ကိုယ်နှင့်လာဆိုင်သောအခါ

မောင် ပေFebruary 11, 20131min28434

မင်္ဂလာပါခင်ဗျာ…….
ဖေဖော်ဝါရီ ၁၂ ဟာ ပြည်ထောင်စုနေ ့
ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ ့
ဖေဖော်ဝါရီ ၁၄ ဟာ ဗယ်လင်တိုင်းနေ ့
ဒီရက်ပိုင်းအတွင်း အဆိုပါ နေ ့၃နေ ့နဲ ့ပတ်သက်ပြီး စာတော်တော်များများ ဖတ်ရပါတယ် ။ တွေ ့ရပါတယ် ။
ဒါနဲ ့ ဗယ်လင်တိုင်းနေ ့အမှတ်တရ အနေနဲ ့ ပို ့စ်လေးတစ်ပုဒ်လောက်ရေးချင်ပါတယ် ။
ပြည်ထောင်စုနေ ့အမှတ်တရ နဲ ့ ဗိုလ်ချုပ်မွေးနေ ့အမှတ်တရ တို ့အတွက်တော့ ၊ ကိုယ့်မှာ စာတစ်ပုဒ်ရေးလောက်စရာ မဖွဲ ့နိုင်တာကြောင့် ဗယ်လင်တိုင်းနေ ့မှာ ပျော်ကြမယ့် ချစ်သူများအတွက် ရည်ရွယ်ပြီး ရေးပါတယ်ဗျာ။ အရိုးသားဆုံး ပွင့်လင်းစွာပြောပြတာပါနော ။

ဒီနေ ့မြန်မာနိုင်ငံမှာ သမ္မတအုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်လာပြီး ၊ နေရာတော်တော်များများ ၊ ကိစ္စတော်တော်များများမှာ ပွင့်လင်းမြင်သာမှုတွေ ရှိလာပါတယ် ။ ဖြစ်သမျှအကြောင်းအားလုံးကို မပွင့်လင်းသေးဘူးဆိုရင်တောင်မှ ၊ လက်ရှိကြုံနေရတဲ့ မြင်သာမှုတွေဟာ ၊ အရင်စစ်အစိုးရ အုပ်ချုပ်မှုတွေ လက်အောက်မှာ လုံးဝမရှိခဲ့တာကိုတော့ လက်ခံကြရပါလိမ့်မယ် ။
နောက်ပြီး ဒီနေ ့ခေတ်ကြီးဟာ အရမ်းကို တိုးတက်ပြောင်းလဲနေပါတယ် ။
(ချစ်သူများနေ ့ ၊ ချစ်သူများအတွက် ရည်ရွယ်ပြီး ရေးမှာမို ့ ၊ တခြားအကြောင်းအရာများကို ဥပမာ မပေးတော့ပါ)
ဒီနေ ့ခေတ်ကြီး တိုးတက်ပြောင်းလဲလာတဲ့အထဲမှာ စုံတွဲတွေအတွက်တော့ ကောင်းပေမယ့် ၊ သမီးရှင်တွေ မျက်ခုံးအကြီးအကျယ်လှုပ် ၊ စိတ်ပူစိုးရိမ်မှုတွေ ဖြစ်စေမယ့် တိုးတက်လာခြင်းများလဲ ပါနေတာကို တွေ ့ကြရမှာပါ ။
အရင်ခေတ်တွေတုန်းက သမီးရည်းစားတွေဆိုရင် ၊ ချိန်းတွေ ့ဖို ့ရာ နေရာရှားပါးလွန်းခဲ့ကြပါတယ်။
သူရို ့တွေ ခဗျာ.. စာသင်ကျောင်းတွေက စာသင်ခန်းတွေအတွင်းနှိုက်သော် လည်းကောင်း ၊ လူသွားလူလာရှင်းသော ပန်းခြံများအတွင်းရှိ ခြုံပုတ်များအတွင်းနှိုက်သော် လည်းကောင်း ၊ မြို ့ပြင်ဘက်ထွက်ပြီး လယ်ကွင်းများနှိုက်သော် လည်းကောင်း ၊ ခက်ခက်ခဲခဲ ချိန်းခဲ့ကြရရှာပါတယ် ။
အရင်ခေတ်မှာလဲ တည်းခိုခန်းတွေ ၊ ဟော်တယ်တွေ ရှိနေပြီဆိုပေမယ့် ၊ အဲ့ခေတ်တွေတုန်းက အရှက်တရား အကြောက်တရား က ဒီနေ ့ခေတ်လောက် မရှားပါးသေးတာမို ့ ၊ အဲ့ခေတ်မှာ တည်းခိုခန်းမှာချိန်းတယ် ၊ ဟိုတယ်မှာချိန်းတယ် ဆိုတာ အနည်းငယ်သော အတွဲများသာ ရှိခဲ့ပါတယ်။
ဒီနေ ့ခေတ်မှာကြတော့… ရုပ်ရှင်ရုံနာမည်ခံ အတွဲချိန်းစရာနေရာများ ၊ ကေတီဗွီများ ၊ သီးသန် ့အဲကွန်းခန်းများကို နာရီပိုင်းဖြင့် ငှားနေလို ့ရသော ကော်ဖီဆိုင်နာမည်ခံများ ၊ အချိန်ပိုင်း အခပေးနေတဲ့ မိုတယ်များ ၊ အင်းများ ၊ ဟိုတယ်များ အရမ်းပေါများလာတဲ့အခါကြ ၊ သမီးရည်းစားတွေအတွက် ချိန်းတွေ ့ဖို ့ ရွေးခြယ်စရာတွေ များလာပါပြီ ။
နောက်ပြီး အရင်ခေတ်တုန်းက သန္ဓေတားဆေး ဆိုတာ သိပ်မသုံးခဲ့ကြပါဘူး ။ သိပ်မပေါများတာကြောင့်မို ့လဲ ပါမယ်ထင်ပါတယ် ။ ဒီနေ ့ခေတ်မှာတော့ တားဆေးတွေဟာ ပလူကိုပျံနေတာမို ့ ၊ ကိုယ့်စိတ်ကြိုက် လွယ်ကူစွာ ဝယ်ယူသုံးစွဲလို ့ရနေပြီပေါ့ ။
ဆိုတော့ သမီးရည်းစားအတွဲတွေဖို ့တော့ ၊ ကာမ ကို ဝေမျှ ( ဒါမှမဟုတ် ) ရင်ခုန်သံခြင်း အနီးကပ်ဆုံးဖလှယ် ဖို ့ ဆိုရင် ၊ နောက်ဆက်တွဲ ပြဿနာတွေအတွက် အုန်းစားစရာ သိပ်မလိုတော့ဘူးပေါ့ ။
နောက်ပြီး အရင်ခေတ်တုန်းက ယောက်ျားလေးတွေ စိတ်ဝင်စားလေ့ရှိတဲ့ ၊ ( စိတ်မဝင်စားတဲ့ ယောက်ျားလဲ ရှိရင်ရှိမှာပါ ) ၊ လိင်ဆက်ဆံတာတွေကို ရိုက်ကူးထားတဲ့ ၊ အပြာကား လို ့ခေါ်တဲ့ အောကားတွေ ဆိုတာမျိုးက ကြည့်ရဖို ့အရမ်းရှားခဲ့တာကိုး ။ ဗီဒီယိုရုံလေးတွေ သွားကြည့်မယ်ဆိုရင်တောင် ၊ ရဲကလာဖမ်းလို ့မိရင် ၊ ကတုံးတုံးလွှတ်တာ ၊ မျက်ခုံးမွှေးရိတ်လွှတ်တာတို ့မျိုး ရှိခဲ့တော့ ၊ ခက်ခက်ခဲခဲရှားရှားပါးပါး ကြည့်ခဲ့ကြရတာမျိုးပေါ့ ။
ခုခေတ်မှာတော့ ဈေးပေါပေါနဲ ့ဝယ်လို ့ရတဲ့ အမ်ပီဖိုးပလေယာတွေ ၊ တက်ပလက်တွေ ၊ အန်းဒရွိုက်ဖုန်းတွေ ရှိနေပြီဆိုတော့ ကိုယ်ကြည့်ချင်တဲ့ဟာကို အလွယ်တကူ ကြည့်လို ့ရနေပြီဆိုတော့… ၁ဝနှစ်သားအရွယ်ကစလို ့ ၊ လိင်ဆက်ဆံခြင်း ဗီဒီယိုတွေ /အောကား တွေ ကို ကြည့်တဲ့သူက ကြည့်ပြီး လက်တဲ့စမ်းချင်တဲ့သူကလဲ လက်တဲ့စမ်းချင်နေတဲ့ခေတ်ကိုးဗျ ။
အဲဒါရဲ ့ နောက်ဆက်တွဲ မကောင်းတဲ့အချက်ကတော့ ၊ လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ် နဲ ့ရည်းစားထားကြတာပါပဲ (၁၆နှစ်မပြည့်သေးတဲ့ကလေးတွေကိုအများကြီး ပါပါတယ်) ။ အသက်ငယ်ငယ် ညီမငယ်လေးတွေခဗျာလဲ ကိုရီးယားရုပ်သံဇါတ်လမ်းတွဲများထဲက ပြတဲ့ ဇါတ်လမ်းများကြောင့်သော်လည်းကောင်း ၊ အရည်သွေးညံ့ ဘာဇါတ်လမ်းမှမရှိတဲ့ အဆင့်မရှိ ခုတွေ ့ခုချစ် ခုချိန်း မြန်မာရုပ်ရှင်ဇါတ်ကားများကြောင့်သော် လည်းကောင်း ၊ ငယ်ငယ်ရွယ်ရွယ်နဲ ့ရည်းစားထားချင်နေကြပါတယ်။
လက်တည့်စမ်းချင်တာလို ့ပြောရမပေါ့နော…။
အရင်ခေတ်တုန်းက ရည်းစားထားတယ်ဆိုတာ ၊ သမီးရည်းစားအတွဲတော်တော်များများ ဟာ ချိန်းကြပြီ ဆိုရင် စကားလက်ဆုံကြ ၊ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်ကြောင်း ၊ ဘယ်တော့လောက်မှာ လက်ထပ်ပေါင်းသင်းကြမယ့်အကြောင်း ၊ အလွန်ဆုံးရှိလှမှ လက်ကလေးကိုင် ၊ အာဗွားလေး ဘာလေးပေးရုံ ရှိခဲ့ကြတာပေါ့
အာဗွားလေး ပေးရရင်ကို ၊ ကိုယ့်မှာ တော်တော်ဟုတ်လှပြီ ၊ အရမ်းပျော်ခဲ့ကြရတဲ့ ခေတ်ပေါ့ဗျာ
ဒီနေ ့ခေတ် ကလေးများကတော့ လက်တွေကသွက်တယ်ဆရာရေ… သမီးရည်းစားဖြစ်ပြီဟေ့ ဆိုတာနဲ ့ ၊ ဘယ်ကေတီဗွီမှာ အစပျိုးမယ် ၊ ပေါက်ဆီစားမယ် ၊ ဘယ်နေရာမှာ ဂိုးသွင်းမယ် အဲ့လိုအဲ့လိုတွေ ဖြစ်နေကြတာကလား ။ နောက်ပြီး အခုခေတ် လူငယ်တွေ ရည်းစားထားရင် ၊ လက်ထပ်ပေါင်းသင်းယူဖို ့ဆိုတာ သူတို ့လေးတွေရဲ ့ခေါင်းထဲမှာ လုံးဝမရှိတဲ့ ၊ မစဉ်းစားကြတဲ့ အကြောင်းအရာကြီးကို ဖြစ်လို ့ ၊ သူတို ့လေးတွေ တွေးနေတာ ၊ လုပ်ဖို ့ကြံနေတာ ဘာလဲ ဆိုတော့ ၊ လက်တဲ့စမ်းကြဖို ့ပဲ ၊ ဆိုတော့ဗျာ…။
ထားပါတော့ဗျာ
မောင်ပေ ခေါင်းစဉ်တပ်ထားတဲ့ “ ကိုယ်နဲ ့လာဆိုင်သောအခါ ” ဆိုသော အကြောင်း နဲ ့ပတ်သက်ပြီး အကြောင်းအရာက မရောက်ဘူးဖြစ်နေတယ် ။ အခုရေးမယ့်ဇါတ်လမ်းထဲမှာ ဆက်ဆံရေးအကြောင်းများကို ပွင့်ပွင့်လင်းလင်းတွေ ထည့်ရေးထားပါတယ် ။ အဲဒါမျိုးကို အညှီ ၊ ညှီတယ် လို ့ ထင်တဲ့ စာဖတ်သူများ ရှိရင် ၊ ဆက်မဖတ်ပါနဲ ့လို ့တောင်းဆိုလိုက်ပါရစေ ။
ဒီလိုပါ…….
ဇါတ်ကောင်နာမည်ကိုတော့ မောင်ရိုး လို ့မှတ်ပေါ့ဗျာ ။
အဲဒီ မောင်ရိုး ဆိုသည့်ကောင်ဟာ တစ်ကယ်ကို ဇွတ်တရွတ်နိုင်တဲ့ကောင်ပါ ။
ရည်းစားတွေ တော်တော်များများ ထားခဲ့ဖူးပေမယ့် ၊ မောင်ရိုး ရဲ ့လူပျိုပေါက်အရွယ်မှာ အရင်ခေတ်ကလူတွေနဲ ့အပေါင်းအသင်းလုပ် အရွယ်ကြီးလာတာဆိုတော့… သူတို ့တွေ သင်ပေးထားသလို ၊ ကိုယ် တာဝန်မယူနိုင် ၊ လက်ထပ်မပေါင်းသင်းနိုင်ပဲနဲ ့ ၊ သူများ သမီးပျို ကို လိင်ဆက်ဆံခဲ့ခြင်းမရှိခဲ့ဖူးဘူးပေါ့ ။
နောက်ပိုင်းကြ သူ ့ဆရာသမားတွေက ဘယ်လို သင်ပေးသလဲဆိုတော့ ၊ “သူကျွေးကိုယ်စား ငရဲမသွား” တဲ့
အဲ့မှာ မောင်ရိုးတစ်ယောက် သူ ့ကျွေးမယ့် အမျိုးသမီးမျိုးကို ရှာတွဲတော့တာပေါ့ဗျာ
အဲဒါမျိုးတွေကို စာဖတ်သူများလဲ တွေ ့ဖူး မြင်ဖူး ကြားဖူး (ကြုံရင်လဲကြုံဖူး) ကြမှာပါ
မရှိခဲ့ဖူးဘူး ဆိုရင်လဲ အခုဖတ်ဗျာ
မောင်ရိုး နောက်ပိုင်းထားတဲ့ ရည်းစား ၊ တွဲတဲ့ အမျိုးသမီးတွေဟာ ဘယ်လို ပုံစံမျိုးတွေလဲ ဆိုတော့ ၊ ပိုက်ဆံရှိ ဘဲကြီးများ ရဲ ့ကစ်ပင်းတွေပါသလို ၊ လက်ထပ်ပေါင်းသင်းပါမယ်ဆိုပြီး ကတိတွေခံ လုပ်ချင်ရာလုပ်ပြီးမှ ရည်းစားကပစ်သွားလို ့လောကကြီးကို အရွဲ ့တိုက်ပြီး ထင်ရာစိုင်းတဲ့ အမျိုးသမီးများ ၊ တစ်ချို ့ (လုံးဝအနဲငယ်ပဲ ရှိပါတယ် ) အထိအတွေ ့ကို အရမ်းကြိုက်တဲ့ အမျိုးသမီး တွေ လဲ ပါတာပေါ့ ။ အဲ့ဒီတွေထဲမှာ ကျန်တာတွေက သိပ်ကိစ္စမရှိပေမယ့် ၊ ဘောစိတွေ ရဲ ့ကစ်ပင်းနဲ ့ ကွယ်ရာမှာတွေ ့တာမျိုးကတော့ ဖောင်းမယ်ထင်ပါတယ် ။ သူများ သားမယား ကို ပစ်မှားတာမျိုး ဖြစ်မယ်လို ့ထင်မိပါတယ် ။
အဲဒီ ကစ်ပင်းတွေဆိုတာကလဲ ၊ သူ ့ဘောစိ က တစ်လနေမှ တစ်ပတ်မျိုးလောက် တွဲတာဆိုတော့ ၊ ကျန်တဲ့အချိန်တွေမှာ အပျင်းပြေ ဟဝှါဖြစ် ဘာညာ အတွက် လင်ငယ် ၊ ဘဲငယ် ရှာတတ်ကြတာကလား ။
မောင်ရိုးခဗျာ သူ ့ဆရာတွေရဲ ့လမ်းညွှန်ပို ့သချက်အသစ်ကြောင့် ၊ အလုပ်အကိုင်ကို မအားဘူး ဖြစ်ရတော့ရှာပေါ့။
နောက်ပိုင်းကြတော့ ၊ မောင်ရိုးတစ်ယောက် သူ ့ဘဝ အတွက် ပေါင်းသင်းယူသင့်တဲ့ ၊ လက်တွဲဖော်ကို တွေ ့ရှိသွားပါတော့တယ် ။

*********************

ဇါတ်လမ်းကတိုပေမယ့် ၊ အစအဆုံး တစ်ဆက်ထဲရေးလိုက်ရင် ၊ ဖတ်တဲ့သူ စိတ်မရှည်မှာစိုးလို ့၊ ၂ပိုင်းခွဲလိုက်ပါတယ် ၊ ဇါတ်သိမ်းပိုင်းကို နောက်ရက်တွေအတွင်း အမြန်ဆုံး ရေးတင်ပါမယ် ။

*********************

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

34 comments

  • လူကလေး

    February 11, 2013 at 9:25 pm

    ကြည့်ကြသေးတာပေါ့မောင်ရိုးရယ် . . .
    နောက်တစ်ခန်းကျ မင့် ဘာဖြစ်မလဲဆိုဒါ . . . ဟင်း

    • မောင်ပေ

      February 12, 2013 at 11:55 am

      အခုလိုမျိုး
      ပွင့်ပွင့်လင်းလင်း ရေးပြထားတဲ့ ပို ့စ်မှာ
      ရဲရဲဝံ့ဝံ့ လာရောက်ကွန်မင့်ပေး ပေးတဲ့အတွက်
      ကျေးဇူးတင်ပါတယ်ခင်ဗျ

    • thaung htutsoe

      February 12, 2013 at 12:13 pm

      ဟုတ်တယ် ကိုလူကလေး
      ကျွန်တော်လည်း သိချင်တယ်ဗျို့….

  • ဟက်လူ …
    ညန်ညန်ရေးဂျ ….
    မောင်ရိုး .. ဘီလို ဖစ်တွားဒုံး သိချင်နေဒါ …

    ဒါနဲ့ စကားမစပ် …. ပြောပြရင်တော့ဖြင့် ….
    နောက်ပေါက်တွေအတွက် စိုးရိမ်မိတာ အမှန်ပဲ …
    ကျွန်တော့်ရဲ့ အောက်က ကောင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမ ရသွားပြီ ….
    သူက ယောက်ျားလေးမို့ ရှိစေတော့ပဲ ထားပါတော့ …
    နောက် သူ့အောက်က ညီမ သုံးယောက် …
    အရွယ် မရောက်သေးပေမယ့် …
    သူတို့တွေ အရွယ်ရောက်လာတဲ့အခါ ဆိုပြီး … တွေးပူနေမိတာ အမှန်ပဲ ….

    • မောင်ပေ

      February 12, 2013 at 11:57 am

      စာရဲ ့ဆိုလိုရင်း နဲ ့အနီးစပ်ဆုံး ခံစားဖတ်ရှုပေးသွားသော အံကြီးအား ရှဲရှဲပါ

  • ဂန္ဓာရီ ဆြာအုပ်

    February 11, 2013 at 10:32 pm

    ဟုတ်တယ် ဟုတ်တယ်
    အနော်တို့ငယ်ငယ်တုန်းကသိပ်ရှားတာ
    ခွိခွိခွိ

    • ကထူးဆန်း

      February 12, 2013 at 12:46 am

      ကံမကောင်းဘူးလို့ ပြောချင်တာလားဟင်င်င် ..
      ခွိခွိခွိ

      • မောင်ပေ

        February 12, 2013 at 12:05 pm

        ကိုယ့်ဆရာနှစ်ယောက် အခုမှ ပေါ်လာတယ်ဗျာ
        ဘာပဲဖြစ်ဖြစ်
        ကွန်မင့်တွေအတွက် အားဖြစ်ရလို ့ ရှဲရှဲပါ

  • captainamerica

    February 12, 2013 at 11:44 am

    အင်း မောင်ရိုး မောင်ရိုး နောက်ပိုင်းတော့လည်း မောင်ကြိုက်ကြီးဖြစ်သွားတာပါပဲလား :mrgreen:

    • မောင်ပေ

      February 12, 2013 at 12:01 pm

      captain ကြီးရေ
      ပျောက်နေတာအတော်ကြာရာကနေ
      အခုလို လာရောက် ကွန်မင့်ပေးလို ့ကျေးဇူးတင်ပါတယ်ဗျာ
      မောင်ရိုးကနေ မောင်ကြိုက် ဖြစ်လာမလား ဆိုတာ
      ဇါတ်သိမ်းပိုင်းမှာ ဆက်လက် ဖတ်ကြည့်ပေးပါဗျို ့

  • လွယ်တော့ လည်
    လည်တော့ လွယ်
    ဆွမ်းခံရင်းလဲငှက်မသင့်ပါစေနဲ့
    လည်လွန်းတဲ့ဘီးလဲ ချေးမသင့်ပါစေနဲ့
    ပိုက်ဘောလဲ မမိပါစေနဲ့
    ချေးထုပ်ကြီးလိုက် မပိုက်မိပါစေနဲ့

    • မောင်ပေ

      February 13, 2013 at 11:58 am

      ဟုတ်ကဲ့
      ဆုံးမစကားများကို နာယူမှတ်သားထားကြောင်းပါ လေးဗောက်

  • ကိုရင်စည်သူ

    February 12, 2013 at 12:25 pm

    ကိုပေရဲ့ ဒဲ့အရေးအသားတွေခိုက်တယ်ဂျ
    ကိုရင်တောင် အရင်တုန်းက မိန်းကလေးတစ်ယောက်
    ရည်းစားဖြစ်ပီးတောင် လက်မကိုင်ရဲလို့ ၆လလောက်
    အချိန်ယူခဲ့ရပါတယ်.. ဒီခတ်နဲ့ကွာဘာ့စ်… 😆
    အဲ့က ကိုရိုးဟာ ဆရာပေ မဟုတ်ဘူးလို့
    ကိုရင် ယုံကြည်ပါတယ်.. ဇာတ်သိမ်းခန်းလေး ဖုန်းကနေ
    မျှော်ဖတ်နေမယ်ဗျ… 😳

    • မောင်ပေ

      February 13, 2013 at 11:59 am

      ဇါတ်သိမ်းပိုင်းကို 13.2.2013 ညမှာ ပြီးအောင် ရေးတင်ပါမယ်နော
      ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးပါ

  • surmi

    February 12, 2013 at 12:53 pm

    အင်းးးးးး ကျုပ်တို ့မှာလည်း ကလေးတွေနဲ ့ဆိုတော့ ပိုပြီး တွေးပူရသပေါ ့
    သို ့သော်လည်း ကိုယ်ဖြစ်စေချင်တာ အတင်းလုပ်ယူလို ့မရတာပဲလေ
    ဒီတော ့ ကိုယ်ဖြစ်စေချင်တာလေး လမ်းကြောင်းပေးရင်းးးးးး
    သဗ္ဗေသတ္တာ ကမ္မသကာ လု ိ့လည်း မပြောရဲ ပါဘူး ဗျို ့

    • မောင်ပေ

      February 13, 2013 at 12:01 pm

      ပုထုဇဉ်အနေနဲ ့တော့
      ကိုယ်နဲ ့ဆိုင်လာတဲ့အခါကြ
      သဗ္ဗေသတ္တာ ကမ္မတကာ လို ့ပြောဖို ့အရမ်းခက်တာ အမှန်ပါပဲ ကိုဆာမိရေ

  • Mr. MarGa

    February 12, 2013 at 5:31 pm

    ပညာပေးအစီအစဉ်တွေ များများလုပ်ပြီးတော့ ထိန်းရမှာပဲဗျို့
    ပွင့်လင်းလာတာက ကောင်းပေမယ့်
    ဒါလောက်ပွင့်လင်းလာရင်တော့လဲ မကောင်းပြန်ဘူး
    ဒီနှစ် ဗယ်လင်တိုင်းကို
    မျက်ခုံးလှုပ်စွာနဲ့ စောင့်ကြည့်လိုက်ပါဦးမယ်

    • မောင်ပေ

      February 13, 2013 at 12:03 pm

      ဇါတ်သိမ်းပိုင်းကို 13.2.2013 ညမှာ ပြီးအောင် ရေးတင်ပါမယ်နော
      ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးပါ

  • မောင်ထက်ကြီး(မုံရွာ)

    February 12, 2013 at 6:05 pm

    ဇာတ်သိမ်းခန်းကို မျှော်နေမယ် ဦးပေရေ…

    • မောင်ပေ

      February 13, 2013 at 12:03 pm

      ဇါတ်သိမ်းပိုင်းကို 13.2.2013 ညမှာ ပြီးအောင် ရေးတင်ပါမယ်နော
      ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးပါ

  • padonmar

    February 12, 2013 at 10:17 pm

    မောင်ပေ
    ကိုယ်နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ပတ်ဝန်းကျင်က လူငယ်တွေနဲ့ ပတ်သက်လာတော့ မဆိုင့်တဆိုင်ဖြစ်လာတယ်။
    ဒါကို ညှီတယ်လို့ မပြောပါဘူး။
    ခေတ်ကြီးက လွယ်လွန်းနေတော့ ပွင့်ပွင့်လင်းလင်း ပညာပေးမှ ရတော့မယ်။
    မောင်ရိုးတော့ အေကိုက်တော့မယ်ထင်တယ်။

    • မောင်ပေ

      February 12, 2013 at 10:30 pm

      မောင်ရိုး အေ မကိုက်ပါဘူး ခင်ဗျာ
      မောင်ရိုး ရဲ့ ဇါတ်လမ်းကို ပြီးအောင် ရေးတင်မှာပါ
      အန်တီမာ့ရဲ့ ကွန်မင့်သည် မောင်ပေ့အတွက် အားများစွာဖြစ်ရပါတယ်
      ကျေးဇူးပါ

  • ခင်ခ

    February 13, 2013 at 9:22 am

    ဪ မောင်ရိုး တစ်ယောက် သူ့အတွက်လက်တွဲဖော်တွေ့တယ်ဆိုတော့
    အရင်က သူတွေသည် လက်မတွဲဘဲ ဘာတွဲတာလည်း တွေးကြည့်မ်ိရင်း ပြုံးနေမိတယ်ဗျာ။

    • မောင်ပေ

      February 13, 2013 at 12:05 pm

      မောင်ရိုး ဘဝအတွက် လက်တွဲဖော်ဆိုတော့ ၊ သူချစ်ခင်စွာနဲ ့လက်ထပ်ပေါင်းသင်းယူမယ့် အမျိုးသမီးပေါ့နော

  • kyeemite

    February 13, 2013 at 10:52 am

    အလွန်ကောင်းတဲ့ ဇတ်လမ်းတွဲလေးပါဗျာ..
    ခုခေတ်လူငယ်တွေ ကိုကြည့်ရင်း ကျုပ်လည်း
    တထိတ်ထိတ်ပါဗျာ…ကိုယ့်အပူနဲ့ကိုယ်ပေါ့..
    ကိုပေလက်ရာလေးတွေဖတ်ရခဲသွားပီနော..
    ဘောပွဲတွေချည်းလှိမ့်ရေးနေတာကိုးဗျ..
    ကျုပ်ကလည်း ဘောပွဲဝါသနာမပါတော့
    ကိုရင်ပေနဲ့ အဆက်အသွယ်ပြတ်သလိုဖြစ်နေတာဗျို့..
    အရင်လို ကွမ်းပို့စ်လေးတွေလည်းပြန်ရေးပါအုံးဗျာ…
    ခင်တဲ့.. :hee:

    • မောင်ပေ

      February 13, 2013 at 11:56 am

      လာမယ်ဆရာရေ
      ဒီညတော့ ဇါတ်သိမ်းပိုင်းကိုပြီးအောင်ရေးတင်ပါမယ်ခင်ဗျ
      ဖတ်ရှုအားပေးလို ့ကျေးဇူးပါဗျို ့

  • panpan

    February 13, 2013 at 11:00 am

    ကပေကတော့ မန်းလေးသားပီပီ ဒဲ့ပဲ :mrgreen:

    • မောင်ပေ

      February 13, 2013 at 11:52 am

      ညီမလေးပန်
      လာဖတ်ပြီး ကွန်မင့်ပေးလို ့
      ရှဲရှဲပါဗျာ

      • panpan

        February 13, 2013 at 4:04 pm

        ကပေက တော်တော်နှံ့စပ်တယ်
        ကိုယ်တိုင်ကွင်းဆင်းလေ့လာလေသလား
        မဒမ်ပေနဲ့တိုင်အုံးမှ 😆

  • ခိုင်ဇာ

    February 13, 2013 at 11:04 am

    ကပေတို့ နှံ့စပ်ချက်တွေ။
    နာ ပြန်လာရင်တော့ မုန့်စားတွားမယ်၊ မုန့်လိုက်ကျွေးမယ်နဲ့ အဲ့ဒီတွေကို ခေါ်တွားဖို့မကြံနဲ့။
    ဒါပဲ။

    :harr:

    • မောင်ပေ

      February 13, 2013 at 11:49 am

      ဟီး
      မဇာကြီး ပြန်လာရင်
      မဒမ်ပေလောင်းလေးနဲ ့အတူတူ လိုက်မုန် ့ကျွေးမှာပေါ့လို ့
      သူလေးနဲ ့လဲ မိတ်ဆက်ပေးမှာပေါ့လို ့
      နော
      နော

  • Wow

    February 13, 2013 at 1:07 pm

    အင်း အိုက်လာ… အိုက်လာ တွေအပြင်…
    ကိုယ်နဲ့ နီးစပ်ရာကိုလက်တဲ့စမ်းဖို့ အပြင်… ယောက်ကျား မိန်းမ …မရွေး စပွန်စာကြိုးဇားရှာကြတဲ့ ဒီနေ့ခလေးတွေရဲ့ အစွမ်းကလဲ အံ့မခမ်းပါပဲ… 🙄

  • အရီး လေး

    February 13, 2013 at 5:39 pm

    အရီးလေးရဲ့ အရွယ်ရောက်ပြီးတူတော်မောင် တစ်ယောက်ကို

    ဆုံးမစကားကို ဒီလိုပြောမိပါတယ် ရီးစားထာရင် သူများသာသမီးကို မယူနိုင်ရင်

    လွန်လွန်ကျူးကျူး မဖြစ်စေနဲ့ လို့ပြောတော့ သူကဘာပြန်ပြောလဲဆို

    ကောင်မလေးတွေက ချိန်းတွေ့ရင် မဖက်ရင် အာဘွားမပေးရင်တောင်

    မကြိုက်ဘူးတဲ့ ကိုယ်လဲဘာပြောရမှန်းတောင်မသိ

    အရွယ်မရောက်သေးတဲ့ ကိုယ့်ကလေးတွေ အတွက်ရင်လေးပါဘိ

  • mon khin

    April 21, 2013 at 5:05 pm

    ချက်ကြီးဆီက ကူးလာတာမဖြစ်ပါစေနဲ့။
    အခု ချက်ကြီး ဆိုက်က ပိတ်သွားပြီဆိုတော့ အရင်လက်ကျန်လား

Leave a Reply