ညောင်တုန်းမြို့က ချောင်းသာကမ်းခြေ

weiweiFebruary 12, 20133min40231

ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားကြမယ်ထင်ပါတယ်။ ညောင်တုန်းမှာ ချောင်းသားကမ်းခြေအတု ညောင်ချောင်းသာ ဆိုပြီး နံမည်ကြီးနေတာနဲ့ ဒီနေ့ ပြည်ထောင်စုနေ့မှာ အလုပ်ထဲက ဝန်ထမ်းတွေစုပြီး သွားလည်ကြတယ်။ ရန်ကုန်ကနေ ညောင်တုန်းအထိ တစ်နာရီခွဲလောက်သာ ကားစီးရတာမို့လို့ သွားရတာအဆင်ပြေပါတယ်။ ရန်ကုန်ဘက်ကလာတဲ့ ပန်းလှိုင်မြစ်နဲ့ ဧရာဝတီမြစ်လက်တက်တစ်ခု ပေါင်းစုံတဲ့နေရာမှာ သဲသောင်ပြင်တစ်ခုဖြစ်နေပြီး အဲဒီနေရာမှာ ဆိုင်ခန်းတွေ၊ ကမ်းခြေနဲ့တူတဲ့ အပြင်အဆင်တွေနဲ့ ရေလာကစားကြတဲ့သူတွေနဲ့ အရမ်းစည်ကားနေပါတယ်။ ဓါတ်ပုံလေးတွေ အားပေးကြပါအုန်း ….

ပုံ (၁)
ပုံ (၁)
ပုံ (၂)
ပုံ (၂)
ပုံ (၃)
ပုံ (၃)
ပုံ (၄)
ပုံ (၄)
ပုံ (၅)
ပုံ (၅)
ပုံ (၆)
ပုံ (၆)
ပုံ (၇)
ပုံ (၇)
ပုံ (၈)
ပုံ (၈)
ပုံ (၉)
ပုံ (၉)
ပုံ (၁၀)
ပုံ (၁၀)
ပုံ (၁၁)
ပုံ (၁၁)
ပုံ (၁၂)
ပုံ (၁၂)
ပုံ (၁၃)
ပုံ (၁၃)

31 comments

  • တညင်သား

    February 12, 2013 at 10:49 pm

    သောင်ပြင် တော်တော် ကျယ်တာပဲ… ကလေးတွေ ရေဆော့တာကိုကြည့်တော့ ပျော်စရာကြီး ။
    ရေက နောက်ကျိနေတယ်လို့ မြင်ရတယ် ဟုတ်လားဟင်……………….

  • padonmar

    February 12, 2013 at 11:29 pm

    ညောင်တုန်းကလူတွေ စီးပွားရေးအကွက်မြင်တာပေါ့။
    လှိုင်းစီးလို့တော့ ဘယ်ရပါ့မလဲနော်။

    မြစ်ထဲသောင်ထွန်းတာ အမှန်တော့ မြစ်ကြောင်းကောလာတာပါပဲ။

    • weiwei

      February 13, 2013 at 8:17 am

      ညောင်တုန်းကလူတွေ စီးပွားရေးအကွက်မြင်တယ် …
      သောင်ပြင်ဆီသွားဖို့ တံတားထိုးထားပြီး တံတားဖြတ်ခ တစ်ယောက်တစ်ရာ ပေးရပါတယ် ..
      ပလက်စတစ်ဆက်တီခုံတွေကို ထိုင်ခုံတစ်လုံးငါးရာနှုန်းနဲ့ ငှားတယ် …
      ဘောကွင်းငှားတာတော့ ဘယ်လောက်လဲမသိလိုက်ဘူး … စက်လှေလေးတွေ အနီးအနားတစ်ခါစီးရင် တစ်စီး ၃၀၀ဝ ပေးရတယ် ..
      ငါးကြော်၊ ပုဇွန်ကြော်၊ ကြက်ကြော်နဲ့ ဒေသထွက်စာ ငှက်ပျော်ခြောက်ကြော်သည်တွေ ရောင်းကောင်းတယ် …

      • kai

        February 13, 2013 at 1:57 pm

        အလုပ်အကိုင်အခွင့်အလန်းရှာဖွေ..ဖန်တီးမှုကိုသဘောပေါက်ကြတဲ့.. နယ်သားတွေပေါ့..
        ဒီအတု်ိင်းဆို.. သင်္ကြန်မှာ.. အဲဒီနေရာ တော်တော်စည်မှာလားမသိ..

  • aye.kk

    February 13, 2013 at 6:58 am

    wai wai ရေ
    ပုံတွေကြည့်ပြီးရောက်ချင်စိတ်ဖြစ်ပြီးလည်ချင်မိပါတယ်။
    ပျော်စရာကောင်းတယ်။သင်္ကြန်မှာဆိုပိုပြီးစည်ကားမှာဘဲနော်။
    မြစ်ချောင်းတွေကောလာတာဟာနှမြောစရာတော့ကောင်းသားပါ။။

  • MaMa

    February 13, 2013 at 7:23 am

    ခေါင်းစဉ်ကြည့်ပြီး အတော်စိတ်ဝင်စားသွားတယ်။
    သွားနေကျလမ်းဖြစ်ပြီး တခါမှ မမြင်ဖူးဘူး။
    ဓာတ်ပုံကြည့်ပြီးတော့ အံ့ဩမိတယ်။
    ပျော်စရာကြီးပဲ။
    လူတွေ အများကြီးနဲ့ အတော်စည်ကားနေတာပဲ။

    ဒါပေမယ့်လည်း ပဒုမ္မာ ပြောသလိုပါပဲ။
    မြစ်ဝကျွန်းပေါ်မှာ သောင်ထွန်းတာ မြစ်ကြောင်းကောလာတဲ့သဘောမို့ ဧရာဝတီအတွက် စိ်တ်တော့ ပူစရာပဲ။ :buu:

    • weiwei

      February 13, 2013 at 8:38 am

      သင်္ကြန်ကျနေသလားအောက်မေ့ရလောက်အောင် စည်ကားနေပါတယ် …
      လူတွေ လူတွေ အများကြီး ဘယ်ကနေ ရောက်လာကြလဲမသိဘူး …
      နေပူကျဲကျဲမှာ ပျော်နေနိုင်ကြတာကြည့်ပြီး အံ့ဩမိတယ် …

      ကြည့်ရတာတော့ မိုးတွင်းဆိုရင် သဲသောင်ပြင်ရှိမယ်မထင်ဘူး …

  • surmi

    February 13, 2013 at 9:02 am

    တံတားဘက်တော ့မဟုတ်လောက်ဖူးထင်တယ်
    တံတားထိုးပြီးကတည်းက ညောင်တုန်းဘက်မရောက်တော ့ဘူး
    အရင် ဇလွန်ဘုရားသွားရင် ညောင်တုန်းဇက်ဆိပ်မှာ ညအိပ်လောက်လုနီးပါး
    စောင် ့ခဲ ့ရတာသတိရမိတယ် ။မြစ်ကြောင်းတွေကောလာတာနဲ ့ပတ်သက်ပြီး
    မနှစ်ကလောက်က အလဲဗင်း ဂျာနယ်မှာတောင်ရန်ကုန်မြစ်ရေ က
    တစ်ချို ့နေရာမှာ သောင်ထွန်းပြီး ဒူးလောက်ဘဲရှိကြောင်း ကို ကလေးတွေ
    ရေဆော ့နေတဲ ့ပုံနဲ ့ပြသွားဖူးသေးတယ် ။
    ကလေးတွေကျောင်းပိတ်ပြီးရင်တော ့နီးနီးနားနားဆိုတော ့သွားကြည် ့ဦးမယ်
    ညောင်တုန်းမြီု ့ ထဲဝင်ပြီးမှသွားရတာလား ဒါမှမဟုတ်ဘယ်လိုသွားရလဲဆိုတာလေး
    လမ်းညွှန်ပါဦး ။

    • weiwei

      February 13, 2013 at 10:42 am

      ညောင်တုန်းမြို့ထဲမှာပဲ … လမ်းတော့မညွှန်တတ်ဘူး … မြို့ထဲက သွန်းဘုရားကြီးနဲ့ သိပ်မဝေးဘူး … တံတားကိုမရောက်ခင် မြို့ထဲအဝင်လမ်းအတိုင်းသွားရပါတယ် …

      ညောင်တုန်းကို အကြိမ်ကြိမ် ဖြတ်သွားဖူးပေမယ့် ဘုရားဖူးနဲ့ သီးသန့်တစ်ခါမှ မရောက်ဖြစ်ခဲ့ဘူး … ဒီတစ်ခါမှပဲ ရောက်ဖြစ်တော့တယ် … ဘုရားတွေလဲ သပ္ပါယ်တယ် … မြို့ထဲမှာ ရှေးဟောင်းအိမ်ပုံစံတွေလဲ တွေ့ခဲ့တယ် ..

      • nozomi

        February 18, 2013 at 6:15 pm

        မြို့ အဝင် မိုးဟုတ် ဘုရားကြီးက ဝင်ရင် ဘယ် / ညာ ခွဲတဲ့ လမ်းနှစ်ခု တွေ့မယ်
        ညာဘက် က နောက်ဆုံး ဇတ်ဆိပ်သွားတဲ့လမ်း ၃၈ လမ်းကို ရောက်မယ်
        ဘယ်ဘက်ကို ချိုးသွားရင် ကားဂိတ် ဗလီ အတိုင်း တည့်တည့်သွားရင် ၈ လမ်းကို ရောက်တယ်
        အခု အန်တီဝေ ပြောတဲ့ နေရာက ၆ လမ်း နဲ့ ၉ လမ်း ကြား တဲ့

  • ဗုံဗုံ

    February 13, 2013 at 10:04 am

    မန်းလေးနွေရာသီမှာ အဲ့ဒီထဲသွား ပြီးရေချိုးလိုက်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ 🙂

  • kyeemite

    February 13, 2013 at 10:33 am

    မဝေ ဓါတ်ပုံနဲ့တကွတင်မှသိရတော့တယ်
    အစက ကြားကိုမကြားမိတာ..ရေချိုးနေကြတာတွေ့ရတာတော့
    တော်တော်ပျော်စရာကောင်းတာပဲ..
    ရန်ကုန်နဲ့ နီးနီးလေးမို့ လူပိုစည်လာစရာရှိတယ်…
    ညောင်တုန်းကလူတွေ ဝင်ငွေဖြောင့်တာလည်းဝမ်းသာမိပါရဲ့….
    မြစ်ကြီးဧရာအကြောင်းတော့..ပြောတော့ဘူးဗျာ.. :hee:

    • weiwei

      February 13, 2013 at 10:52 am

      ကျွန်မလဲ တစ်ခါမှ မကြားဖူးခဲ့ဘူး … သိသိချင်းပဲ ရွာထဲက ခရီးသွား စီဂျေ ပီသအောင် အမြန်သွားပြီး မှတ်တမ်းတင်ခဲ့လိုက်တာ …
      မနက် ၉ နာရီကနေ နေ့လည် ၂ နာရီအထိ အဲဒီသောင်ပြင်ပေါ်မှာ နေခဲ့တာ တော်တော်နေပူမိလာတယ် … အတူသွားတဲ့သူတွေက ၂ နာရီထိုးတာတောင် မပြန်ချင်ကြသေးဘူး … ပျော်လို့ကောင်းတုန်း …

  • ဆူး

    February 13, 2013 at 10:46 am

    သွားချင်လိုက်တာ.. သတင်းရ နောက်ကျသွားတယ်။ စောစော က သိရင် လိုက်ခဲ့ပါတယ်.. ဟိဟိ

    • weiwei

      February 13, 2013 at 10:57 am

      ဒီနေ့ ရုံးမှာလဲ အဲဒီလိုပြောတဲ့သူတွေ အများကြီးပဲ … :kwi:

      • ဆူး

        February 13, 2013 at 12:07 pm

        ကြွားတာ ကြည့်ပြီး တရေပဲ တုတ် ပလိုက်တော့တယ်.. ဂွိ :kwi:

  • ခိုင်ဇာ

    February 13, 2013 at 10:55 am

    ရေကူးချင်စိတ် (အဲလေ) ရေထဲ စိမ်ချင်စိတ်ပေါက်လာတယ်။
    :hee:

  • မောင်ပေ

    February 13, 2013 at 11:30 am

    ပုံရထဲက ပန်းရောင်နဲ ့တစ်ယောက်က ဒေါ်ဝေဝေ ဖြစ်ပါတယ် ခင်ဗျား

    • weiwei

      February 13, 2013 at 1:44 pm

      ကင်မရာရိုက်တဲ့သူက ကင်မရာရဲ့အနောက်မှာပဲရှိတယ်လေ … :kwi:

  • ခင်ခ

    February 13, 2013 at 11:41 am

    တစ်ခါမှမရောက်ဖူး ဘူးဗျ။ အခုလို ဓာတ်ပုံတင်ပေးလို့ တွေ့မြင်သိရတာ မမဝေ ကိုကျေးဇူးဗျ။
    လွန်ခဲ့တဲ့ ၃ နှစ်လောက်က ညောင်တုန်းဘက်ရောက်တယ်လေ ဒါပေမယ့် အဲလိုရှိတာတော့ မသိခဲ့ဘူးလေ။

  • Wow

    February 13, 2013 at 11:43 am

    ညောင်တုံးက ချောင်းသာက ကြားဖူးနေတာတော့ကြာပြီ ဝေရေ…
    ပုသိမ်သွားရင် ဖြတ်သွားဖြတ်လာ ခဏခဏရောက်ပေမဲ့ သတိကိုမထားမိတာ..
    အခုမှပုံတွေစုံစုံလင်လင်နဲ့ သိရတယ်….

  • etone

    February 13, 2013 at 12:11 pm

    ညောင်ချောင်းသာကို သူများတွေ ပြောလို့ ကြားဖူးနေတာ … အခုမှပဲ မြင်ဖူးတော့တယ် ။ ရေလာဆော့တဲ့လူတွေလည်း အများကြီးပါပဲလား ။
    ကမ်းခြေချင်းတော့ တူပေမယ့် .. ရေချိုကမ်းခြေဆိုတော့ … တမျိုးတော့ တမျိုးလေးပဲ .. … ။

    ပင်လယ်ကမ်းခြေရောက်သွားတဲ့ ဖီလင်က တော့ အတိုင်းဆမရှိ လွတ်လပ်သွားတယ်လို့ ခံစားရတယ် .. ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးရယ် ၊ အရှိန်ဟုန်နဲ့ ခပ်ပြင်းပြင်းပြေးတိုက်လာတဲ့ လှိုင်းလုံးတွေရယ် ၊ ခပ်ကြမ်းကြမ်းမွမွ သဲပြင်ကြီးရယ် ၊ ဖျတ်ဖျတ်လူးအောင် တိုက်နေတဲ့ လေပူတွေရယ်က …. စိတ်ဖိစီးမှုတွေကိုလျော့ချပေးသလိုပဲ … ။

    • weiwei

      February 13, 2013 at 12:53 pm

      ဒီနေရာလေးကတော့ ဖီလင်အတုပေါ့ …
      အစစ်လောက်မကောင်းပေမယ့် ခရီးကလဲနီး ပိုက်ဆံမကုန် အချိန်လဲမကုန်ဆိုတော့ မဆိုးပါဘူး ….

  • နွယ်ပင်

    February 13, 2013 at 1:21 pm

    အတုက အစစ်လောက် မကောင်းပင်မယ့်လည်း
    သွားရတာအဆင်ပြေပီး ငွေကုန်ကြေးကျလည်း သက်သာတယ်ဆိုတော့
    တစ်ခါလောက်တော့ သွားချင်မိတယ် …. :mrgreen:

  • moonpoem

    February 13, 2013 at 2:21 pm

    ရွှေစက်တော်နဲ ့ခပ်ဆင်ဆင်နော်။ ဒါပေမယ့် ဒီညောင်ချောင်းသာက ပိုသာယာတယ်။ ရန်ကုန်နဲ ့နီးတော့ နေ ့ချင်းပြန်လည်း သွားလို ့ရတယ်။ ချောင်းသာအစစ်လို ဟိုတယ်ခတွေထပ်မကုန်တော့ဘူးပေါ့။ ဓာတ်ပုံလေးတွေကြည့်ရင်းနဲ ့သွားချင်စိတ်ဖြစ်လာတယ် မဝေရေ။

  • ပုံတွေကြည့်ပြီး တစ်ခု တွေးလိုက်မိတယ် …
    လူတွေ တော်တော်လေး ပျော်နေကြတာပဲ …
    တစ်သက်ပတ်လုံးလည်း …
    အဲ့ဒီလိုသာ ပျော်ပျော် နေနိုင်ကြမယ်ဆိုရင် ကောင်းလိမ့်မယ် ထင်ပါရဲ့ …
    ဒါပေမယ့် .. ဘဝမှာ သူ့အကန့်နဲ့ သူပဲပေါ့နော် …
    အားပေးသွားပါတယ်ဗျာ …

  • awra-cho

    February 13, 2013 at 4:33 pm

    အော် အမှိုုက်တွေ ဒီတိုင်းပစ်သွားရင် မြစ်ကြီး သနားပါတယ်၊ ဒီတိုင်းပဲ မြစ်ထဲပစ်မှာပါပဲလေ၊ ဒွတ်ခဒွတ်ခ

  • ဂန္ဓာရီ ဆြာအုပ်

    February 13, 2013 at 9:55 pm

    ခုမှဘဲကြားဖူးတော့တယ်
    ပျော်စရာပဲ တစ်ခေါက်လောက် သွားကြမလားဟေ့
    ဘယ်သူလိုက်မလဲ

  • Ma Ei

    February 14, 2013 at 9:25 am

    ပျော်ရွှင်နေကြတဲ့သူတွေကို ကြည့်လို့
    အပျော်လေးတွေကူးစက်လာပါတယ်…
    ရေကြည်ကြည်လေးဆို ပိုလှမယ်နော်…

  • ဦးကြောင်ကြီး

    February 14, 2013 at 10:32 am

    ချောင်းသာတု
    ဒေါင်းစာဥ
    ဖောင်းလာခု
    ရောင်းရှာလု
    မောင်းဖြာထု
    ညောင်းညာစု
    ပြောင်းဝါငု
    ခေါင်းမှာဘု..။

  • nyaungdon tharlay

    February 18, 2013 at 5:59 pm

    ညောင်တုန်းမှာ ရှိတဲ့ ကမ်းခြေလေးတစ်ခုပါ ..အရမ်းသာယာပါတယ်..ရန်ကုန်မြို့နဲ့ကားတစ်နာရီခွဲလောက်
    စီးရင်ရောက်ပါတယ်..အဲဒီမှာ ဆိုင်တွေအများကြီးရှိပါတယ်..ဝန်ဆောင်မှုကတော့ ကောင်းပါတယ်..ဒါပေမယ့်
    မသိရင် ရိုက်ပါတယ်…ရေကတော့ ရေချိုပါ..လှိုင်းတော့ မရှိဘူး..လေတော့နည်းနည်းတိုက်တယ်….လာချင်လိုပဲဖြစ်ဖြစ် စပ်စုလိုပဲဖြစ်ဖြစ် ဖုန်းနံပါတ် 09422463047
    ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ကျွန်တော်ကတော့ စိတ်ညစ်ခံပြီး လမ်းညွန့်ပေးမှာပါ…အားလုံးကို လာလည်စေချင်ပါတယ်..တက်နိုင်သလောက် ကူညီမှာပါ……

Leave a Reply