ကျွန်မအလုပ်ရှုပ်နေတယ်…မောင်…

WowFebruary 13, 20134min37664

‘ခင်ဗျားဒီကိစ္စဘယ်လိုရှင်းမလဲ ‘
ဒေါသပေါက်ကွဲနေသောမျက်နှာနှင့် တစ်ရုံးလုံးကြားလောက်သော အသံနှင့် အော်ဟစ်နေသော စီမံဌာနမန်နေဂျာ…
‘ဒီခရီးထွက်ရမယ်လို့ ကြိုပြီးလဲ ရီပို့တင်မထားဘူး။ အခုတက်လာတဲ့ အသုံးစရိတ်တွေကို ကျွန်တော် ဘယ်လိုအကြောင်းပြချက်နဲ့ ထုတ်ပေးရမှာလဲ..’
‘ဒါ Head Office က special request ပါ……
သူမစကားမဆုံးခင်…
‘ခင်ဗျားတို့ လုပ်ချင်ရာလုပ်လာခဲ့ပြီးမှ ဒါပဲဆိုပြီးလာချပြတာမျိုး လုံးဝလာမလုပ်နဲ့… ဒါကျွန်တော့်ဘောင်ထဲမှာ…’
မျက်နှာကြီးမဲပြီး ပေါက်ကွဲနေသော စီမံမန်နေဂျာကို ကြည့်ပြီး.. စိတ်မထိမ်းနိုင်လိုက်တာဟု…
‘Calm down.. calm down…’
အသံကြားလို့ လှည့်ကြည့်လိုက်တော့…
အခန်းထဲဝင်လာသော မြန်မာရုံး ဌာနေကိုယ်စားလှယ်…
‘ဘာဖြစ်ကြတာလဲ’
‘You know what… ဒီ နိုင်ငံခြားရုံးချုပ်က special request, special project တွေ ချက်ချင်းလုပ်ဆို ငါ စီမံနဲ့ အမြဲ ထိပ်တိုက်တွေ့ပြီလေ…’
မြန်မာရုံးအကြီးအကဲကို ပြုံးပြီးရှင်းပြလိုက်သည်။
မခံမရပ်နိုင်အကြီးအကျယ် ပေါက်ကွဲထားသော ခံစားချက်နှင့် မဲနေသော မျက်နှာကို ကြိုးစားပြင်နေရသော စီမံမန်နေဂျာကို ကြည့်ပြီး.. ဖစ်မှ ဖစ်ရလေ.. ဒီလောက် စိတ်လှုပ်ရှားလွယ်ရလား…
‘အိုး.. ဒီကိစ္စ ငါရှင်းပြနိုင်တယ်ထင်ပါတယ်…..
အင်း ပြသနာတစ်ခုရှင်းသွားပြီပေါ့…. ကိုယ်ဆက်ရှင်းပြစရာမလိုတော့…
ညနေရုံးဆင်းခါနီး ပစ္စည်းတွေသိမ်းနေစဉ်… မြန်မာရုံးအကြီးအကဲ ကိုယ့်စားပွဲနားရောက်လာသည်။
‘မင်းသိလား ဒီလိုကိစ္စမျိုးကိုနောင်ဆို အရေးကြီးလုပ်ငန်းစဉ်အနေနဲ့ စီမံကလက်ခံရလိမ့်မယ်’
အထွေအထူးပြောစရာမရှိ… ပင်ပင်ပန်းပန်း အရေးပေါ်လုပ်လဲပေးရသေး မုန့်မရ ဒုတ်ရသလို မဖြစ်တော့ရင် တော်ပြီပေါ့….
‘Anyway… congratulation ပါ.. မင်းက မင်းခံစားမှုကိုတော်တော်ထိမ်းချုပ်နိုင်တာပဲ၊ ဒီလောက်ပေါက်ကွဲနေတဲ့သူကို အေးအေးဆေးဆေးရှင်းပြနိုင်တာ… မင်းပြုံးတောင်ပြုံးနိုင်သေးတယ်…’
‘ခံစားမှုကို ထိမ်းချုပ်ထားတာ ငါအကျင့်ဖြစ်နေပါပြီ….’
……………
………
…..

ဒီနေ့…မောင်ရောက်လာမည်ပဲ…
သူငယ်ချင်းတစ်ယောက်က အကြံပေးဖူးသည်.. သူအနားမှာရှိရှိ မရှိရှိ နင့်ရင်ထဲမှာ သူနဲ့ပတ်သက်ပြီးအမြဲ safety ဖြစ်တယ်လို့ခံစားရရင် နင်အဲဒီ့သူနားက မခွာနဲ့တော့တဲ့…
မောင်ကတော့ သူမရဲ့အမြဲတမ်း လုံခြုံနွေးထွေးစေတဲ့ safety belt လေးပါပဲ…
တစ်မြို့ထဲဆိုရင် သံလိုက်လေးလို သူမနားအချိန်မှန်ကပ်လာတတ်သလို… အဝေးရောက်နေလျှင်လည်း တစ်နေ့ အနဲဆုံးတစ်ခေါက်တော့ဖုန်းခေါ်တတ်တာပါ…
အလုပ်ရှုပ်ရတဲ့ကြားထဲ… ဖုန်းကလာပြန်ပြီ.. ညိုညင်သလို အမြဲညီးတတ်ပေမဲ့ ကျေနပ်နှစ်သိမ့်နေတတ်တာပါ…
ဒီနေ့တော့… မောင်လာမည်…
……….
Hello, hello, baby, You called I can’t hear a thing
I have got no service in the club, you see, see
Wha- Wha- What did you say?
Oh, you’re breaking up on me…
Sorry, I cannot hear you
I’m kinda busy
K-kinda busy
K-kinda busy
ဖုန်း rign tone သံမည်လာပြီး ကြည့်လိုက်တော့ မောင့်ထံမှ…
နှုတ်ခမ်းကို ကွေးညွတ်နေအောင်ပြုံးလိုက်ပြီး….
‘မောင်..ရောက်လာပြီလား’
‘မောင်ဒီနေ့ အစည်းအဝေး ရှိတယ် မေ.. မောင့်ကို တစ်ခုကူညီပါဦး… ရုံးမှာ……. ‘
အလုပ်ကိစ္စပြောစရာရှိတာတွေပြောပြီး သူမရဲ့မောင် ဖုန်းချသွားတော့မှ… မောင်ဒီနေ့တော့သူမဆီ လာမတွေ့တော့ဘူးပေါ့… အင်းလေ အစည်းအဝေး ရှိတယ်ဆိုတော့ အလုပ်ကိစ္စပဲ သူမနားလည်ပေးရမှာပေါ့…
ပြုံးပြီး အလုပ်ဆက်လုပ်ရန်ပြင်လိုက်သည်။ ရင်ထဲမှာတော့ သက်ပြင်းတစ်ချက်ခိုးချလိုက်ပြီး ခါတိုင်း မောင့် အစည်းအဝေး တွေဆို သူမအမြဲ အသေးစိတ်သိနေကြပါ။ မသိခဲ့ရင်တောင် မောင်က သူမကို ရောက်ရောက်ခြင်း သူမ နားထောင်ချင်ချင် နားမထောင်ချင်ချင် အသေးစိတ်ပြောပြနေကြပါ…..
စိတ်ထဲထင့်သွားပြီးမှ… အင်းလေ… တစ်ခါတစ်လေလဲ ဘယ်ပြောပြချင်ပါ့မလဲ….
‘အမ ဘယ်လိုလဲ သံလိုက်တုံးကြီးပြန်ရောက်ပြီပေါ့… မသွားသေးဘူးလား’
‘ဒီနေ့ အစည်းအဝေး ရှိတယ်ဟ.. မသွားသေးပါဘူး’
ရုံးက လုပ်ဖေါ်ကိုင်ဖက် ဂျူနီယာကလေးအမေးကို ပြန်ဖြေရင်း ပြုံးပြလိုက်တော့…. ခါတိုင်းလို ကိုယ့်အပြုံးကို ကိုယ် ယုံကြည်မှုမရှိချင်……
အိမ်အပြန်လမ်းမှာတော့… ကားထဲမှာ နော်နော်သီချင်းလေးနဲ့အတူ…
ဒီလိုညတိုင်း….. ကိုယ်နဲ့မင်း အတူဆုံတွေ့ဖြစ်ရင်… အတိုင်းထက်အလွန်ပဲ…….
……………
………
…..

Sorry, I cannot hear you
I’m kinda busy.
Just a second,
It is my favorite song
They’re gonna play
And I cannot text you with a drink in my hand, eh….
You shoulda make some plans with me,
You knew that I was free.
And now you won’t stop calling me;
I’m kinda busy.
မောင့်ထံမှ ဖုန်းလာနေပြီ….
‘မေ..ဒီနေ့ မောင်တို့ ပရောဂျက်အပြီးသတ်ရမယ်.. မောင် ဒီဖိုင်တွေလိုတယ်… မောင် အစည်းအဝေးထဲ ခဏနေရင်ရောက်နေမှာ … မေ ..ဖိုင်တွေယူလာပြီး အပြင်ကစားပွဲမှာ ထားခဲ့ပေးပါလား…’
‘Ok မောင်…’
မောင် ..အလုပ်ကိစ္စပြောနေတာလေ သူမ professional ဆန်ရမည်။
ဒါပေမဲ့ ဒီနေ့ကော မောင့် ရှက်ဂျူးမှာ သူမ မပါတော့ဘူးလား….
ခါတိုင်းတော့ သူမမေးစရာမလိုအောင် မောင့် ပလန်တွေမှာ သူမက အမြဲတစ်နေရာမှာရှိနေပြီးသားပါ။ ဘယ်လောက်အလုပ်များများပေါ့….
အခုသူမ တစ်ခုခုမေးသင့်နေပြီလား…
ဒီနေ့နဲ့ပါဆို မောင်ပြန်ရောက်တာ နှစ်ရက်ရှိပြီလေ….
‘နက်ဖန်မနက်အစောကြီး နေပြည်တော်သွားရမှာ… မေ…. နေ့ချင်းပြန်ပဲ လေယာဉ်လက်မှတ်ယူပြီးပြီ။ ပြန်လာရင် …. မြို့ကိုဆက်သွားရမယ်…’
ဆိုတော့ ပြီးပြီလေ… ဒီတစ်ပတ် သူမနဲ့မောင် တွေ့ဖို့ရာ မရှိတော့ဘူးပေါ့….
ဒါ… အလုပ်ပဲ မေ…
ဒါ… အလုပ်…
ဒါ… အလုပ်…
ဦးနှောက်က နာကျင်နေတဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းလေးကို အကြိမ်ကြိမ် ကြိုးစားသတင်းပို့သည်….
အိုကေလေ… မေ.. ဒီလောက် မပျော့ညံ့ပါဘူး…
Stop calling, stop calling
I don’t wanna think anyone
I left my hand and my heart on dance floor
Stop calling, stop calling
I don’t wanna talk anyone
I left my hand and my heart on dance floor
Eh, eh, eh, eh, eh, eh…
Stop telephonin’ me!
Eh, eh, eh, eh, eh, eh…
I’m busy!
နားကြပ်တပ်ပြီး ရုံးခန်းထဲမှလူများနှင့် ခဏအဆက်အသွယ် ဖြတ်လိုက်သည်…
ဒီနေ့ Project Plan တစ်ခု အပြီးဆွဲရမယ်…
……………
………
…..

Can call all you want,
But there’s no one home,
And you’re not gonna reach My Telephone!
Out in the club,
And I’m sippin’ that bub,
And you’re not gonna reach My Telephone!
Boy, the way you blowin’ up my phone
Won’t make me leave no faster.
Put my coat on faster, leave my girl no faster.
I shoulda left my phone at home, ’cause this is a disaster!
Callin’ like a collector- sorry, I cannot answer!
‘ပြော..မောင်..’
Rign tone သံကြောင့် သူမဖုန်းကိုင်လိုက်သည်…
‘မောင် ၃ နာရီလောက် ရုံးရောက်မယ်မေ.. လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး ညနေ ငါးနာရီ ခရီးပြန်ထွက်ရမယ်.. မေ .. မောင့်ကို ရုံးမှာစောင့်နေနော်…’
ဘုရားရေ… finally… မောင်သူမဆီလာပြီပေါ့…
ဒါပေမဲ့ တစ်ဆိတ်ကွယ် လိုအပ်တဲ့စာရွက်စာတမ်းတွေယူဖို့ ရုံးလာမှာတဲ့…
သူမအတွက် သီးသန့် အချိန်ပေးတာ မဟုတ်ဘူးပေါ့… သူငယ်ချင်း တစ်ယောက်ပြောဖူးတဲ့ feel safety ဆိုတာကို အူကြောင်ကြောင် ပြန်တွေးမိသည်။
အိုကွယ် … ဒီလောက် risk တွေနဲ့ ကစားနေတဲ့ ခေတ်ကြီးထဲမှာ နေရာတကာမှာ safety first မလိုပါဘူး…
ရီးစားနဲ့ တစ်ခါမှချိန်းမတွေ့ဘူးတဲ့ အပျိုပေါက်လေးလို မောင် လာမဲ့ အချိန်ကို မျှော်မှန်းရင်ခုန်ရင်း သက်ပြင်း ခပ်ကြီးကြီးများကတော့ မကြာခဏချမိသည်….
နေပြည်တော် လေယာဉ်ချိန်စောပြီး မောင် နှစ်နာရီခွဲလောက်ပဲ ရုံးရောက်လာသည်…
မောင် ရောက်လာတော့ လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့အတူ Project ကိစ္စ ဆွေးနွေးစရာများ ဆွေးနွေးရင်း မောင့်ကို ခိုးခိုးကြည့်ရသည်။ ရုံးမှာဆိုရင် သူမတို့စုံတွဲက တည်ငြိမ်၊ သေချာမှုရဲ့ စံပြလေ။ ခံစားချက်တွေ ဖလန်းထပြနေစရာမလိုပါ…
ဒါပေမဲ့.. မောင်ရယ်.. မောင်က ကျွန်မလူလေ…
တဆိတ်လေး… အလုပ်ကိစ္စရပ်ပြီး.. ပါစင်နယ်လေးနဲနဲပြောရအောင်လား..
ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ့… တိုက်တိုက်ဆိုင်ဆိုင် မောင် ကြိုက်တယ်ဆိုတဲ့ မြန်မာအင်္ကျီ ဝမ်းဆက်လေး ဒီနေ့ကျွန်မ ဝတ်လာတယ်လေ…
သတိထားမိပြီး… လှတယ်.. ဆိုတာလေးဖြစ်ဖြစ်ပေါ့…
‘ မေ.. တို့ ဌာနဘက်က ဒီကိစ္စတွေ အမြန်ဆုံးစရလိမ့်မယ်.. မောင့် Project က နှောင့်နှေးလို့မရဘူး…’
မဟုတ်သေးပါဘူး… တစ်ခုခုတော့မှားနေပြီ…
ဘာပဲဖြစ်ဖြစ်.. မောင် က မေ့.. ရီးစားလေ.. မေ နဲနဲတော့ ပေါက်ကွဲလို့ရတယ် မဟုတ်လား…
ဒါပေမဲ့.. ရုံးကလူတွေရှေ့မှာ ရန်ဖြစ်ပြရမှာလား… ရှက်စရာကြီး…
ဦးနှောက်ထဲ အပြန်အလှန်စဉ်းစားရင်း မေ့မျက်နှာ တဖြည်းဖြည်း နီရဲလာသည်…
‘ဒါပေမဲ့ မောင် တို့ ဘက်က ရီပို့တွေ တက်မလာခင် မေ ဘာမှလုပ်လို့မရဘူးလေ… ကိုယ့်တာဝန် အရင်ပြီးအောင် လုပ်ပြီးမှ မေ့ကို ပြောဖို့ကောင်းတယ်…’
တကယ်လက်တွေ့မှာတော့ မေ.. မောင်တို့ ဌာနဘက်က လိုအပ်ချက်တွေကို ထောက်ပြနေမိတာပါပဲ…
မျက်နှာတွေ နီရဲလျှက် တစ်ခုခြင်းထောက်ပြနေသော မေ့ကို ကြည့်ပြီး မောင် နဲနဲတော့ အံ့ဩသွားပုံရသည်။
‘မေ… မောင့်ကို စိတ်ဆိုးနေတာလား..’
အမလေး… ပထမဆုံးမောင်ပြောတဲ့ အနဲငယ် ပါစင်နယ်ဆန်တဲ့စကားပါပဲ…
‘No way’
ထွက်ခွာသွားချင်နေတဲ့ စိတ်တစ်ခုကို ဘယ်လိုကြိုးတွေနဲ့မှ ချည်နှောင်လို့မရဘူး ဆိုတာ.. မေ.. ကောင်းကောင်း နားလည်ထားတယ်မောင်ရဲ့…
ဒီ့အတွက်လဲ မေ့ ဘက်က အသိအမှတ်ပြုခံစားချက်တစ်ခုကို မောင် ရလိမ့်မယ်လို့ မမျှော်လင့်နဲ့…
‘ဒီလိုဖြစ်သွားတယ်ကွယ်’ …လို့ပဲ အိမ်က ကြောင်မကြီး ခလေးမွေးတဲ့သတင်းလို ဘက်လိုက်မှုကင်းကင်းနဲ့ အားလုံးကို ပြောပြဖြစ်မှာ….
အနဲငယ် တင်းမာသော မျက်နှာကိုယ်စီနဲ့….
‘မောင်… သွားပြီမေ…’
ကျွန်မ ဘယ်တော့မှ ထပ်မစဉ်းစားတော့မဲ့ အကြောင်းအရာတွေထဲမှာ မောင် ဘယ်တော့ထပ် ဖုန်းဆက်မလဲဆိုတာ ထိပ်ဆုံးကပဲ မောင်ရဲ့….
တည်ငြိမ်သောမျက်နှာနဲ့ စားပွဲမှာ ပြန်ထိုင်လိုက်ပြီး…. အနီးဆုံးစားပွဲက လုပ်ဖေါ်ကိုင်ဖက်ကို ချိုသာစွာ ပြုံးပြလိုက်သည်….
‘အမတို့ …. Project ရဲ့ deadline က ဘယ်တော့လဲဟင်….’
……………
………
…..

Not that I don’t like you,
I’m just at a party.
And I’m sick and tired of my phone r-ringing.
Sometime I feel like
I live in Grand Central Station.
Tonight I’m not takin’ no calls, ’cause I’ll be dancin!
‘Cause I’ll be dancin’
‘Cause I’ll be dancin’
Tonight I’m not takin’ no calls, ’cause I’ll be dancin!
‘Cause I’ll be dancin’
‘Cause I’ll be dancin’
Weekend မှာ အိပ်ယာ အနဲငယ်နောက်ကျ နိုးဖြစ်ပြီး…
နိုးနိုးခြင်း အိပ်ယာမထချင်သေးတော့ ရေတစ်ခွက်ထသောက်ပြီး စားပွဲပေါ်မှ ကြုံရာစာအုပ်တစ်အုပ်ကိုဆွဲပြီး.. အိမ်ယာပေါ်ပြန်လှဲလိုက်သည်….
ကိုမြအေးရဲ့ မိုးကောင်းကင်၌တိမ်တိုက်များ….
အရေးအသားနုလွန်းသော စာအုပ်တွေကို သူမ မကြိုက်တတ်သလို မလိုအပ်ပဲ သဘောကောင်းပြလွန်းနေသော ဇတ်ရုပ်တွေကိုလဲ မနှစ်သက်… ဒါပေမဲ့ အခက်အခဲကြားမှ ဖြစ်တည်လာရသော စာအုပ်တစ်အုပ်ကို သူမတန်ဖိုးထားဖတ်ရှုသင့်သည်ပဲ….
‘မထ’ တမ်း ဖတ်ရလောက်အောင်တော့ သူမကို မစွဲဆောင်နိုင်… ဒါပေမဲ့ မျက်စိညောင်းပြီး ပြန်အိပ်ချင်လာအောင်တော့ ကိုမြအေး သူမကို ကူညီနိုင်မှာပါ….
ဆရာဝန်တစ်ယောက်၏ကိုယ်ရေးကိုယ်တာ ခံစားချက်ကြောင့် မသေသင့်ဘဲသေသွားရသော လူနာနှင့် သူ့မိသားစု…..
သူမ ဝမ်းနဲပြီး မျက်ရည်ဝဲကာ ရင်ထဲလှိုက်တက်လာသည်…
မောင်… ဘာတွေလုပ်နေလဲ… (ဟင်…ဘာမှလဲ မဆိုင်ဘူးနော်…)
မောင်… မောင်… မောင်…. ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး ရှိုက်ကြီးတငင်ငိုလိုက်သည်….
အခု ကျွန်မငိုလို့ရပြီမလားမောင်…..
အလုံပိတ်ထားတဲ့ အခန်းထဲမှာ ကျွန်မငိုတာ ဘယ်သူမှ မကြားဘူးလေ…..
Stop calling, stop calling
I don’t wanna think anyone
I left my hand and my heart on dance floor
Stop calling, stop calling
I don’t wanna talk anyone
I left my hand and my heart on dance floor
Eh, eh, eh, eh, eh, eh…
Stop telephonin’ me!
Eh, eh, eh, eh, eh, eh…
I’m busy!
……………
………
…..

We’re sorry….the number you have reached is not in service at this time.
Please check the number or try your call again.
……………
………
…..

ကျွန်မအလုပ်ရှုပ်နေတယ်…မောင်…

64 comments

  • ခိုင်ဇာ

    February 13, 2013 at 9:51 am

    Wow….!!!!!!!!!!!

    ခေါ်တာဟုတ်ဘူး။
    Lady Wow Wow ရဲ့ ဒီ အရေးအသားကို ကြိုက်လွန်းလို့ဖြစ်သွားတာတာ။
    မိုက်သည်။
    ခိုက်သည်။
    ကြိုက်သည်။
    ရန်ကုန်လာမှ ရိုက်မည်။ (ဓာက်ပုံ) :mrgreen:

    ခုတော့………!

    ကျွန်မ အရှုပ်လုပ်နေသည် ကိုကို။

    :harr:

    စကားမစပ် အဲ့ဒီ သီချင်းကိုတော့ ကျုပ်မကြိုက်ဘူး။ …

    • Wow

      February 13, 2013 at 10:03 am

      :harr: :harr: :harr:
      အိုက်လိုတောင် မရီနိုင်ပါဝူးအေ……

      • ခိုင်ဇာ

        February 13, 2013 at 10:09 am

        နှလုံးသား ခံစားချက်နဲ့ပတ်သက်လို့ ကိုယ့်ကို ပြောထားတဲ့ ဆုံးမ စကား တစ်ခု ပြန်ပြောပြမယ်။
        ဒီမှာတော့ဟုတ်ဘူး။

        ခုတော့ ရီ နိုင်အောင်ပဲ ရီ လိုက်ပါအေ။

        :harr:

  • Ghi Ghi ThE KiD

    February 13, 2013 at 9:58 am

    မ..
    မောင်အလုပ်ရှုပ်နေတယ်..

    :kwi:

    • Wow

      February 13, 2013 at 10:04 am

      ဟတ်ကဲ့ပါ လေဒီဂီဂီ…. :kwi:

  • ခင်ခ

    February 13, 2013 at 10:25 am

    ပြောမလို့ကို အလှုပ်ရှုပ်နေတယ်ဆိုလို့
    နောက်မှဘဲ လာပြောတော့မယ်……..။

    • Wow

      February 13, 2013 at 10:41 am

      ကြောင်မကြီးသားပေါက်တဲ့ အကြောင်းပြောရအောင်… :mrgreen:

  • ဆူး

    February 13, 2013 at 10:31 am

    ခေါင်းစဉ် နာမည် အရမ်းမိုက်တယ်.. အရမ်း ခိုက်သွားပြီ။

    • Wow

      February 13, 2013 at 10:40 am

      အရမ်းခိုက်အောင် ရေးရသူရဲ့ ရင်ကိုလဲ တစ်ချက်ကျိပါအုံးကွယ် :harr:

      • Ghi Ghi ThE KiD

        February 13, 2013 at 10:43 am

        မှန်း…

        :528:

        • Wow

          February 13, 2013 at 11:18 am

          ဟင်းနော်… အမည်မဖေါ်လိုသူ မည်သူမှဆိုပြီး… နာမယ်ရင်းဖေါ်လိုက်မှာ :mrgreen:

  • ဗုံဗုံ

    February 13, 2013 at 10:48 am

    ခံစားချက်တွေချင်း တိုက်ဆိုင်သွားပြီ ” ကျွန်မ ငိုနေတယ်မောင် ” :byae:

    • Wow

      February 13, 2013 at 11:21 am

      နိုပါနဲ့ဗုံလေးရယ်… ဘယ်သူကတီးသွားလို့ နိုနေတာလဲ :kwi:
      စတာ.. စိတ်မဆိုးရဝူးနော်….

  • မောင်ပေ

    February 13, 2013 at 10:52 am

    စကားမငရုတ်
    အိမ်ကကြောင်မကြီး ကလေးမွေးတာ
    ဂေဇက်က ဦးကြောင်ကြီး နဲ ့များ ဆိုင်နေမလားလို ့
    အဲဒါ အဲဒါ

    • Wow

      February 13, 2013 at 11:24 am

      အိမ်က ငါးခြောက်ပြားတွေပျောက်ပြီး နောက်တစ်နေ့ ကြောင်မကြီး သားရှိတာဆိုတော့…
      ဒီကြောင်ပဲဖစ်မှာ :mrgreen:

  • weiwei

    February 13, 2013 at 11:14 am

    မိုက်တယ် … ကြိုက်တယ် …
    ခံစားချက်ခြင်း အနဲငယ်တိုက်ဆိုင်နေတာနဲ့ … ငိုချင်လာပြီနော် … :byae:

    • Wow

      February 13, 2013 at 11:22 am

      အိမ်း.. တဂါမကြီး ဝေ…
      တရားသဘောနဲ့ ဆိုရင် ဒါမျိုး သက်ကာရဒိဌိ ဆိုလား…. ဟီး သေချာသိတာတော့ ဟုတ်ဝူးရယ် :mrgreen:

  • နွယ်ပင်

    February 13, 2013 at 1:00 pm

    အရမ်းသဘောကျပါအိ ….
    နည်းနည်းလည်း တိုက်ဆိုင်သလိုလို ခေါင်းစဉ်လေးနဲ့ ပြောတာပါ …. :mrgreen:
    အခုတော့ အရှုပ်တွေ ပြေးလုပ်လိုက်ဦးမယ်ချင့် …

  • kai

    February 13, 2013 at 1:27 pm

    ယူပြီးသောအခါ..
    ..
    ..
    ..
    “ဟဲ့.. ငါအလုပ်ရှုပ်နေတယ် ကောင်စုတ်ရဲ့..” :kwi:

    • Ghi Ghi ThE KiD

      February 13, 2013 at 1:28 pm

      ကိုယ်တွေ့လားဟင်င်င်င်
      :528:

      • Wow

        February 13, 2013 at 1:51 pm

        သဂျီးကိုယ်တွေ့
        မီးလောင်နေတဲ့ နှုတ်ခမ်းမွေးသက်သေ… :mrgreen:

  • surmi

    February 13, 2013 at 1:55 pm

    ဘယ်လိုပြောရမလဲတော ့မသိဘူး …..အင်းးး
    ဇတ်ကောင်တွေရဲ ့အတွင်းအဇ္ဈတ္တသဏ္ဌန်ကို ဆွဲထုတ်ပြနိုင်တယ်ဆိုရမလားပဲ
    ယောက်ကျား မိန်းမ မတူညီတဲ ့ စိတ်နေသဘောထား အခြေအနေကိုပေါ်လွင်စေတယ်
    အလုပ်ပေါ်သိပ်အာရုံစိုက်တတ်တဲ ့ ယောက်ကျားတွေရဲ ့ လစ်ဟာမှုနဲ ့
    ခံစားမှုနဲ ့ကိုယ်ရေးကိုယ်တာကို မေ ့ပျောက်ထားနိုင်စွမ်းပေါ ့
    ဆန် ့ကျင်ဘက်အားဖြင် ့ ဘယ်လောက်ပရိုဆန်သည်ဖြစ်စေ ကိုယ် ့ကို
    ဂရုစိုက်စေချင်တဲ ့ မိ်န်းမတစ်ယောက်ရဲ ့ အတ္တသဘောလေးကို
    မှုန်ဝါးဝါးလေးပြသွားနိုင်တာပဲ ။ ဒီဇတ်လမ်းကိုဆက်ရေးမယ်ဆိုရင်ဖြင် ့
    အက်ကြောင်းရဲ ့နိဒန်း လို ့အမည်ပေးလိုက်ချင်ရဲ ့
    ဟုတ်ပါတယ် ….တစ်ကယ်သာအိမ်ထောင်ပြုရင် သိပ်ချစ်ပါရဲ ့နဲ ့
    ကွက်လပ်တစ်ခု ဖြည် ့စရာလိုနေ သလိုပါပဲ ။
    တစ်ချို ့ယောက်ကျားတွေက အချစ်ကို ဂရုစိုက်မှုနဲ ့မပြတတ်ဘူး ။
    တစ်ချို ့မိန်မတွေကျတော ့ အချစ်ကို ဟန်ဆောင်မှုနဲ ့ပြတတ်တယ် ။
    ကဲ ကဲ ထင်ရာတွေပွားနေမိတာ ဆောရီးနော …. 🙂
    ကျုပ်သဘောပြောရင် ဒီလိုထူးခြားတဲ ့ ရေးဖွဲ ့မှုနဲ ့ ဆန်းသစ်တဲ ့ အကြောင်းအရာကို
    ကြိုက်ပါတယ် ။ အမှတ်ပေးခွင် ့ရ ရင် အမှတ်ပေးမိမှာပါ ။
    တစ်ခုဘောမပေါက်တာက ….. ဒီလိုရေးနိုင်ပါလျက် ဘာလို ့များ
    နဲနဲလေးပဲရေးတာလဲ လို ့….

    • Wow

      February 13, 2013 at 2:20 pm

      အူးဆာရဲ့ ပွားချက်က ဟတ်ထိလွန်းလို့ …ဂိန် လို့တောင် မအော်နိုင်ပါဝူး အူးဆာရယ်… :harr:
      နဲနဲလေးပဲရေးရတဲ့ အကြောင်းရင်းက အဆုံးသတ်မသေချာတဲ့ မြန်မာဘောလုံးအသင်းလို.. ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ သေးလို့ပါလို့ ရှက်ရှက်နဲ့ ဝန်ခံဘာရဇေ… :mrgreen:

    • padonmar

      February 15, 2013 at 12:42 am

      အမှတ်ပေးခွင့်လိုချင်ရင် ဘယ်သူ့ကိုမဆိုပေးနိုင်ပါတယ် ကဆာမိ၊
      မ မအားဘူး၊မောင် မအားဘူး ပြောနေစရာမလိုပါဘူးနော။

      • surmi

        February 15, 2013 at 9:05 am

        ဟုတ်ကဲ ့ အစ်မရေ
        တစ်နေ ့သောအခါ………..
        တစ်ခုသောအချိန် …………. မှာ ….
        :hee: :hee: :hee:

  • ဦး ကျောက်ခဲ

    February 13, 2013 at 2:32 pm

    ဘာ.. ဘာဆို ဘာမှ မပြောပါရစေနဲ့…
    ကျုပ်စိတ်ဆိုးနေတယ်… မေ…
    ကြောင်မကြီးသားပေါက်တာ ကျုပ်အိပ်ရာအောက်မှာ ပေါက်စရာလား…
    ဟီ ဟိ.. ပွါးကြည့်တာ..
    :harr:

    • Wow

      February 13, 2013 at 3:06 pm

      အင်းလေ.. အူးကျောက်က ပန်းနာပါဆိုမှ …. :mrgreen:

  • garuda

    February 13, 2013 at 2:57 pm

    မောင်..င်..င်…..

    ညောင်..င်..င်..ဝေါင်..ဝေါင်..င်

    • Wow

      February 13, 2013 at 3:08 pm

      မောင်… အများပေါတော့ ေ….ာခွဲထားတယ်ဆို… :mrgreen:
      တောက်စ်… ဘယ်လိုမှ ဇတ်နာမရတဲ့ ငါ…

  • P chogyi

    February 13, 2013 at 5:19 pm

    မေ မောင်လည်းအလုပ်ရှုပ်နေလို့ အခုမှဝင်ဖတ်ပြီးမန့်ဖြစ်တော့တယ်။
    ခံစားချက်ပြင်းလှချည့်လား။

  • garuda

    February 13, 2013 at 6:01 pm

    အော်…ခွဲထားတာလား…သိပါဘူး ဟိုတစ်လောက ဖွဘုတ်မှာ ဗမာ၃ယောက် ယိုးဒယားမှာ သွားပြောင်းကြတယ်ဖတ်လိုက်ရလို့…ပါများသွားဘီလားလို့ဗျာ… :harr:

    • garuda

      February 15, 2013 at 1:59 pm

      WOW..ခင်ဗျား..တူမကြီးကို အမျိုးသားအောက်မေ့၍ အပေါ်ကကဲ့သို့ မန့်မိပါသည်.. အမျိုးသမီးဖြစ်နေပါက
      ပြန်ရုပ်သိမ်း/ တောင်းပန်ပါတယ်ဗျာ။

      • Wow

        February 15, 2013 at 2:11 pm

        Take it easy! It dosen’t matter! :hee:
        Anyway, apology accepted! (credit to ဒဂျီး) :mrgreen:

  • အရီးခင်လတ်

    February 14, 2013 at 3:12 am

    အရီး လဲ အလုပ်ရှုပ်နေတယ်…. မေ… 😆

    • Wow

      February 14, 2013 at 9:51 am

      ဟင့်အင်း.. ရဝူး.. အလုပ်ရှုပ်လဲ ဂရုစိုက်ရမှာပဲ :harr:

  • ရဲစည်

    February 14, 2013 at 9:57 am

    ကျုပ်ရဲ့ Drinking Project Deadline က ဘယ်တော့မှန်းကို မသိတာ
    မသိတာဘဲ ကောင်းပါတယ် …
    We’re sorry….the glass you have reached is not in limit at this time.
    Please check the bottle or try you drink again.
    ကိုယ်…….. အရက်မူးနေတယ် ……. ချစ်
    :harr:

    • Wow

      February 14, 2013 at 10:08 am

      တေအောင်ဆက်တောက်… မောင် :mrgreen:

  • ဦးကြောင်ကြီး

    February 14, 2013 at 10:16 am

    မောင်ကိုစိတ်ဆိုး
    ကြောင်ဖိုထိပ်ထိုး
    နောင်ဆိုလိပ်မျိုး
    ချောင်ခိုအိပ်သိုး
    မှောင်ညိုအိတ်ခိုး
    ခေါင်ယိုဂျိပ်ပိုး
    ညောင်ချိုရိပ်ဖြိုး
    အောင်ထိုရ်ကျိပ်ကိုး..။

    • Wow

      February 14, 2013 at 5:26 pm

      မောင့်ကိုစိတ်ဆိုးနေတုံး ကြောင့်ကို ထိပ်ထိုးပစ်မှာနော်… :kwi:

  • Shwe Ei

    February 14, 2013 at 1:54 pm

    အော် ဂလောက်တောင် ထိန်းချုပ်နိုင်တယ်လား ….
    ချီးကျူုးပါတယ် မမဝေါင်း :hee:
    သများသာဆိုရင်တော့ ငယ်ထိပ်ကို ခုံဖိနပ်နဲ့
    လေးငါးချက်လောက် ဆင့်ခေါက်ပလိုက်ဘီ :mrgreen:
    *ကတောက်စ် အလိုက်ကမ်းဆိုးမသိရန်ကော* :harr:

    • Wow

      February 14, 2013 at 1:59 pm

      ဒီမှာ မကြည်ဗျာ.. အခြစ်ဆိုတာ… ဆောင့်ဆီးနိုင်မှု ထိမ်းသိမ်းနိုင်မှုတွေနဲ့အတူ… မောင်မလာ မောင်သာငတ် ဆိုလား …. :mrgreen: :mrgreen: :mrgreen:

      • flamingo

        February 22, 2013 at 12:18 pm

        အင်း..
        ကျုပ်အမြင်..wow ..ဆိုတဲ့အမျိုးသမီးကတော့..တကယ်မလွယ်ဘူးနော်..ပြောတဲ့စကားတွေက..တကယ်ကိုထိရောက်ပြီး
        စကားလဲကြွယ်တယ်..သူ့ကိုရတဲ့ယောက်ကျားတော့တကယ်မလွယ်ဘူးနော်

        • Wow

          February 22, 2013 at 1:29 pm

          ဂယ့်အဖြစ်မှန်က ကိုယ်ပဲခံရတာ.. ဂဏန်းညှပ်တာလူမမြင်ဝူး မယ်ဝေါင်း ထအော်တော့ လူကြားဒယ် ဆိုတာမျိုးပါကွယ် :byae:

  • ရွှေ ကြည်

    February 14, 2013 at 4:28 pm

    တစုံတရာကြီးကြောင့် တစုံတယောက်ကို တကြီမ်တခါမက သည်းခံနိုင်ကြတာပေါ့ကွယ် :mrgreen:
    အများရှေ့မှာဟန်ဆောင်ကောင်းတဲ့နေရာမှာ ရွှေကြည်လည်းတော်တယ် ကြွားတာ 😆
    အိမ်ရောက်မှသာ ငိုချင်ငိုမယ်။

    • Wow

      February 14, 2013 at 5:24 pm

      အိုက် တစုံတစ်ရာဂျီးကို တစ်စုံ.. တစ်ရာနဲ့ ရောင်းထုတ်လိုက်ရင် ကောင်းဝူးလား ရွေကြည်… :kwi:

  • MaMa

    February 14, 2013 at 5:40 pm

    W0w!
    အာမေဋိတ်သံ ဖြစ်ပါသည်။
    ရဲရင့်သော၊ ပြတ်သားသော၊ ဆန်းပြားသော …….
    အရေးကောင်းလက်တစ်လက်ကို တွေ့ရှိလိုက်သောကြောင့် ဖြစ်ပါသည်။ :hee:

    • Wow

      February 14, 2013 at 5:50 pm

      ဟီးးးးးး…. မွမွ… ဂယ်လား.. ဒီက သိပ်မြှောက်ပေးလို့ရတာဟုတ်ဝူး…
      ကျေးဇူးရှဲရှဲပါ…

  • Foreign Resident

    February 14, 2013 at 8:06 pm

    မိန်းကလေးတွေက သိပ်ခံစားတတ်ကြတာပဲနော် ။
    တကယ်ဆိုရင်တော့ အပြစ်ပြောစရာ မရှိ ၊ ကောင်းပါတယ်လေ ။

    အဘက တစ်ခါတစ်လေ မိန်းကလေးတွေ သိပ်ခံစားကြလွန်းလို့ ၊
    သူတို့ ဟန်ဆောင်နေကြတာလားတောင်ထင်မိတယ် ။

    အဘ တို့လို ယောက်ျားလေး တွေ များကျတော့ ၊
    အခုနေ မိဘ ဒါမှမဟုတ် ဇနီး သေရင်တောင် ၊
    တော်တော် ဒုက္ခ ရောက်အုံးမှာ ၊
    ဘာလို့လဲဆို ၊ မျက်ရည် မကျလောက်ဘူး ထင်တယ် ။

    • MaMa

      February 14, 2013 at 9:24 pm

      တကယ်မကြုံရသေးလို့ ဖြစ်ပါလိမ့်မယ်။ :byae:

      • Wow

        February 15, 2013 at 9:42 am

        ပြောပြလိုက်ပါမမရယ်… တဂယ် ရင်ဆိုင်တွေ့ရင်.. ဖင်ထိုင်မေ့တတ်တယ် ဆိုတာ… :byae:

    • Wow

      February 15, 2013 at 9:40 am

      ဟန်ဆောင်တာ မဟုတ်လောက်ဘူး အဘရဲ့…
      တစ်ချို့မိန်းကလေးတွေ တော်တော်ခံစားတတ်တာ…
      ကိုယ့်ကို ကိုယ်တောင် သူများထက်စာရင် နဲနဲတော်သေးလားလို့ :harr:

  • Mr. MarGa

    February 14, 2013 at 8:58 pm

    အဲဒါပဲ အချိန်ပေးနိုင်ဖို့လိုတယ်ဆိုတာ
    ဘယ်လောက် အလုပ်များများ တစ်ချိန်လောက်တော့ ပေးရမယ်လေ
    စကားမစပ်
    ီသိကြားမင်း လွှတ်တော်တက်နေတယ် နတ်သမီးတို့ရယ် :harr:

    • Wow

      February 15, 2013 at 9:45 am

      သကြားတော့ နတ်သမီးတွေ ချစ်ဒေါသကြောင့် တစ်စစီ ဖြစ်တော့မယ်.. :mrgreen:

  • လုံမလေးမွန်မွန်

    February 17, 2013 at 12:43 pm

    တော်လိုက်တာကွယ်.. ဒါဘဲ.. personal & professional (ခွက်ဒစ်တူ ကိုရီးဖတ်.)
    လုံမကတော့ မကြုံဖူးပေမယ်.. ကိုယ်သာဆိုရင်ဆိုပြီး တွေးကြည့်လိုက်တော့.. စိတ်ကောက်ပစ်လိုက်မှာ.. ဘယ်လောက်ပဲမအားမအား..ညဘက်တော့ ဖုန်းလေးနဲ့ပဲဖြစ်ဖြစ် စကားလေးဘာလေးပြောပါလားနော်…
    လုံမခံယူချက်ကတော့ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် အချိန်ဆိုတာ ရအောင်ရှာလို့ရပါတယ်.. အရမ်းသတိရလာရင် ချက်ချင်းဖုန်းခေါ်ပြီး သတိရလို့ပါ၊ နေကောင်းလားဆိုတာလေးကို ရအောင်မေးပါတယ်… ဘဝဆိုတာ တိုပါတယ်.. ချစ်တဲ့သူအတွက် တစ်စက္ကန့်လောက်ဖြစ်ဖြစ် အချိန်ပေးဖို့ကြိုးစားကြရင် ကောင်းမှာပဲ..

    အရေးအသားအတွက် bravo ပါနော်.. လုံမက အဲ့လိုမျိုးတွေ အရမ်းကြိုက်တာ.. 🙂

    • Wow

      February 18, 2013 at 9:34 am

      ဖတ်ရှုခံစားနားလည်ပေးသောမွန်မွန်အား ကျေးဇူးအကြီးကြီး… :hee:

    • Wow

      February 22, 2013 at 3:22 pm

      ကျိဇမ်း.. အမြင်စူးရှချက်…
      ဒါ့ပုံဆြာလို့ မပြောရဝူး… :harr:

  • အမရေ ….

    မအားဘူး ထင်ပါရဲ့ ….
    ကျနော် ဖိတ်စာ လိုက်ဝေတာပါ ခင်ဗျာ …
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက်ပါ ခင်ဗျ ..
    အမ ရောက်ပြီးပြီလားတော့ မသိဘူးရယ် …
    မရောက်သေးရင်လည်း လာခဲ့ပါဦးလို့ …….။

    ဒု – အတွင်းရေးမှူး
    မဟာအံ

  • Thu Thu Htet

    April 3, 2013 at 4:31 pm

    အင်း….
    ဘယ်လိုပြောရမလဲ …
    ခေါင်းစဉ်ရွေးတာ တအားတော်တယ် … ခေါင်းစဉ်ဖတ်လိုက်တာနဲ့တင် ဝင်ကြည့်ဖြစ်ဖို့ ၁၀၀%ပဲ။
    ဇာတ်ကောင်ရဲ့ အတွေးအခေါ်အယူအဆတွေလည်းကြိုက်ပါတယ်…
    ဒါပေမယ့် ဘယ်ဟာကအတွေး၊ ဘယ်ဟာကတစ်ကယ်ပြောနေတာဆိုတာတော့ တစ်ချို့နေရာတွေမှာ သေချာမသိဘူးရယ်…
    ဥပမာ – “no way” ဆိုတာ စိတ်ထဲပြောတာလား အပြင်မှာပြောလိုက်တာလားမသိဘူးဖြစ်နေတယ်
    တောက်လျှောက်သဘောကျလာပေမယ့် ဇာတ်သိမ်းကတော့ အီလည်လည်ကြီးဖြစ်နေသလိုပဲ
    ဝေဖန်တာစိတ်မဆိုးပါနဲ့နော် …

    ခင်မင်လျက်
    YNT

    • Wow

      April 4, 2013 at 10:19 am

      ဖတ်ရှုသွားတာ ကျေးဇူးပါ ရွာသူအသစ်လေးရယ် :hee:

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 4, 2013 at 10:59 am

    အလုပ်ရှုပ်နေဗျံဘီလား ကျမရယ်..???
    မှောင်လည်း ကျမကို ရွာထိပ်က ကုက္ကိုလ်ပင်အောက်မှာ ထိုင်ဆောင့်ရင်း
    လယ်ဘင်း အတော်ရှည်နေဘာဘီ။

    :byae:

    ပုံ ကျမရဲ့ မှောင်

    • Wow

      April 4, 2013 at 1:13 pm

      အဂါသား မှောင်…
      စန်းထနေသလား ဒါမှမဟုတ် ဘာရွှင်နေလဲဟင်င်င်… :kwi:
      မနေ့က မှ Service Launch တစ်ခုပီးသွားဒယ်အေရယ်..
      ညီးဂပျံလာမှာချို…

      • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

        April 4, 2013 at 2:29 pm

        နက်ဖန်ရောက်မယ် မုန့်လိုက်ကျွေးဘာာာာာ နော်…

        :528: :528:

        • Wow

          April 4, 2013 at 2:44 pm

          တော်သေးသပေါ့ ဘီယာလိုက်မတိုက်ခိုင်းတာ…
          အူးရေးကျောက်က ဒီမှာအတော်မွှေနေသအေ့…

Leave a Reply