Sunday ရောက်ပြန်ပြီ…

အလွမ်းမျက်ရည်ပေါက်တွေနဲ့

အသည်းနှလုံး ပျောက်သွားသလိုပဲ…

 

မေ့နေလောက်ပြီ ထင်ပါရဲ့…

တစ်နေ့လုံး ဖုန်းပြောခဲ့တဲ့ Sunday

ခဏခဏ ရန်ဖြစ်ကြတဲ့ Sunday

ခဏခဏ ပြန်ချော့ကြတဲ့ Sunday

လွမ်းနေမိတယ် ချစ်သူ…

 

ကြမ်းတမ်းတဲ့ စကားလုံးတွေ

အခုထိ ကြားယောင်နေတုန်းပဲ..

အကြောင်းမသိလို့ပါ တဲ့လား…

 

ဘာအကြောင်းပါလိမ့် ချစ်သူ..

ငါ့ပတ်ဝန်းကျင်နဲ့ မပေါင်းဖူးဘဲ…

ငါ့အကြောင်းလည်း မစုံစမ်းဖူးဘဲ…

“ဘူး” ဆိုတာကို အကြောင်းပြလို့

ငါ့အချစ်ကို နင်းချေ

ငါ့မာနကို ရိုက်ချိုး

ရိုးနေတဲ့ အထာတွေနဲ့

မိဘစကား နားထောင်တဲ့သား တဲ့လား

ထားခံခဲ့ရတဲ့ ငါ့မှာသာ

ဘ၀ကြီးက ခါးလို့…

 

နားလည်ပေးခဲ့ပါတယ်…

ဘေးကျပ်နံကျပ် ခံစားချက်ကို

ချစ်ရက်နဲ့သာ ထားသွားခဲ့ရင်

အတော်လေး ဖြေသာခဲ့မှာ…

 

အခုတော့…

ရယ်စရာ အကြောင်းပြချက်နဲ့

ဓာတ်ပြားဟောင်းကို ဖွင့်ပြ

အချစ်တွေကို ဥပေက္ခာပြုလို့

ချန်ထားခဲ့တဲ့ နင့်ကို

မုန်းချင်ရက်နဲ့ မုန်းလို့မရ

ခဏခဏလွမ်းနေမိလို့…

အမြဲတမ်းဆုတောင်းမိတယ်…

အချိန်တွေရယ် ကုန်သွားပါတော့… ။ ။

 

**နှလုံးသားကို အငှားခံစားပြီး ရေးထားတာပါ… အားပေးကြပါဦးနော်…

 

ချစ်တဲ့

လုံမလေးမွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 159 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010