လူပျိုသိုး နဲ့ တစ်ညသ၌

+++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++

 

 အချိန်ကား .. တောဓလေ့ အဆိုအရ “စာဥတို့ ရေခပ်ဆင်းချိန်” ပေါ့ ……..။

ဝင်လုဆဲ နေမင်းရဲ့ အရောင်ဟက်ခံရလို့ တိမ်တိုက်တွေလည်း တောက်ပနေချိန် …..။

ရွာရဲ့ ပျိုဖြူမေ တွေကလည်း ရေအိုးတွေ ကိုယ်စီရွတ်လို့ ….

ရွာရဲ့ အနောက်တံခါးကနေ ထွက်ပြီး သောက်ရေကန်ဆီကို အတင်းတုပ်ရင်း ချီတက်နေကြတယ် …။

သောက်ရေကန် သွားရာလမ်းနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ အမိုးသာ ရှိပြီး အကာ မရှိတဲ့ တဲကလေး တစ်လုံး ….။

ဒီတဲ နာမည်ကို မသိတဲ့လူက ခပ်ရှားရှား ……။

ဘာတဲ့ ……….။ “ဖိုးသာထူး တဲ” ………. တဲ့ ……..။

 

+++++++++++++++++++++++++++++++

 

နေဝင်ချိန် ရှုခင်း၊ နေညိုချိန် ရှုခင်းကို ဇက်ကလေး အသာငဲ့လို့ ငေးကြည့်နေသူ တစ်ယောက် …..။

သူက ဖောရိန်နာ မဟုတ်၊ ပြည်တွင်း ခရီးသွားလည်း မဟုတ်၊ ဒါ့ပုံ ဆရာလည်း မဟုတ် …..။

အမှန်စင်စစ်အားဖြင့် … သူက တောသား တစ်ယောက်သာ …..။

အတိအကျ ပြောရပါလျှင် သူ့နာမည်က …. “မတ်ကြီး” ………။

 

ဒီနေရာမှာ မတ်ကြီး နာမည် တွင်ခဲ့ပုံလေးကို နည်းနည်း ပြောချင်ပါသေးတယ် ….။

သူ့နာမည်က မွေးကတည်းက တွင်ခဲ့တာဗျ ….

သူ မွေးလာတုန်းက ထူးထူးခြားခြား ဘာတွေများ ဖြစ်သတုံးလို့ ဆိုရင် …

ဟိုဒင်းလေးက ထူးထူးခြားခြား ငေါက်တောက်လေး ထောင်လျက်နဲ့ မွေးလာခဲ့တာ ဆိုပဲ … တကယ် … တကယ် …

လက်သည် ဒေါ်အေးကြီး ကိုယ်တိုင် ပြောတာ ….

ဒါနဲ့ သူ့ကို ငယ်ငယ်တည်းက ချစ်စနိုးနဲ့ “မောင်မတ်” ရယ်လို့ ခေါ်ခဲ့ကြသည်ပေါ့ ခင်ဗျာ …။

အဲ .. ဒါနဲ့ ငယ်ငယ်ကနေ ကြီးလည်း ကြီးလာရော (အသက်) …. ((ခုဆို ဒီကောင်က လူပျိုသိုး))

ဘော်ဒါတွေက “မောင်မတ်” လို့ မခေါ်ကြတော့ဘူး …. “မတ်ကြီး” ….. တဲ့ …..။

 

+++++++++++++++++++++++++++++++

 

နေဝင်ချိန်ကို ဇက်ငဲ့ပြီး ငေးနေတဲ့  မတ်ကြီး ရဲ့ ဘေးမှာ ကတုံး ပြောင်ပြောင်နဲ့ လူတစ်ယောက် ရှိနေတယ် …..

သူ့ပုံစံက ညှင်းတိုးတိုးနဲ့ …..

မထင်ရင် မထင်သလို လုပ်တတ်မယ့် ရုပ်မျိုး ….

ပြီးတော့ လုပ်ချင်တာလည်း လုပ်လိုက်ရမှ ကျေနပ်မယ့် ရုပ်မျိုး …..

အတိုချုံး ပြောရရင် … မျက်နှာပေးကိုက ကောင်းမယ့် အမျိုုး မဟုတ်လောက်ဘူး …

ခုလို ထန်းရည်ဝိုင်းမှာဆို သာဆိုးသေးပေါ့ ….

နို့ … သူ့ဘော်ဒါတွေနဲ့ကျ ရီရီမောမောနဲ့ပဲ ခင်ဗျာ ………..။

 

ကတုံးပြောင်ပြောင်နဲ့ ဒီတစ်ယောက် နာမည်က “ရဲစီး” ……..။

ဟုတ်တယ် …

ဒီကောင် ခပ်ငယ်ငယ် က ကျုပ်တို့ ရွာကို ရဲ တစ်ယောက် ရောက်လာခဲ့တယ် ဆိုပဲ …

ဒီကောင်က ရဲ ယူနီဖောင်းနဲ့ အဲ့ဒီတစ်ယောက်ကိုလည်း တွေ့ရော …

ဘယ်လို ဖြစ်တယ် မသိပါဘူး …

သူ့ကုတ်ပေါ် တက်စီးချင်တယ် … သူ့ကုတ်ပေါ် တက်စီးချင်တယ် …

ဆိုတာကြီးပဲ အော်အော်ပြီး လှိမ့်ငိုနေတော့ …

ရဲ ခမျာမှာ သနားသွားပြီး အဲ့ဒီကောင်ကို သူ့ကုတ်ပေါ် တင်ပေးလိုက်တယ် ဆိုပဲ ….

အောင်မာ .. ဒါတောင် ဒီကောင်က ငြိမ်ငြိမ် မနေသေးဘဲ … ရဲရဲ့ နားရွက်ကို ကိုင်ပြီး …

ဟဲ့ .. မြင်း .. ဟဲ့ .. မြင်း .. ဆိုပြီး မြင်းစီးတဲ့ ပုံစံ လုပ်ပြီး ဆော့နေသေးဗျား …..။

ဒါနဲ့ပဲ .. ဒီကောင့်နာမည် … “ရဲစီး” … ဆိုပြီး တွင်လာခဲ့လေသည်ပေါ့ ခင်ဗျာ ……။

 

+++++++++++++++++++++++++++++++

 

 ရဲစီး ရဲ့ ဘယ်ဘက်ဘေးမှာ ကုပ်ချောင်းချောင်းနဲ့ တစ်ယောက် ……

ထန်းရည်လေး တစ်ကျိုက် မော့လိုက်၊ ကြွက်ကြော်လေး ဝါးလိုက်နဲ့ …

သူ့ကြည့်ရတာ .. ဟုတ်တော့ ဟုတ်နေတာပဲ …

အောင်မယ် … တစ်ခါတစ်ခါများ လမ်းပေါ်က ရေအိုး ရွက်သွားတဲ့ ရွာသူလေးတွေကို လှမ်းအော်ဟစ်လို့ စလိုက်သေး …။

သူကသာ လက်မလောက် …။ ဟိုဟာက မပြောလိုက်ချင်ဘူး …. (နှာခေါင်း) ….

သူ့နာမည်က … “ငတိုက်” ……. တဲ့ ……။

 

ဒီကောင်က အကြွားကလည်း သန်သေး …….။

သူ့အကြောင်း ဖင်ခေါင်းထိသိတဲ့ ဘော်ဒါ အချင်းချင်းတောင်မှ အလွတ်မပေးဘူး …

မရှိ ရှိတာကို ကြွားတတ်တဲ့ကောင် …..။

လေးတန်း လောက်မှာ စပြီး ကြွားတတ်လာတယ်လို့ ထင်တာပဲ …

ဘာလို့လဲ ဆိုတော့ … အဲဒီ အချိန်ကတည်းက သူ့နာမည် .. “ငတိုက်” .. လို့ တွင်ခဲ့တာကိုး …

ဘယ်သူတွေက ပေးထားတာ မှတ်လဲ …။

သူ့ဘော်ဒါတွေ အကုန်လုံးက တညီတညွတ်တည်း ပေးခဲ့ကြတာ ….။

အဲ့ဒီတုန်းက သောက်မြင်ကပ်လောက်အောင် သူ ခဏခဏ လူကြုံတိုင်း ကြွားနေတဲ့ စကား ရှိတယ် …

“ငါတို့ အိမ်က တိုက် အကြီးကြီး ဆောက်မှာကွ” ……. တဲ့ …..။

ဒီလိုနဲ့ ဒီငကြွား နာမည် … “ငတိုက်” …. ဆိုပြီး တွင်ခဲ့တော့တာပါပဲ ……။

 

+++++++++++++++++++++++++++++++

 

ငတိုက်ရဲ့ ဘေးမှာ ဘိုးမင်းခေါင် ဒီဇိုင်းနဲ့ တင်ကလိမ်ချိတ်ပြီး ထိုင်နေတဲ့ တစ်ယောက်လည်း ရှိသေးတယ် …..။

 

+++++++++++++++++++++++++++++++

ဒီကောင့် အကြောင်းနဲ့ ကျန်တဲ့ ဇာတ်လမ်းကတော့ ဆက်ရန်ပေါ့ … ဟဲ .. ဟဲ …..။

+++++++++++++++++++++++++++++++

စကားစပ်တုန်း ပြောရရင် .. ဒီကောင်တွေက ငယ်ပေါင်း ကြီးဖော် စစ်စစ်တွေဗျ ...
စကားစပ်တုန်း ထပ် ပြောရရင် .. ဒီကောင်တွေက ငယ်ပေါင်း ကြီးဖော် စစ်စစ်တွေဗျ …

+++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++

20 comments

  • လူကလေး

    February 11, 2013 at 5:47 pm

    စိတ်ဝင်စားကာပြီဆိုမှ .. ဆက်ရန်တဲ့

    ဒီမယ် အံစာအတုံး..

    ဆက်ရန် ရှိတယ်ဆိုလည်း ၁ ၂ ၃ ၄ တပ် ဗျ . ..

    နို့မို့ ဆို ဘာမှန်းကို မသိဘူး .. အိပ်မက်ကောင်းတုန်း လန့်နိုးသလိုလို .. ဘာလိုလိုနဲ့..

    • ဒီမယ် လူဂလေး …
      ဒါ ကျုပ် စတိုင်ဘဲ …
      မကျေနပ်ရင် အသေသာ သတ်သွား …
      (လဂါး နောက်ဒါနော် .. အဟီးး ) :mrgreen:

      ပဆုံး အားပေးသွားဖော်ရတာ ..
      ရှဲရှဲ သန်းကျူး အကြီးကြီးပါ ခညာ …

  • aye.kk

    February 11, 2013 at 5:56 pm

    ခြောက်မျက်နှာ..
    ထောင့်စေ့ကါ…
    ဆက်ရေးပါဖတ်ရှုမှာ။။

  • P chogyi

    February 11, 2013 at 7:03 pm

    ဒီမယ်မောင်အံ
    ကျုပ်ရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အိုင်ဒီယာတွေကို
    ကူးပြီး ပုံစံတူလိုက်ရေးတဲ့အတွက်
    အမြန်တောင်းပန်ပါ မဟုတ်ရင်
    တစ်နေ့ ကိတ်မုန်တစ်လုံး ဒဏ်ရိုက်မယ်။

  • မောင်ပေ

    February 11, 2013 at 7:33 pm

    အဲ့ရွာမှာ ပြောစရာလူတစ်ယောက်ရှိသေးတယ်
    အရပ်အမြင့် က ကနောင်မင်းသားကြီးလက်ထက်က နိုင်ငံခြား ပညာတော်သင်လွှတ်ဖို ့ရွေးတဲ့အရပ်
    ရုပ်က အရမ်းခန် ့ညားချောမယ် တယ်လို ့မဆိုနိုင်ရင်တောင် အဲ့ထက်မလျော့တဲ့ ရုပ်
    အသားက ခပ်ဖြူဖြူ နဲ ့
    ကွမ်းစားတတ်တဲ့ “ပေ” ဆိုတဲ့ ပညာမတတ် လူလတ်ပိုင်းတစ်ယောက် ဆိုတာပါပဲ
    ဟဲဟဲ
    မဟာလဘာဂျာ သည် သူ ့ဇါတ်တွင် ကျွန်ုပ်နာမည်ကို ထည့်သုံးမည် ဆိုလျှင် ကျွန်ုပ် ဇါတ်ကောင် ကို အထက်ပါအတိုင်း သုံးရမည်
    ပုံ
    ဖိုးဖိုးပေ

  • @အန်တီအေး

    အန်တီအေး ခင်ဗျာ ….
    ခုလို ဝင်ရောက် ဖတ်ရှုပြီး
    ကွန်မန့်လေး ပေးသွားတာ ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ ….
    ဆက်ရေးဖို့ တိုက်တွန်း အားပေးတဲ့ အတွက်လည်း ကျေးဇူးပါ ခင်ဗျာ ….

    ++++++++++++
    @ကိုပီချိုကြီး

    ဘာဒုံးဂျ …
    ခညားဂျီးက ကျုပ်ကို ပြန်လက်စားချေဒယ်ပေါ့လေ …
    ဘာဖြစ်ဖြစ် …
    ခညား ကျုပ်ပို့စ်မှာ လာမန့်ဒဲ့အတွက်
    ကျုပ်ကို တစ်နေ့ ကွမ်းငါးရာဖိုး ဆက်စေဒဒီးးးး ဟီးဟီး
    ဘယ်ရမဲ … နာတွ မဟာရာဂျာ …. :mrgreen:

    +++++++++++++++++++
    @ရောင်းရင်းကြီး

    အဟမ်းး ဟမ်းးး
    စိတ်ချဘာ …
    ခညား ပြောတဲ့ ပုံစံနဲ့ တစ်သွေမတိမ်း
    ဆန့်ကျင်ဘက် ဇာတ်ကောင် အဖြစ် ထည့်ပလိုက်မှာ ..
    ထည့်ဖို့ကတော့ စိတ်သာချ …
    ကျုပ် တွေးထားတဲ့ထဲ ခညားက ပါပြီးသား …
    ဟီးဟီး .. တွေးရင်း ရီတောင် ရီချင်လာပီ … :mrgreen:

    ++++++++++++

    ချစ်တဲ့ ………..
    အံချာဒုံး

  • Mr. MarGa

    February 11, 2013 at 8:26 pm

    စလာပြန်ပြီ အခန်းဆက်
    ဆုံးအောင်တော့ အဆုံးသတ်နော်
    တစ်ဝက်တစ်ပျက် ကို့လို့ကန့်လန့် လုပ်ရင်တော့ နင် မလွယ်ဘူး
    အောက်ဆုံးကပုံကိုကြည့်တာနဲ့ နင်ငယ်ငယ်တုန်းက အဲလိုလေးဆိုတာ တွေးမိသွားတယ် :mrgreen:

    • အောက်ကပုံကလား …
      အိုက်ဒါ .. ညာဘက်က နာလေ …
      ဘယ်ဘက်က နင် ဖြစ်မှာပေါ့ … ဟဲဟဲ …
      နာ့တစ်ယောက်တည်းတော့ ဆော်ဖို့ မစဉ်းစားနဲ့ ….
      တစ်ခါတည်း ဆွဲခေါ်ထည့်ပလိုက်မယ် … တွေ့ဒယ် မီဟုတ်လား … :mrgreen:
      ဒီဇာတ်ထဲ နင်ရော ပါဂျင်လား ….

      • Mr. MarGa

        February 12, 2013 at 5:03 pm

        ရဘီရဘီ
        ငါပါ ပါတယ်ဆိုရင် နင်လဲ သက်သာမယ် မထင်နဲ့နော် ငွင်းငွင်း
        မျှမျှတတဖြစ်အောင် ကိုယ့်ဟာကိုယ် ပြန်ထည့်

  • လုံမလေးမွန်မွန်

    February 11, 2013 at 10:02 pm

    ပို့စ်ကို တစ်ခါတည်း ပြီးအောင်ရေးရင် အံစာတုံး ဘယ်ပီသတော့မလဲ.. အဲ့လိုလေးလုပ်လိုက်ရမှ စားဝင်အိပ်ပျော်တယ်ထင်တယ်… သတိလက်လွတ်ပြီး စိတ်ဝင်တစားဖတ်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်တော့မယ်… ဒါဗျဲ… နောက်တစ်ပိုင်း မြန်မြန်ဆက်…. 🙂

    • မဟာရာဇာ အံစာတုံး

      February 11, 2013 at 11:16 pm

      ဟုတ်ဒယ် .. ဟုတ်ဒယ် ..
      အဲ .. အဲ .. ဟုတ်ဘူး .. ဟုတ်ဘူး …
      တစ်ခါတည်း ပြီးအောင် ရေးလိုက်ရင် ဖတ်ရတာ ငြီးငွေ့တွားမှာ စိုးလို့မို့ …
      မရေးဒါဘာ …. ဟဲ … ဟဲ …. :mrgreen:
      ကြည့်ပါ့လား … ကိုရီးယား ဇာတ်ကားတို့ ဘာတို့တောင်မှ ….
      ဇာတ်လမ်းတွဲလေးတွေနဲ့ မဟုတ်လား …

      • surmi

        February 12, 2013 at 2:19 pm

        အေးပေါ ့ကွာ
        သူများတွေကို ဒန် ့ဒန် ့ဒန့် ့ ဖြစ်အောင်လုပ်ရင်
        ကိုယ်လည်း ဒန် ့ဒန် ့ဒန် ့ဖြစ်တတ်တယ်ဆိုတာလေး…..
        ဝဋ် ဆိုတာ ဘဝမခြားဘူးနော
        :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    February 11, 2013 at 10:12 pm

    အော်အော် ဒါ့ကြောင့် အမတ်မင်းရယ်လို့ နာမည်တွင်နေတာကိုး
    မတ်ကြီးမတ်ကြီး.. အဓိပါယ်သိလိုက်ရတော့ နဲနဲတောင် စတွန့်သွားတယ်
    ငယ်ငယ်ကတောင်ဂလောက်ဖြစ်နေတာ ခုဆိုရင်တော့.. 😛

    • မဟာရာဇာ အံစာတုံး

      February 11, 2013 at 11:20 pm

      ဟဲ .. ဟဲ … ဟဲ ….
      ဟုတ်ဒယ်ဂျ …
      မတ်ကြီး ဆိုတဲ့ နံမယ် တွင်လာဒါ .. ဂလိုဂျောင့်ဂျ …
      နောက်အပိုင်းကျရင်တော့ …
      အုပ် ဆိုဒဲ့ နံမယ်များ ပါလာလေမလားဘဲ ….
      သိဘာဘူးဂျာ …… :mrgreen:

  • မဟာရာဇာ အံစာတုံး

    February 11, 2013 at 11:25 pm

    အားလုံးသော …
    ဂဇက်ရွာအတွင်းမှ ဘော်ဘော် အပေါင်းဒို့ …..
    ခညားဒို့ရဲ့ နံမယ်ဒွေနဲ့ ခပ်ဆင်ဆင် တူနေပါက …
    ခွေးလွှတ်ဂျဘာဂုန်လော့ ……….
    ဤသည်ကား ပန်ကြားချက် ဖစ်လေဒေါ့ဒဒီး ……

  • ဗုံဗုံ

    February 12, 2013 at 8:55 am

    နင်ဂ ဘယ်နေရာကဘာမှာလဲ ငါတွေးရင်း တွေးရင်း ရီချင်လာပြီ နာတိဒယ် နင်ဟိုနေရာက :harr:

    • မဟာရာဇာ အံစာတုံး

      February 12, 2013 at 10:13 am

      နာဂ ရေးဒူဆိုဒေါ့ …
      ပါဒေါ့ ဝူးးလေ … အဟီးးး :mrgreen:
      ပါဂဲ့ရင်လည်း နာ့ကိုယ်နာ ပြန်ဆော်နေရအုံးမယ် …
      မပါတော့ ဆော်ရတာ အားနာစရာ မလိုဘူး …
      စိတ်ကြိုက် ဆွဲရုံဘဲ .. ဟီးဟီးးး
      ဒါနဲ့ … နီရော ပါအုံးမား … :mrgreen:

  • MaMa

    February 12, 2013 at 9:03 pm

    ရေးလာသမျှ ဖတ်လာလိုက်တာ နောက်ဆုံးကျမှ Real Friend ဆိုတာ ဒီလိုပါလားလို့ သဘောပေါက်သွားတယ်။ :kwi:

  • ကြည်ဆောင်း

    February 13, 2013 at 9:36 am

    နောက်ဆက်ရန်တွေမှဘဲ မန့်တော့မယ် ..
    အခု မမန့်သေးဘူး ..
    :mrgreen:

  • amatmin

    March 12, 2013 at 9:47 pm

    ခုမှ ကြည့်မိတယ်..
    ဒီလူဘိုအံ ကျုပ်နာမည်ကို အသရေဖျက်ထားတာပဲ.. 🙁
    ပေးမဲ့ပေး ငတိုက် တို့ ရဲစီးတို့လိုပေးပါလားဗျ..
    ဒါနဲ့ ငယ်ပေါင်းကြီးဖော်တော့ မသိဘူး.ရယ်.
    အဲ့လူရီးတွေက ကျုပ်ကို ကြုံတိုင်း အရက်တိုင်းနေကြမို့..
    သောက်ဖော်သောက်ဖက် ဆိုတာပဲ ကြိုက်တယ်..

Leave a Reply