ချစ်သူများနေ့ 2013

ကာရံFebruary 12, 20131min442

အလွမ်းတွေဝေ

ပန်းတွေခြွေခဲ့

စီးစေမြစ်သွင်

အကြင်နာမိုး

ရင်မှာဖြိုးဆွေ

မြတ်နိုးမှုလေး

ပူဆွေးကင်းဝေး

ရင်တွင်းအေးအောင်

ကြံဆောင်စိတ်ထား

ရင်မှာချစ်အား

တိုးပွားအစဉ်

နှစ်တစ်ရာတိုင်

ချစ်သဒ္ဒါခိုင်မြဲ

ပေးဆပ်အမှန်

မေတ္တာပန်းတိုင်

ရောက်လှမ်းစို့လေ

အပြစ်မယူသူများတစ်နေ့

ချစ်သူများနေ့ အမှတ်တရ

နမ်းပန်းတစ်ပွင့်

ခြွေလင့်ကြိုနေ

ချစ်ရသောသူ သိပါစေသို့…………..

ပိတောက်မိုး

2 comments

  • Mr. MarGa

    February 12, 2013 at 8:22 pm

    ချစ်ရသောသူ သိမသိတော့ မသိဘူး
    ဦးမာဃတော့ ဝင်ဖတ်သွားပြီဗျ

  • မောင်ပေ

    February 12, 2013 at 8:57 pm

    ချစ်သူများနေ ့
    ညှစ်ရှူအားမေ့
    ပစ်ကူကျားတွေ ့
    စစ်ယူစားပွေ ့

Leave a Reply