ဒီဇိုင်းဆိုတဲ့ အနုပညာ(ဦးဘီလူး)

manawphyulayJuly 20, 20101min660

ကျွန်တော်တို့ ဒီနေရာလေးမှာလာဆုံကြတာ .. သူထက်ငါတော်ကြောင်း..တတ်ကြောင်း…ကြွားလုံးထုတ် ရန်ဆောင်နေကြဖို့ မဟုတ်ပါ..
ကျွန်တော်တို့ တတ်သလောက်မှတ် သလောက် တစ်ယောက်ကိုတစ်ယောက် ပညာ..အတွေးအခေါ်အယူအဆ.. အတွေ့အကြုံတွေ ဝေမျကြရင်း

ကျွန်တော်တို့ တစ်ဦးချင်းစွမ်းရည်တွေ တက်အောင် လုပ်ကြမယ်..နောက် ဒီအထဲမှာ လူတော်တွေ တော်တော်များများရှိပါတယ် …. ကျွန်တော်တို့

ညီညွတ်ပေါင်းစုရင် မြန်မာ မညံ့ကြောင်းပြလို့ ရမယ်လို့ ယုံကြည်ပါတယ်. . .

ကျွန်တော်လည်းတော်လွန်းတတ်လွန်းနေသူမဟုတ်ပါ..ပညာဆိုတာပြည့်ဝနေပြီ ..ပြီးဆုံးသွားပြီဆိုတာမရှိတော့ ရှာဖွေနေကြရဆဲပါ…

ကျွန်တော်design နဲ့ပတ်သက်တဲ့ အယူအဆတွေ လေ့ကျင့်ခန်းလေးတွေ ဒီနေရာကနေစချင်ပါတယ်… သိပြီးတတ်ပြီးသားဆရာများအနေနဲ့

အပြုသဘောဆောင်လို့ ဝင်ရောက်အားဖြည့်ပေးကြပါ…
အခြေခံက..စမှာမို့ beginner ကို အဓိက ရည်ရွယ်ပါတယ်……( ဒီ ထဲမှာ တစ်ယောက်တစ်ယောက် ပျက်ရယ်ပြုတာမျိုး ၊ ပညာနဲ့ မဆိုင်သော

အကြောင်းအရာများပြောဆိုခြင်းမျိုး မပြုဖို့ တောင်းဆိုပါတယ်)
ကျွန်တော် class မှာ lecture ပေးနေကြပုံစံ အတိုင်းရေးသွားမှာမို့ ဆရာလေသံပေါက်နေတယ်.. ကြီးကျယ်တယ်လို့ မယူဆကြပါနဲ့ .. ဒီလို လေ

ဒီလိုပုံစံပြောနေကြ အကျင့်ပါနေလိုသာဖြစ်ကြောင်း ယူဆပေးကြပါ။

ဒီဇိုင်းဆိုတာဘာလဲ…
ဒီဇိုင်းဆိုတာ ပုံစံ၊စနစ်၊ ပုံစံထုတ်သည် ရည်ရွယ်သည် … အဲဒီလို အဘိဓါန်မှာတော့ ဆိုထားပါတယ် ။

ဂရိဘာသာစကားကဆင်းသက်လာတယ်လို့လည်းဆိုကြတယ်။အချို့ကတော့ အလှပညာ လို့ ဆိုကြပြန်တယ်…
အများအားဖြင့် commercial art အနေနဲ့ ပဲအဓိကပြောကြတာများတယ်…ကျွန်တော်ကတော့ ဒီဇိုင်းဆိုတာ အလှဖန်တီးရုံသက်သက်မဟုတ်..

ရသတစ်ခုခုကပေးစွမ်းနိုင်တာမို့ အနုပညာတစ်ရပ်အနေနဲ့ပဲမြင်တယ်..
ဒီဇိုင်းတစ်ခုကို ကြည့်လို့ ပျော်စရာရသလေးရခဲ့ရင်..ဒီဇိုင်းတစ်ခုကိုကြည့်လို့ ကြည်နူးမှုလေးရခဲ့ရင်..ဒီဇိုင်းတစ်ခုကိုကြည့်လို့

..ကြောက်စရာကောင်းခဲ့ရင်..ဒီဇိုင်းတစ်ခုကိုကြည့်လို့…
စိတ်ခံစားမှုတစ်ခုခုကိုရခဲ့ရင်…ဒါကြောင့် ဒီဇိုင်းဆိုတာ အနုပညာရပ်ပါပဲလို့ပဲ ကျွန်တော်တော်ရဲရဲယုံတယ်..
ဒီဇိုင်းတစ်ခုကောင်းမကောင်းဘာတွေနဲ့ တိုင်းမလဲ..ဒီဇိုင်းလေးကောင်းလိုက်တာကွာလို့ဘာကြောင့်ပြောကြတာလဲ
ပေတံ..စံ..စနစ်တွေ ရှိတာပါပဲ..ဒီခေတ်မှာ photoshop တတ်ဒီဇိုင်းနာဖြစ်ပြီဆိုတဲ့ အတွေးနဲ့ မြောက်ကြွကြွလူငယ်တွေလည်းတွေ့ရတယ်..

ဒီဇိုင်းတစ်ခုကို အရောင်လေးတွေပါ ၊ ပုံပါစာပါ ပြီးရောလုပ်နေကြတာတွေလည်းထုနဲ့ဒေး…လုပ်ချင်ဇောတွေ ၊ အစွမ်းပြချင်ဇောတွေ … ၊

အများကြီးလုပ်မှကောင်းတယ်ထင်ပြီးလုပ်ကြလို့ပျက်သွားကြတဲ့ ဒီဇိုင်းတွေလည်းဒုနဲ့ဒေး…
ဒီဇိုင်းတစ်ခုကို အကြောင်းမဲ့ မဖန်တီးပါနဲ့
ဒီဇိုင်းတစ်ခုလုပ်ရင် ကိုယ်ဘာလုပ်မှာလည်းဆိုတဲ့ ရည်ရွယ်ချက် ..ဦးစွာရှိရပါမယ် ..
ဘယ်သူတွေကို ခင်ဗျားတို့ဘာပြောချင်တာလဲ ဆိုတဲ့ (what..whom) ကိုလည်းသိနေရမယ် ..target audience
ပေါ့..ဒါကို ဘယ်နေရာက ပစ်ရမှာလည်းဆိုတဲ့ (where) ကိုလည်းသိထားသင့်တယ်လို့ကျွန်တော်ထင်တယ်..
ဒါမှ ဘယ်လိုပစ်မှာလဲဆိုတဲ့ (how) ကို ကျွန်တော်တို့ ရှာလို့ရလိမ့်မယ်..
ကျွန်တော်တို့မှာရည်ရွယ်ချက် ရခဲ့ပြီဆိုရင်နောက်တစ်ခုက ဒီရည်ရွယ်ချက်ကို အဓိပါယ်ပေါ်လွင်အောင်ဖော်နိုင်ဖို့
ဒီဇိုင်းနာမှာ တာဝန်ရှိသွားပြီ..ရည်ရွယ်ချက်ကို အဓိပါယ်အောင် မဖော်နိုင်တဲ့ဒီဇိုင်းဆိုရင်တော့ လှရုံသက်သက်ရှိနေတဲ့ ဒီဇိုင်းတစ်ခုမို့

ဒီဇိုင်းကောင်းလို့မဆိုနိုင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။
ဒီတော့ရည်ရွယ်ချက်ရှိရုံ ..အဓိပါယ်ပေါ်လွင်အောင်ဖော်နိုင်ရုံ ဖန်တီးနိုင်ရုံနဲ့ ဒီဇိုင်းကောင်းဖြစ်ပြီလားဆိုတော့ မဟုတ်ပါဘူး။
ဒီတော့ရည်ရွယ်ချက်ရှိရုံ ..အဓိပါယ်ပေါ်လွင်ရုံလောက်မကပဲ ..ကျွန်တော်တို့ကလူသိစေချင်လို့ လူစိတ်ဝင်စားစေချင်လို့ ကျွန်တော်တို့

ပြောချင်တဲ့၊ကျွန်တော်တို့ပြောလို့တဲ့ message ကို Public ဆီရောက်ဖို့ အတွက်က ကျွန်တော်တို့ဒီဇိုင်းက ဆွဲဆောင်မှုရှိနေဖို့

ဆန်းသစ်တီထွင်မှုတွေပါနေဖို့ လိုအပ်ပါတ.ယ်..ဘယ်လောက် အဓိပါယ်တွေရှိ ရည်ရွယ်ချက်တွေ ရှိနေပါစေ လူစိတ်ဝင်စားမှု မရှိလို့ကတော့

အလကားဖြစ်ပြန်ရော … လူစိတ်မဝင်စားမှတော့ …ကိုယ်ပြောချင်တာ ဘယ်ထိရောက်တော့မှာလဲ…
နောက်… စနစ်..ဘာတွေနဲ့ ဘယ်လို ဘယ်စနစ်နဲ့လုပ်မှာလဲဆိုတာတွေ …
ဒါတွေပြည့်စုံမှ ဒီဇိုင်းကောင်းဖြစ်နိုင်မယ်လို့မြင်တယ်…။
ပြန်ချုပ်လိုက်ရင် ဒီဇိုင်းတစ်ခုဖြစ်ဖို့..
(၁) ရည်ရွယ်ချက်ရှိရမယ်
(၂) အဓိပါယ်ဖော်ဆောင်နိုင်ရမယ်
(၃) ဆွဲဆောင်မှုရှိရမယ်
(၄) ဆန်းသစ်တီထွင်မှုရှိရမယ်
(၅) စနစ်ရှိရမယ်

အများအားဖြင့် ကျွန်တော်တို့ဆီက ကြေငြာဒီဇိုင်းတွေမှာ မင်းသားမင်းသမီးထဲ့ ကုန်ပစည်းလေးထဲ့ …

နောက်ခံအရောင်လေးဘာလေးထဲ့..စာလေးတစ်လုံးစနှစ်လုံးစရေး ..brand logo လေးထဲ့ ဒီလောက်နဲ့ ပြီးနေကြတာများတယ်..

ဒါထက်ပိုထိရောက်နိုင်မယ့် အတွေးတွေ… တင်ပြမှုတွေ အရမ်းအားနည်းနေတယ်လို့မြင်မိတယ် …ဘယ်သူ့ဘယ်သူ့ကြောင့်ဆိုတာတွေထက်

..ကိုယ့်ဘက်က ဝမ်းစာပြည့်အောင်ဖြည့်ထားကြဖို့တော့လိုမယ်ထင်တယ်…။ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး..
ကျွန်တော်တို့ဒီဇိုင်းစ သင်တော့လက်နဲ့ရေးခဲ့ရတာ..စာလုံးလေးတစ်လုံးရဖို့ မနည်းလုပ်ခဲ့ရတယ် .. မှားရင် Ctrl Z

နှိုပ်လို့မရခဲ့ဘူး..ဒီဘက်ခေတ်မှာတော့ အရမ်းကို နည်းပညာတွေတိုးတက်ခဲ့ပြီ… နည်းပညာတွေ ကိုကျွမ်းကျင်ပိုင်နိုင်နေဖို့လိုသလို

အတွေးအခေါ်ပိုင်း တွေ အနုပညာအမြင်တွေ လည်းတွေးခေါ်ဆန်းသစ်နေဖို့လိုမယ်…အများအားဖြင့် လူငယ်တွေကိုစာဖတ်စေချင်တယ် ..

များများရေး..များများတွေး များများလေ့လာကြိုးစားစေချင်တယ် ..လူတော်တွေပေါတဲံခေတ်မှာ တော်ရုံတန်ရုံကြိုးစားရုံနဲ့တော့

ကျွန်တော်တို့ရှေ့တန်းကိုမရောက်နိုင်ပါဘူး….

‘Design ကိုလေ့လာရင်အဓိကခေါင်းစဉ်ကြီးနှစ်ခုက နေခွဲထွက်ရလိမ့်မယ်..
Elements of design နဲ့ principles of design ဆိုတာပါပဲ

Elements of design ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
(1) Line
(2) Direction
(3) Shape
(4) Size
(5) Texture
(6) Value
(7) Colour
ဆိုပြီးရှိတယ်..။

Principles of design ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
(1) Repetition
(2) Alternation
(3) Gradation
(4) Harmony
(5) Contrast
(6) Dominance
(7) Unity
(8) Balance

ဆိုပြီးရှိပါတယ်….
ဒီ elements တွေကိုအသုံးပြုပြီး principles of design က နည်းဥပဒေသတွေနဲ့ပေါင်းစပ်ဖွဲ့စည်းသွားရင်

ဒီဇိုင်းကောင်းတွေအများကြီးကိုဖန်တီးသွားနိုင်သလိုဒီဇိုင်းတစ်ခုဘာကြောင့်ကောင်းတယ်ဘာကြောင့်
မကောင်းဘူးဆိုတာတွေကိုလည်း ဒီဥပဒေသတွေနဲ့တိုင်းတာကြည့်လို့ရပါတယ်….
Elements တွေက လက်နက်တွေဆိုရင် principles တွေက နည်းဗျူဟာတွေပေါ့..ဒီနှစ်ခုပေါင်းစပ်ပြီး
စစ်ပွဲတစ်ခုကိုဘယ်လိုတိုက်မလဲ စဉ်းစားပုံမျိုး ..ဒီဇိုင်းတစ်ခုကို ဘယ်လိုဖန်တီးသွားမလဲဆိုတာ စဉ်းစားသွားမှာပါ….
ဒီဇိုင်းတစ်ခုဖန်တီးတာကို စားပွဲတစ်ခုပြင်ဆင်ပုံနဲ့နှိုင်းယှဉ်ပြောရရင်တော့.. ကျွန်တော်တို့ ခင်ဗျားတို့ ဘာအစား အစာစားမှာလဲဆိုတာအရင်သိဖို့

လိုလိမ့်မယ် ..မြန်မာအစားအစာလား..တရုတ်လား..ဥရောပလိုလား..စသည်ဖြင့်ပေါ့ဗျာ …
ဒီအခြေခံကိုအရင်ဆုံးဖြတ်ပြီးမှ ..မြန်မာအစားအစာဆိုလည်း …မြန်မာလိုပေါ့ဗျာ…
ဒီနေရာမှာ ဟင်းကောင်းတွေချဉ်းစားချင်ဇောနဲ့ ခင်ဗျားတို့က ကြက်သား၊ဝက်သား၊ပုဇွန်ထုတ်..အဲဒီလိုအကောင်းတွေ

အဆီအဆိမ့်တွေချဉ်းစားမယ်ဆိုရင် ..ဟင်းတွေကတော့ ကောင်းပါရဲ့ ခင်ဗျားတို့တော့စားလို့ကောင်းမှာမဟုတ်ဘူး..ဒါဘာလည်းဆိုတော့

အကောင်းတွေအားပြိုင်နေတာကိုး…. ခင်ဗျားရဲ့ထမင်းဝိုင်းမှာ ဝက်သားလေး..ချှု်ရည်ဟင်းလေး..ငပိရည်တို့စရာလေးတွေ

..အတို့အမြုပ်ကလေးတွေနဲ့စားကြည့်..
ဘယ်ဒင်းကပိုခံတွင်းမြိန်မလဲဆိုတော့ ..ချိုချဉ်ဖန်…စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝိုင်းလေးက ပိုခံတွင်းမြိန်မှာပါပဲ.. ဒါကဘာလဲဆိုတော့

ထမင်းဝိုင်းတစ်ခုထဲမှာ အလျော့အတင်းအလေးအပေါ့တွေကို ချိန်ညှိထားလို့ပါပဲ…ဒီဇိုင်းတစ်ခုမှာလည်း…

ဒီလိုအလျော့အတင်းအလေးအပေါ့တွေကိုချိန်ညှိထားတတ်ဖို့လိုပါမယ်… သိပ်ကို ကောင်းလွန်းတာတွေချဉ်း ဒီဇိုင်းထဲမှာ

ထဲ့ထားရင်အီသွားမှာပါ..လျော့သင့်တာလျော့ အလေးပေးသင့်တာပေး ဖန်တီးသွားမှ ကိုယ်ပြောလိုရာထိရောက်ပြီး

ရသမြောက်တော့မှာပါ….ကျွန်တော်တို့လောဘစိတ်ကို မထိန်းသိမ်းပဲ ရှေ့ကပုံလည်း အကောင်းဆုံးလုပ် နောက်က ပုံလည်းအကောင်းဆုံးလုပ်

စာလုံးတွေလည်းပြူးပြဲနေအောင်လုပ်နဲ့ ..ဆိုရင်တော့ ဒီဇိုင်းမှာ တစ်ခုခြင်းကကောင်းနေပြီး ..အားလုံးခြုံကြည့်တဲ့အချိန်မှာ..အားတွေပြိုင်ပြီး

ဘာမှစိတ်ဝင်စားမှုမရှိ
ပြောချင်တာတွေပေးချင်တာေ ွပျောက်သွားတော့မှာပါပဲ။ ဒါကြောင့် ဒီဇိုင်းတစ်ခုကိုဖန်တီးတဲ့အခါ ဒီ
Elements တွေ principles တွေ နဲ့ အလျော့အတင်း အလေးအပေါ့ အထူအပါးတွေ ကိုချိန်ဆပြီးဖွဲ့စည်း
သွားဖို့လိုအပ်ပါတယ်။

line
မျဉ်းတစ်ကြောင်းရဖို့ POINT နှစ်ခုလိုတယ် မျင်းကြောင်းဖြစ်ပြီဆိုရင် direction ရှိသွားပြီ..အရာဝတ်ထုတိုင်းရဲ့ အစွန်းအနားတွေဟာ line

တွေပါပဲ..line မှာ
အခြေခံနှစ်မျိုးပဲရှိတယ် မျဉ်းဖြောင့်နဲ့မျဉ်းကွေး..။မျဉ်းဖြောင့်က မာတယ်ကြမ်းတယ် တောင့်တင်းတယ် ခိုင်မာတယ်

..။မျဉ်းကွေးကပျော့ပျောင်းတယ်နွဲ့နှောင်းတယ် … အဲဒီသဘောတရားပါတဲ့ အကြောင်းအရာတွေမှာ ဒီ line တွေကိုအသုံးချမယ် (ဥပမာ –

ခေါင်းလျော်ရည်ကြော်ငြာ curve line အားပြုမယ် )
Straight line မှာ မျဉ်းလဲ၊မျဉ်းမတ်၊ မျဉ်းစောင်းမျဉ်းယိုင်ရှိမယ်
မျဉ်းလဲက ငြိမ်သက်တယ်၊လဲလျောင်းတယ်၊လွမ်းစရာကောင်းတယ်၊
မျဉ်းမတ်က တည်ငြိမ်တယ် ၊အမှီအခိုကင်းတယ်၊မားမတ်စွာရပ်တည်မှု ၊ မြင့်မားခြင်းသဘောတွေရတယ်
မျဉ်းလဲကလှုပ်ရှားတယ်၊ပေါက်ကွဲတယ်၊မှီခိုတ.ယ်၊တွန်းကန်တယ်…သွက်လက်တဲ့ သဘောတွေရှိတယ်

Curvline မှာ ခုံးတာ ခွက်တာ ဟိုဘက်ဒီဘက်ကွေးတာတွေရှိမယ်…
ခုံးခြင်း၊ခွက်ခြင်း၊တွန့်ခြင်း၊လိမ်ခြင်း၊ယှက်ခြင်း၊ကွေးခြင်း၊ခွေခြင်း၊ညှိူးငယ်တာ၊ပျော့ပြောင်းတာ၊ရှုပ်ထွေးတာ…
အဲလိုသဘောတွေရှိနေမယ်…

ဦးဘီလူး၏ ရေးသားချက်လေးတွေ မျှဝေလိုက်ခြင်းဖြစ်ပါသည်။