တစ်ခါတစ်ခါမှာ……

တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ

တစ်ခါ တစ်ခါမှာ အချိန်မပေးနိုင်တဲ့အခါ

တစ်ခါတစ်ခါမှာ ဖုန်းမဆက်ဖြစ်တဲ့အခါ

မင်း အပြုံးကိုလည်း မေ့လိုက်တာ မဟုတ်ဘူး

မင်း မျက်ဝန်းကိုလည်း မေ့လိုက်တာ မဟုတ်ဘူး

မင်းရယ်သံတွေ မေ့လိုက်တာမဟုတ်ဘူး

ချစ်သူတို့ရဲ့ ဆည်းဆာဆိုတာ

အမြဲတမ်းလှနေတတ်တာလည်း သိရဲ့

နီးနေရက်နဲ့ ဝေးတယ်ဆိုတာ ခဏပါ ချစ်သူ….။

မနေ့က မင်းကို မတွေ့ခဲ့ဘူးဆိုရင်

ဒီကနေ့ ငါက အလွမ်းနဲ့လုံးထွေးရစ်ပတ်

အချိန်ဆိုတာ ဘဝအတွက်ဖြစ်နေတဲ့အခါ

ရင်လွဲပြီးရွာတဲ့ မိုးလို

ခြိမ်းခြိမ်းညံညံနဲံ့

ငါ့ရင်ဘတ်မှာ

ချစ်ပွင့်တွေချွေကြွေ….ပြန်တယ် ချစ်သူ..။

ခဏလေးပါ…

နီးဖို့ခဏဝေးတယ်….

ချစ်ဖို့ ခဏဝေးတယ်….

လွမ်းနေတုန်း ခဏဝေးတယ်…

ဒီလိုနဲ့ မင်းမုန်းနေခဲ့တယ်ဆိုလည်း ခဏလေးနဲ့……

တစ်ခါ တစ်ခါမှာ ငါမလာ အားတဲ့အခါ

တစ်ခါ တစ်ခါမှာ အချိန်မပေးနိုင်တဲ့အခါ

တစ်ခါတစ်ခါမှာ ဖုန်းမဆက်ဖြစ်တဲ့အခါ

မင်း အပြုံးကိုလည်း မေ့လိုက်တာ မဟုတ်ဘူး

မင်း မျက်ဝန်းကိုလည်း မေ့လိုက်တာ မဟုတ်ဘူး

မင်းရယ်သံတွေ မေ့လိုက်တာမဟုတ်ဘူး

ချစ်သူတို့ရဲ့ ဆည်းဆာဆိုတာ

အမြဲတမ်းလှနေစေဖို့

ချစ်အပြုံး နုနု

ပရစ်ဖူး အစုစုလို

ရင်လွှာကိုဖွင့်….လှမ်းလာခွင့်ကိုသာ ပေးတော့

ငါ့ မနက်ဖြန်တွေမှာ

လှလှပပလေး ပြုံးပေးတော့နော်….။

သော်ဇင်(လွိုင်ကော်)

Date-12th-Feb-2013

Time-01:15AM

 

11 comments

  • Mr. MarGa

    February 12, 2013 at 8:26 pm

    တစ်ခါတစ်ခါမှာ ငါပျင်းတဲ့အခါ
    တစ်ခါတစ်ခါ ငါအထီးကျန်တဲ့အခါ
    တစ်ခါတစ်ခါ ငါပျော်နေချိန်မှာ
    ဘေးနားမှာ တိတ်တိတ်လေး နေပေးပါကွယ် နော်

    • MaMa

      February 12, 2013 at 9:07 pm

      အော် ဦးမာဃ ဦးမာဃ………
      သနားဖို့ ကောင်းနေပြီ။
      အရင်ကတော့ တဖက်ငါးရာဆိုပြီး ကြွားကြွားနေတာ……….
      ခုတော့လည်း တိတ်တိတ်လေး နေပေးပါလို့ နတ်သမီးတွေကို တောင်းပန်နေရပြီလား။ :kwi:

      • Mr. MarGa

        February 12, 2013 at 9:12 pm

        ဟုတ်ပါတယ်ဗျာ
        သိတဲ့အတိုင်းလေ နတ်သမီးတွေဆိုတော့ ကျွက်စီကို ညံလို့
        အဲဒါကြောင့် တစ်ခါတစ်လေ လူ့ပြည်ကို ထွက်ထွက်ပြေးလာရတာ :mrgreen:

      • thaung htutsoe

        February 12, 2013 at 9:58 pm

        အော် ဦးမာဃ ရယ်
        မမ ပြောသလိုဝုတ်ပါဝူးလို့
        ကိုယ့်ကို ကို သနားနေလိုပါလို ယောကျာင်္းပီပီ
        လုပ်ချလိုက်ပါအုံးဗျာ…….ငှဲ ငှဲ ငှဲ

    • အင်း စိတ်ပျက်မနေပါနဲ့ဗျာ မကြာခင်ပဲ လူပြည့်ကို တန်ခူးလမှာ ဆင်းလာခဲ့ဦးမှာမလား အဲဒီအခါကျရင်တော့ ပရိုမိုးရှင်းအသစ်နဲ့ လူပြည့်က ငယ်ငယ်ချောချော ကြီးကြီးထွားထွားတွေ လက်ဆောင်ထည့်ပေးလိုက်မယ် ကြိုက်ရင် Yes လို့ လုပ်ပါနော်

      • Mr. MarGa

        February 13, 2013 at 7:35 pm

        ကိုသော်ဇင်ရေ
        ငယ်ငယ်ချောချော ဦးစားပေးပြီး လက်ဆောင်ပေးပါဗျိုု့
        ကြီးကြီးထွားထွားတွေကိုတော့ လူတွေ့စစ်ပြီးမှ လက်ခံမယ် :mrgreen:

  • athwe lay

    February 13, 2013 at 1:40 pm

    ကျတော်ကတော့ တစ်ခါတစ်ခါမက ပျက်ကွက်ခဲ့ပါတယ်ဗျာ။အဲဒါကြောင့်သူနဲ့ ပျက်သွားပြီ ။နာနိုချင်တယ် ဟီးးးးးးးး။

    • အောင်မလေး နားထဲကို မိုးခြိမ်းလိုက်သလိုပါလား လုံမလေးမွန်မွန်ရေ…။ ကြည့်ရတာ ဘဲဘဲက ဒီလိုပဲ ညာညာသွားတယ်ထင်ပါရဲ့..။

  • Traditional

    February 17, 2013 at 4:15 pm

    တစ်ခါ တစ်ခါ နင် call me လို့ message ပို့တဲ့အခါ
    တစ်ခါတစ်ခါ နင် miss callလေးပဲ ပေးတဲ့ အခါ
    တစ်ခါတစ်ခါ နင် ပြန်ခေါ် နော် လို့ပြောပြီးဖုန်းချသွားတဲ့ အခါ
    ငါ့မနက်ဖြန်တွေမှာ
    ဖုန်းကြွေး တွေ ထူလပျစ် နဲ့ပါ
    ဒါပေမဲ့ ငါပြုံးနေပါမယ်ဟာ

Leave a Reply