တစ်ဖက်ကန်းမိခင်

Nan ShinFebruary 12, 20131min1738

ကျွန်တော့်ရဲ ့အမေဟာ မျက်လုံးတစ်ဖက်ကန်းနေတယ်။ကျွန်တော်သူ ့ကို အရမ်းမုန်းတာပဲ။သူက ကျွန် တော့် အတွက်အမြဲတန်းအရှက်ရစေသူတစ်ယောက်ပဲ ဖြစ်တယ်။ သူဟာ ကျွန်တော်တို ့မိသားစုကို ထောက်ပံ့ဖို ့အတွက် ကျောင်းသားတွေနဲ ့ဆရာ ဆရာမတွေကို ချက်ပြုတ်ပေးတဲ့ အလုပ်ကိုလုပ်တယ်။ တစ်နေ ့မှာ အခြေခံပညာအဆင့်ကျောင်းတတ်နေတဲ့ ကျွန်တော့်ဆီကို နှုတ်ဆက်ဖို ့ဆိုပြီး သူလာခဲ့တယ်။ ကျွန်နော်အရမ်းကို ရှက်တာပဲ။ သူကျွန်တော့်ကို အဲ့သလိုလာလုပ်လို ့ဘယ်ရမလဲ? ကျွန်တော်သူ ့ကိုသိပ်မုန်းတယ်ဆိုတာကို သိသာစေ မဲ့ အကြည့်နဲ ့ ငြင်းလွှတ်လိုက်ပြီး သူနဲ ့ဝေးရာကို ထွက်လာလိုက်တယ်။နောက်နေ ့မှာ ကျွန်တော့်ရဲ ့ ကျောင်းနေဘက်ကောင်လေးတစ်ယောက်က ‘’ဟား..ဟား..မင်းအမေက မျက်လုံးတစ်လုံးပဲ ရှိတယ် ဟား ဟား..’’ဆိုပြီး ကျွန်တော့်ကို လှောင်ပြောင်သရော်ပါတယ်။ ကျွန်တော့်ကိုကျွန်တော့်လဲ မြေမြှုပ်သင်္ဂြု ိဟ်ပြစ်လိုက်ချင်သလို ကျွန်တော့အမေကိုလဲ ဒီကမ္ဘာလောကကြီး ထဲကနေ ပျောက်ကွယ်သွားစေချင်တယ်။အဲ့ဒိနေ ့မှာ ကျွန်တော် သူ ့ကို ထိတ်တိုက်ရင်ဆိုင်ပြီး ‘’ခင်ဗျားဟာ ကျုပ်ကို အလှောင်ခံသူတစ်ယောက်ဖြစ်အောင် သက်သက်လုပ်နေတာ မဟုတ်လား၊ခင်ဗျားကြီး ဘာကြောင့် ခုချိန်ထိ မသေနိုင်သေးတာလဲ’’ လို ့ပြောချလိုက်တယ်။ ကျွန်တော့်အမေကတော့ ကျွန်တော့်ကို ဘာမှပြန်မပြောခဲ့ဘူး။ကျွန်တော်ဟာ အတော်ကို စိတ်တိုနေတဲ့အတွက် တစ်စက္ကန် ့တောင်မနားပဲ တရစက်ပြောချပြစ်လိုက်တယ်။ ကျွန်တော့်ရဲ ့သူ ့အပေါ်ထားရှိတဲ့ ဒေါသခံစားချက် အရမ်းကို သိသာခဲ့ပါတယ်။ ကျွန်တော့်သူရှိတဲ့အိမ်ကနေ အပြီးအပိုင်ထွက်သွားပြစ်လိုက်ချင်တယ်။ကျွန်တော်နဲ ့သူပတ်သက်စရာဘာ ဘာအကြောင်းမှမရှိဘူး။အဲ့ဒါကြောင့် ကျွန်တော်ဟာ စာကို အသဲအသန် ဇွဲနပဲ ကြီးကြီးနဲ ့ကြိုးစားခဲ့တယ်။ အဲ့ဒိအတွက် နိုင်ငံခြားမှာ ကျောင်းသွားတတ်ဖို ့အခွင့်ရေးပါရခဲ့တယ်။ ကျောင်းပြီးသွားတဲ့အခါမှာ ကျွန်တော်အိမ်ထောင်ကျတယ်။ ကိုယ်ပိုင်အိမ်တစ်လုံးလဲ ဝယ်နိုင်ခဲ့တယ်။ ကလေး တစ်ယောက်လည်း ရပြီးဆိုတော့ ကျနော့်ဘဝဟာ ပြီးပြည့်စုံဖြစ်နေတဲ့ အတွက် ဘဝဟာ သိပ်ပြီးပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။တစ်နေ ့မှာ ကျွန်တော့်အမေ ကျွန်တော့်ဆီ အလည် လာခဲ့တယ်။ သူဟာ ကျွန်တော်နဲ ့မတွေ ့တာကြာပြီဖြစ်သလို ့သူ ့မြေးလေးကိုဆိုရင် မြင်တောင်မမြင်ဖူးသေးဘူး။ သူ ကျွန်တော့ အိမ်တခါးဝကို ရောက်တယ်ဆိုရင်ပဲ ကျွန်တော့်ကလေးက သူ ့ကိုကြည့်ပြီး ရယ်ပါလေရော။ မဖိတ်ကြားပဲ လာလည်တဲ့အတွက် အပေါက်ဝကနေ ဆီးငေါက်တယ်။ ပြီးတော့‘’ဟေ့ ….အဖွားကြီး ခင်ဗျား ကျုပ်အိမ်ဘာလာလုပ်တာလဲ …ကျုပ်ကလေးလန် ့မယ် …ကျုပ်အိမ်ထဲက အခုချက်ချင်းထွက်သွား…လို ့လဲ အော်ထုတ်လိုက်တယ်။ ကျွန်တော့အသံကိုကြားကြားချင်း ‘’အော် အော်..ခွင့်လွှတ်ပါကွယ်…အမေအိမ်မှားပြီးဝင်ခဲ့မိတာပါ’’ လို ့ ပြောပြီး ကျွန်တော့် မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတယ်။ တစ်နေ ့ ကျောင်းသားများပြန်လည်စုံစည်းပွဲအတွက် စာတစ်ဆောင်ရောက်လာတယ်။ကျွန်တော့ အမျိုး သမီးကို စီးပွားရေးအလုပ်ကိစ္စနဲ ့ခရီးထွက်ရမယ်လို ့ညာပြီး အဲ့ဒိပွဲကိုသွားတတ်ခဲ့တယ်။ပွဲပြီးဆုံးတဲ့အခါ မှာ သိချင်စိတ်တစ်ခုက ပြင်းပြလာလာတာနဲ ့တဲအိုလေးတစ်လုံးထဲကို ဝင်သွားလိုက်တယ်။ ကျွန်တော့်ရဲ ့အိမ်နီးနားချင်းတစ်ယောက်က သူဆုံးသွားပြီဆိုတဲ့ အကြောင်းပြောတယ်။ကျွန်တော် မျက် ရည်တစ်စက်လေးတောင် မကျခဲ့ဘူး။ခဏနေတော့ ကျွန်တော့မိတ်ဆွေတွေက ကျွန်တော့်ကို သူဖတ်စေချင် လို ့ရေးပေးခဲ့တဲ့ စာလေးတစ်ဆောင်ထုတ်ပေးတယ်။ ‘’ အမေ အချစ်ရဆုံးသားလေး … အမေမင်းအကြောင်းကိုပဲ အမြဲတန်းတွေး နေမိတယ် သားရယ်…သားအိမ်ကိုရောက်လာပြီး မင်းရဲ ့သား လေးကို ခြောက်လှန် ့မိသလိုဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ် သားရယ်…အမေလေ မင်းဒီပွဲကို လာမယ်ဆိုတာကို သိရတော့ အရမ်းဝမ်းသာတာပဲကွယ်…..ဒါပေမဲ့…သားရဲ ့မျက်နှာလေးကို ကြည့်ခွင့် ရဖို ့အတွက် အမေ့မှာ အခွင့်အရေးမရှိတော့ပါဘူးသားရယ်…အမေက အိပ်ယာထဲကတောင် မထွက်နိုင် တော့တဲ့ အခြေနေကိုရောက်နေပြီလေ သားရဲ ့…မင်းတဖြည်ဖြည်းကြီးပြင်းလာတာနဲ ့အမျှ မင်ကိုအမြဲတန်း အရှက်ရစေခဲ့တဲ့အတွက် အမေအမြဲတန်းစိတ်မကောင်းဖြစ်ရပါတယ်သားရယ်..အဲ့ဒိအတွက်လဲ တောင်း ပန်ပါတယ်သားရယ်…နော်..အမေ့ကို ခွင့်လွှတ်ပါ….မင်းမှတ်မိမှာ မဟုတ်တော့ဘူးသားရဲ ့..မင်းလူမှန်းမသိ တတ်သေးတဲ့ အရွယ်က ကားတိုက်မှုတစ်ခုဖြစ်ခဲ့တယ်…အဲ့ဒိအတွက် မင်းရဲ ့မျက်စိတစ်ဖက်ဆုံးရှုံးသွားခဲ့ တယ်….အမေတစ်ယောက်အနေနဲ ့မင်းကြီးလာတဲ့အခါမှာ မျက်စိတစ်ဖတ်တည်း ဖြစ်နေမှာကို လုံးဝမကြည့် ရက်တာနဲ ့အမေ့မျက်လုံးတစ်လုံးကို ထုတ်ပြီး သားအတွက် ပေးခဲ့တယ် သားရဲ ့….အမေ့မျက်လုံးနဲ ့ ကမ္ဘာ တစ်ဝှမ်းကို သားမြင်နိုင်နေပြီဖြစ်တဲ့အတွက် အမေးဂုဏ်ယူလို ့မဆုံးပါဘူးသားရယ်… အနှိုင်းမဲ့ ချစ်ခြင်းများစွားဖြင့်…. မင်းရဲ ့အမေ ‘’

နန်းရှင် ဘာသာပြန်သည်။ ၁၊၂၆၊၁၃။

8 comments

  • Mr. MarGa

    February 12, 2013 at 9:20 pm

    ရင်ထဲကို ထိခိုက်သွားစေနိုင်တဲ့ အကြောင်းအရာလေး
    မိခင်မေတ္တာ အတိုင်းအဆ မရှိပါလားနော်

  • padonmar

    February 12, 2013 at 10:26 pm

    ဒီကိစ္စကို အမေကမပြောပြတာတောင် အိ်မ်နီးနားချင်းတွေက မပြောပြဘူးလား။

  • kyeemite

    February 13, 2013 at 1:58 pm

    ဒီရွာမှာထူးဆန်းတာတစ်ခုသတိပြုမိတယ်ဗျ…
    ခုတလောမျက်မမြင်ဇတ်လမ်းတွေတော်တော်တွေ့တယ်..
    ဗုံဗုံရေးတဲ့ “သိစေချင်လိုက်တာ ညီမလေးရယ်”
    ဒီစါရေးသူပဲ ဘာသာပြန်တင်တဲ့“မျက်မမြင်ကောင်းမလေး”
    ခုတင်တဲ့ပို့စ်….အားလုံး ဘလိုင်းဇတ်လမ်းကြီးပဲ…တိုက်ဆိုင်တာပြောပါတယ်.. :kwi:

    • kai

      February 13, 2013 at 3:18 pm

      ၂လုံးထဲရှိတဲ့မျက်စိကို.. ကန်းခိုင်းပြီးဇတ်နာအောင်လုပ်နေတာ…
      ဟိုဖြူတ်ဒီလဲနဲ့.. တကယ်တော့.. လက်တွေ့မဆန်ကြောင်း… :kwi:

  • လူကလေး

    February 13, 2013 at 2:00 pm

    အင်း.. အဇာတသတ် နောက်တစ်ယောက်ပါလား ..

    ထိုက်တန်ပါတယ်.. ထိုက်တန်ပါတယ်.. ဒီလိုလူတွေ .. ပဉ္စံနန္ဒိယ ကံ နဲ့တော့ ထိုက်တန်ပါတယ်..
    (ရေးချင်ဇောအားကြီးနေပါသဖြင့် စာလုံးပေါင်း သီးခံပါ)

  • moonpoem

    February 13, 2013 at 2:06 pm

    ဒီပိုစ့်ကို ဖတ်ဖူးတယ်။ နိုင်းနိုင်းစနေ ဘလော့်ဂ်မှာလို ့ထင်တယ်။ဘယ်သူကအရင်ဘာသာပြန်တာတော့ မသိပါဘူး။ ဖတ်ဖူးပြီး ခံစားခဲ့ရလို ့မှတ်မိနေတဲ့ အတွက်ပါ။

    • Nan Shin

      February 13, 2013 at 7:18 pm

      ဟုုတ်လား…..။ကျနော်က မနေ ့တနေ ့ကမှ စပြီးရေးတာ

  • မောင်ပေ

    February 13, 2013 at 8:28 pm

    စာကောင်းတစ်ပုဒ်ကို ဘာသာပြန်နှစ်မျိုးနဲ ့ဖတ်လိုက်ရတာပေါ့ဗျာ

Leave a Reply