ အယူနုအမှားကနေ လာတာ….

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 21, 2013 at 1:40 pm

      ဆယာကြောင်ဂျီး
      ဦးနှောက်ကအာရုံ ( စိတ် ) ကိုခံစားတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေကို
      သမ္မထလောက်နဲ့တင် ဝေဒနာခွာနည်းလေး နည်းနည်းရှင်းပြပေးလိုက်ပါ
      နားလည်လာကြတော့မှ
      ဈာန်သမ္မာပတ်ဝင်စားတဲ့အကြောင်းတွေ အဆက်မပြတ်ဟောကြားတော်မူပါ
      ခင်ဗျား

    • kai

      February 21, 2013 at 3:12 pm

      အဟင်း..
      ဆာယာကြောင်ကြီး.. .လေမိနေတာတွေများနေပြီထင်တာပဲ..
      ကြည့်ရတာ..”သူတို့လို” ရပ်ပြစ်ရှစ်ပါးထဲကတခုဆီသွားတော့မယ်နဲ့တူတယ်…။

      နောက်တာပါ..
      ကွန်ပျူတာထဲ.. ဝင်းဒိုးအိုအက်စ်ကြီးကို.. ဟဒ်ဝဲ(ကွန်ပျူတာ)ထဲတစစီဖြုတ်ရှာကြည့်ပါလား..
      တွေ့ပါလိမ့်မယ်.. မားသားဘုတ်.. စီပီယူ.. ပါဝါဆပလိုင်း.. မီမိုရီ…ဟဒ်ဒစ်စ် တွေ..။
      ဆိုတော့…
      ဝင်းဒိုးစ်အိုအက်စ်ကြီးကတော့.. အဲဒီအထဲ.. ရှိနေပါသတဲ့..

      အတ္တကောင်ဆိုပြီး.. မဖြုတ်လိုက်နဲ့နော…
      ကွန်ပြူတာက.. ဘာမှသုံးရတော့မှာမဟုတ်..။
      Win 8 အိုအက်စ်DVD လေးပဲဘေးမှာချထား..။
      အဲဒီအိုအက်စ်က ဘာမှမလုပ်.. ဘာအကျိုးအပြစ်မှမဖြစ်/မရှိ… ..ဗိုင်းရပ်စ်မဝင်…. အင်တာနက်တက် မရ..
      အဲဒါ…
      ရပ်ပြစ်ရှစ်ပါးထဲက.. အရူပဘုံ အသညသတ်ဘုံ လို့.. ခေါ်တယ်..

      ကွိ… :kwi:

      • ဦးကြောင်ကြီး

        February 22, 2013 at 10:13 am

        ဂျသီးမားနေပီ…။ ဝင်းဒိုးအိုအက်စ် စကထဲက သုံးဖို့ထွင်ခဲ့တာလေ၊ မီးရေလေမြေလို သဘာဝအလျောက် တွေ့ခဲ့တာ မဟုတ်ဘူး။ ပြောဂျေးဆို ဓာတ်လေးပါးလည်း သူ့ဟာသူ ရှိနေစဉ် ပြသနာ မဖြစ်ဘူး၊ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပဲ။ (စာကိုးရင်တော့ ဗြဟ္မာတွေက သူတို့ကို တခုခုအဖြစ် စွဲလိုက်ချိန်မှာ လူဖြစ်လာတာ၊ ထားပါတော့ ဒါကို ငြင်းချင်တာ ဟုတ်ဖူး၊ စွဲပုံသံသရာကို ရှင်းချင်လို့) ရေမြေတောတောင် သဘာဝတွေကို သုံးရကောင်းမှန်း သိလာတဲ့အခါ တိုးတက်မှုနဲ့အတူ ပျက်ဆီးမှု ဖောက်ပြန်မှုတွေမကင်းတဲ့ လူအဖွဲ့အစည်း စည်ပင်တိုးပွားလာတာ သန်းရှစ်ထောင်လောက် ရှိနေပီ။ သုံးဖို့စွဲတာ ကောင်းဂျေးဆို လူ့သမိုင်းတလျောက် သာယာဝပြောနေမှာပေါ့။ ရုပ်နမ် အပြန်အလှန် မှီခိုနေလို့ စိတ်ထရင် ရုပ်ပွတယ် ရုပ်ပွတော့ စိတ်ထတယ် သူ့အလိုလို လူဦးရေ တိုးလာတယ် မထင်နဲ့…။ အဲဒီလို နဂိုရှိပီးသား သဘာဝတရားကိုတောင် နောင်မှ စွဲပြုလို့ အမှားအယွင်း ဖြစ်သေးရင် လုပ်ယူ ဖန်တီးယူတဲ့ ကွန်ပြူတာ ဝင်းဒိုးအိုအက်စ်လိုမျိုးမှာ အပြစ်မရှိဆိုတာ ဖြစ်နိုင်ပါ့မလား။ တရားရုံးမှာ သူခိုးက ခိုးတဲ့လက်မှာပဲ အပြစ်ရှိတယ် သူ့မှာ အပြစ်မရှိပါ ပြောသလို ဖြစ်နေပီ။
        ဆီလီကွန်ဗဲလီက နည်းပညာ အောင်မြင်မှုတွေလောက်ကြည့်ပီး လောကဂျီးကောင်းပါသည် ဆိုလို့ကတော့ အတ္တကောင်အရှိနဲ့ ကိုဘေးနွားကင် အရသာရှိတယ် ထင်နေတာပေ့ါ။ သဂျီးပေါသလို (((((((အတ္တကောင်ဆိုပြီး.. မဖြုတ်လိုက်နဲ့နော…ကွန်ပြူတာက.. ဘာမှသုံးရတော့မှာမဟုတ်..။
        Win 8 အိုအက်စ်DVD လေးပဲဘေးမှာချထား..။)))) အတ္တကိုထိန်းချုပ်ပီး သမထကျင့်ကြ ပရဟိတအကျိုး ထမ်းကြတာ ကောင်းလိုက် ဆိုးလိုက် စင်ကြယ်လိုက် ညစ်ပတ်လိုက် သံသရာမပြတ်ဘူး။ အဲလိုနဲ့တချိန်မှာ အရူပဈာန်အောင်ပီး ရပ်ပြစ်ရှစ်ပါးထဲက.. အရူပဘုံ အသညသတ်ဘုံ ရောက်တတ်တာ။ အရှိန်ကုန်တော့ ကိုဘေးနွားဖြစ်အုံးမှာပဲ။
        ပညတ်မှန်သမျှ အမှီပါတယ်၊ အစွဲမကင်းဘူး။ ဘုံဗိမ္မာန် သံဌာနအဖြစ် မယူဘဲ သဘောကို မြင်ကြည့်ပါ။ နှလုံးအစစ် မရှိတော့ နှလုံးအတုကို စွဲတာပေါ့ဗျာ၊ အန်တီဆူး ပေါသလို နှလုံးလုပ်ဆောင်ချက် မရှိရင် စွဲဖို့မဖြစ်နိုင်လို့ အသက်ရှင်ပါ့မလား။ ဝင်းဒိုးအိုအက်စ်လိုပဲ တခုခြင်းသီးခြား မရှိသလို အားလုံးစုဖွဲ့ပြီးတော့ ဟုတ်လားဆိုပြန်လည်း မဟုတ်ဘူး၊ အစွဲလေးကို ပြောတာ။ မရှိတာကို အရှိလုပ်လို့ ဖြစ်လာရတဲ့ အစွဲကိုပြောတာ။ ရှိတယ်ရှိတယ် လုပ်နေသ၍ မဆုံးသလို ရှိဘူးရှိဘူး ငြင်းနေလို့ မကျွတ်ဘူး။ အစထဲက ဟုတ်မနေခြင်း ဝါ သုညတ သဘောကို သိမှ အရှိမှတ် ပြုလုပ်နေခြင်းမှ လွတ်နိုင်ကောင်းတယ် နို့မို့ရင် ဖြစ်ပျက်လို ဖြစ်ပီးမှ ပျက်တယ်မှတ်လို့၊ ရှိတာကို စွန့်ခိုင်းတယ် မှတ်လို့ အတွယ်မပြတ်ဘူး။

  • MaMa

    February 21, 2013 at 2:50 pm

    ဒီပိုစ့်ကို အသက်ဝင်လာအောင် အဓိကအသက်သွင်းပေးသူက မိုက်…ပု ပဲ။ :harr:

  • padonmar

    February 21, 2013 at 8:41 pm

    သာဓု သာဓု သာဓု
    ငှက်ကထကြီး ဦးပါရဲ့ တရားနာပြီးသာဓုခေါ်တာပါ။
    (ကိုယ်က ဗဟုသုတလည်းမစုံလင်၊ ငြင်းခုန်ခြင်းအနုပညာလည်း မကျွမ်းကျင် ဆိုတော့ သူကြီးကို ဘယ်လို အလဲထိုးရမလဲလို့ တွေးရခက်ကြီးနေတာ)

Leave a Reply