အလွမ်းဆုတောင်း

Sunday ရောက်ပြန်ပြီ…

အလွမ်းမျက်ရည်ပေါက်တွေနဲ့

အသည်းနှလုံး ပျောက်သွားသလိုပဲ…

 

မေ့နေလောက်ပြီ ထင်ပါရဲ့…

တစ်နေ့လုံး ဖုန်းပြောခဲ့တဲ့ Sunday

ခဏခဏ ရန်ဖြစ်ကြတဲ့ Sunday

ခဏခဏ ပြန်ချော့ကြတဲ့ Sunday

လွမ်းနေမိတယ် ချစ်သူ…

 

ကြမ်းတမ်းတဲ့ စကားလုံးတွေ

အခုထိ ကြားယောင်နေတုန်းပဲ..

အကြောင်းမသိလို့ပါ တဲ့လား…

 

ဘာအကြောင်းပါလိမ့် ချစ်သူ..

ငါ့ပတ်ဝန်းကျင်နဲ့ မပေါင်းဖူးဘဲ…

ငါ့အကြောင်းလည်း မစုံစမ်းဖူးဘဲ…

“ဘူး” ဆိုတာကို အကြောင်းပြလို့

ငါ့အချစ်ကို နင်းချေ

ငါ့မာနကို ရိုက်ချိုး

ရိုးနေတဲ့ အထာတွေနဲ့

မိဘစကား နားထောင်တဲ့သား တဲ့လား

ထားခံခဲ့ရတဲ့ ငါ့မှာသာ

ဘဝကြီးက ခါးလို့…

 

နားလည်ပေးခဲ့ပါတယ်…

ဘေးကျပ်နံကျပ် ခံစားချက်ကို

ချစ်ရက်နဲ့သာ ထားသွားခဲ့ရင်

အတော်လေး ဖြေသာခဲ့မှာ…

 

အခုတော့…

ရယ်စရာ အကြောင်းပြချက်နဲ့

ဓာတ်ပြားဟောင်းကို ဖွင့်ပြ

အချစ်တွေကို ဥပေက္ခာပြုလို့

ချန်ထားခဲ့တဲ့ နင့်ကို

မုန်းချင်ရက်နဲ့ မုန်းလို့မရ

ခဏခဏလွမ်းနေမိလို့…

အမြဲတမ်းဆုတောင်းမိတယ်…

အချိန်တွေရယ် ကုန်သွားပါတော့… ။ ။

 

**နှလုံးသားကို အငှားခံစားပြီး ရေးထားတာပါ… အားပေးကြပါဦးနော်…

 

ချစ်တဲ့

လုံမလေးမွန်မွန်

28 comments

  • ခိုင်ဇာ

    February 13, 2013 at 5:07 pm

    ဪ ဆန်းဒေး။ ဆန်းဒေး။
    ဒို့ဂဒေါ့ ဆန်းဒေး ပျော်ဘူး။
    အိမ် အလုပ်တွေက အဲ့နေ့လုပ်ရတာ။ စိတ်နာဒယ်။
    ဆန်းဒေးညဆို ပိုဆိုး။ နက်ဖန် အလုပ်သွားရမှာပါတကား ဆိုပြီး ရူးတူးတူး ဖြစ်နေတာရယ်။
    :kwi:

    ချစ်လို့ စတာ။ မွန်မွန်လေးကို။
    :mrgreen:

    :::အချစ်တွေကို ဥပေက္ခာပြုလို့

    ချန်ထားခဲ့တဲ့ နင့်ကို

    မုန်းချင်ရက်နဲ့ မုန်းလို့မရ

    ခဏခဏလွမ်းနေမိလို့…

    အမြဲတမ်းဆုတောင်းမိတယ်…

    အချိန်တွေရယ် ကုန်သွားပါတော့… ။ ။:::

    အဲဒီ ဆုတောင်းလေး ကိုယ်တိုင်လည်း ပြည့်ချင်တယ်လို့။ :mrgreen:

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:29 pm

      ခုမှ ကွန်မန့်ပြန်ဖြစ်တာ ခွင့်လွှတ်ကြပါကုန်….
      အမွန်ဆို တနင်္ဂနွေမှာ အိမ်အလုပ်လုပ်ရတာ ရုံးတက်ရက်ထက်တောင် ပိုပင်ပန်းသလိုပဲ..အချိန်တွေက ဘယ်လိုကုန်သွားမှန်းကို မသိတာ…

      ခံစားချက်နဲ့တိုက်နေတယ်လား..ချစ်မ… 🙂

  • Wow

    February 13, 2013 at 5:12 pm

    အငှားခံစားတာဟုတ်လို့လားဟင်င်င်… ရင်တွင်းဗြစ် မဟုတ်ဘူးလား … :kwi:

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:31 pm

      ရင်တွင်းမဗြစ်ပါဝူးချင့်… ရင်တွင်းဗြစ်ဆို ပေါက်ကွဲသံစဉ်ဖြစ်မလားဘဲ… :kwi:
      တူများ ခံစားချက် အစစ်ပါချင့်…

  • P chogyi

    February 13, 2013 at 5:35 pm

    Sunday ရောက်ပြန်ပြီ၊
    အကြွေးစာရင်းတစ်တောင်လောက်နဲ့၊
    ရူးနောက်နောက်ဖြစ်နေပြီ။
    မောလောက်ပြီထင်ပါရဲ့
    တစ်နေ့လုံးဖတ်ရတဲ့ ကပေရဲ့ပွဲကြို၊
    ခဏခဏပြန်ကြည်ရတဲ့ Mobile ရဲ့ခန့်မှန်း၊
    ခဏခဏကြည့်ရတဲ့ ဂျာနယ်စုံ၊
    ရင်မောရတယ်အချစ်ရယ်။
    မှတ်မိနေတုန်းပါပဲ
    ပွဲအောင်ဖို့ဆုတောင်းရတဲ့ငါ့အကြောင်း
    သေသေချာချာမစုံစမ်းဘဲ၊
    ငါ့ဆန္ဒတွေရိုက်ချိုး
    အရှုံးပေးလိုက်ရတဲ့အသင်းတွေ၊
    နားလည်ပေးလိုက်ပါတယ်၊
    သူကတော့ပွဲနိုင် ငါကတော့ကြေးရှုံး
    ဘေးကြပ်နံကြပ်၊ အကြွေးတွေနဲ့သာထားသွားခဲ့။
    အခုတော့ ခဏခဏရှုံးနေလို့
    အမြဲဆုတောင်းမိတယ်။
    နိုင်နေတုန်း အချိန်ရယ်မြန်မြန်ပြည့်ပါတော့လို့။
    “ ဘောလုံးဝါသနာအိုးကို အငှားခံစားပြီးရေးထားတာပါ”
    မွန်မွန်စိတ်မဆိုးနဲ့နော်။

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:32 pm

      wah… Bravo U P Chogyi…
      modified ကဗျာကိုဖတ်ပြီး..အတော်လေးတောင် ခံစားလိုက်ရတယ်… တော်လိုက်တာ…. 🙂

  • လူကလေး

    February 13, 2013 at 5:37 pm

    ငှားပြီးရင် လဲ ..ပြန်ပေးတော့.. ဟေ့.. :kwi:

    စိတ်ကုန်တဲ့အကြောင်းတွေဆို ကြားကို မကြားချင်တော့ဘူး.. 🙁

    သာသာယာယာလေးတွေမရှိကြတော့ဘူးလား..

    အကြောင်းအရာလေးတွေ ချိန်းချင်ဘူးလား .. လုံမလေးရဲ့..

    အမယ်လေး.. မောလိုက်တာ.. 😯

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:34 pm

      ဒီလိုရှိတယ်..သယ်ရင်းရဲ့… :mrgreen:
      ကဗျာဆိုတာ လွမ်းမှရေးကောင်းတာ..ပျော်စရာဆို ငါလည်း မရေးတတ်ဝူး..ဆိုတော့ ကိုယ့်မှာ လွမ်းစရာမရှိတာတောင် . သူများလွမ်းတာကို လိုက်ငှားပြီးရေးရတာ… ဒွတ်ခ..ဒွတ်ခ… :kwi:

  • အဟမ်းး ဟမ်းးး
    အနာဂါတ်သွားမယ့် မီးရထားကြီး
    ခပ်မြန်မြန် ခုတ်မောင်းပေးပါတော့ဗျို့ ……

    အပေါ်က ကဗျာတွေ ဖတ်တော့ ဖတ်သွားဒါဘဲ …
    ဒါမယ့် …
    ညက်လုံးက အောက်နားလေးမှာမှ ပြူးသွားရတယ် ..
    တကယ် … တကယ် …
    အောက်ဆုံးက ရေတွက်ရင် ဒုတိယ အကြောင်းပေါ့ကွယ် … :mrgreen:

    ဝင်ရောက် အားပေးသွားပါကြောင်း ……..

  • Mr. MarGa

    February 13, 2013 at 8:29 pm

    အငှားခံစားပြီးရေးတာဆိုတော့
    အငှားခံစားပြီးမန့်မယ်
    (ဦးမာဃကတော့ ဒါမျိုး ကြုံဖူးဘူး) :mrgreen:
    အချစ်ကို ယုံကြည်လို့
    ပုံအပ်လိုက်တဲ့ ငါ့ဘဝ
    အခုတော့ ဘယ်လိုဖြစ်သွားပလဲ
    သူငယ်ချင်းတွေက ပြောကြတယ်
    မင်း ရူးလိုက်တာကွာ တဲ့
    ဟုတ်ပါတယ်
    ငါက အချစ်ရူးပေါ့
    တဲအိုပျက်မှာ နေမယ်ဆိုပြီး ခုန်ဆင်းခဲ့ပေမယ့်
    တကယ်တမ်းမှာ ငါ ထမင်းရည် အတူမလျက်နိုင်ခဲ့ဘူး
    ချစ်သူ
    မင်း နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်
    ချစ်လှစွာသော မောင်
    :hee: :hee: :hee:

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:37 pm

      အလဲ့…ဦးတဂျားကလည်း ခံစားချက်နဲ့ပဲကိုး…
      ရင်တွင်းဖြစ်ကွန်မန့်အတွက် ကျေးကျေးဘာ….

  • မောင်ပေ

    February 13, 2013 at 8:30 pm

    မောင်ပေ့ နှလုံးသားထဲ ကိုလဲ ဝင်ခံစားပေးကြည့်စေချင်ပါတယ် မွန်ကလေးရယ်
    ခြစ်တယ်ကွဲ ့

  • အလင်းဆက်

    February 13, 2013 at 9:36 pm

    လွတ်လပ် ကျော့ရှင်းနေတဲ ့…
    စာသား…အလှနဲ ့အတူ….
    လေယူရာ….ညင်သာစွာ…သွားသလို..

    စကားလုံ့းများနဲ ့ စီးမျော….
    ကိုယ်…..မမောချင်ပါဘူးကွယ်…

    ကိုယ်….ချစ်တယ်….
    ကဗျာကို…..

  • တောတွင်းပျော်

    February 13, 2013 at 9:47 pm

    စကားလုံးတွေနဲ ့ မျှားခေါ်
    အငှား ဝေဒနာလေးကိုတော ့
    ပျော်, မယုံချင်တော ့ဘူး…….မွန်။

  • ဗုံဗုံ

    February 14, 2013 at 9:34 am

    ဟယ်….. မမွန် မိဗုံရဲ့ ရင်တွင်းဖြစ်ကဗျာလေးကို ဘယ်ချိန်တုန်းကများ ယူပြီးတင်လိုက်တာလဲ :mrgreen:

  • moonpoem

    February 14, 2013 at 11:00 am

    မွန်ရယ် အထင်တော့ မလွဲစေချင်ဘူး
    ကိုယ်က အသည်းနုသူမို ့
    ဆန်းဒေးမှာ ဆန်းဒေးကော်ဖီသောက်ရင်း
    မျှော်နေဦးမယ် မွန် ့ဆီက ဆုရလက်ဆောင်
    လက်ဖက်ရည်တစ်ခွက်ကို
    တောင်းဆိုချင်သူ မွန်း ဟိဟိ
    ခပ်တည်တည်နဲ ့ရေးလိုက်ပြီ။

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:43 pm

      ဆန်းဒေးကော်ဖီကြိုက်တဲ့ မမမွန်းရေ…
      လက်ဖက်ရည်လက်ဆောင်ပေးချင်ပါတယ်…
      ချိုစိမ့်လား..ကျစိမ့်လား..ချိုကျလား… (ကြော်ငြာထဲက အူဝဲလေသံဖြင့် ဖတ်ပါရန်..) :mrgreen:

  • Mobile

    February 14, 2013 at 8:46 pm

    စန်းဌေး စန်းဌေး အမှတ်ရစရာတွေနဲ့ စန်းဌေးပါလားနော်….
    ကဗျာလေးကို ခံစားပြီး နစ်မျေားသွားတာပါ………..
    အရေးအသားကောင်းလှပါ၏။ မူးနောက်သွားလောက်တဲ့
    ပို့စ်လေးတွေ မရေးတော့ဘူးလားဗျ။ အဆင်ပြေရင် ရေးတင်ပေးပါအုံး………

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:47 pm

      အားပေးတာ ကျေးကျေးပါ…
      မူးနောက်မယ့် ပို့စ်တွေကတော့ ကိုယ်တိုင်မူးနေသေးလို့ မရေးနိုင်သေးဝူး တော်ရေ… ရေးစရာတွေကတော့ အပုံအပင်… :mrgreen:

  • အလင်းဆက်

    February 15, 2013 at 8:12 am

    အချစ်တွေကို ဥပေက္ခာပြုလို့

    ချန်ထားခဲ့တဲ့ နင့်ကို

    မုန်းချင်ရက်နဲ့ မုန်းလို့မရ

    ခဏခဏလွမ်းနေမိလို့…

  • အော်
    ကြောက်ပါတယ်ဆိုနေမှ
    တစ်ပါတ်တစ်ခေါက်ပြန်ပြန်ရောက်လာတတ်တဲ့ဆန်းဒေး
    အိမ်သန့်ရှင်းရေးလုပ်ရတဲ့ဆန်းဒေး
    အဝတ်တွေကူလျော်ရတဲ့ဆန်းဒေး
    သူသွားချင်ရာလိုက်ပို့ရတဲ့ဆန်းဒေး
    စိတ်နာတယ်ဆန်းဒေး

    မှတ်ချက် ကော်ဖီမစ်ကြော်ငြာပေးခြင်းမဟုတ်ပါ

    • လုံမလေးမွန်မွန်

      February 15, 2013 at 10:50 pm

      တူတူပါပဲ လေးလေးပေါက်.. အနော်လည်း အဲ့လိုပဲ… လိုက်ပို့ရတာတော့ မပါဝူးပေါ့နော်.. ဟိဟိ…

  • MaMa

    February 16, 2013 at 7:26 am

    တစ်ပတ်မှာ တစ်ရက်တည်းပိတ်တဲ့ ဆန်းဒေး။
    မနက်အစောကြီး ထစရာမလိုတဲ့ ဆန်းဒေး။
    စားချင်သလို စား
    သွားချင်သလို သွား
    နားချင်သလို နား ရတဲ့ ဆန်းဒေး။

    ဆန်းဒေးမုန်းသူများကြားက ဆန်းဒေးချစ်သူ။ :harr:

Leave a Reply