အမှတ်တရ Batam

ရွှေ ကြည်February 13, 20134min29932

ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါနော။ မိရွှေကြည်တယောက်ဒီတရုတ်နှစ်ကူးမှာ မြန်မာပြည်လည်းမပြန်ရ၊

မလေးသွားလည်ဖို့လည်းဗီဇာကမမှီတော့ ပိတ်ရက်ကလည်းရက်ရှည်ဆိုတော့ တော်တော်လေးစိတ်ကသိကအောက်ဖြစ်နေတာပေါ့။

အဲဒီအချိန်မှာသူငယ်ချင်းက တနင်္ဂနွေနေ့ Sentosa လိုက်ပို့မယ် တနင်္လာ အင်ဒိုနီးရှားကနယ်စပ်ကျွန်း Batam ကိုသွားကြမယ်တဲ့။

ဘာပြောကောင်းမလဲစလုံးမြေကလွတ်ချင်နေတဲ့ မိရွှေကြည်တယောက် ကောက်ကောက်ပါအောင်လိုက်တော့တာပေါ့။

အတူသွားမယ့်အစ်ကလည်း တခြားနိုင်ငံခရီးအတွေ့အကြုံတော့ရှိတယ်။ အဲဒိကျွန်းဘက်တော့မရောက်ဘူးသေးဘူးတဲ့ သူလည်းစိတ်

ဝင်စားတယ်ပေါ့ အခြေအနေအရ နေ့ချင်းပြန်စီစဉ်လိုက်တယ် အွန်လိုင်းကနေဒေတာရှာပြီးသွားကြပါလေရော။

အခုကစပြီး ဓါတ်ပုံလေးများနဲ့ရှင်းပြပါ့မယ် ဖြစ်ပုံကဒီလိုပါတဲ့ရှင်……။

 

IMG_0219

အထက်ပါပုံကတော့ Vivo City က ဆိုက်ရောက်ဂိတ်ပါပဲ ဘုတ်ထွက်ချိန်စောင့်ရင်းရိုက်ထားတာပါ။ ဘုတ်လက်မှတ်ကို

အဲဒိစင်တာမှာပဲဝယ် ငွေကိုလည်း အဲဒိမှာပဲလဲလို့ရပါတယ် စင်းတစ်ဒေါ်လာကို ရူပီး ၇၅၅ဝ ပါတဲ့။ သိ်န်းသုံးဆယ်လောက်ပိုက်ပြီး

အင်ဒိုနီးရှား batam ကို ခြေဆန့်ပါတော့မယ်ပေါ့။ ဘုတ်အချိန်က မနက် ၈ နာရီလောက်တန်းစီပေမယ့် ၁ဝ နာရီ ၅ဝ ဘုတ်ပဲရပါ

တော့တယ် အဲဒိတော့စောင့်လိုက်တာအကြာကြီး။ အသွားအပြန်လက်မှတ်ဖြတ်လိုက်ပါတယ် ပြန်ချိန်ကဘယ်အချိန်ဖြစ်ဖြစ်ဆိုလို့

ဟိုရောက်လို့အခြေအနေကြည့်ပြီး ပြန်ချိန် ကွန်ဖန်းလုပ်မယ်ပေါ့။ လက်မှတ်ခက စင်း ၄ရ ဒေါ်လာကျပါတယ်။

IMG_0225 IMG_0226 IMG_0227

 

မိရွှေကြည်ဒီသင်္ဘောကြီးစီးသွားတယ်လို့ စိတ်ကူးယဉ်မိခဲ့ပါတယ် ဆိပ်ကမ်းမှာကပ်ထားတာမြင်ခဲ့ရတာ။

 

IMG_0244

ဘုတ်ပေါ်ကမြင်ခဲ့ရတယ် နေရာလေး ကိုယ်တိုင်မရောက်ခဲ့ပါ။

 

IMG_0248

ရောက်ရှိခဲ့ပါပြီ အင်ဒိုက batam ကဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဂိတ်ကိုဖြတ်ပြီး ရောက်တဲ့ စင်တာက Batam Center Point

ပါတဲ့ အဲဒိကဆိုင်ကလေးပေါ့ ရွာသူားတွေကြိုက်ရင်ယူကြပါ လက်ဆောင်။

 

IMG_0252 IMG_0351

 

စထွက်ချိန်က ၁ဝ နာရီ ၅ဝ ဆိုပေမယ့် ၁၁ မှထွက်ပါတယ်။ ရောက်တော့ တနာရီထိုးနေပါပြီ ဗိုက်ဆာတာနဲ့ အဲဒိစင်တာက ဆိုင်မှာ

စားကြတယ်ပေါ့ ကျသင့်ငွေကတော့ တသိန်း၊ကိုးသောင်း၊သုံထောင် ပါတဲ့။ အဲဒိဆိုင်မှာပဲဘယ်ကိုဘယ်လိုသွားရမလဲစုံစမ်းတော့

သူတို့စကားကမလေးစကားနဲ့ဆင်တယ်ဆိုတော့ အတူသွားတဲ့သူငယ်ချင်းက မလေးရှားမှာ အလုပ်လုပ်တာမို့ သူကို့မေးခိုင်းရင်း

နောက်တရုတ်စကားတတ်သူပါလားဆိုတော့ နောက်တယောက်ပွဲထုတ်ရပြန်တာပေါ့ အတူသွားညီမလေးတယောက်က

တရိုတ်စကားကျွမ်းတယ်လေ။ သူနဲ့ပြောကြည့်တော့ နေ့ချင်းပြန်ဆိုမလွယ်ဘူးဆိုတာသိလိုက်ရပါတယ် ကားကိုသူလိုက်ငှားပေး

မယ်ဆိုပြီး အောက်ထပ်မှာတက္ကစိဂိတ်မှာ ပြောကြဆိုကြတော့ နာရီနဲ့ငှားမလား အပြတ်ငှားမလားတဲ့ အပြတ်ငှားတာကပိုအဆင်

ပြေမယ်လို့ လိုက်ပြောပေးတဲ့ဆိုင်ရှင်တရုတ်ကပြောတာနဲ့ အပြတ်ငှားလိုက်တာ နှစ်နေရာလိုက်ပို့မယ် စင်းဒေါ်လာ ၁၀ဝ ပါတဲ့

ကားကနှစ်စီးပေါ့။ ကဲမတတ်နိုင်ဘူးသွားမယ်ပေါ့။ အဲလိုနဲ့သွားလိုက်တာ…..

IMG_0265IMG_0269

ဒီလိုလမ်းမှာ ဒီလိုကားနဲ့သွားလိုက်ရတာ အကြာကြီးဖုန်းကလည်း သုံးမရ ကားကနှစ်စီးဆိုတော့လူပျောက်မှာလည်းကြောက်နဲ့ပေါ့။

IMG_0267

သူတို့ဆီကဈေးသည်တဲ့ ဆိုင်ကယ်နဲ့ရောင်းတာရှင့်။

ကဲ အခု ရွာသူားတွေကို မိရွှေကြည်ကြိုးစာပမ်းစားသွားခဲ့တဲ့နေရာ (သို့) ကမ်းခြေ ဆိုတာကိုပြပါတော့မယ်။

ရှုစားကြပါလော့……

ဘုရားစူးကမ်းခြေပါ
ဘုရားစူးကမ်းခြေပါ

IMG_0282

 

 

 

 

 

 

 

 

 

 

 

32 comments

  • ခိုင်ဇာ

    February 13, 2013 at 8:54 pm

    ညီမလေး
    အမ က ဘင်တန်လားလို့
    ဘာတန် ကိုသွားတာပဲ။
    အဲ့က ဘာမှ ရှိဘူး။
    ဘင်တန် က ဘိ(ချ) က လှတာ။
    :hee:

    • ရွှေ ကြည်

      February 13, 2013 at 9:01 pm

      အဲဒါဘာတန်လား သိဘူးအစ်မရေ :mrgreen:

  • ရွှေ ကြည်

    February 13, 2013 at 8:58 pm

    ပို့စ်ကတင်တာမဟုတ်ပဲမှားတက်သွားတယ် ကျန်နေတာကို နောက်တပိုင်းအနေနဲ့ပဲတင်တော့မယ်
    အားလုံးကိုတောင်းပန်ပါတယ်ရှင့်။

    • ရွှေ ကြည်

      February 13, 2013 at 9:40 pm

      သားသားအဲဒိကဟိုတယ်တွေက မာဆပ်နဲ့နာမည်ကြီးတယ်ကြားတယ်သေချာတော့မသိ သွားသာသွား 😆

  • padonmar

    February 13, 2013 at 9:29 pm

    နောက်တစ်ပုဒ်ကို အပိုင်း(၂)လို့ တင်ပေါ့ ချစ်ရွှေကြည်ရေ။
    အခုလောက်ကလည်း ဖတ်လို့အနေတော်ပါပဲ။
    ဘာတန်ဖြစ်ဖြစ် ဘင်တန်ဖြစ်ဖြစ် မရောက်ဖူးတော့ စိတ်ဝင်စားစရာချည်းပါပဲ။

    • ရွှေ ကြည်

      February 13, 2013 at 9:42 pm

      အန်တီပဒုမ္မာရေ အားပေးလို့ကျေးဇူးပါနော် တင်လိုက်ပါပြီ ဘာပဲပြောပြောရွှေကြည်လည်းအတွေ့အကြုံရလို့ကျေနပ်ပါတယ်။
      ချစ်ခင်လေးစားလျှက်
      ချစ်ရွှေကြည်

  • weiwei

    February 13, 2013 at 9:50 pm

    သင်္ဘောကြီးကို သဘောကျတယ် … တစ်ခါလောက် စီးကြည့်ချင်တယ် ..

    • ရွှေ ကြည်

      February 13, 2013 at 9:57 pm

      ဟုတ်ပ မဝေရေ ရွှေကြည်လည်းစီးချင်တာအဲဒိသင်္ဘောကြီးကို

  • Foreign Resident

    February 13, 2013 at 10:03 pm

    အဘ လဲ Batam ကျွန်း ရောက်ဖူးတယ် ။
    Batam ကျွန်း က Dockyard မှာ ၊
    Singapore သင်္ဘော ကုမ္ပဏီက သင်္ဘော နှင့် ၊
    Dock သွားတက်တာ ။

    • ရွှေ ကြည်

      February 13, 2013 at 10:08 pm

      ဟုတ်လား အဘရေ အဘတို့ဘယ်နေရာတွေသွားလဲဟင် ရွှေကြည်ရောက်တဲ့နေရာကတော့ မြင်တဲ့အတိုင်းပါပဲအဘရေ
      လှတဲ့နေရာတော့ရှိမယ်ထင်တာပဲ။

      • Foreign Resident

        February 14, 2013 at 7:07 am

        ” အဘတို့ ဘယ်နေရာတွေသွားလဲဟင် ”

        ရွှေ ကြည် ရေ ။
        အဲဒီ အချိန်က ၊ အဘ လဲ ၊ အသက် ငယ်ရွယ်သေးတော့ကာ ၊
        ကမ်းခြေဖက်ကိုတော့ မသွားခဲ့ပါဘူးကွယ် ။ ( ကံကောင်းသွားတာပေါ့ )
        မှန်တာပြောရရင် ၊ သင်္ဘောသားတွေအတွက် ပင်လယ် ကမ်းခြေ ဆိုတာ ၊
        သိပ် စိတ်ဝင်စားစရာ မ ကောင်းလှပါဘူးကွယ် ။ ဟီ ဟိ ။

        • ရွှေ ကြည်

          February 14, 2013 at 9:02 am

          ဟုတ်ပေသားပဲ အဘ တို့အတွက်ကတော့ ကမ်းခြေ မျိုးစုံမြင်ဖူးကြုံဖူးနေမှာ။

  • တောတွင်းပျော်

    February 13, 2013 at 10:55 pm

    အရင်က မလေးတရုတ်တွေ ထိုင်းနယ်စပ်က ဂလုဒ်ကိုသွားကြတယ်။
    နောက်ပိုင်းတော ့ BATAM ဖက်ကိုပဲ လှည် ့ကြတော ့တယ်။
    ဈေးအများကြီး ပိုသက်သာတယ်၊ နောက်ပြီး ပိုပေါတယ်တဲ ့။
    ဘာတွေပေါတာလဲ မမေးနဲ ့ ကျနော်လည်းသိဝူး…..
    BATAM ကို ဒုတိယ စင်ကာပူလို ့တောင်ခေါ်နေကြပြီတဲ ့။ စင်ကာပူကလူတွေ အဲ ့ဒီမှာ မြေဝယ်၊ အိမ်ဝယ်
    ကြတာများနေပြီ။
    ဒီကျွန်းပေါ်မှာ အင်ဒိုရူပီးယား၊ မလေးရင်းဂစ်၊ စင်ကာပူဒေါ်လာ ၃မျိုးစလုံး သုံးလို ့ရတယ်။

    • Foreign Resident

      February 14, 2013 at 7:14 am

      ” ဘာတွေပေါတာလဲ မမေးနဲ့ ”

      Singaporean တွေကတော့ Batam မှာ ၊
      အပျော် မယား လေးတွေ ထားကြတယ်လို့ နာမည်ကြီးတာပဲ ။

      Singaporean သူဋ္ဌေးဖြစ်စရာ မလိုဘူးနော် ၊
      Singaporean လူလတ်တန်းစား လောက် ဆိုရင်ကို ၊
      Batam မှာ အပျော် မယား ထားဘို့ ငွေတတ်နိုင်သွားပြီလို့ ဆိုကြတယ် ။
      အဲဒီလောက်ကို ၊ Batam က ၊ ဈေး ကော ၊ လူ ကော ပေါတယ် ။

    • ရွှေ ကြည်

      February 14, 2013 at 9:04 am

      ကိုတောတွင်းပျော်နဲ့ အဘပြောမှပဲပိုပြီးစုံစုံလင်လင်သိရတော့တယ် အဲ့ဂလိုတွေကိုး 😆

      • Foreign Resident

        February 15, 2013 at 7:00 am

        အခုတော့ ရွှေကြည် လဲ ၊
        ဘာမှ ကြည့်စရာလဲ မရှိလှပဲနှင့် ၊
        Batam က လူစည် Boat ကျပ်နေရချင်းရဲ့ ၊
        အကြောင်းရင်းကို သိသွားပြီပေါ့ ။
        😛

        • ရွှေ ကြည်

          February 15, 2013 at 8:55 am

          ဟုတ်ပ အဘ ရေ အမှန်ပဲ အခုမှသဘောပေါက်တော့တယ် 😆

  • ကိုရင်စည်သူ

    February 14, 2013 at 1:14 am

    တချိန်က စလုံးဆိုတာ စီနီယာသင်္ဘောသားကြီးများ
    တောင်ကူးမြောက်ကူးပြီး ရုန်းကန်ခဲ့ရတဲ့
    ဗမာသင်္ဘောသားဂန္တဝင်နိုင်ငံတစ်ခုပါ။
    အပျော်စီးသင်္ဘောကတော်တော်လှတယ်ဗျ…
    အော်ဖစ်ဆာဖြစ်ရင် အဲ့လို သင်္ဘောမှာပဲ
    ခိုနေရင်ကောင်းမလားလို့လေ… ရွှေကြည်လေး..
    ကိုရင်ကိုတောင် အသိမပေးပဲ အဲ့လို လစ်သွားတဲ့
    ရွှေကျီးလေးကို ချိတ်ချိုးဒယ်… 👿 😥

    • ရွှေ ကြည်

      February 14, 2013 at 9:07 am

      မြတ်စွာဖြား ရွှေကျီးလေး ဆိုပါလား သွားရှာပေါ့ နာ့နာမည်လေး။
      ကိုရင်ကို အသိပေးမလို့ပဲကိုရင်ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်ထင်လို့ ဝန်ရိုးစွန်းဘက်လေ :mrgreen:

  • MaMa

    February 14, 2013 at 6:10 am

    ဘုရားစူးကမ်းခြေကို ကြည့်ပြီးးးးးးးးး
    ကုန်ကျစရိတ်တွေကို ကြည့်ပြီးးးးးးးးးးးးး :eee:

    • ရွှေ ကြည်

      February 14, 2013 at 9:09 am

      ချစ်မမရေ အဲလို အဲလို တွေဖြစ်ခဲ့ကြုံခဲ့ရတာပ 😥

  • ဗုံဗုံ

    February 14, 2013 at 9:44 am

    မမရွှေကြည် ကမ်းခြေမှာ ရေကူးပြီး နေစာလှုံနေတဲ့ ပုံလေးကို မျက်စိထဲ မြင်မိတယ် အုန်းရေလေးသောက်ပြီးတော့လေ :mrgreen:

  • Ma Ei

    February 14, 2013 at 10:04 am

    နှတ်ခမ်းနီ သင်္ဘောကြီးနဲ့
    ခရီးသွားချင်လိုက်တာ…

  • ဦးကြောင်ကြီး

    February 14, 2013 at 10:05 am

    ရွှေကျည်နဲ့ ဦးကြောင် ကျွန်းဂလေးမှာ နှစ်ယောက်တည်း… (တည်းခ ရွှေကြီလေး ပေးနော်)

  • ရွှေ ကြည်

    February 14, 2013 at 11:03 am

    ဗုံလေး နောက်ပါနဲ့ကွယ် မမရွှေကြည်လည်းရေဆော့ရတာမောလို့ပေါ့ ရေကူးလိုက် စက်ဘီးစီးလိုက် အုန်းရေသောက်လိုက် :harr:
    …………………………………………………
    အစ်မအိရေ သင်္ဘောက ရွှေကြည့်ထက်တောင်လှသေးနော နှုတ်ခမ်းနီးတွေ ဘာတွေနဲ့ 😆
    …………………………………………………
    အောင်ကြူးရေ ကျွန်းကလေးမှာနှစ်ယောက်တည်းဆိုလည်းဖြစ်ပါတယ် တည်းခလည်းပေးမယ် ဒါပေမယ့် ရွှေကြည်အတွက် ကြေးမှုံကြီးပါခေါ်လာမယ်နော် (ကြေးမှုံ=မှန်) :mrgreen:

  • Wow

    February 14, 2013 at 11:54 am

    ဟီးဟီး…ဘာရယ်တော့မဟုတ်.. ညောင်ချောင်းသာကမှ ပိုသာယာသေးလားလို့… ရွှေကြည်လေး မျက်စိလယ် လမ်းမှားရောက်သွားတဲ့ကမ်းခြေက .. :mrgreen:

    • ရွှေ ကြည်

      February 14, 2013 at 12:06 pm

      မှန်လိုက်လေ မဝေါင်းရယ် မဝိုးရယ် မဝါးရယ် :mrgreen:

  • Mr. MarGa

    February 14, 2013 at 8:33 pm

    ဪ………ရွှေကြည်လေး ရွှေကြည်လေး
    ပင်ပင်ပန်းပန်း သွားခဲ့ရပြီးတော့ စိတ်ညစ်လာရတယ်ပေါ့
    မြန်မာပြည်ရောက်မှ ငပလီတို့ ချောင်းသာတို့မှာ အပြတ် ကဲပလိုက်ပေါ့ကွယ်

    • ရွှေ ကြည်

      February 14, 2013 at 10:20 pm

      ဟုတ်ပ သိကြားမင်းရေ ပင်ပန်းတာကတော့မပြောနဲ့တော့ ဒါပေမယ့်အတွ့အကြုံသစ်ပေါ့။
      မြန်မာပြည်ကကမ်းခြေဆိုငပလီမှာပဲကဲချင်တာ ငပလီကိုသွားမယ် 😆

  • မောင်ပေ

    February 14, 2013 at 9:08 pm

    ကြည်လေးရေ
    ပိုက်ပိုက်ပေါတဲ့တစ်နေ ့ကြရင်
    အဲဒီဘက်မန်မှာ တစ်ပတ် ၁ဝရက်တန်သည်
    သွားနှပ်ဦးမှပါပဲကွယ်
    ဟီဟိ

    • ရွှေ ကြည်

      February 14, 2013 at 10:22 pm

      အူးပေ ရေ အပေါ်မှာကိုတောပျော်၊ အဘ နဲ့ ကိုရင်စည်ပြောသွားတာတွေ့တယ်ဟုတ် ပိုက်ဆံသာများများရှာပေတော့ 😆

Leave a Reply