ယူတာပဲရှိတယ်၊ လုံးဝမပေးဘူး

phone_kyawFebruary 12, 20131min21412
နိုင်ငံခြားရောက် မြန်မာပညာရှင်တွေဆီကနေ အကူအညီတောင်းတယ်။ သူတို ့က အဲဒိနိုင်ငံသားခံယူထားလို ့ မြန်မာပြည်မှာ လွှတ်တော်အမတ်မပြောနဲ ့နိုင်ငံသားတောင်ဖြစ်ပိုင်ခွင့်မရှိဘူး။ နေပါအုံးဗျ…ခင်ဗျားတို ့လိုချင်တော့ သူများရဲ ့အကူအညီတောင်းတယ်။ ယူတယ်။

ခင်ဗျားတို ့ရဲ ့နေရာလေးဖယ်ပေးရမှာတော့ အင်မတန်ကြောက်တဲ့လူတွေ။ တရားလား မတရားလားဆိုတာလည်း ပြန်စဉ်းစားကြပါအုံး။

ဖြစ်သင့်တာက သူများနိုင်ငံတွေလို နှစ်နိုင်ငံသားခံယူပိုင်ခွင့်ပေးရမှာ။ မြန်မာပြည်ကနေ ထွက်သွားတဲ့ လူတွေက သန်းချီပြီရှိတော့ ဒီလူတွေဟာ တိုင်းပြည်အတွက် အသုံးမဝင်တော့ဘူးလား။

နိုင်ငံခြားသားအဖြစ်ခံယူလို ့မြန်မာပြည်နဲ ့လူထုကို ဘယ်သူမှ သစ္စာမဖောက်ဘူး။ အားလုံးက ငပိနံ ့ကင်းတဲ့လူတွေမဟုတ်ဘူး။ ဒါကို လူတိုင်း သဘောထားကြီးကြီးထားပေးဖို ့လိုတယ်။ အခုတော့ သူတို ့ကပဲ တိုင်းပြည်ကို ချစ်သလိုမျိူး။ စောက်တလွဲ။

တချို ့သော နိုင်ငံခြားရောက် မြန်မာတွေ နိုင်ငံခြားမှာ အနေကြာပေမဲ့ အဲဒိနိုင်ငံသားအဖြစ် မခံယူခဲ့တာကို ဂုဏ်ယူပြီးပြောနေတယ်။ ဒါက လူနဲစုပါ။ သူတို ့ဖာသာ သူတို ့မခံယူချင်လို ့ နေတာကို ငါတို ့က နိုင်ငံသားအဖြစ်ခံယူတဲ့လူတွေထက်ပိုလို ့ တိုင်းပြည်အပေါ်သစ္စာရှိတယ်ဆိုပြီး ကြံဖန်ဖင်ခေါင်းကျယ်တယ်။ ကြံဖန်ပြီး အစိုးရရဲ ့အာဏာပိုင်ငတုံးတွေကို ဖားသလိုမျိူးပဲ။

ဒါကို အစိုးရဟုခေါ်သောလူတစ်စုကလည်း အဟုတ်ကြီးထင်ကြတယ်။

ထိုင်းမှာနေတုန်းက ဘာ့ကြောင့် ထိုင်းနိုင်ငံသားအဖြစ် မခံယူလဲ။ ဩစတျေးလျနိုင်ငံရောက်မှ ဩစီနိုင်ငံသားအဖြစ်ခံယူလို ့ပေါ့ဆိုပြီ မတူတဲ့အချက်ကို ဒေါက်တာမင်းဇော်ဦးက မေးဘူးတယ်။ သူကတော့ အမေရိကန်နိုင်ငံသားမယူခဲ့ပါဘူး ထင်တာပဲ။ သူက သူ ့ကိုယ်သူ ဟုတ်လှပြီထင်နေတယ်။

ထိုင်းမှာနေတုန်းက ရရင် ယူတာပေါ့ဗျာ။ မရလို ့ တရားမဝင်ဖြစ်ခဲ့တာ လူတိုင်းအသိပဲ။

ဘယ်နိုင်ငံသားပဲ ခံခံ၊ ငါကတော့ မခံတာက ကိုယ့်အကြောင်းနဲ ့ကိုယ်ပါဗျာ။ တစ်ခုတော့ရှိတာပေါ့လေ။

သူများဆီက ယူတာရှိသလို၊ ကိုယ့်ဆီကလည်း ပြန်ပေးရတာဆိုတာကို အားလုံးနားလည်ဖို ့လိုတယ်။ ယူဖို ့ချည်းပဲ ခေါင်းထဲမထည့်နဲ ့ပေါ့ဗျာ။

12 comments

  • kai

    February 12, 2013 at 4:03 pm

    ချိုင်းနားက.. ချိုင်းနီစ်းတွေ.. ဒီအတိုင်းဝင်လာ.. မြန်မာပြည်ထဲ.. တရုတ်လုပ်.. မူရင်းနိုင်ငံသားမှတ်ပုံတင်လေး.. တောင်းတောင်မကြည့်ပဲ.. မြန်မာနိုင်ငံသားပေးထားကြတာကိုခွင့်ပြုထားနိုင်ရင်.. ပြည်ပကမြန်မာတွေကို.. ဒူဝယ်စစ်ဒဇင်ခွင့်ပြုသင့်တယ်..။

    မြန်မာပြည်ရဲ့.. အဓိကပြဿနာက.. အလုပ်အကိုင်အခွင့်အလန်းမရှိတာပဲ..
    အဲဒါတွေအတွက်. ပြင်ပကလူတွေရဲ့..အတွေးအခေါ်တွေအဓိကလိုတယ်ထင်မိတယ်..

  • Mr. MarGa

    February 12, 2013 at 6:09 pm

    သဂျီးနဲ့ ကဖုန်းကျော်ပြောတာကို ထောက်ခံပါတယ်
    ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်ပေးနိုင်မယ့်သူဆိုရင် စစ်ဒဇင် ပေးသင့်ပါတယ်
    ဒါမှ ဆုံးရှုံးသွားတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်နိုင်မှာပါ

  • မောင်ပေ

    February 12, 2013 at 6:39 pm

    ကိုဖုန်းကျော်ကော ဘယ်နိုင်ငံသားခံမလဲ
    ဟဲဟဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2013 at 9:47 pm

    အပျင်းဗျေ ကန့်လန့်တိုက်တန်းဂဂျားရရင်ဒေါ့ :mrgreen:
    ခင်ဗျားတို့ နိုင်ဂံဂျားဂိုလစ်သွားတဲ့သတ္တဝါတွေအနေနဲ့
    တိုင်းပြည်ကြီးတိုးတက်ဘို့ဆိုရာမှာ
    ဒို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေလည်း အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တယ်ဆိုပျီး
    စိတ်ကြီးဝင်နေကြတယ်လို့ ကျုပ်ကတော့ထင်ဒါဘဲ
    တစ်ခုကိုတော့ ကြိုကန်ထားလိုက်မယ်
    ဗိုလ်ချုပ်အောင်ဆန်းလည်းပြည်ပထွက်ပြီးတော့ စစ်ပညာသင်ခဲ့တာဘဲဆိုတာကိုတော့
    ဖင်ယားပြီးမပြောနဲ့
    ဗိုလ်ချုပ်ကစစ်ပညာသွားသင်တဲ့အခါဘုရင့်နောင်ဖေါင်ဖျက်တဲ့စိတ်ဓာတ်နဲ့သွားတာ
    စစ်ပညာသွားသင်ကတည်းက ဟိုမြို့ဟိုရွာမှာချောင်သလိုနေမယ် မှောင်ရင်ပြန်လာမယ်ဆိုတဲ့
    စိတ်ကူးယဉ်ဖေါင်ကိုအပြီးဖျက်ပြီးသွားတာ
    ( ငါ့တိုင်းပြည်တွက် ငါ ပြန်ကိုးးလာမယ် )
    ကဲ ယနေ့ပြည်ပမှာနေတဲ့ ဘယ်သတ္တဝါ ရဲ့စိတ်ထဲမှာရှိခဲ့ဘူးလဲ??????????
    သဂျီးတို့ စယာကျောင်ဂျီးတို့ဆို ပိုတောင်ဆိုးဦးမယ် :low:
    ငါတို့ပြည်ပမှာသွားနေမယ် တိုင်းပြည်တွက်အစွမ်းရှိသလောက်ကြိုးစားမယ်
    ဒို့လိုတဲ့ဒီမိုကရေစီကိုရအောင်လှမ်းကူညီမယ် ပြီးရင်ပြည်တော်ပြန်မယ်
    ဘယ်ကောင့်စိတ်ထဲမှာရှိခဲ့ဘူးလဲ
    သူများစိတ်ကိုယ်မသိတော့ ပြောရတော့ခက်တယ်
    အဲ့သည်စိတ်ရှိတဲ့လူကို ကျုပ်ဒီနေရာကနေဖက်ကုန်းပြီးရှိခိုးတယ်
    လက်နက်ကိုင်ပြီးတိုက်ခဲ့တာလဲနားလိုက်တော့
    သတ္တိရှိလို့ သက်စွန်းကြိုးပန်းတိုက်တဲ့ကောင်တွေ ရှေ့တန်းမှာ အသေဆိုးနဲ့သေကုန်ပြီ
    ကျန်နေတာ ဗိုက်ပူပူထိပ်ပြောင်ပြောင်နဲ့ လီးလိုလိုမှိုလိုလိုကောင်တွေချီးဘဲ
    နိုင်ငံတွင်းမှာဖိနှိပ်ချုပ်ချယ်ခံရလို့ နိုင်ငံခြားက အကူညီယူပြီး နိုင်ငံခြားသွားတယ်
    ပြည်ပမှာနေတယ်
    ကောင်းကောင်းစားတယ်
    ကောင်းကောင်းဝတ်တယ်
    ကောင်းကောင်းအိပ်တယ်
    ကောင်းကောင်းလေးအော်ကြတယ်
    နွားတွေ !!!!!!!! ငါ့လခွီး 👿
    တစ်နေ့တစ်နေ့ အင်တာနက်ထဲကနေ ဘယ်နေရာမှာ ပြည်သူတွေအသေဆိုးနဲ့သေကြမလဲဆိုတဲ့
    သတင်းတွေကိုဘဲ ထိုင်မျှော်တယ်
    ပွားဘို့ကုန်ကြမ်းရအောင်
    ခင်ဗျားတို့ ပြည်ပမှာသွားနေတဲ့သတ္တဝါတွေဟာ ဘာနဲ့တူသလဲဆိုရင်
    ( သူများကြိုးစားပမ်းစားတည်ထားတဲ့စေတီကို ငါထုံးသုတ်ပေးမှသပ္ပါယ်မှာဆိုတဲ့ပုံစံတွေနဲ့ )
    ဘာဘဲဖြစ်ဖြစ်ပါ
    လောလောဆယ်တော့ပြန်မလာကြပါနဲ့ဦး
    မီးမမှန်သေးဘူး
    လမ်းတွေမကောင်းသေးဘူး
    ရေချိုးရင်လည်းဖင်ချွတ်ချိုးလို့မရသေးဘူး
    ဖုံးတွေဈေးနည်းနည်းများနေသေးတယ်
    အင်တာနက်တွေ နည်းနည်းနှေးနေသေးတယ်
    ဆိုခြင်တာက တိုင်းပြည်ကြီးက ဆင်းရဲနေသေးတယ် ခေတ်နောက်ကျနေသေးတယ်
    စနစ်ဆိုးတွေရှိနေသေးတယ် အာဏာရှင်တွေကိုတွန်းလှန်နေရသေးတယ်
    မီးမှန်တဲ့အခါ
    လမ်းတွေကောင်းတဲ့အခါ
    ရေချိုးရင်ဖင်ချွတ်ချိုးလို့ရတဲ့အခါ
    ဖုံးဈေးတွေပေါတဲ့အခါ
    အင်တာနက်တွေမြန်တဲ့အခါ
    တိုင်းပြီကြီးချမ်းသာတဲ့အခါ
    ခွေးမသားစစ်အာဏာရှင်တွေ မရှိတော့တဲ့အခါ
    ( အဲ့သည်ကောင်တွေကို စပွန်ဆာပေးပြီးခေါ်ထားလိုက်ပါလား 😆 )
    စိတ်ချမ်းချမ်းသာသာနဲ့ပြန်လာပီး ဆရာလာလုပ်ဂျဘာ
    အဲ့သည်အခါကြမှာ ဆရာကြီးတို့ရဲ့ အာဘော်တော် စိတ်ဆန္ဒတော် အယူဆတော်တွေအတိုင်း
    ဘုန်းကြီးတွေဆိုတာ ငပျင်းတွေပါ အကုန်ဖမ်းပြီး စစ်ထဲဝင်ခိုင်းပါ
    တရားစခန်းမှာတရားအားထုပ်နေတဲ့ ရောဂီသူတော်စင်တွေကို ငပျင်းတွေပါဆိုပြီးဖမ်းပါ
    တိုင်းပြည်ကြီးကို စိတ်တိုင်းကြ ထုံးသုတ်ပါ
    လောလောဆယ် ကျုပ်ဂျီးဒေါ်ဂျီးလည်း အားနေတယ် ထုံးသုတ်ကြည့်ဘာလား
    ဟဲဟဲဟဲ အရဂါးနောက်ဒါ

    • MaMa

      February 13, 2013 at 8:39 am

      ရွာထဲမှာ သူများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ခပ်ဖစ်ဖစ်လေး (သူ့နေရာနဲ့သူ) ရေးတတ်တာ ဘပုပါ။
      Bravo !

      • kai

        February 13, 2013 at 5:16 pm

        အင်းနော…
        အခုတောင် ၁၁ မှတ်အပေါင်းနဲ့..
        ဆိုတော့..
        ဘပုက.. သူကများ.. ပြည်ပမနေတာကျနေတာပဲ…
        ပြည်ပပြည်ပနဲ့.. ထိုင်းနဲ့မလေးမှာရှိတဲ့.. မြန်မာ ၃-၄သန်း.. ထည့်တောင်မစဉ်းစားကြဖူးမဟုတ်လား..

        :buu:

  • အရင်ကတော့ပြန်လာလို့မရဘူး။
    အခုတော့ တော်တော်များများပြန်လာလို့ရနေပြိ
    လာတဲ့သူတွေလဲ လာနေကြပြီ
    ကဲ အပြင်က ပြောနေမယ့်အစားအခုလာပြန်လာပြီးခေါင်းဆောင်လုပ်ကြဗျာ။
    ကျုပ်တို့ပြည်တွင်းမှာနေတဲ့ငအတွေကတော့ နောက်ကဘဲလိုက်ပါမယ်။

  • aye.kk

    February 13, 2013 at 7:15 am

    စိတ,်စိတ်ထားတတ်ရင်ဘယ်နေရာမှာဘဲနေနေ။
    အကောင်းမြင်ဝါဒနဲ ့ကြည့်ရှုတတ်ဖို ့ကသာအဓိကကျတာပါ။
    အုတ်တစ်ချပ်သဲတပွင့်တိုင်းပြည်အတွက်ဖြစ်ဖို ့သာလိုလားမိပါတယ်။
    ပြည်ပကပညာတတ်တွေပြန်လာသင့်ပါတယ်။
    ပြန်လာပြီးတိုင်းပြည်အတွက်တိုးတက်အောင်လုပ်ကြရင်ပိုကောင်းမှာပါ။။

  • awra-cho

    February 13, 2013 at 4:29 pm

    မိုက်ကယ်ကတော့ မိုက်တယ်ဗျာ၊ ကောင်းပါ့ ဖင်ချွတ်ချိုးရင် ပြောဗျို့ အိမ်ကကောင်ကြီးက အသကုန်ခဲမှာ ခေါ်ခဲ့မယ်၊

  • Wow

    February 13, 2013 at 4:55 pm

    ဖုန်းကျော်ရဲ့ တောင်တစ်ချက် မြောက်တစ်ချက် ပို့စ်တွေက အတော်စိတ်ခိုင်မှ ဖတ်လို့ရတာတွေပါကွယ် :kwi:
    Anyway, who cares?

  • Foreign Resident

    February 13, 2013 at 9:26 pm

    ကို ဘုန်းကျော် ။
    မတွေ့တာတောင် အတော်ကြာပြီပဲ ။
    ကျနော်လည်း Dual Citizen ရရင်တော့ လိုချင်မိသား ။

    ကျနော်ကတော့ မြန်မာ နိုင်ငံသား ဘဝ လေးကို မက်မိတာက ၊
    ကျနော့် ရဲ့ ကပ္ပတိန် လက်မှတ်တွေက မြန်မာ နိုင်ငံသား ဖြစ်ဖို့ လိုနေသေးတာကိုး ။
    နောက်ပြီး ကျနော့်မှာက မြန်မာပြည်မှာ အိမ်ခြံတွေလည်း ပိုင်ဆိုင်မှု ရှိနေသေးလို့ပါ ။

    ကျန်တာတော့ ၊ ဘာမှ သိပ်မက်စရာ မကျန်တော့ပါဘူးလေ ။
    ကို ဘုန်းကျော် ကရော ၊ ဘာ့ကြောင့် မြန်မာ နိုင်ငံသား ဖြစ်ချင်ရတာတုန်း ။
    ဘာများ မက်စရာ ကျန်သေးလို့တုန်းဗျာ ။

  • kai

    February 14, 2013 at 7:09 am

    အောက်ဖေါ်ပြပါတို့မှာ.. မေးလ်ဂရုမှ စာကို ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်..။
    နို်င်ငံခြားရောက် မြန်မာများဘဝ.. ယှဉ်တွေး.. သိကြပါစေသတည်း…။ :harr:

    =========
    ထိုင်းနိုင်ငံမှအကာအကွယ်မဲ့ဘဝများ

    ၁။မကြာသေးမှီရက်ပိုင်းတုန်းမှာပြည်ထောင်စုဝန်ကြီးဖြစ်သောဦးစိုးသိမ်း

    မှနိုင်၊ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ ့-အေအေပီပီ-မှဦးတိတ်နိုင် (ဦးအမည်တပ်၍)အားနိုင်၊ကျဉ်းစိစစ်ရေးအတွက်နိုင်ငံတော်အဆင့်ကော်မီတီဖွဲ ့ စည်းရေးမှာပါဝင်ဖို ့ဖိတ်ခေါ်ခံရပါသည်။

    ၂။၂၀၀ဝခုနှစ်မှာထိုင်းနိုင်ငံကိုအခြေခံ၍ဖွဲ ့စည်းခဲ့သောအေအေပီပီအနေနှင့်

    မဲဆောက်မှာပဲဖြစ်ဖြစ်-ထိုင်းနိုင်ငံဒေသအတွင်းမှာပဲဖြစ်ဖြစ်အကျဉ်းကျခံနေရ သောမြန်မာနိုင်ငံသူ-သားများအတွက်မည်၍မည်မျှပါဝင်ဆောင်ရွက်ပေးခဲ့သည်

    လည်းဆိုခြင်းအားဇယားချမပြနိုင်တာကိုတွေ ့ရမည်ဖြစ်ပါသည်။(မှတ်ချက်။ ။

    အဖွဲ ့ကိုတိုက်ခိုက်ခြင်းမဟုတ်ပဲအခြေအနေမှန်ဖော်ထုတ်ခြင်းသာဖြစ်သည်။)

    ၃။ထိုင်းနိုင်ငံမှာပျှဉ်းမျှအားဖြင့်မြန်မာနိုင်ငံသူ-သားအကျဉ်းပေါင်းနှစ်သောင်းနှင့်

    သုံးသောင်းပတ်ဝန်းကျင်ရှိနေပါသည်။ဤနှုန်းသည်လဝကစစ်ဆင်ရေးဖြင့်အဖမ်း

    အဆီးခံရသောရွေ ့ပြောင်းအလုပ်သမားနှင့်နေထိုင်ခွင့်လက်မှတ်မရှိသူများအား

    လူဖမ်းရာသီမှာပါဝင်သောနှုန်းထားမဟုတ်ပဲပြစ်မှုအစုံပုဒ်မတပ်ပြီးထောင်ချခံထား

    ရသောမြန်မာပြည်သားများဖြစ်ပါသည်။

    ၄။အချုပ်-ထောင်ဆိုသောနေရာမျိုးမှာတစ်စက္ကန် ့-တစ်မိနစ်တောင်မနေထိုင်သင့်

    ဘူးဖြစ်ပါသည်။ကိုယ့်အရပ်-ကိုယ်ဒေသမဟုတ်သောအကျဉ်းထောင်မျိုးနှင့် အလောင်းဘုရားသိမ်းပိုက်မှုကြောင့်မြန်မာလူမျိုးကိုမုန်းတီးကြသောထိုင်းနိုင်ငံမှ

    နရသိန်များမှာအကျဉ်းကျခံနေရသည့်မြန်မာနိုင်ငံသူ-နိုင်ငံသားအဖြစ်ကိုခန် ့မှန်း

    တွက်ဆကြည့်၍ရနိုင်ပါသည်။

    ၅။ထောင်ဇာတာအကျိုးပေးကောင်းသောစာရေးသူအတွက်ရေး-ကျောင်းရွာရှေ ့ တန်းကုန်းမှ၆၁တပ်ရင်းစခန်းဌာနချုပ်-ရတခစစ်ကြောရေးအမ်အိုင်(၅)ကန်၃ကန်

    နှင့်ရန်ကုန်ကျိုက္ကဆံမှအစစစ်ကြောရေးမျိုးစုံနှင့်နရသိန်များမှာမျက်စိပိတ်ကန်

    ကျောက်အဖမ်းဆီးခံရခြင်းမှသည်ထိုင်းနိုင်ငံရှိပုံစံထောင်-စံပြထောင်-ဗဟိုထောင်-အထူးထိမ်းသိမ်းရေးစခန်းမှအစရဲအချုပ်မှသည်လဝကအချုပ်အထိ

    နှစ်နှင့်ချီကျော်ဖြတ်ဖူးသောအတွေ ့အကြုံရရှိပြီးဖြစ်ပါသည်။မြန်မာပြည်သားများ

    ကိုချီးပုန်းထမ်းခိုင်းခဲ့သော အဖြစ်မှချီးကုန်းစားခိုင်းသောမြင်ကွင်းများအားလည်း

    ရင့်နှက်အောင်ကြုံတွေ ့ခဲ့ရသလိုသော့ခလောက်ခတ်ထားသောအချုပ်ခန်း အတွင်းမှပြေးပေါက်မရှိအသေအကြေတိုက်ခိုက်ရသော-သွေးဆိုသည်မှာ ကျောက်ပြားကြမ်းပြင်မှာရေစီးသလိုစီးဆင်းနေသော လူမျိုးမတူ-အုပ်စု

    မတူခြင်းသတ်ပွဲများအားဖြတ်သန်းခဲ့ဘူးပြီးဖြစ်ပါ၍ဆရာဦးဝင်းတင်၏

    လောကငရဲဆိုသောအင်းစိန်ထောင်အဖြစ်ထက်ဆိုးရွားသည့်အတွေ ့အကြုံ

    သည်ထိုင်းအကျဉ်းစခန်းမှာပိုပြီးရရှိနိုင်ပါသည်။

    ၆။ရနောင်းမှာမြန်မာတဦးအသတ်ခံရလျှင်လမ်းပေါ်မှခွေးတကောင်သေနေသလို

    မျိုးရနောင်း-ဖန်ငလမ်းတလျှောက်မှာအမှိုက်ကားပေါ်ပစ်တင်သွားခြင်းမျိုးနှင့် မဟာချိုင်မှအစမဲဆောက်နှင့်မလေးနယ်စပ်မကျန်ထိုင်းနိုင်ငံတဝှမ်းလုံးမှာမြန်မာ

    များနေ ့စဉ်လစဉ်နှစ်စဉ်အညှင်းပမ်း-အသတ်အဖြတ်ခံနေရသည်မှာနည်းနည်း နှောနှောအရည်အတွက်များမကဖြစ်ပါသည်။

    ၇။နတ်အိမ်တောင်မှာ၁၀၂တပ်ရင်းမှရဲစိုးအောင်ကိုထိုင်းနယ်ခြားစောင့်ရဲများဖမ်း

    ဆီးရိုက်နှက်ကျောက်ခင်းလမ်းဝယ်ဆိုင်ကယ်နှင့်ဆွဲမသေမချင်းညှင်းပမ်း-အော်

    ဟစ်သံများမှအစကျောင်းသားရဲဘော်များဖြစ်သောဌေးလွင်၊မင်းသိမ်း(ထိုင်း

    ရဲနောက်ကျောမှပစ်၍ကျည်ဖောက်ဝင်)နှင့်ရပ်ချ်ဘူရီဆေးရုံမှရဲဘော်ဗေဒါအပါ

    အဝင်-ရဲဘော်ဂျော်နီအဆုံးစွမ်းအားမြင့်ကျောင်းသားတစုလုံးလည်းရက်ရက်စက်

    စက်အသတ်ဖြတ်ခံခဲ့ရပါသည်။အလောင်းပင်မရ-ရေစက်ချ-သရဏဂုံတင်၍မရ

    သောပေးဆပ်မှုစွန် ့လွှတ်မှုများဖြစ်ပါသည်။(စကားချပ်။ ။ရဲဘော်ရဲစိုးအောင်၏

    အလောင်းသာချောက်နက်အတွင်းပစ်ချထားရာမှခက်ခက်ခဲခဲပြန်ရှာဖွေတွေ ့ရှိ

    ပါသည်။)

    ၈။၎င်းအဖြစ်များသည်ဖြစ်ရပ်မှန်များသာမက-ထိုင်းဗဟိုထောင်ဖြစ်သောလရောင်

    ထောင်ဆိုသည်မှာလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သောဒေါက်တာစိန်ဝင်း၏အင်န်စီ

    ဂျီယူဘီ-ငါ့မဝမ်ရုံးနှင့်ကားနှစ်မှတ်တိုင်လောက်သာကွာဝေးပေမယ့်လည်းမြန်မာ

    ပြည်သားများသာမကကိုယ့်ရဲဘော်များကိုလာတွေ ့ရန်သတိယခြင်းမရှိတာကို

    တွေ ့ရမည်ဖြစ်ပါသည်။ထိုင်းထောင်ထဲမှာခလေးမွေးသလို-မွေးသောခလေး

    စောင့်ရှောက်ဌာနပို ့၍မိခင်နှင့်ခလေးကွဲသွားစေကာမိခင်ကိုနယ်စပ်ပြန်လွှတ်

    ခလေးပြန်မရသောဖြစ်ရပ်များ၊သံဆူး၍ခြေထောက်ယောင်ခြင်းအားခြေထောက်

    ဖြတ်ခြင်း-ဗိုက်အောင့်တာကို ဗိုက်ဖောက်လွတ်ခြင်း-အစာရေစာမဝသဖြင့်အား နည်းချိနွဲ ့သူ အေကိုက်သည်ဆို၍ဆေးထိုးသတ်ခြင်းများစွာသောအဖြစ်အပျက်

    များသည်ဆရာဖေမြင့်ရေးခဲ့သည့်လူနာဆောင်၁၀၁စာအုပ်ထက်ဆိုးရွားသော

    ဖြစ်ရပ်များစွာထိုင်းထောင်ဆေးရုံများမှာမြန်မာပြည်သားများအစမ်းသပ်ခံနေရ

    ပါသည်။

    ၉။ထို ့ကြောင့်ဒီမိုကရေစီရေး-လူ ့အခွင့်အရေး-အလုပ်သမားအရေး-နိုင်ကျဉ်း

    အရေးများဖြင့်ဒေါ်လာစားကိုယ်ကျိုးရှာနေသူများသည်လည်းကို်ယ်ဗိုက်ဖြည့်

    တင်းနေမှုများနှင့်အတူအနည်းအကျဉ်းအနေဖြင့်ထိုင်းထောင်များအတွင်းမှာဒုက္ခ

    ရောက်နေကြသောမြန်မာပြည်သားများအပေါ်ပေးကမ်းကြည့်ရှုကြလျှင်ဖြင့်

    သေလို ့အပ္ပါယ်လားခဲ့ရင်တောင်လွတ်မြောက်နို်င်ပါသည်။

    ထိုင်းနိုင်ငံထွက်ပြေး-ထောင်ဒဏ်ဘေးမှလွတ်မြောက်ကြစေသောင်ဝ်

    စစ်အောင်

    ================
    ထိုင်းတောင်ပိုင်းရှိ မြန်မာတစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံရ
    2013-02-10
    ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် မြန်မာ အလုပ်သမား ကိုသားသား ဆိုသူကို ဩစတေးလျှသူ တစ်ဦး ဓါးထိုးခံရတဲ့အမှုမှာ တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင် ရုံးတင်တရားစွဲဆို ပြီး ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
    ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့က ကိုသားသားဟာ အခြားမြန်မာ (၅) ဦးနဲ့အတူ အဖမ်းခံခဲ့ရပြီး သူ့ကို ထိုင်းရဲက လက်မှတ်ထိုးခိုင်းပြီး ထောင်ချခဲ့တာလို့ ကိုသားသားကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့က အလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။
    “ည (၁၂) နာရီထိုးတော့ ထမင်းရောင်းပြီးတာနဲ့ သူကပြန်သွားပြီ၊ ဒီ (၁၂) နာရီ တချိန်ထဲမှာပဲ ဩစတေးလျှက ဘိုမလေးတယောက်က လမ်းဖြတ်သွားရင်းနဲ့ အမည်မသိတဲ့ လူတယောက်ကပေါ့နော် အိတ်ဆွဲပြီးတော့ ဓါးနဲ့ထိုးထားခဲ့တာ၊ ပြီးတော့ လိုက်လို့မရတော့ဘဲနဲ့ သူတို့က နောက်နေ့မှာ လူ (၆) ယောက်ဖမ်းတယ်၊ အားလုံးပေါင်း ဗမာ (၆) ယောက် စစ်ဆေးတဲ့အချိန်မှာ (၅) ယောက် ပြန်လွှတ်လိုက်ပြီးတော့ ဒီသားသား ဆိုတဲ့တယောက်ကို တရားရုံချိန်းတစ်ခေါက်ထဲ ထောင် (၂) နှစ်ချလိုက်တယ်၊ ဘာသာပြန်မရှိဘူး သူကပြောတာတော့ သူ့လွှတ်ပေးမယ်ပြောတယ်ထင်လို့ သူကလည်း လက်မှတ်ထိုးပေး လိုက်တယ်လို့ပြောတယ်”
    ဒီလိုဖမ်းဆီးခဲ့ရတာဟာ ဩစတေးလျှသံရုံးက တရားခံရှာပေးဖို့ပြောလို့ ဒေသဆိုင်ရာရဲက အခုလိုဖမ်းဆီးတာဖြစ်ကြောင်း၊ ဒီအမှုနဲ့ပတ်သက်တဲ့ ဖိုင်တွဲတွေလည်း ရရှိခဲ့ကြောင်းလည်း ဦးမိုးဝေက ပြောပါတယ်၊ ကိုသားသားက သူမကျူးလွန်ကြောင်းပြောသလို ဩစတေးလျှသူကလည်း မြန်မာနိုင်ငံသား မဖြစ်နိုင်ဘူးလို့ ထွက်ဆိုထားကြောင်းလည်း သူကအခုလို ဆက်ပြောပါတယ်။
    “အဲဒါသူလုံးဝ မမှားပါဘူးပေါ့နော်၊ ဒီပြစ်မှုလည်း မကျူးလွန်ပါဘူးလို့ ဝန်ခံထားတယ်လေ၊ ပြီးရင်သူလက်မှတ် ထိုးထားတယ်၊ သေသွားတာတော့ မဟုတ်ဘူး ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရထားတဲ့ သူကနေထွက်ဆိုသွားတယ် မြန်မာလူထုတော့ မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ထိုင်းလူထုပဲဖြစ်မယ်လို့ ပြောသွားတယ်၊ ပြီးရင် သူ့နိုင်ငံသူပြန်သွားတယ် ဩစတေးလျှကို”
    လောလောဆယ်မှာတော့ ဒီအမှုအတွက် FED အဖွဲ့ ရှေ့နေတွေနဲ့ အယူခံဝင်ထားပြီး အမှုပြန်လည်စီစစ်ဖို့ တရားရုံးကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

    Copyright © 1998-2011 Radio Free Asia. All rights reserved.

Leave a Reply