ဦးနှောက်မှလျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်း

Mr WorldWideFebruary 13, 20132min1355

 

bb

ဦးနှောက်မှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် စမ်းသပ်ချက်ကို အမေရိကန်မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) မှ စမ်းသပ်အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါလျှပ်စစ်ဓာတ်အားသည် မိုက်ခရိုဝပ်ပမာဏမျှသာ ရှိပါသည်။ သို့ဖြစ်ပါ၍ အခြားဖုန်းနှင့်အီလက်ထရောနစ်ပစ္စည်းများကို အားသွင်း၍ မရနိုင်ပါ။ သို့သော် ရည်ရွယ်ချက်မှာ ဦးနှောက်အတွင်းမှာရှိသော လူတို့ထည့်သွင်းထားသည့် Chip များကို ပြန်လည်အားသွင်းရန် ဖြစ်ပါသည်။ ဦးနှောက်တစ်ခုထဲတွင် မဟုတ်ဘဲခနာကိုယ်ထဲရှိ မည်သည့်အားသွင်းရန် လိုအပ်သော ပစ္စည်းကို မဆိုအားသွင်းပေးနိုင်ရန်ဖြစ်ပါသည်။

ယခုလက်ရှိအသုံးပြုနေသောနည်းလမ်းမှာ အားသွင်းရန်လိုအပ်သော ပစ္စည်းကိုခနာကိုယ်ထဲမှပြန်လည်ခွဲထုတ်ယူခြင်း၊ သို့မဟုတ် ရေဒီယိုလှိုင်းဖြင့် အားသွင်းခြင်း ဖြစ်ပြီး ဦးနှောက်အတွင်း၌ ထည့်ထားသော Chips များကို ဆက်လက်အလုပ်လုပ်ဆောင်စေပါသည်။ ခွဲစိတ်ထားသူအချို့အား အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် လျှပ်စစ်ပစ္စည်းများအား ခနာကိုယ်တွင်းသို့ ထည့်သွင်းအသုံးပြုကြသောနည်းပညာအား နှစ်အတန်ကြာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။

ယခုအခါ၌ ၎င်းစက်များကို အပြင်သို့ထုတ်၍ အားသွင်းရန်မလိုအပ်ဘဲ ခနာအတွင်း၌ပင် အားသွင်းနိုင်မည့် နည်းပညာမှာ အသစပ်ပင်ဖြစ်ပါသည်။ ဦးနှောက်မှ Cerebrospinal Fluid ဆိုသည့်အရည်မှ ဂလူးကို့စ်ဓာတ်ကို ထုတ်ယူပါမည်။ ယင်းဂလူးကို့စ်ကို အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး ယင်းအောက်ဆီဂျင်ဓာတ်ပေါင်းကို အခြေခံကာ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲစေခြင်း ဖြစ်ပါသည်။ အဆင့်များစွာ ရှိသော်လည်း ပစ္စည်းမှာမူ မီလီမီတာမျှသာ သေးငယ်သော ပစ္စည်း (Fuel Cell) ဖြစ်ပါသည်။

ယင်းပစ္စည်း(Fuel Cell) ကြောင့်ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပြီး ခနာကိုယ်အတွင်းမှ ကျန်းမာရေးအထောက်အကူပြု အီလက်ထရောနစ်ပစ္စည်းများကို အားသွင်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် သွက်ချာပါဒ ရောဂါသည်များး၏ ခြေလက်များ ပြန်လည်လှုပ်ရှားနိုင်ရေးအတွက် ဦးနှောက်တွင်ထည့်ထားသော Chips ပြားလေးများအား ပြန်လည်အားသွင်းပေးရန် အထူးသင့်တော်ကြောင်း သိရှိရပါသည်။

Source:http://realitypod.com/2013/01/scientists-generate-electricity-using-human-brain/

Scientists Generate Electricity Using Human Brain!

The topic is as interesting as the title. After decades of effort, Scientists have devised a way to generate electricity from brain. Researchers from Massachusetts Institute of Technology (MIT) have designed an implantable fuel cell that can generate electricity from a fluid around the brain (cerebrospinal fluid). The result of the experiment was a success since it produced a few hundred microwatts of power from glucose within the cerebrospinal fluid. No adverse physiological effects have been reported so far. This small amount of generated power is of course not enough to run a small fan or any small appliance. But the inventors are not thinking of utilizing this energy to power the appliances. Instead, scientists have planned to make use of this energy in bio-medical field. The amount of electricity produced is enough to power the latest, futuristic and highly efficient brain implants that can help the paralyzed patients to move their limbs.

 

 

5 comments

  • ခင်ခ

    February 13, 2013 at 9:57 am

    နည်းပညာတွေကတော့ ဆန်းသစ်တီထွင် ကြပါပေတယ်ဗျ။
    တစ်ချို့ သတင်းတွေဆို အံဪလောက်တယ်နော်။

  • ခိုင်ဇာ

    February 13, 2013 at 11:01 am

    ဟယ်။
    ဒါဒွေကို ဟိုအပင်ဆီကတို့ ဟိုအင်အင်း တို့ကနေ လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ငဒို့ လူဂျီးတွေ မသိစေနဲ့နော်။
    ငဒို့ ရှိစုမဲ့စု ဦးနှောက်လေးဒွေ အစမ်းသပ်ခံဖစ်နေမယ်။

    :harr: :harr:

  • moonpoem

    February 13, 2013 at 3:42 pm

    ဒါဆို ဘာမှ ထုတ်မသုံးထားတဲ့ ဟိုလူကြီးတွေရဲ ့ဦးနှောက်ဆို ချာဂျင်သွင်းရင် ခဏလေးနဲ ့ပြည့်မယ်ထင်တယ်နော်။

  • မောင်ပေ

    February 13, 2013 at 7:14 pm

    နှလုံးခုန်စက် တပ်ထားရတဲ့ လူတွေ အတွက်တော့ သတင်းကောင်းဖြစ်လာတော့မှာပေါ့နော
    သတင်းအတွက် ကျေးကျေးပါ

    • Mobile

      February 14, 2013 at 9:30 pm

      ဒဂယ်လို့ ကိုပေများ ပြောသလို နှလုံးခုန်စက် တပ်ရမယ်ဆိုရင် လျှပ်စစ်အတွက်
      အုံးနောက်က ထုတ်ဖို့မလိုလောက်ဘူးထင်တယ်ဗျ။ ဗို့ထွက်အားပိုကောင်းမယ့်
      နှာခေါင်းကနေ ထုတ်သင့်တယ်။
      ကို အီးတီ ရေယခုလို နည်းပညာအကြောင်းလေးတွေကို နန်းစတော့ ရေးသားပေးတဲ့အတွက်
      အထူးဗဟုတ ဖြစ်စေကြောင်း အထူးပင်စိတ်ဝင်စားလှပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply