ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲတွေလာပြီ

မောင် ပေFebruary 12, 20131min1307

မင်္ဂလာပါ ခင်ဗျာ…….
ဘော်လုံးဝါသနာရှင်များအားလုံး မင်္ဂလာအပေါင်းနဲ ့ခညောင်းကြပါစေ
ဒီကနေ ့12.2.2013 အင်္ဂ ါ ည သို ့မဟုတ် ဗုဒ္ဓဟူး နံနက် မှာ ချန်ပီယံလိဂ်ရှုံးထွက်ပွဲတွေ ကန်ကြပါတော့မယ် ။
ဒီနေ ့ညမှာ ကန်မယ့်အသင်းတွေနဲ ့အချိန်တွေကတော့

2.15 ဆဲတစ် – ဂျူဗင်တပ်
2.15 ဗလင်စီယာ – ပီအက်စ်ဂျီ

တို ့ဖြစ်ပါတယ် ။

*********************

ဆဲတစ် – ဂျူဗင်တပ်

ဆဲတစ်အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ဖြတ်သန်းလာခဲ့တာကတော့
9.2.2013 ကာလီဒိုးနီးယန်း သစ်စတဲ ၁-၃ ဆဲတစ်
30.1.2013 ဆဲတစ် ၄-၁ ကီမာနော့
22.1.2013 ဆဲတစ် ၄-ဝ ဒန်ဒီးယူနိုက်တက်
19.1.2013 ဆဲတစ် ၄-၁ ဟတ်
2.1.2013 ဆဲတစ် ၁-ဝ မားသားဝေါ

ဂျူဗင်တပ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
9.2.2013 ဂျူဗင်တပ် ၂-ဝ ဖီအိုရင်တီးနား
3.2.2013 ချီယေဗို ၁-၂ ဂျူဗင်တပ်
29.1.2013 လာဇီယို ၂-၁ ဂျူဗင်တပ် (ကိုပါအီတာလီယာ)
26.1.2013 ဂျူဗင်တပ် ၁-၁ ဂျီနိုအာ
22.1.2013 ဂျူဗင်တပ် ၁-၁ လာဇီယို (ကိုပါအီတာလီယာ)

ဆဲတစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Forster
နောက် Matthews, Lustig, Wilson, Izaguirre
လယ် Brown, Wanyama, Mulgrew
ရှေ ့ Samara, Hooper, Forrest

ဂျူဗင်တပ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Buffon
နောက် Bonucci, Barzagli, Caceres
လယ် Pirlo
လယ် Lichtsteiner, Marchisio, Vidal, Asamoah
ရှေ ့ Vucinic, Giovinco

ဆဲတစ်အသင်းဟာ စကော့အမှတ်ပေးလိဂ်မှာ အဆင့်၁ နဲ ့ဦးဆောင်နေပါတယ်
ဂျူဗင်တပ်ကလဲ စီးရီးအေမှာ အဆင့်၁ပါ
ဆဲတစ်အသင်းရဲ ့သမိုင်းကြောင်းမှာ ၊ ချန်ပီယံလိဂ်ပွဲကန်ရင် အခု၁၆သင်းအဆင့်အထိပဲ အမြင့်ဆုံးကန်ခဲ့ဖူးပါတယ်
ဆဲတစ်အသင်း ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲများကို အိမ်ကွင်းမှာ ၂၃ပွဲကန်ခဲ့ရာမှာ ၂ပွဲ ပဲ ရှုံးခဲ့ဖူးပါတယ်
ဒီနှစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေထဲမှာ ရှုံးပွဲမရှိခဲ့တဲ့ ၄သင်းထဲမှာ ဂျူဗင်တပ် ပါပါတယ် ။ ကျန်တဲ့၃သင်းကတော့ မာလာဂါ ၊ ရှော်ကေး နဲ ့ဒေါ့မွန် တို ့ပဲ ဖြစ်ပါတယ်
ဂျူဗင်တပ် အသင်းဟာ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပေးဂိုး၄ဂိုး ရှိခဲ့ပြီး ဒုတိယပေးဂိုးအနဲဆုံးအသင်းဖြစ်ခဲ့ပါတယ် ။ ပေးဂိုးအနဲဆုံးအသင်းကတော့ ပီအက်စ်ဂျီ အသင်းဖြစ်ပြီး ပေးဂိုး၃ဂိုးသာ ရှိခဲ့ပါတယ်
ဂျူဗင်တပ် အသင်းရဲ ့ ဂိုးသမား ဘက်ဖွန် ဟာ ပြီးခဲ့တဲ့ ၂၀၀၁ တုန်းက ဂျူဗင်တပ် နဲ ့ဆဲတစ် တွေ ့ခဲ့တုန်းကပါဝင်ကစားခဲ့ဖူးတဲ့ တစ်ဦးထဲသော ကစားသမားပါ

231173_news

credit to www.goal.com

​ဈေးအနေအထားအရ အာရှမှာ ဂျူဗင်တပ် သရေဆိုရင်အပြည့်ရှုံး ကို ဂျူဗင်တပ် တစ်ဂိုးသွင်းရင် ၈ဝ ပတ်ချာလည် အနိုင်ပေးလာပါတယ်
သည်ဈေးအတိုင်းသာ ဆိုရင်တော့ ဂျူဗင်တပ် ကို ပဲ ရွေးခြယ်ရပါတော့မယ်
ဆဲတစ် ဟာ အုပ်စုအဆင့်ပွဲမှာ ဘာစီလိုနာလို အသင်းမျိုးကိုတောင် အဝေးကွင်းမှာ ၂-၁ နဲ ့ပဲ ရှုံးခဲ့ပြီး ၊ အိမ်ကွင်းမှာ ၂-၁ နဲ ့နိုင်ခဲ့တဲ့ အသင်းပါ
နောက်ပြီးအခုလက်ရှိ စကော့အမှတ်ပေးလိဂ်မှာ နောက်ဆုံး၅ပွဲဆက်တိုက် အနိုင် ကစားထားတဲ့အသင်း ဖြစ်ပြီး ၊ အဲဒီ ၅ပွဲထဲမှာ ၄ပွဲက အိမ်ကွင်းမှာ နိုင်ခဲ့တာပါ ။ သူ ့ရဲ ့ကြွေဟာ ကျချိန်တန်နေပါပြီ
သည်ပွဲမှာတော့ ၊ အဝေးကွင်းဆိုပေမယ့်
ကစားသမားအစုံအလင် နဲ ့ပွဲထွက်လာမယ့် ““ဂျူဗင်တပ်”” တစ်ဂိုးအသာလောက်နဲ ့နိုင်မှာပါ ။

*********************

ဗလင်စီယာ – ပီအက်စ်ဂျီ

ဗလင်စီယာ အခုပွဲမကန်ခင်ကစားခဲ့တဲ့ပွဲတွေကတော့
9.2.2013 ဆဲတာဗီဂို ဝ-၁ ဗလင်စီယာ
3.2.2013 ဗလင်စီယာ ၁-၁ ဘာစီလိုနာ
26.1.2013 ဒီပို ့တီဗို ၂-၃ ဗလင်စီယာ
23.1.2013 ဗလင်စီယာ ၁-၁ ရီးရဲမက်ဒရစ် (ဘုရင့်ဖလား)
20.1.2013 ဗလင်စီယာ ဝ-၅ ရီးရဲမက်ဒရစ်

ပီအက်စ်ဂျီ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ပွဲတွေကတော့
8.2.2013 ပီအက်စ်ဂျီ ၃-ဝ ဘက်စ်ရှား
1.2.2013 တူးလောက်စ် ဝ-၄ ပီအက်စ်ဂျီ
27.1.2013 ပီအက်စ်ဂျီ ၁-ဝ လိုင်လီ
23.1.2013 ပီအက်စ်ဂျီ ၃-၁ တူးလောက်စ် (ပြင်သစ်ဖလား)
20.1.2013 ဘော်ဒိုး ဝ-၁ ပီအက်စ်ဂျီ

ဗလင်စီယာ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Alves
နောက် Pereira, Rami, R Costa
လယ် Victor Ruiz, T Costa
လယ် Piatti, Banega, Guardado, Viera
ရှေ ့ Soldado

ပီအက်စ်ဂျီ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Sirigu
နောက် Jallet, Alex, Sakho, Maxwell
လယ် Lucas Moura, Matuidi, Verratti, Pastore
ရှေ ့ Lavezzi, Ibrahimovic

ဗလင်စီယာအသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာကင်းစင်နေပါတယ်
ပီအက်စ်ဂျီအသင်းမှာတော့ အဓိကနောက်ခံလူ သီယာဂိုဆီးလ်ဗား ဒဏ်ရာရနေပါတယ်
ဗလင်စီယာအသင်းဟာ စပိန်လာလီဂါ မှာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး
ပီအက်စ်ဂျီ အသင်းကတော့ ပြင်သစ်လီဂူးမှာ အဆင့် ၁ နေရာနဲ ့ဦးဆောင်နေပါတယ်
ဗလင်စီယာအသင်းဟာ ချန်ပီယံလိဂ်ပွဲကို အိမ်ကွင်းမှာ ကစားခဲ့တာ ၊ နောက်ဆုံး ရှုံးခဲ့တာ ၂၀၁ဝ တုန်းက ဖြစ်ပြီး မန်ယူ အသင်းကို ၁-ဝ နဲ ့ရှုံးခဲ့တာပါ
ပီအက်စ်ဂျီ အသင်းကတော့ သည်နှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပေးဂိုးအနဲဆုံး အသင်းဖြစ်ခဲ့ပြီး ၊ ပေးဂိုး ၃ဂိုး ပဲ ရှိခဲ့ပါတယ်
ပီအက်စ်ဂျီ အသင်း ဟာ စပိန်ကလပ်အသင်းတွေနဲ ့တွေ ့ဆုံခဲ့တဲ့ မှတ်တမ်းကတော့
၃ နိုင် ၊ ၁ သရေ ၊ ၃ ရှုံး ဖြစ်ပါတယ်
ဈေးအနေအထားအရ ဗလင်စီယာ သရေဆိုရင် ၅ဝ အရှုံး ကို ဗလင်စီယာ သရေမှ ၂ဝပတ်ချာလည် အရှုံးပဲ ဖွင့်လာတာဟာ ဈေးပြော့လွန်းပါတယ်
ပီအက်စ်ဂျီ ဟာ အသင်းကြီးတစ်သင်းဖြစ်ပေမယ့်လဲ ၊ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်လို အဆင့်မျိုးမှာ ဗလင်စီယာ ရဲ ့အဆင့်နဲ ့ဆို သရေ ၅ဝပတ်ချာလည်လောက် ဖြစ်သင့်တာပါ ။
သည်ပွဲမှာတော့
သရေ အနဲဆုံး ကန်နိုင်စွမ်း ရှိတဲ့
“““ ပီအက်စ်ဂျီ ””” ကို အားပေးရင် ပျော်ရွှင်ရမှာပါ ။

**********************

******* အားလုံး အောင်မြင် ပျော်ရွှင်နိုင်ပါစေ *******

7 comments

  • mg htoo1

    February 12, 2013 at 8:02 pm

    အခုပဲစောင့်နေပါတယ်

    • မောင်ပေ

      February 12, 2013 at 8:14 pm

      ကိုထူးရေ
      ကျုပ် ဂျူဗင်တပ် ပွဲ မှာ အစောပိုင်းရေးထားကို ပြန်ပြင်ရေးလိုက်ပါတယ်နော
      ပြန်လာဖတ်မိပါစေဗျာ

  • မောင်ပေ

    February 12, 2013 at 8:24 pm

    ဂျူဗင်တပ် ပွဲ ဟာ ဈေးမငြိမ်ဘူး ဖြစ်နေတယ်ဗျာ
    သရေရှုံး ဖြစ်လိုက်
    တစ်ဂိုး ၅ဝ နိုင်ဖြစ်လိုက်နဲ ့
    ဆိုတော့က
    “““ ပီအက်စ်ဂျီ ””” တစ်သင်းထဲပဲ အားပေးတာ အကောင်းဆုံးပါပဲဗျို ့

  • mg htoo1

    February 12, 2013 at 8:29 pm

    ကိုပေရေ အခုပဲစောင့်နေတာ။ ကြည့်တာများ မှားသွားလားဆိုပြီး ထပ်ကြည့်နေတာ ။ အိုကေ PSG

  • Crystalline

    February 12, 2013 at 8:38 pm

    ၁၆သင်း ရှုံးထွက်ထိပ်တိုက်တွေ့ချက်တွေကတော့ရက်စက်တယ်.. ရင်ထိတ်စွာနဲ့ကြည့်ရပြန်အုံးမယ်. 🙁

  • Kyawphone Htet

    February 13, 2013 at 2:24 am

    ကိုပေရေ
    ကြိုက်တယ်ဗျု ိ့။ပြီးခဲ့တဲ့စနေညကမှကိုပေ့ကိုစတွေ့တာပါ။တနင်္ဂနွေနေ့ကတင်ထားတဲ့ဘောလုံးလောင်းကစားခြင်းအပေါ်ကိုပေ့အမြင်ကိုအရမ်းသဘောကျတယ်။comment ရေးချင်ပေမယ့်register လုပ်တာနည်းနည်းအဆင်မပြေလိုက်လို့ခုမှရေးဖြစ်တော့တယ်။ဒီနေ့ ကိုပေနဲ့က္ဈန်တော် ၂ ပွဲလုံးအကြိုက်တူတယ်ဗျို ့။
    good luck ဗျာ။ကိုပေပြောသလိုပြောရရင်တော့
    “အောင်မြင်ပျော်ရွှင်ပါစေ” ပေါ့ဗျာ။

  • mg htoo1

    February 13, 2013 at 11:34 am

    ကိုပေ
    ကျွန်တော်မောင်ထူး မလေးရှားမှာ နေတယ်။ နောက်နှစ် ကိုပေကို လာတွေ့ပါမည်။ မန္တလေးကို မရောက်ရောက်အောင် လာခဲ့ပါ့မယ်
    ချစ်ခင်စွာဖြင့်
    ညီတော်မောင် မောင်ထူး

Leave a Reply