ကိုယ်နှင့်လာဆိုင်သောအခါ (အဆက်)

မောင် ပေFebruary 13, 20131min23112

မောင်ရိုး ရဲ ့ ချစ်သူမိန်းကလေး နာမည်က “ ဇာဇာ ” တဲ့ ။ မောင်ရိုးအတွက် အရမ်းကို ကံကောင်းပါတယ် ။ ဇာဇာ့ရဲ ့ ချစ်ခြင်းများကို မောင်ရိုး ရရှိသလို ၊ မောင်ရိုးဟာ ဇာဇာ့ဘဝရဲ ့ပထမဆုံး ချစ်သူရည်းစား ဖြစ်သောကြောင့် ပေတည်း ။ မောင်ရိုး နဲ ့ဇာဇာ တို ့ဟာ ဖေ့ဘုတ်ကနေ တည်ဆောက်ခဲ့ကြတဲ့ ချစ်ခြင်းတစ်ခုပေါ့ ။ ဇာဇာ့ရုပ်ရည်ဟာ အလှကြီး မဟုတ် ၊ ချောလဲမချောပါ ။ ဒါပေမယ့် မောင်ရိုး ချစ်မိသွားသည် ။ ထို ့အပြင် မောင်ရိုး ပိုတန်ဖိုးထားမိသွားသည်မှာ ဇာဇာ့အတွက် မောင်ရိုးဟာ ပထမဆုံးချစ်သူ ၊ ဇာဇာ့ရဲ ့ချစ်ခြင်းအားလုံးကို မောင်ရိုးက ရရှိသွားလို ့ ။ ဇာဇာ ဟာ မလှမချော လို ့ ပြောလို ့ ၊ ကျုပ်ကောင် မောင်ရိုး ဟာ ချောမောခန် ့ငြားလားလို ့ဆိုရင် ၊ မောင်ရိုး ရုပ်ကလဲ သာမန်ပါပဲ ။ ဇာဇာ က မောင်ရိုးထက် ၅နှစ်ငယ်သည် ။ မောင်ရိုး နဲ ့ဇာဇာ တို ့ဟာ လက်ထပ်ပေါင်းသင်းဖို ့အထိ နှစ်ယောက်သား ချစ်မိသွားပြီးတဲ့နောက် ၊ ရင်ခုန်သံခြင်း ထပ်တူညီသော ချစ်သူများ ဖြစ်လာကြသည် ။ မောင်ရိုးတစ်ယောက် ဇာဇာ့အချစ်တွေကို ရပြီးသည့်နောက်ပိုင်း ၊ သူ ရှုပ်ခဲ့သော ဇယားများအားလုံးကို နားပစ်လိုက်သည် ။ တစ်ခါတစ်ရံ အလှူပေးမည့်သူများနှင့် ခဏခဏ ကြုံတာတောင်မှ ၊ တော်တော်ကြီးမနေနိုင်မှသာ ….။ ပြောရရင်တော့ မောင်ရိုး ဘဝမှာ ဇာဇာနဲ ့ပဲ ချစ်ခင်ပေါင်းသင်းသွားဖို ့ ဆုံးဖြတ်လိုက်တာကိုး ။

“ ကို… အခုရက်ပိုင်းတွေအတွင်း ၊ ဇာ့ စိတ်ထဲမှာ အရမ်းရှုပ်ထွေးနေတယ် ကိုရယ် ”
“ ဟမ်… ဘာလဲ အမေက ဆူလို ့လား ၊ ဒါမှမဟုတ် ဇာ့အလုပ်မှာ ကွိုင်ရှိနေလို ့လား ၊ ဘာတွေကြောင့် စိတ်တွေအရမ်းရှုပ်နေတယ်ဆိုတာ ကိုယ့် ကို ပြောပြလေ ”
“ ဖုန်းထဲမှာတော့ မပြောချင်သေးဘူး ကိုရယ် ၊ ကိုနဲ ့တွေ ့တဲ့နေ ့ကြမှ ပြောပြတော့မယ်နော် ၊ အခု စိတ်ရှုပ်နေတာတွေ ပြေအောင် တရားထိုင်မလို ့ ”
“ အေးပါကွာ… ထိုင်ထိုင် ၊ ကိုယ်နဲ ့ဇာ နဲ ့တွေ ့တော့မှပဲ အကြောင်းစုံကို ပြောပြတော့ ”
မောင်ရိုး နဲ ့ သူလက်ထပ်ဖို ့ရည်ရွယ်ထားတဲ့ သူ ့ချစ်သူဇာဇာ တို ့ဖုန်းပြောနေကြခြင်း ဖြစ်သည် ။
မောင်ရိုး ပြီးခဲ့သောအခေါက် ၊ သူ ့ချစ်သူ ဇာဇာ နဲ ့တွေ ့ချိန်တုန်းက သူ ့ချစ်သူ ဖုန်းကို ရုတ်တရက် ယူကြည့်မိချိန် ၊ မက်ဆေ့တစ်စောင်တွေ ့ခဲ့ရသည် ။ မက်ဆေ့က ဘာရေးထားသလဲ ဆိုတော့…
“ မ ဘာတွေလုပ်နေလဲ ” တဲ့
မောင်ရိုး လဲ မျက်လုံးပြူးသွားပြီး ၊ ဒါဘာလဲ ဟု မေးသောအခါမှ ၊ ချာတိတ်တစ်ယောက် ဇာဇာ့ ဆီ ဖုန်းဆက် ၊ မက်ဆေ့ ပို ့လုပ်နေကြောင်း သိလိုက်ရသည် ။
ဘာလို ့ ဖုန်းလက်ခံပြောနေလဲ ဟု မေးလိုက်သောအခါ ၊ ဘလက်လစ် ဆော့ဝဲမရှိလို ့ပါတဲ့ ၊ ဒါနဲ ့မောင်ရိုး ဘလက်လစ်ဆော့ဝဲ ရှဲပေးလိုက်ပြီး ၊ ထိုဖုန်းနံပါတ်ကို ဘလက်လစ် ထဲ ထည့်ခိုင်းလိုက်သည် ။ ထို ့အပြင် မက်ဆေ့အင်ကမ်းမင်းပါ ဘန်းခိုင်းထားလိုက်တော့သည် ။ ထို ့နောက် မောင်ရိုးတစ်ယောက် မေ့မေ့ပျောက်ပျောက်နေခဲ့ရာမှ ၊ အခု ဖုန်းထဲတွင် ဇာဇာ က စိတ်ရှုပ်နေသည် ဟု ပြောလာသောအခါ ၊ ထို ဖုန်းကိစ္စများလားဟု စိတ်ပူစွာ တွေးနေမိပြန်သည်။
ဇာဇာ နဲ ့တွေ ့ရဖို ့ရက်များကို စိတ်ပူခြင်း စိုးရိမ်ခြင်းများစွာနဲ ့ဖြတ်သန်းခဲ့ပြီး သကာလ
ရာသီပေးအသီးဖျော်ရည်များ ဖျော်ရောင်းသည့် ဆိတ်ငြိမ်သောအအေးဆိုင်လေးတစ်ဆိုင်တွင် မောင်ရိုးနှင့် ဇာဇာ တို ့ဆုံဖြစ်ကြတော့သည် ။
မောင်ရိုး တစ်ယောက် ဇာဇာ့မျက်နှာလေးကို မက်မက်မောမော ကြည့်ရင်း ပြုံးပြလိုက်ကာ

“ ကဲ… ဇာ.. ကိုယ့်ကို ဖုန်းထဲမှာ ပြောခဲ့တဲ့ စိတ်ရှုပ်တယ် ဆိုတဲ့အကြောင်း ၊ ဘာကြောင့်ဖြစ်ရတယ် ဆိုတာ ပြောပြတော့ ”
ဇာဇာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ
“ ဒီအကြောင်းတွေကို ကိုကို သိပြီးရင် ဇာ့ကို မဆူရဘူး ၊ မအော်ရဘူး နော် ”
“ အေးပါကွာ ၊ ကိုယ် ကတိပေးပါတယ် ၊ ဇာ သာ ပြောပြ ”
“ အင်း…ဇာ ဘယ်ကနေ ဘယ်လို စပြောရမလဲတောင် မသိတော့ပါဘူး ကိုရယ် ”
“ ဇာရယ် ၊ ကိုယ်နဲ ့ဇာတို ့ကြားမှာ တစ်ယောက်နဲ ့တစ်ယောက် မပြောမဆိုရင် ၊ ဇာ ဘယ်သူ ့ကို သွားတိုင်ပင်မှာလဲကွာ ၊ ပြောသာပြောပါ ၊ ကိုယ်နားထောင်ပြီးမှ ဘယ်သို ့ဘယ်ပုံ ဆိုတာ အကြံပေးလို ့ရမှာပေါ့ ”
ဇာဇာ ခေတ္တမျှ တိတ်ဆိတ်စွာနေရင်း မောင်ရိုး မျက်နှာကို မဝံ့မရဲလေးနဲ ့ကြည့်နေသည်။ ထို ့နောက် သက်ပြင်းပူကြီး ချကာ
“ အခုရက်ပိုင်းမှာလေ ၊ ဇာ့ စိတ်ထဲမှာ ဟိုတစ်ယောက် က ရောက်ရောက်နေလို ့ ”
“ ဟင်… ဘာ… ဇာ ဘာပြောလိုက်တယ် ”

(ဇါတ်သိမ်းပိုင်းကို ဆက်ရေးပါမည်)
သည်ကနေ ့ညမှာ အပြီး ရေးတင်ဖို ့ရန် စီစဉ်ထားသော်လဲ ၊ ရန်ကုန်မှ ရွာသား၂ယောက် ရောက်နေသဖြင့် ၊ သူရို ့နဲ ့တွေ ့ဖို ့ရန် ချိန်းထားသောကြောင့် ၊ တစ်ခါထဲ ပြီးအောင် မရေးတင်ဖြစ်တာကို ခွင့်လွှတ်နားလည်ပေးတော်မူကြပါ ခင်ဗျာ

*********************

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

12 comments

  • ဂန္ဓာရီ ဆြာအုပ်

    February 13, 2013 at 9:37 pm

    ဟာဂျာ ဘာလဲဂျာ
    ဒီလူဂျီး
    ကလိုင်းမက်စ် ကိုရောက်သွားတော့မှ.. 🙁
    တင်းတယ်
    ဒီမှာ ..တင်းတယ် .တင်းတယ် တင်းတယ်တင်းတယ် ဟေ့

  • ကိုရင်စည်သူ

    February 14, 2013 at 12:59 am

    သိဒယ်.. သိဒယ်.. မိန်းမတွေ အဲ့လို အပြောင်းအလဲမြန်တယ်ဆိုတာ
    သိလို့… အူးစည် လူပြိုကြီးလုပ်နေမိတာ…။
    အူးပေရေ.. ကောင်းခန်းရောက်ပီ.. ဆက်ပါဦးဗျ….

  • panpan

    February 14, 2013 at 8:22 am

    အာဂျာ
    ကပေ အမြန်ဆက်ဗျာ
    ဆန့်တငံ့ငံ့နဲ့….. 🙁

  • ခိုင်ဇာ

    February 14, 2013 at 8:59 am

    “ အခုရက်ပိုင်းမှာလေ ၊ ဇာ့ စိတ်ထဲမှာ ဟိုတစ်ယောက် က ရောက်ရောက်နေလို ့ ”

    :kwi:

  • Mon Kit

    February 14, 2013 at 9:28 am

    ထင်တယ်.. ထင်တယ်.. ခေါင်းစဉ် ကြည့်ထဲက..
    အဆက် တဲ့.. ဇာတ်သိမ်းလို့မှ မပါသေးတာ..
    မျှော်နေမယ်တော်… မောင်ပေရေ….
    :hee:

  • ဦးကြောင်ကြီး

    February 14, 2013 at 10:26 am

    ကျုပ်နဲ့ ခိုင်ဇာ လွမ်လွမ်ကျုကျု မှားယွင်းခဲ့မိပါတယ်.. ကာဆီနိုမှာ ကြွေအံပစ်တာ ရှုံးလို့ ဘဏ်ထဲရှိသမျှ ပြောင်တေဲ့အပြင် ခရက်ဒစ်ကတ်ကနေပါ ပိုက်ဆံချေးတာကို ပြောဒါ.. :harr:

    • ခိုင်ဇာ

      February 14, 2013 at 10:45 am

      ဒီမယ် ဦးကြောင်
      ဘတ်စကားပြောတာလဲ။
      အနော့မှာ ခွက်ဒစ်ကတ်ရှိပါဘူးလို့ ဟိုဘက်မှာ ပြောပြီးဘီ။
      ပိတ်သတ်ကျီး ယုန်ထင် ကြောင်ထင် အထင်မှားအောင် မပြောစေချင်ဘူး။

      နားလည်ပေးပါ ပိတ်သတ်ကြီးရယ်။
      အနော် ဂလောက်ထိ မွဲတဲ့ဟာကို။

      :harr:

  • Wow

    February 14, 2013 at 11:45 am

    အသစ်ကြိုက်သူဂျီးရဲ့ အသစ်လေးကို ဘူကများ :kwi:

  • လူကလေး

    February 14, 2013 at 11:58 am

    အောင် မလေး.. ပေပေ… ခင်ဗျား နှယ် တွန့်လို့မပြီးသေးဘူးလား..

    ဒီအရိုးဘာဖြစ်တော့မလဲ .. သိချင်ပါဒယ်ဆိုကာမှ .. လုပ်ရက်လေခြင်း.. :'(

  • မောင်ထက်ကြီး(မုံရွာ)

    February 14, 2013 at 8:16 pm

    နောက်မီးလင်းတဲ.ကောင်မ ဘာဆက်ဖြစ်မှာလဲး မောင်ရိုးရေ မင်အတွက်ရင်လေးတယ်ကွာ…

    • မောင်ပေ

      February 14, 2013 at 9:20 pm

      ကိုထက်ကြီးရေ နောက်မီးမလင်းပါဘူး ခင်ဗျ
      ပထမပိုင်းလေးကို ပြန်ဖတ်ပေးပြီး ၊ ဇါတ်သိမ်းပိုင်းကို ဆက်ဖတ်မယ်ဆိုရင် ရှင်းသွားပါလိမ့်မယ်

  • Mr. MarGa

    February 14, 2013 at 8:23 pm

    ထိုအရာကို
    ချဉ်းကပ်နည်း တစ်မျိုးဟုသာ ပြောလိုပါတော့သည်
    မိန်းကလေးဘက်က မမှားဟု ထင်မိပါအိ

Leave a Reply