ရယ်မောခြင်းဖြင့်………အမောပြေကြပါစေ……..

Yin Nyine NwayJuly 20, 20101min741

အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဂေါ်ဇီလာ။ ။ လမ်းထိပ်နားက ကိုဖိုးကြွယ် လျှပ်စစ်မီးကို ခိုးပြီးသွယ် စစ်ဆေးရေးနဲ့ တဲ့တဲ့တိုးတော့
စိန်သီး ။ ။ ဖမ်းသွားရောလား
ဂေါ်ဇီလာ။ ။ ဟေး လာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ဝမ်းစမိုးရယ် သောသောညံ ရော့ အင့်
စိန်သီး ။ ။ ဒါဆို ခု မီး ခိုးမသွယ်တော့ဘူးပေါ့
ဂေါ်ဇီလာ။ ။ ကာရာအိုကေဆိုင်တောင် ဖွင့်ထားတယ်
အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဆီးသီး ။ ။ ချဲထီဆိုတာ လောင်းကစားပဲ၊ နှစ်လုံးထိဆိုတာ လောင်းကစားပဲ၊ တွေ့ရင်ဖမ်းမှာပဲ၊ ပြည်သူ့ရဲနဲ့ တဲ့တဲ့တိုးတော့ စစ်ဆင်ရေးနဲ့ တဲ့တဲ့တိုးတော့
စိန်သီး ။ ။ ဖမ်းသွားရောလား
ဆီးသီး ။ ။ ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ဝမ်းစမိုးရယ် သောသောညံ ရော့ အင့်
ပန်းသီး ။ ဒါဆို ခု ချဲထီ မလုပ်တော့ဘူးပေါ့
ဆီးသီး ။ ။ ဘောပွဲပါ ဒိုင်ကိုင်နေပြီ
အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ပန်းသီး ။ ။ လာဘ်ပေးလာဘ်ယူ လုပ်သူများ အရေးယူနေပြီဗျား၊ သတိပေးစာတွေ ရုံးမှာကပ်တော့
ကြယ်သီး ။ ။ အရေးယူ ခံရရောလား
ပန်းသီး ။ ။ ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ဝမ်းစမိုးရယ် သောသောညံ ရော့ အင့်
ကြယ်သီး ။ ။ ရုံးတွေမှာ လာဘ်မစားတော့ဘူးပေါ့
ပန်းသီး ။ ။ အိမ်မှာ သွားပေးနေပြီ

ကြယ်သီး ။ ။ ဒီနေ့ခေတ်ဆိုတာက သိပ်တိုးတက်နေပြီ ဟော အရင်က တမြို့နဲ့တမြို့ တနိုင်ငံနဲ့ တနိုင်ငံ စာရေးပြီး ဆက်သွယ်ကြရတယ်။ နောက်တော့ တယ်လီဖုန်းနဲ့ ခုတော့ အီးမေးလ်နဲ့ ချက်တင်းနဲ့ ဂျီတော့လ်က်နဲ။ ကဲ မတိုးတက်လား။ ခုဆို ကျနော် နေ့တိုင်း ညတိုင်း ကွန်ပျူတာရှေ့ ထိုင်ထိုင်နေတာ
စိန်သီး ။ ။ တကမ္ဘာလုံးနဲ့ ဆက်သွယ်နေတာပေါ့
ကြယ်သီး ။ ။ မီးမလာလို့ ထိုင်စောင့်နေရတာ
ပန်းသီး ။ ။ အော် အကောင်းပြောတာ မှတ်လို့ မီးမလာဘူး မီးမလာဘူးလို့ မပြောပါနဲ့ကွာ၊ ခုဆို ဓာတ်ငွေ့ကနေ လျှပ်စစ်တွေထုတ်၊ ရေကနေ လျှပ်စစ်တွေထုတ် တိရိစ္ဆာန်တွေရဲ့ အားနဲ့လည်း လျှပ်စစ်တွေ ထုတ်နေလို့ ၂၄နာရီ မီးထိန်ထိန်လင်းနေပါပြီ
ဆီးသီး ။ ။ တို့ ရန်ကုန်မြို့ကြီးမှာပေါ့
ပန်းသီး ။ ။ နေပြည်တော်မှာ
ဆီးသီး ။ ။ အင်
ပန်းသီး ။ ။ ဟိုက ခုမှ မြို့သစ် မင်းတို့က မြို့ဟောင်း၊ ပေး လင်းလိုက်ပါဦး
ဆီးသီး ။ ။ လမ်းပန်းဆက်သွယ်ရေးတွေလည်း တအားကောင်းသွားပါပြီ၊ လမ်းတွေ ဖောက်လိုက်တာမှ အများကြီး၊ တံတားတွေလည်း အစင်းပေါင်း ၃ဝကျော် ဆောက်ပြီးပြီ
စိန်သီး ။ ။ ဒါဆို သွားရေးလာရေးတွေ အဆင်ပြေနေပြီပေါ့
ဆီးသီး ။ ။ အင်ဂျင်နီယာတွေ ချမ်းသာကုန်ပြီ

One comment

  • doekalay

    September 29, 2010 at 8:51 am

    အရမ်းရီရတယ်နော်။ တော်တော်မှစဉ်စားပြီး ရေထား သာလား။ ဟာသလေးတွေဖတ်ရတော့ စိတ်ညစ်စရာ လေးတွေ ပြေသာပေါ့။ နောက်လဲများများရေးနော်။

Leave a Reply