၂၀၀၉ အောက်တိုဘာလ အတွက် ရ ရက်သားသမီးဟောစာတန်း

kaiOctober 20, 20091min1513

တနင်္ဂနွေသားသမီး

ကျန်းမာရေး။   ။၁ရ ရက်နေ့အထိ ကျန်းမာရေးကောင်းနေတတ်လိမ့်မည်။ နောက်ပိုင်းတွင် ကျန်းမာရေး ချူချာလာကိန်းရှိသည်။ နား နှာခေါင်း လည်ချောင်းဆိုင်ရာ ရောဂါ၊ ဆီးနှင့်ကျောက် ကပ်ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေရှိသည်။
ပညာရေး။   ။ပညာရေးဇာတာ အားနည်းနေဆဲ ဖြစ်လိမ့်မည်။ ကြိုးစားပေးနိုင်မှ တော်ကာ ကျလိမ့်မည်။ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်ပြုပြင်ပေးရန် လိုပါမည်။ ၁၆ ရက်နောက်ပိုင်း ပိုမိုကြိုးစား ပေးရန်လိုလိမ့်မည်။

စီးပွားရေး။   ။၅ ရက်နေ့အထိ စီးပွားရေး အဆင်ပြေနေလိမ့်မည်။ ၅ ရက်နောက်ပိုင်းတွင် အိမ် မြေ ယဉ် စက်ကိရိယာဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်းမပြုသင့်ပါ။ အဆင်မပြေဖြစ်တတ်လိမ့်မည်။ ၁ရ ရက်ဝန်းကျင်တွင် ငွေကုန်ကြေးကျများခြင်း၊ ပျက်စီးဆုံးရှုံးခြင်း ရှိနိုင်သည်ကို သတိထားပါ။အိမ်ထောင်ရေး။   ။အချစ်ရေးဇာတာ အဆင်မပြေတတ်သေးပါ။ နှစ်ကုန်ပိုင်းခန့်အထိ စိတ်ရှည်ရှည်ထားပြီး စောင့်ရန်လိုလိမ့်မည်။ အိမ်ထောင်ရေးကိစ္စများ ဆောင်ရွက်ရန်ရှိလျှင် မိတ်ဟောင်းမိတ်ကောင်းများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ သားသမီးများ ကျန်းမာရေးချူချာနေတတ်လိမ့်မည်။အဆောင်ယတြာ –  ပတ္တမြားရတနာကို အသားနှင့်ထိအောင် ဝတ်ဆင်ပေးပါ။

တနင်္လာသားသမီး

ကျန်းမာရေး။   ။၅ ရက်နောက်ပိုင်းတွင် ချောင်းဆိုး သလိပ်ကြပ် ဖြစ်တတ်လိမ့်မည်။ ၁ဝ ရက်ကျော်လျှင် ကိုယ်ခံစွမ်းအား ပိုမိုကျဆင်းကိန်းရှိသဖြင့် အနေအစား ဆင်ခြင်ပေးရန်လိုလိမ့်မည်။ ဆီးနှင့်ကျောက်ကပ်ရောဂါ ဖြစ်လာနိုင်ပါသည်။
ပညာရေး။   ။များသောအားဖြင့် ပညာရေးဇာတာကောင်းနေတတ်လိမ့်မည်။ မိဘ ဆရာသမားများထံမှ ကူညီပံ့ပိုးမှုအပြည့်အဝ ရနေတတ်လိမ့်မည်။ ၁ဝ ရက် နောက်ပိုင်းတွင် ဝီရိယစွမ်းအား လျော့နည်းသွားတတ်သည်ကို ထိန်းပေးပါ။
စီးပွားရေး။   ။ဝန်ထမ်းများ ရာထူးတာဝန် တိုးမြှင့်ထမ်းဆောင်ရကိန်း အားရှိနေဆဲ ဖြစ်ပါ သည်။ ၁ရ ရက်ကျော်လျှင် အိမ် မြေ ယဉ် စက်ကိရိယာတို့နှင့် ပတ်သက်သော ပြဿနာတစ်ခုခု ဖြေရှင်းရကိန်းရှိသည်။ စာပေ အနုပညာ ဆိုင်ရာကိစ္စများ ဆောင်ရွက်ရကိန်းရှိသည်။
အိမ်ထောင်ရေး။   ။၅ ရက်ကျော်လျှင် အချစ်ရေးကိစ္စများ ပိုမိုအဆင်ပြေလာတတ်လိမ့်မည်။ ၂၅ ရက်မတိုင်မီ ဆေင်ရွက်လျှင် ပိုကောင်းပါလိမ့်မည်။ အိမ်ထောင်ပြုလိုသူများ နောင်နှစ်အထိ ရွှေ့ဆိုင်းရကိန်းရှိသည်။ သားသမီးများ အခြေအနေ ကောင်းနေလိမ့်မည်။ ၂၅ ရက်ကျော်လျှင် အနည်းငယ်ချူချာလိမ့်မည်။
အဆောင်ယတြာ-အဖြူရောင်၊ ငွေရောင်ပစ္စည်း များများသုံးပါ။

အင်္ဂါသားသမီး
ကျန်းမာရေး။   ။၅ ရက်နောက်ပိုင်းတွင် ကျန်းမာရေး သိသိသာသာ ကျဆင်းကိန်း ရှိသော ကြောင့် ကြိုတင်ကာကွယ်မှုများနှင့် ကျန်းမာရေးဂရုစိုက်မှုများကို အချိန်ပေးပြီး ဆောင်ရွက်ပါ။ ၁ရ ရက်ကျော်လျှင် နှလုံးအားနည်းလာတတ်မည်။
ပညာရေး။   ။အခက်အခဲ မကင်းတတ်သေးသောလပိုင်း ဖြစ်လိမ့်မည်။ ၁ရ ရက်ကျော်လျှင် အခြားအခက်အခဲများ လျော့ပါးသွားနိုင်သော်လည်း ကျန်းမာရေးကြောင့် ပညာရေးတွင် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလိမ့်မည်။
စီးပွားရေး။   ။စီးပွားရေး ထိန်းလုပ်ရန်လိုသောလ ဖြစ်လိမ့်မည်။ ကုန်ကျစရိတ်မြင့်တက်ခြင်း၊ နှင့် အပျက်အစီး အဆုံးအရှုံးလည်း ရှိလာနိုင်သည်။ ကုမ္ပဏီဆိုင်ရာ လုပ်ငန်းများလည်း အောင် မြင်မှု နည်းပါးနေတတ်လိမ့်မည်။ ဖြေသိမ့်စရာ အောင်မြင်မှုတစ်ခုခု ရကိန်းရှိပါသည်။
အိမ်ထောင်ရေး။   ။၁ရ ရက်ကျော်မှ အချစ်ရေးမျှော်လင့်ချက် ရေးရေးပေါ်လာတတ်လိမ့်မည်။ အိမ်ထောင်ပြုလိုသူများအတွက် မင်္ဂလာအခါကောင်းရက် ရှားပါးသောလပိုင်း ဖြစ်သည်။ သားသမီးများ ကျန်းမာရေး၊ ပညာရေး ဘက်စုံ ဂရုစိုက်ပေးရန်လည်း လိုပါမည်။
အဆောင်ယတြာ-သန္တာနီရတနာကို အသားနှင့်ထိအောင် ဝတ်ဆင်ပေးပါ။

ဗုဒ္ဓဟူးသားသမီး
ကျန်းမာရေး။   ။များသောအားဖြင့် ကျန်းမာရေးကောင်းနေတတ်သော်လည်း ခေါင်းမူးဝေခြင်း၊ အကြောတက် ညောင်းညာကိုက်ခဲခြင်းတို့ ဖြစ်နိုင်ခြေရှိသည်။ ချဉ်ငန်စပ်များနှင့် အကြော်အလှော် အစားများ၍ ဖြစ်နိုင်သည်။ လျှော့စားသင့်ပါသည်။
ပညာရေး။   ။ပညာရေး သင့်တင့်ကောင်းမွန်နေတတ်သော်လည်း ၅ ရက်နောက်ပိုင်းတွင် စာကြိုးစားလိုစိတ် လျော့ပါးလာတတ်လိမ့်မည်။ စိတ်မပါ၍ ကျက်မှတ် ထားသည်များပါ မေ့ လျော့မှု ရှိနေလိမ့်မည်။ ဇွဲတင်းပြီး ကြိုးစားပေးရန်လိုမည်။
စီးပွားရေး။   ။လုပ်ငန်းသဘောအရ အထိုက်အလျောက် အောင်မြင်မှု ရနေတတ်သော်လည်း ငွေရေးကြေးရေးအခြေအနေ မလည်မပတ် ဖြစ်နေကိန်းရှိသည်။ စိတ်မော လူမော ဖြစ်စရာများ ရှိနေတတ်လိမ့်မည်။ ၁ရ ရက်နောက်ပိုင်း ငွေကုန်စရာ ကိစ္စများ ပေါ်လာနိုင်သည်။ ကြိုတင် ရှာဖွေထားရန်လိုလိမ့်မည်။
အိမ်ထောင်ရေး။   ။ချစ်ရေးဆိုရန်ရှိက ၅ ရက်မတိုင်မီ ဆိုသင့်ပါသည်။ နောက်ပိုင်းတွင် အခွင့်အရေး ပိုနည်းသွားကိန်းရှိသည်။ အိမ်ထောင်ပြုလိုသူများ ၄ ရက်နှင့် ၁ဝ ရက်ကြားတွင် ပြုသင့်ပါသည်။ သားရေးသမီးရေး အခြေအနေ ကောင်းနေကိန်း ရှိပါသည်။
အဆောင်ယတြာ-စိတ်ကူးယဉ်မှုထက် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ပေးပါ။

ကြာသပတေးသားသမီး
ကျန်းမာရေး။   ။အစာအိမ်ဆိုင်ရာရောဂါများ ဆက်လက်ဒုက္ဓပေးနိုင်သေးသဖြင့် အစား အသောက် ဆင်ခြင်ပေးရန်လိုဦးမည်။ အလုပ်တာဝန် ပိနေ၍ အအိပ်အစား မမှန် ဖြစ်နေတတ် လိမ့်မည်။ စားချိန် အိပ်ချိန် အလုပ်ချိန် မျှတနေသင့်ပါသည်။
ပညာရေး။   ။၅ ရက်နောက်ပိုင်းတွင် ပညာရေးဇာတာ ကျဆင်းလာကိန်းရှိသည်။ အလုပ်တစ်ဖက်နှင့် ပညာသင်နေသူများ ပညာရေးခေတ္တရပ်ဆိုင်းထားရမှု ရှိလာနိုင်သည်။  နောင်နှစ်တွင်မှ ပြန်စရကိန်း ရှိနေပါသည်။
စီးပွားရေး။   ။စီးပွားရေး သင့်တင့်ကောင်းမွန်နေကိန်းရှိသည်။ လုပ်ငန်းအောင်မြင်မှုများနှင့် အတူ အမြတ်အစွန်းများလည်း သင့်တင့်လျောက်ပတ်စွာ ရရှိနေလိမ့်မည်။ ဝန်ထမ်းများ ၅ ရက်နှင့် ၁ရ ရက်ကြားတွင် ရာထူးတက်ကိန်း အားရှိသည်။ နောက်ပိုင်းတွင် အကြီးအကဲများ၏ပံ့ပိုးမှု နည်းပါးသွားတတ်လိမ့်မည်။
အိမ်ထောင်ရေး။   ။၅ ရက်ကျော်လျှင် အချစ်ရေးဇာတာ ညံ့လာကိန်းရှိသည်။ စောစော ဖွင့်ဟသည်က ပိုကောင်းတတ်လိမ့်မည်။ အိမ်ထောင်ပြုလိုသူများအတွက်မူ တစ်လလုံးလိုလို အဆင်ပြေကိန်းရှိပါသည်။ သားသမီးများ ကျန်းမာရေး ညံ့နိုင် ပါသည်။
အဆောင်ယတြာ-ဥဿဖယားရတနာကို အသားနှင့်ထိအောင် ဝတ်ဆင်ပေးပါ။

သောကြာသားသမီး
ကျန်းမာရေး။   ။၁ဝ ရက်နောက်ပိုင်းတွင် ကျန်းမာရေး ချူချာလာတတ်လိမ့်မည်။ အမျိုးသားများ ဆီးရောဂါ၊ အမျိုးသမီးများ မီးယပ်ရောဂါ ဖြစ်လာတတ်လိမ့်မည်။ အစာအိမ် ဝမ်းဗိုက်ပိုင်းတွင်လည်း ခွဲစိတ်ကုသခံရမှု ရှိလာနိုင်ပါသည်။
ပညာရေး။   ။စိတ်ပျံ့လွင့်မှု များပြီး ပညာရေး တဖြည်းဖြည်းကျဆင်းနေတတ်လိမ့်မည်။ ၂၅ ရက်ကျော်လျှင် ဆရာသမားများထံမှ အားပေးကူညီမှုများ ရတတ်လိမ့်မည်။ ပြန်လည် ကြိုးပမ်းလိုစိတ် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေလိမ့်မည်။
စီးပွားရေး။   ။စီးပွားရေး တက်လိုက်ကျလိုက် ဖြစ်နေတတ်မည်။ နည်းနည်းနှင့် အလီလီ ဝင်တတ်သောကာလဖြစ်၍ လက်လီလုပ်ငန်းသမားများ ပိုပြီး အဆင်ပြေ တတ်လိမ့်မည်။ လကုန်ပိုင်းတွင် အခွင့်အလမ်းကောင်းတစ်ခု ပေါ်ပေါက် ရရှိတတ်လိမ့်မည်။
အိမ်ထောင်ရေး။   ။ချစ်ကံငယ် ခေတတ်သော လပိုင်း ဖြစ်နေလိမ့်မည်။ ဖွင့်ဟရန် အခွင့် မသာတတ်သေးပါ။ အိမ်ထောင်ပြုလိုသူများအတွက် ရက်ကောင်း အနည်းငယ်သာ ရနိုင်လိမ့်မည်။ ဝါကျွတ်ပြီးပြီးခြင်း ပြုသင့်ပါသည်။ သားသမီးအတွက် ကုန်ကျစရိတ် များနေလိမ့်ဦးမည်။
အဆောင်ယတြာ-စိန်ရတနာကို အသားနှင့်ထိအောင်ဝတ်ဆင်ပေးပါ။

စနေသားသမီး
ကျန်းမာရေး။   ။အစားအသောက် မဆင်ခြင်လျှင် ကျန်းမာရေး ချူချာလာကိန်းရှိသည်။ ရောဂါတစ်မျိုးပြီးတစ်မျိုး လှည့်ဖေါက်နေတတ်လိမ့်မည်။ လကွယ်နေ့ ဖြစ်သော ၁ရ ရက်ဝန်းကျင်တွင် သတိထားပါ။
ပညာရေး။   ။၅ ရက်နှင့် ၂၅ ရက်နေ့ကြားတွင် ပညာရေး အဆင်မချောမှု ရှိတတ်ပြီး ကျန်ကာလများတွင် အဆင်ပြေနေပါလိမ့်မည်။ ကျန်းမာရေးကြောင့် ပညာရေးထိခိုက်မှု အနည်းငယ်ရှိနိုင်သည်ကို သတိထားပါ။
စီးပွားရေး-  ၅ ရက်နောက်ပိုင်းတွင် လုပ်ငန်းများ ရုတ်တရက် အခက်အခဲကြုံရကိန်းရှိသည်။ သတိ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုပါမည်။ ကုမ္ပဏီဆိုင် ရာလုပ်ငန်းများ ၁ရ ရက်ကျော်မှ အခြေအနေ အနည်းငယ်ပြန်ကောင်း လာတတ်လိမ့်မည်။
အိမ်ထောင်ရေး- အချစ်ရေးကိစ္စများ ၅ ရက်မတိုင်မီနှင့် ၂၅ ရက်နောက်ပိုင်းတွင်မှ ဆောင်ရွက်သင့် ပါသည်။ အိမ်ထောင်ပြုလိုသူများ ၁ရ ရက်ကျော်မှ ပြုသင့်ပါသည်။ သို့တိုင် အောင် အဆင်မချောမှု ရှိနေလိမ့်ဦးမည်။ သားသမီးများ ပုံမှန်အခြေအနေတွင် ရှိနေတတ်လိမ့်မည်။
အဆောင်ယတြာ-ကံ Óဏ် ဝီရိယ ပေါင်းစပ် ဆောင်ရွက်ပေးပါ။

မှတိချက်။  ။ အောက်တိုဘာလထုတ်သတင်းစာတွင် ဖေါ်ပြပြီး

3 comments

  • mipukay

    November 5, 2009 at 7:47 pm

    အောက်တိုဘာလအတွက်က မှန်တယ်ရှင့်။
    ိနိုဝင်ဘာအတွက်ဖော်ပြပေးပါ။

  • susunosuki

    April 19, 2010 at 10:03 am

    ဗေဒင် ကိုသဘောကျတယ်
    ဒါပေမယ့် ကြည့်လေ့မရှိဘူး
    ကိုယ်စွမ်းကိုယ်စ ကိုမေ့မှာစိုးလို့

  • မောင်ပေ

    July 9, 2012 at 2:29 pm

    သဂျီးက ဗေဒင်လဲ တွက်တတ်တာကိုး
    လျှို ထားတယ်ဗျာ
    သဂျီးရဲ ့ပညာခန်း နဲ ့ရရက်သားသမီးတွေ ကို ထပ်တွက်ချက်ပေးပါအုန်းဗျို ့

Leave a Reply