စဉ်းစားကြစေလိုပါတယ် ( ၄ရ ) ( Credit Card – 1 )

Foreign ResidentFebruary 13, 20138min43634

စဉ်းစားကြစေလိုပါတယ် ( ၄ရ )

( Credit Card – 1 )

 

အင်း အဘတို့ ရဲ့ ၊

ရွှေ နိုင်ငံတော်ကြီးလဲ ၊

ကမာ္ဘ့ရွာကြီးနှင့် ၊

ဆက်ဆံရတော့မယ့် ၊

အချိန်အခါကို ၊

ရောက်လာပါပြီကွယ် ။

 

အဲသဟာကြောင့် ၊

ကမာ္ဘ့ရွာကြီးနှင့် ၊

ဆက်ဆံရတဲ့အခါ ၊

အဘတို့ရဲ့ ရွာသူသားတွေ ၊

မျက်ခြေပြတ် မကျန်စေရဖို့ ၊

ဒီ Post ကိုရေးရတာပါကွယ် ။

 

အဘ မလဲ ရွာသူသားတွေကို Credit / Debit Card အကြောင်း ပြောပြပါ့မယ် လို့ ကတိ ပေးထားပေမယ့် ၊

အဘ ရဲ့ ဥရောပ တောလားကို အရင် အပြတ် ဖြတ်နေရလို့ ၊ အခုမှပဲ ရေးဖြစ်ပါတော့တယ် ။

 

တစ်ခုတော့ ကြိုတင် တောင်းပန်ထားပါရစေ ၊

အဘ က Banking သမားလည်း မဟုတ် ၊ Networking သမားလည်း မဟုတ်လေတော့ကာ ၊

Technically ပညာရပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့သူ မဟုတ်ရပါဘူး ။

 

အဘ က Credit / Debit Card ကို လက်ရှိ သုံးစွဲနေသူ တစ်ဦးရဲ့ ၊

သာမာန် လူပြိန်း အမြင်ကိုပဲ ရိုးရိုးကြီး တင်ပြသွားမှာပါကွယ် ။

 

အဲဒီတော့ကာ ၊ Credit / Debit Card ကို ၊

အဘ လောက်တောင် မသိသေးသူများအတွက်ပဲ ရည်ရွယ်ပြီး ရေးတာမို့လို့ ၊

အဘ ထက် Credit / Debit Card အကြောင်းကို ပိုသိတဲ့သူများက ၊

အဘ မှားတာများတွေ့ရင် သည်းခံခွင့်လွှတ်ပြီး ၊ ဝင်ပြင်ပေးကြပါကွယ် ။

 

အဘ အခုရေးမှာတွေအတွက်  ၊ အဓိက မှီငြမ်းတာကတော့ အောက်က Web Page ပါပဲ ။

 

http://banksindia.net/guide/know-about

 

ပထမ ဦးစွာ Credit / Debit Card ရဲ့ အသွင်အပြင် နှင့် ပါဝင်တာတွေကို စရှင်းပြပါ့မယ် ။

Credit / Debit Card  Front View

Credit / Debit Card ရဲ့ အရှေ့ဖက် ပုံပါကွယ် ။

 

Credit / Debit Card ရဲ့ အရှေ့ဖက် ပုံပါ ။
Credit / Debit Card ရဲ့ အရှေ့ဖက် ပုံပါ ။

 

 

1.

Card Provider Name :

This is Card Provider like bank or financial institute;

( eg. ICICI Bank, SBI Bank etc )

Credit / Debit Card ကို ထုတ်ပေးတဲ့ Bank ရဲ့ နာမည်ပါ ။

အခု Credit / Debit Card ကို ထုတ်ပေးတာကတော့ ICCI Bank ကပါ ။

 

2.

Card Number :

This is 16 Digit Number which it is called Card Number.

It divided into 4 parts with 4 number.

Technical Details

First Six Digit : Issuer Identifier Number.

Second Nine Digit : Account Number.

Last One Digit : Check Digit.

အဲဒီ Card ရဲ့ နံပါတ် ပါ ။

လေးလုံး တစ်တွဲစီ နှင့် လေးတွဲ ရှိပြီး ၊ စုစုပေါင်း ၁၆ လုံး ပါ ။

 

3.

3D Hologram :

Contain 3D Hologram to represent whether it is Visa card or Mastero.

3D သုံးဖက်မြင် Hologram တံဆိပ်ပါ ။

တစ်ချို့ Card တွေမှာ သူက Card အနောက်ဖက်မှာမှ ပါတတ်ပါတယ် ။

 

4.

Valid From : It contains valid from date,

i.e. Contains the card activation date.

Card ကို ဘယ်နေ့က စပြီး သုံးစွဲခွင့်ပြုတဲ့ Month/Year ပါ ။

 

5.

Valid Thru :

It contains valid thru date,

i.e. Contains last date for the use of card.

Card ကို ဘယ်နေ့ထိသာ သုံးစွဲခွင့်ပြုတဲ့ Month/Year ပါ ။

 

6.

Brand Logo :

Contains Brand Logo, whether it is Visa or Master.

Card ကို အသိအမှတ်ပြု လက်ခံတဲ့ ငွေကြေးအဖွဲ့ကြီးရဲ့ Logo တံဆိပ်ပါ ။

ပုံထဲက  ငွေကြေးအဖွဲ့ကြီး ကတော့ Master Card ပါ ။

ကမာ္ဘ့ နာမည်ကြီး အဖွဲ့တွေကတော့ Master, Visa, American Express အဖွဲ့တွေပါပဲ ။

 

အကြမ်းဖျင်းအားဖြင့် အခုပြထားတဲ့ Credit / Debit Card ကို ၊

၁ ။ Credit / Debit Card ကို ထုတ်ပေးထားတဲ့ ICCI Bank ဘဏ်ခွဲ / ATM စက်တွေမှာ သုံးလို့ရမယ် ။

၂ ။ အခု Credit / Debit Card ကို အသိအမှတ်ပြု လက်ခံထားတဲ့ ငွေကြေးအဖွဲ့ကြီး Master Card နှင့် ၊

ချိတ်ဆက်ထားတဲ့ ဘဏ် တွေ / ATM စက် တွေ / ဈေးဆိုင်တွေမှာ သုံးလို့ရမယ် လို့ ဆိုလိုတာပါ ။

 

7.

Card Holder Name :

Contains Card Holder Name.

Card ပိုင်ရှင် ရဲ့ နာမည်ပါ ။

သတိပြုရမှာကတော့ အဲဒီ Card ကို အသုံးပြုတဲ့အခါ ၊

အဲဒီနေရာမှာ ရိုက်ထားတဲ့ အတိုင်း အတိအကျ ရေးရပါတယ် ။

ဥပမာ ။  ။ အဘ ရဲ့ Card မှာ နာမည်ရဲ့ ရှေ့မှာ MR ဆိုတာကို ထည့်လိုက်မိလို့ ၊

အဘ Card ကို သုံးတဲ့အခါတိုင်း အဲဒီ MR ဆိုတာကို ထည့်ရေးရပါတယ် ။

 

Credit Card Back View

Credit / Debit Card ရဲ့ အနောက်ဖက် ပုံပါကွယ် ။

 

Credit / Debit Card ရဲ့ အနောက်ဖက် ပုံပါကွယ် ။
Credit / Debit Card ရဲ့ အနောက်ဖက် ပုံပါကွယ် ။

 

 

8.

Magnetic Strip :

Contains Magentic Strip

Card ရဲ့ အဓိက Information တွေကို သိမ်းဆည်းထားတဲ့ Magentic Strip ပါ ။

 

9.

Verification Number :

Contains Three digit verification number.

On line ကနေ ငွေကြေး လွှဲပြောင်းမှု Transaction တွေ လုပ်တဲ့အခါမှာ ၊

Emboss ဖေါင်းကြွ လုပ်ထားတဲ့ Item Nr 2. Card Number အပြင်

လုံခြုံရေးအတွက် ထပ်တောင်း တဲ့ ရိုးရိုးလေး Print ပုံနှိပ်ထားတဲ့ လုံခြုံရေး ဂဏန်း သုံးလုံးပါ ။

 

10.

Signature Panel :

Contains Signature Panel,

i.e. Card Holder Signature.

Card ပိုင်ရှင် လက်မှတ်ထိုးရမယ့် နေရာပါ ။

 

အင်း ၊ အပေါ်မှာ ဖေါ်ပြထားတာတွေကတော့ ၊

သာမာန် Credit / Debit Card တစ်ခုမှာ အခြေခံ ပါတဲ့ အရာတွေပါကွယ် ။

 

အဘ ရဲ့ Personal အမြင်ကို ပြောရမယ် ဆိုရင်တော့ ၊

အပေါ်မှာ ဖေါ်ပြထားတဲ့ Credit / Debit Card ဟာ လုံခြုံရေး အထူး အားနည်းပါတယ် ။

လွယ်လွယ်ပြောရရင် အခုခေတ်ကြီးမှာ မရှိသင့် မသုံးသင့်တော့တဲ့ အမျိုးအစားပါ ။

 

၁ ။

အခုခေတ်ကြီးမှာ Card ရဲ့ အဓိက Information တွေကို ၊

Item Nr 8. Magnetic Strip တစ်ခု ထဲမှာ သိမ်းဆည်းထားတာ ၊ မလုံခြုံတော့ပါဘူး ။

အခုက ၊ လူတွေ ဘေးနားက ဖြတ်သွားရင်းနှင့် တောင် ၊

အဲဒီ Magnetic Strip ပြားကို ခိုးဖတ် နိုင်ပြီး ၊

Credit / Debit Card အတုလုပ်နိုင်တဲ့ စက် / နည်းပညာတွေ ပေါ်နေပါပြီ ။

 

အဲဒီတော့ကာ Credit / Debit Card ထဲမှာ Magnetic Strip ပြား အပြင် ၊

အတုလုပ်ဖို့ ခက်ခဲတဲ့ တယ်လီဖုန်း SIM Card လေးကိုပါ ထပ်ထည့်လိုက်ကြ ပါပြီ ။

အောက်က ပုံမှာ အဘ အခုသုံးနေတဲ့ Common Wealth Bank ရဲ့

Debit Master Card မှာ SIM Card လေး ပါလာတာကို ကြည့်ကြပါ ။

 

Debit Master Card မှာ SIM Card လေး ပါလာတာကို ကြည့်ကြပါ ။
Debit Master Card မှာ SIM Card လေး ပါလာတာကို ကြည့်ကြပါ ။

 

၂ ။

OK ။ မည်သို့ပင် ဆိုစေကာမူ ၊

Credit / Debit Card ကိုသုံးတဲ့အခါမှာ ၊ သူများရဲ့ စက်ထဲ / လက်ထဲ ကို ထည့်ပေးရတာဆိုတော့ ၊

Item Nr 9. Verification Number လုံခြုံရေး ဂဏန်း သုံးလုံးဟာလည်း မ လုံခြုံ တော့ပါဘူး ။

 

အဲဒီအခါ ပိုလုံခြုံစေဖို့ ၊ လုံခြုံရေး ဂဏန်း ၆ လုံး ထပ်ထည့်ရမယ့်  စံနစ်တစ်ခု ထပ်ပေါ်လာပါတယ် ။

အဲဒါဟာ Net Code Security System လို့ခေါ်ပါတယ် ။

 

ကိုယ့်ရဲ့ Credit / Debit Card ကို အဲဒီ Net Code Security System နှင့် ချိတ်ဆက်ထားလိုက်ရင် ၊

 

အရင်တုန်းကလို Pass Word ဂဏန်း အသေ မဟုတ်ပဲ ၊

၃ မိနစ်တိုင်းမှာ ၊ Pass Word ဂဏန်း အသစ် ၊ တစ်ခါပြောင်းနေတဲ့ စံနစ်တစ်ခု နှင့် ၊

ကိုယ့် ရဲ့ Credit / Debit Card ကို ၊ ဘဏ် က ၊ ချိတ်ဆက်ပြစ်လိုက်ပါတယ် ။

 

အဲဒီ အပြင် ၊ ကိုယ့်ရဲ့ Mobile Phone Nr ကိုလည်း ဘဏ်က ရယူပြီး

အဲဒီ လုံခြုံရေး စံနစ် နှင့် ချိတ်ဆက်ပြစ်လိုက်ပါတယ် ။

 

အဲဒီ အခါ ၊ ကိုယ်က On Line Transaction တစ်ခု လုပ်တိုင်းမှာ ၊

အရင်က တောင်းနေကျ အချက်အလက်တွေ ၊ 

Item Nr 9. Verification Number လုံခြုံရေး ဂဏန်း သုံးလုံး တို့ဖြည့်ပြီးတဲ့ အပြင် ၊

 

ငွေလွှဲခါနီး မှာ Net Code Security System ရဲ့ ၊

၃ မိနစ် တစ်ခါပြောင်းနေတဲ့လုံခြုံရေး ဂဏန်း ၆ လုံး ကိုပါ ထပ်တောင်းပါတယ် ။

 

ကိုယ်က ကိုယ့်ရဲ့ လုံခြုံရေး ဂဏန်း ၆ လုံးကို ပို့ပေးပါ ဆိုတဲ့ ၊

ဘေးနားမှာ ရေးထားတဲ့ Button ကို နှိပ်လိုက်ရင် ၊

ကိုယ် Account ဖွင့်ထားတဲ့ Bank က ချက်ချင်း သိပြီး ၊

ကိုယ့်ရဲ့ Mobile Phone ကို SMS နှင့် လုံခြုံရေး ဂဏန်း ၆ လုံး လှမ်းပို့ပေးပါတယ် ။

 

အဲဒီ လုံခြုံရေး ဂဏန်း ၆ လုံး ကို ချက်ချင်း ထည့်ရပါတယ် ။

ဘာကြောင့်လည်း ဆိုတော့ နောက် ၃ မိနစ်ကြာရင် ၊

နောက် အသစ် လုံခြုံရေး ဂဏန်း ၆ လုံး ကို ထပ်ပြောင်းသွားလို့ပါ ။

 

အဲဒီ စံနစ် ပေါ်လာတဲ့အခါ Credit / Debit Card ဟာ လုံခြုံရေး အဆင့် တော်တော်မြင့်လာပြီး ၊

On Line ကနေ Credit / Debit Card လိမ်လည်မှုတွေ ၊ မလုပ်နိုင်သလောက် ဖြစ်သွားပါပြီ ။

 

Mobile Phone က မမိ ၊ Internet က နှေးပြီး ၊ Electrical Power မီး မမှန် တဲ့ ၊

မြန်မာနိုင်ငံ နှင့်တော့ ဒီ စံနစ်က အဆင်ပြေမယ် မထင်သေးပါဘူး ။

 

အဲဒီမှာ ၊ အဘ မြန်မာနိုင်ငံကို ပြန်လာမယ်လဲဆိုရော ပြဿနာ စဖြစ်တော့တာပါပဲ ။

Bank ကို သွားပြောတော့ ၊

 

ပထမ Bank က အဘ ရဲ့ လက်ရှိ ဩဇီ Mobile Phone ကိုပဲ ၊

မြန်မာပြည်မှာ Auto Roaming လုပ်ပြီး ဆက်သုံးဖို့ အကြံပေးပါတယ် ။

 

အဲဒါနှင့် အဘ က ၊ အဘသွားမယ့် ရွှေ  မြန်မာနိုင်ငံတော်ကြီးဟာဆိုလို့ရှိရင် ၊

ဩဇီ Mobile Phone ကို မြန်မာပြည်မှာ Auto Roaming လုပ်လို့ မရနိုင်ကြောင်း ၊ ရရင်တောင်မှ ၊

Mobile Phone က မမိ ၊ Internet က နှေးပြီး ၊ Electrical Power မီးမမှန်တဲ့ အကြောင်း ၊

အဆိုးဆုံးက Mobile Phone SMS တွေက ဒီနေ့ပို့လိုက်ရင် ၊

နောက်နေ့မှ ရတာတို့ ၊ တခါတလေမှာ လုံးဝ ပျောက်တာတို့ ဖြစ်ကြောင်း ရှင်းပြရပါတယ် ။

 

ဘဏ်က နားထောင်နေတဲ့ အရာရှိကတော့ ၊ အဘ ကို ၊

ပထမ ဒီလူ စိတ်မှ ကောင်းသေးရဲ့လား ၊ လာများ နောက်နေသလား ဆိုတဲ့ ပုံစံနှင့် နားထောင်နေပြီး ၊

နောက်ဆုံးမတော့ ၊ အဘ သမိုင်းဦး ဘုံမြေ ခေတ်က နိုင်ငံကို ပြန်သွားတော့မယ် ဆိုတာကို ၊

သူ ပြုံးစိ ပြုံးစိ နှင့် ၊ လက်ခံလိုက်ပါတယ် ။

 

အဲဒါနှင့် ၊ အဘ ရဲ့ Credit / Debit Card တွေ နှင့် ၊

အဘ ရဲ့ ဩဇီ Mobile Phone နှင့် ချိတ်ဆက်ထားတာကို အရင်ဖြုတ်ပေးပါတယ် ။

 

ဒါပေမယ့် ၊ အဘ ရဲ့ Credit / Debit Card တွေ ကို ၊

Net Code Security System နှင့် ဆက်ထားတာကို ဖြုတ်မပေးပါဘူး ။

 

အဲဒီမှာ ၊ အဘ Net Code Security လုံခြုံရေး ဂဏန်း ၆ လုံး အမြဲ ရနေဖို့အတွက် ၊

အဘ ကို Net Code Token ဆိုတဲ့ဟာလေးပေးလိုက်ပါတယ် ။

အောက်ကပုံမှာ သူပေးလိုက်တဲ့ Net Code Token ဆိုတဲ့ဟာလေးကို ပြထားပါတယ် ။

 

သူပေးလိုက်တဲ့ Net Code Token ဆိုတဲ့ဟာလေး ။
သူပေးလိုက်တဲ့ Net Code Token ဆိုတဲ့ဟာလေး ။

 

အဲဒီဟာလေးပေါ်က အဝါရောင် ခလုပ်လေးကို နှိပ်လိုက်မှသာ ၊

ဘေးက ဒိုင်ခွက်ထဲမှာ အဲဒီ နှိပ်တဲ့အချိန်ရဲ့ လုံခြုံရေး ဂဏန်း ၆ လုံး ပေါ်လာမှာပါ ။

On Line Transaction မှာ အဲဒီ လုံခြုံရေး ဂဏန်း ၆ လုံး ကို ထည့်မှ ငွေလွှဲလို့ ရမှာပါ ။

 

ကဲ ၊ ရွာသူားတို့ရေ ။

စာကလည်း ရှည်သွားပြီမို့ ၊ အဘကို ဒီမှာ ခဏ နားခွင့် ပြုပါကွယ် ။

နောက် တစ် Post ကျမှပဲ ၊ Credit / Debit Card ရဲ့ တခြား အကြောင်းတွေကို ဆက်တင်ပြပါရစေ ။

 

ဗဟုသုတ တိုးပွားနိုင်ကြပါစေကွယ် ။

 

အဘ ဖေါ ( F R ) ။

34 comments

  • သကြားလုုံးကြော်

    February 14, 2013 at 2:12 am

    အကွက်စေ့စေ့ ထဲထဲဝင်ဝင်ရေးထားတာ ဗရာကြော်ပါ အဘရေ။
    မြန်မာပြည်မှာသုုံးဖိုု့ ခရက်ဒစ်ကဒ်တွေကိုု ကြိုပြင်ဆင်သွားတယ်ဆိုုတော့ ကဒ်နဲ့ တော်တော်သုုံးဖြစ်လိုုက်လား။ မြန်မာပြည်မှာ ဘယ်နေရာတွေမှာ သုုံးလိုု့ရလဲ။

    ခရက်ဒစ်ကဒ်မရှိတဲ့ မြန်မာပြည်သူပြည်သားများ အားငယ်စရာမလိုုပါ ။ ရှော့ပင်သွားရင် အိပ်ထဲ ပိုုက်ဆံအုုပ်လိုုက်သယ်၊ အလုုပ်သွားရင် ပိုုက်ဆံကိုု ဂုုံနီအိတ်အပြည့်နဲ့သယ်၊ သယ်စရာ ပိုုက်ဆံတွေများလွန်းလိုု့ ပိုုက်ဆံထုုပ်သယ်ဖိုု့ ကားကြီးကြီးတောင်လိုုတယ်တဲ့။ ဘယ်လောက် လန်းလိုုက်သလဲ။ တခြားဘယ်နိုုင်ငံကလူတွေများ ဒီလိုု ပိုုက်ဆံကိုု အုုပ်လိုုက် အထုုပ်လိုုက် ကိုုင်သုုံးနိုုင်သလဲ။ မက်ဆီကိုုက drug cartel တွေထက်တောင်မိုုက်သေးတယ်။

    • Foreign Resident

      February 14, 2013 at 6:31 am

      ” မြန်မာပြည်မှာ ကဒ်နဲ့ တော်တော်သုုံးဖြစ်လိုုက်လား ”

      သကြားလုုံးကြော်ရေ ။
      အဘ ၊ မြန်မာပြည်မှာ ကဒ် တစ်ခါမှ မသုံးရသေးပါဘူး ။
      သိပ်မကြာခင်မှာတော့ စမ်းကြည့်ဖို့ စိတ်ကူး ရှိပါတယ် ။

  • padonmar

    February 14, 2013 at 3:31 am

    ကြည့်ရတာ အဘက မြန်မာပြည်ထဲမှာ ခရက်ဒစ်ကဒ်သုံးတယ်လို့ ပြောတာ ဟုတ်မယ်မထင်ဘူး။
    ပြည်ပမှာ ပေးချေစရာရှိတာတွေကို မြန်မာပြည်ထဲကနေ Internet Banking နဲ့ ပေးနိုင်ဖို့ လုပ်တာထင်ပါတယ်။
    သေချာ ရှင်းပြပေးတာ ကျေးဇူးပါ။
    ကျမတို့ ဆီမှာ Online Banking တောင်လုပ်ပြီးမှ အာရှဓနဘဏ် အလဲမှာ ပီနံအိတ်နဲ့ ထမ်းရတဲ့ ခေတ်ကို ပြန်ရောက်ရတာပါ။
    ငွေတွေ လျော့လို့လည်း ရန်ဖြစ်ရပေါင်းမနည်းတော့ဘူး။
    မကြာခင်တော့ ကျမတို့လည်း ကဒ်သုံးခွင့်ရမယ်လို့ မျျော်လင့်လျက်ပါ။

    • Foreign Resident

      February 14, 2013 at 6:43 am

      ဟုတ်ပါတယ် ။
      မ ပဒုမ္မာ ပြောသလိုပါပဲ ။

      အဘ မြန်မာပြည်ကို ကဒ် ယူသွားတာက ၊
      အဘ မြန်မာပြည်မှာ ကဒ် သုံးဖို့ မဟုတ်ပါဘူး ။

      မြန်မာပြည်ထဲကနေ Internet Banking နဲ့ ၊
      ပြည်ပက ပေးချေစရာရှိတာတွေကို ပေးနိုင်ဖို့ ဦးတည်ပြီး ၊
      ကဒ် ယူသွားတာပါ ။

      ဥပမာ ။ ။ လေယာဉ် လက်မှတ် ကို Travel Agent ဆီက ဝယ်တာထက် ၊
      On Line ကနေ Flexible Date Option နှင့် ၊
      ကဒ် နှင့် ပေးချေပြီး ဝယ်တာက သိသိသာသာ သက်သာ ပါတယ် ။

      ဟီ ဟိ ၊ သာမီးလေးတွေရှေ့မှာ လဲ ဖြစ်ပြန် ၊
      ကဒ် နှင့် ငွေ ပေးချေလို့ရတဲ့ စားသောက်ဆိုင် တွေမှာလဲ ဖြစ်ပြန် ရင်တော့ ၊
      ဟီ ဟိ ၊ ကဒ် နှင့် ငွေ ချေဖြစ်ချင်ဖြစ်မှာပေါ့လေ ။

  • kai

    February 14, 2013 at 4:40 am

    ပြီးခဲ့တဲ့တနင်္ဂနွေကတင်.. ယူအက်စ်ရောက်နေတဲ့.. မြန်မာတွေကို.. ခရက်ဒစ်ကဒ်မရှိရင်.. လုပ်ပေးနိုင်တယ်ဆိုတဲ့.. NPO တခုက.. တာဝန်ရှိသူနဲ့တွေ့ခဲ့.. မိတင်လုပ်ဖြစ်ခဲ့သေးတယ်…။
    ခရက်ဒစ်ကဒ်လုပ်ရတဲ့.. အဆင့်တွေကအင်မတန်ရှုပ်ထွေးပါတယ်.

    မြန်မာတွေမှာ.. အကြွေးရာဇဝင်မှမရှိကြတာဆိုတော့လေ..။ ပိုလို့တောင်ခက်သေး…
    ငွေချေး(ခရက်ဒစ်ကဒ်ထုတ်ပေး) ရတဲ့သူက.. ဘယ်သူဘာမှန်းမသိတာမို့.. ယုံမှမယုံတာပဲ…
    တချိန်ချိန်မှာ.. မြန်မာတွေ.. အကြွေးရာဇဝင်ဆောက်ကြမယ်ဆိုရင်.. မန်းဂဇက်ကတော့.. ရွာထဲကသူတွေကို.. အတိုင်းအတာတခုထိ..အာမခံပေးနိုင်မလားပဲ.. :kwi:

    ဆိုတော့..
    သူတို့ကို..
    ဝက်ဘ်ဆိုက်မှာ.. ကြော်ငြာထည့်ခိုင်းထားတာ.. အခုထိစကားပြန်မရသေးဘူး.. :harr:

  • MaMa

    February 14, 2013 at 7:24 am

    အပြင်သွားရင် ငွေမယူသွားချင်တဲ့ ကျမအတွက်တော့ အာရှဓနဘဏ်ခေတ်တုန်းက ကဒ်ကလေးကိုင်ပြီး အတော် မြောက်ကြွမြောက်ကြွဖြစ်ခဲ့ရသေးတယ်။
    Debit Card နဲ့ Credit Card တွေ ခေတ်မီဖွံ့ဖြိုးတိုးတက် (အဲဒီစကားလုံးပဲ နားယဉ်နေလို့ အဲလိုပဲ ပြောတတ်တယ် 😀 ) လာတော့မယ့် မဝေးတော့သော အနာဂတ်ကို ကြိုဆိုပြီး ဗဟုသုတ ဟင်းလေးအိုးကြီး FR ရဲ့ ချိန်ခါမှီပိုစ့်ကို ကျေးဇူးတင်စွာဖြင့် ဖတ်ရှု့မှတ်သားသွားပါကြောင်းးးးးးး :hee:

  • panpan

    February 14, 2013 at 8:19 am

    ဘဖောသေချာရှင်းပြပေးထားလို့ ကျေးဇူးပါ
    မြန်မာနို်င်ငံလည်း နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ပိုတိုးတက်လာတော့မယ်ထင်ပါတယ်
    အသိတွေထဲခုချိန်မှာ ဘဏ်လုပ်ငန်းဆိုင်ရာSystemတွေရေးဖို့ စိတ်သန်နေကြပါတယ်
    ရေးသာရေးချင်နေကြတာ ဘာမှသေချာနားမလည်ကြဘူးရယ် (ဆော့ဝဲသမားမှမဟုတ်၊ လူတော်တော်များများပါပဲ)
    ရေးဖြစ်တာမရေးဖြစ်တာအပထား
    နားလည်ထားဖို့တော့လိုပါတယ်
    နောက်ကောက်ကျကျန်ကျန်ခဲ့ရလွန်းလို့ :byae:

  • ဦး ကျောက်ခဲ

    February 14, 2013 at 8:21 am

    ပြီးခဲ့တဲ့ ၂နှစ်ကျော်က

    ရန်ကုန် ရီနေဆန်းအင်းလျားလိတ်မှာ ခရက်ဒစ်ကဒ်နဲ့ပေးလို့ရလားမေးတော့…
    ရပါတယ်တဲ့ အပို ၁၅% ထပ်ဆောင်းပေးရပါမယ်တဲ့….တိန်…
    အမှန်ပြောရရင် Key Logger / Phone Verification ဘယ်လိုထားထား လုံခြုံမှု အပြည့်မရှိသေးပါ…
    မလေးရှား၊ အင်ဒိုနဲ့ နဲ့ အာရပ်တိုင်းပြည်များမှာ သုံးဖို့မသင့်သေးပါ…
    အင်း… စိတ်မခိုင်ရင် အဲသည် ခရက်ဒစ်ကဒ်က…
    ချစ်တီးဆီက ပိုက်ဆံချေးတာထက် ဆိုးတယ် အဘဖောရေ..
    :kwi:

  • ခိုင်ဇာ

    February 14, 2013 at 9:10 am

    ပြောရမှာ ရှက်လည်းရှက်တယ်။ ရှက်လည်း ရှက်ပါဘူး။
    အနော့မှာ ခလက်ဒစ်ကာတ် ရှိဘူး။ ဟိဟိ။ :mrgreen:

    သုံးပုံသုံးနည်းကိုတော့ တီးမိခေါက်မိဖြစ်အောင်လုပ်ထားတယ်။
    ဘိုးတော် ကိစ္စတွေ နဲနဲ လုပ်ပေးရလို့။

    တောသူမ စိတ်မပျောက်သေးတော့ မယုံမရဲဖြစ်နေတုန်းပဲ။
    Nets Card နဲ့ ရှင်းခါစတုန်းကဆို အတော်ချွေးပြန်တယ်။ ငွေချေလွှာကြီးကိုင်ကိုင်ပြီး ဘဏ် ATM မှာ ငွေလက်ကျန်မှန်သလား သွားသွားစစ်တာ။ ရောက်စက။
    ဟို တိုကင်နဲ့တုန်းကလည်း ဘာတွေ ဘယ်နှစ်ခါ နှိပ်မှန်းမသိ၊ ဘဏ်က ဖုန်းခေါ်တယ်။ ဟီး။ :mrgreen:

    ခုလို ဘဖော ရှင်းပြသွားတော့ ပို သဘောပေါက်တာပေါ့လေ။ ဝေးရာကနေ နဲနဲ နီး လာ လို့။
    :hee:
    ကျေးဇူးပါ ဘဖော။

  • Ghi Ghi ThE KiD

    February 14, 2013 at 9:14 am

    ကျနော်တော့ ခရက်ဒစ်ကတ် မလုပ်ခင်နဲ့ လုပ်ပြီး ဘဝကိုယှဉ်ရင်
    လုပ်ပြီးဘဝက ပိုမွဲသွားတယ်.. ဟီး….

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 14, 2013 at 1:15 pm

    ကြားဘူးတာကတော့ အရှေ့ကတစ်ယောက်နှိပ်နေတာကို အနောက်ကနေ ဖုံးနဲ့ချက်လို့ရတယ်တဲ့
    ဟုတ်မဟုတ်တော့သိဘူး
    ဒါ့ကြောင့် ကျုပ်တို့ရွာမှာ ပိုက်ဆံထုတ်လို့ လူများတဲ့အခါ အနောက်ကလူက အရှေ့ကနှိပ်နေတဲ့လူရဲ့
    သုံးလေးပေလောက်ကနေ နေပေးရတယ် ဖုံးလည်းမဆက်ကြဘူး
    ကျုပ် ထိုင်းမှာ ထောင်ကျဘူးတယ် စပယ်ရှယ်ပရစ်ဇင်းထဲမှာ
    အီရန်ကလူတစ်ယောက်နဲ့ခင်ဘူးတယ်
    ဒီကောင်အမှု့က အေတီအမ်တွေမှာ ပိုက်ဆံခိုးထုတ်တဲ့ကေ့စ်ရယ် အိုဗာစီးဖုံးတွေကို အလကားလိုက်ဆက်တဲ့ကေ့စ်
    ( ဟိုတုန်းက မိုဘိုင်တွေကသိပ်မပေါသေးတော့ အိုဗာစီးကောတွေကို လမ်းဘေးအိုဗာစီးဖုံးတွေနဲ့ဆက်ကြတာ )
    သံဝေဂရစရာတော့အကောင်းသား
    လူလိမ်လူကောက်ဖြစ်လို့လားမသိဘူး ဧည့်သည်မိတ်ဆွေရှားပါးရှာတယ်
    ဒီကောင်က ကော်ဖီတော်တော်ကြိုက်တာ
    အထူးတော့ဆန်းပ ထောင်ထဲရောက်သွားတော့လည်း ထောင်ထဲမှာ ပါမုန့်ကို နို့ဆီအစိမ်းတွေသုတ်ပြီး
    စားရတာကိုက နတ်ဩဇာလိုဘဲ
    ဒီလိုနဲ့ကော်ဖီငတ်နေတဲ့ကောင်ကို ကော်ဖီအထုတ်ကြီးကြီးနဲ့ သကြားနို့မုန့်တစ်စုံပေးလိုက်တာ
    ဒီကောင်ကျုပ်ကို ဘယ်လိုလေးစားသွားသလဲမသိဘူး
    သူ့အကြောာင်းတော်တော်များများပြောပြတယ်
    ဒီကောင်က စစ်ပညာတတ်တယ်ဗျ ကျုပ်စိတ်ဝင်စားတာက ဗုံးထောင်တဲ့နည်းဘဲ
    ပြောလို့သာပြောတာ သိတဲ့အတိုင်း ကျုပ်က ခြောက်တန်းဘဲအောင်တော့
    ဒီကောင်ပြောတာတွေက နွား ဟမ်းဘါးဂါးစားသလိုဖြစ်နေမလားဘဲ :mrgreen:
    သူထောင်ထဲကပြန်ထွက်တဲ့အခါကျရင် ဒီအလုပ်ကိုဘဲဆက်လုပ်မယ်ပေါ့
    ကျုပ်ကိုလည်းကျေးဇူးဆပ်မယ်ဘာညာပေါ့
    သူအပြောကောင်းတာနဲ့ ကျုပ်ထောင်ကထွက်တော့ ကော်ဖီလေးငါးဆယ်ထုတ်ဘိုးလောက်
    ပေးခဲ့သေးတယ်
    ဟိုတုန်းကကျုပ်လည်းဒီကောင်နဲ့ပေါင်းပြီးလုပ်စားဦးမယ်လို့ တွေးမိသား
    အပြင်ရောက်တော့ စိတ်ပြောင်းသွားတာပေါ့ဗျာ ဒီလိုနဲ့ကျုပ်တို့အလုပ်လည်းနေရာပြောင်းဖြစ်သွားတယ်
    တစ်နှစ်ကျော်ကျော်လောက်ကြာတော့ ဒီကောင် ကျုပ်နေရာဟောင်းကိုလာပြီးစုံစမ်းတယ်
    ကျုပ်ကသူ့ကိုလိပ်စာပေးခဲ့တာကိုး
    ကျုပ်နေရာပြောင်းတုန်းက နေရာပိုင်ရှင်ကို နည်းနည်းတော့ပြောခဲ့တယ်
    ဒီပုံစံနဲ့ လူတစ်ယောက်လာစုံစမ်းရင်မသိဘူးလို့ အစဖျောက်ပေးဘို့ပေါ့
    နေရာပိုင်ရှင်ပြောပြလို့သိရတာပါ
    ဒီကောင်ကျုပ်ကိုတော်တော်တွေ့ခြင်ပုံရတယ်
    ( ကျုပ်လည်းလေရှည်နေလိုက်တာ ကျန်တာကို နောက်အပိုင်းကြမှ အခြေနေကြည့်ပြီးလွှတ်တော့မယ် )
    ပြောခြင်တာက ကျုပ်သတိထားမိတာလေးက
    အဲ့သည်အလုပ်တွေက လျှပ်စစ်မီးအချိန်ပြည့်ရှိဘို့လိုတယ်
    သူများနိုင်ငံတွေမှာ လျှပ်စစ်မီးအချိန်ပြည့်ရပြီးမှ ဒီလိုဟာတွေကို သုံးတယ်ဆိုရမလားနော
    ကျုပ်တို့ပြည်ကတော့ ဖယောင်းတိုင်နဲ့သုံးတဲ့နည်းကိုတီထွင်းထားသလားမသိ
    ဘာဘဲဖြစ်ဖြစ်ပါ
    ဘဂျီး
    အဲ့သည်ရွှေရောင်ကတ်ကြီးမသုံးတော့ရင် ကျုပ်ကိုပေးဗျာ
    အပေါက်ဖေါက်ပြီး စက်ဘီးသော့ချိတ်လုပ်ဘို့

  • Mr. MarGa

    February 14, 2013 at 2:26 pm

    သိပ်မဝေးတော့တဲ့နှစ်တွေမှာ သုံးလာတော့မှာ သေချာသလောက်ရှိနေလို့
    စေ့စေ့စပ်စပ် ဖတ်သွားပါတယ် အဘရေ
    သူများတွေကိုတော့ မပြောလိုပေမယ့်
    မြန်မာပြည်သူအများစုအတွက်တော့ ဒီနည်းလမ်းတွေက ဝေးနေဆဲပါပဲဗျာ

  • kai

    February 14, 2013 at 2:51 pm

    ယူအက်စ်မှာ.. Master, Visa တို့ရဲ့.. ဒက်ဘစ်ကဒ်တွေ.. ပရီပေ့ဒ်ကဒ်တွေ.. 7-11လိုလမ်းဘေးစတိုးဆိုင်တွေမှာရောင်းတယ်..
    http://www.7-eleven.com/Financial/Prepaid-Center/Default.aspx

    ခရက်ဒစ်ယူနီယံရဲ့.. လိုင်းကိုယူသုံးထားတာပဲ..
    အဲဒါတွေထဲကတချို့က.. အွန်လိုင်းကနေ ပစ္စည်းဝယ်လို့လည်းရတယ်..
    မြန်မာပြည်ကနေ အွန်လိုင်း… ဝယ်လို့ရမရ.. သိချင်သား..
    နောက်တခုက.. အဲဒါကိုကိုင်ပြီး.. ဘန်ကောက်မှာ.. .ဈေးဝယ်ထွက်လို့ရမရ..

    ဘယ်သူတွေများ အတွေ့အကြုံရှိသလည်းခင်ဗျ…။
    နောက်ဆို.. ဆုကြေး..စာမူခ အဲဒီပလပ်စတစ်ကဒ်တွေနဲ့ပေးမလို့…။

    • ဦး ကျောက်ခဲ

      February 14, 2013 at 3:21 pm

      သုံးလို့ရပါတယ် သူကြီး…

      ဒါပေမယ့် နေရာတိုင်းတော့မဟုတ်သလို စွန့်စားလွန်းရာကျပါတယ်…
      စင်ကာပူက မြန်မာဆရာဝန်မကြီး ဒေါ်လာသောင်းကျော်ပါသွားဖူးတာ သိလိုက်မယ်ထင်ပါတယ်…
      ကြယ်ငါးပွင့်အဆင့် ဟော်တယ်တို့၊ ဂျူတီဖရီးတို့ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ…
      လမ်းဘေးမှာ.ဈေးဝယ်ထွက်ရင်တော့…. သာဓုပါခင်ဗျာ
      :harr:

      • kai

        February 15, 2013 at 2:52 am

        ဦးကျောက်တုံးကြီးခင်ဗျ..
        အနော်ပြောနေတာ.. ဗီဇာ…မာစတာ.. ဒက်ဘစ်ကဒ်ပါနော..
        ဝယ်ကတည်းက.. ဒေါ်လာ ၅၀၊ ၁၀ဝ စသဖြင့်လိမစ် ရှိပြီးသား..

        ပိုသုံးရင်.. ဂွီ.. ဆိုရပ်သွားမှာ…။ :kwi:

        ( အဲဒါကြောင့် လူပြိုကြီးဖြစ်နေတာ.. :harr: ဘာမှလည်းမဆိုင် )

        • ဦး ကျောက်ခဲ

          February 15, 2013 at 12:14 pm

          အတော်ဆိုးတဲ့ တဂျီး

          ရေစာနဲ့ သများကို ဗျင်းထားသေးတယ်…
          ဒက်ဘစ်ကဒ်ပဲဖြစ်ဖြစ် ခရက်ဒစ်ကဒ်ပဲဖြစ်ဖြစ် ရပါတယ်ခင်ဗျာ…
          ဒါပေမယ့် စင်ကာပူလို ဟောင်ကောင်လိုတော့ အဆင်မပြေဘူးပေါ့ဗျာ…
          ဒေါ်လာ ၅၀၊ ၁၀ဝ နဲ့များ တဂျီးရယ်… အလုပ်ရှုပ်ခံလို့…
          ဟိ… ပြောပြန်ရင်လည်း… ပြောပြန်ရင်လည်း… အင်း… မောင်ကျောက် လွန်ရာကျမယ်…
          Cash is King တဲ့ခင်ဗျ… ဟီ ဟိ
          :harr:

  • မောင်ပေ

    February 14, 2013 at 8:21 pm

    အဖိုးပေ တို ့ဆီမှာလဲ ဘယ်ဘဏ်က အေတီအမ်စက်မှာဖြစ်ဖြစ် ငွေထုတ်လို ့ရတဲ့ အမ်ပီယူကဒ်ဆိုတာတွေ ရနေပြီကွဲ ့
    ဝက်စ်တန်ယူနီယံ ဂရု ဆိုတာကြီးနဲ ့လဲ ဒီကဘဏ်တော်တော်များများ ချိတ်ပြီးနေပြီ ဆိုတော့က
    အဖိုးတို ့နိုင်ငံ အပြင်ထွက်ရင် အဲဒီ အမ်ပီယူကဒ်နဲ ့သုံးလို ့ရမလားဆိုတာ သိချင်စမ်းပါဘိကွယ်

    • Foreign Resident

      February 15, 2013 at 7:40 am

      ” နိုင်ငံ အပြင်ထွက်ရင် အဲဒီ အမ်ပီယူကဒ် နဲ ့သုံးလို ့ရမလားဆိုတာ ”

      မ ရပါဘူးကွယ် ။ 🙁

  • ဦးဦးပါလေရာ

    February 15, 2013 at 1:03 am

    ဒီမှာလဲလောလောဆယ်တော့ အေတီအမ်ငွေထုတ်ကဒ်(debit card) တွေ စသုံးလို့ရနေပါပြီ…
    POS စက်တွေနဲ့ ငွေချေဘို့လဲ လုပ်နေကြပါပြီ…။
    ဒါပေမယ့် လုံခြုံရေးစိတ်မချရလို့ ငွေများများစားစားမထည့်ကြပါဘူး..။

    credit card ကတော့ လောလောဆယ်ကျုပ်တို့နိုင်ငံနဲ့ မကိုက်သေးဘူးထင်ပါတယ်။
    အဲဒါကြီးမသုံးပဲနဲ့ကို အကြွေးတွေ ပတ်လည်ဝိုင်းနေတာ……
    ပြီးတော့ အကြွေးမဆပ်ရင် ဘာမှမဖြစ်တဲ့ တစ်ခုတည်းသောနိုင်ငံနော…..

  • ဦးဦးပါလေရာ

    February 15, 2013 at 1:06 am

    ကျုပ်ရဲ့ MPU ကဒ်ထဲ လေး-ငါးပုံးထက် ဘယ်တော့မှ ပိုမထည့်ဘူး…
    အဲဒါတောင် ပါသွားမှာစိုးပြီး နေ့တထိတ်ထိတ် ညတထိတ်ထိတ်နဲ့…
    🙁

  • koaung

    February 15, 2013 at 2:16 am

    ခရက်ဒစ်ကာ့မှာ သုံးမျိုးခွဲထားပါတယ်( ၁ )ရိုးရိုးအော်ဒင်နာရီ ကာဒ် (ဒေါ်လှ ၂၀၀ဝခန့်) အသုံးပြုခွင့်ရှိပါတယ်
    (၂) ဂိုလ်ကာဒ် (ဒေါ်လှ ၅၀၀ဝခန့်) အသုံးပြုခွင့်ရှိပါတယ်
    (၃)ပလက်တီနမ် (ဒေါ်လှ၁၀၀၀ဝခန့်)မှအထက် အသုံးပြုခွင့်ရှိပါတယ်

    ဘဏ်ရဲ့ယုံကြည်မှူမှတ်တန်းပေါ်မှာ မူတည်ပြီး အမျိုးအစားအလိုက်သုံးခွင့်ပေးထားပါတယ် မလိုအပ်ရင်ကာဒ်ကို မသုံးသင့်ပါ ပလက်တီနမ်ကာဒ်ဆိုပိုဆိုးပါတယ် ဒီမှာဒေါ့လေယဉ်လက်မှတ်နဲ့ တန်ဘိုးကြီးအရောင်းအဝယ်ပစည်းငွေချေရာမှာ
    ဘဲသုံးပါတယ် ခေတ်မှီအရာပစည်းတွေဟာ အသုံးတဲ့ပေမဲ့ သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးပါ သတိအမြဲရှိသင့်ပါတယ် ပလက်တီနမ်ကာဒ်ရှိရင် ဘဏ်ကငွေချေးရာမှာအတိုးနဲသလို အစစ စစ်ဆေးမှူနဲပါးပါကြောင်း ဘယ်နိုင်ငံသွားသွား
    မလိုအပ်ရင် မသုံးသင့်ပါကြောင်း

    • kai

      February 15, 2013 at 6:01 am

      ကျုပ်တော့.. အဲဒီကဒ်ကြီးတွေမပြောနဲ့ရှိတဲ့ ရိုးရိုးဟာကို.. အဆင့်မြှင့်ပါမယ်ဆိုပြီး.. လှမ်းဖုံးဆက်ရင်.. အသည်းအသန်ငြင်းတယ်ဗျ..
      ဒါတောင်ခိုးခိုးပြီး လိမစ်တင်တင်လိုက်.. ဂိုးလ်ကဒ်အတင်းပို့လာလိုက်နဲ့မို့.. ပြန်ဖျက်ရတာအမော..
      သဘောက..
      လိမစ်များရင်.. ခိုးခံရရင်.. တခါတည်း.. သေရော..
      ရှင်းရတဲ့ ပြဿနာမသေးဘူးလေ..
      ခုလောလောဆယ်တော့…
      လိမစ် ၅၀ဝ တန်ကိုပဲ.. ၄ခုလောက်ထားပြီး လှည့်သုံးနေပါတယ်..
      စုုစုပေါင်း ၆ကဒ်ရှိနေတာ..
      တကယ်တော့.. တကဒ်တိုးတိုင်း.. ခရက်ဒ်စ်စကိုးလ်က.. ၂၅ပွိုင့်လောက် ပြုတ်ကျတတ်တယ်..။
      ===
      ကြုံတုံးမသိသူတွေအတွက်.. ဗဟုသုတပြောရရင်..
      .. ခရက်ဒစ်ကဒ်ဆိုတာရဲ့.. အသက်အစစ်(အစစ်)က.. Credit Score ခရက်ဒ်စ်စကိုးလ်ပါ..။
      Credit Score က..လူတယောက်အကြွေးပြန်စပ်တာ.. သုံးတာ.. စတဲ့ငွေကြေးလှုပ်ရှားမှုတွေစောင့်ကြည့်ပြီး ၃၀ဝကနေ..၈၅ဝကြား ကိန်းဂဏန်းနဲသတ်မှတ်ပေးတာဖြစ်ပါတယ်..
      အဲဒါနဲ့.. အိမ်ငှား..အိမ်ဝယ်..ကားငှား..ကားဝယ်.. ခရီးသွား.အာမခံ အကုန်ဆုံးဖြတ်နေတာလေ…။
      အကြွေးပြန်မဆပ်လေ.. စကိုးလ်ကကျလာလေဖြစ်ပြီး. ၄-၅ရာလောက်ဆို.. ဘာမှလုပ်မရတော့ပါ..
      ဘယ်ဘဏ်ကမှလည်း.. မယုံတော့တာဖြစ်ပါတယ်..။
      သာမန်အားဖြင့်.. လူတယောက်က. ၇၀ဝကျော်မှ.. စကားပြောလို့ကောင်းတာဖြစ်ပါတယ်..။

      ကမ္ဘာ့တိုင်းပြည်တွေကိုတောင်.. Credit rating နဲ့ဖြတ်တယ်..
      တိုင်းပြည်ကို ငွေချေးမယ်ဆိုရင်. အဲဒါကြည့်ရတာပဲ..
      မြန်မာပြည်က rating မလုပ်ရ.. မပါသေးပါ..
      အဲဒါအပြင် အကြွေး၁ဝဘီလီယန်မဆပ်နိုင်လို့.. လျှော်လိုက်တာတွေပါပြီးနောက်မှာ.. မြန်မာပြည်ကို ဘယ်ငွေရှင်နို်င်ငံကမှ ယုံဦးမယ်မထင်ပါ..
      ဒါကြောင့် မြန်မာပြည်ထဲ ရင်းနှီးမြုတ်နှံမယ့်ကုမ္ပဏီတွေ.. လာသွားပြန်လှည့် လုပ်နေတာဖြစ်ပါတယ်..။
      သယံဇာတတွေကို တကယ်ရှိမရှိ.. အခြေအနေထိုင်တွက်နေပြီးမှ.. အဲဒါတွေအပေါင်ထားပြီး. ငွေချေးယူတာလုပ်နိုင်မှာဖြစ်ပါတယ်..။
      ကြားထဲ.. ပေါချောင်ကောင်းလာနှိုက်တဲ့သူတွေပဲ.. ဝင်လာမှာပါ.
      ဒီအကြောင်း.. စိတ်ဝင်စားသူရှိရင်.. သီးသန်ဆွေးနွေးလိုပါတယ်.. :harr:

      Australia AAA
      Singapore AAA
      United States AA+
      Taiwan AA-
      China A+
      Thailand BBB+

      http://en.wikipedia.org/wiki/List_of_countries_by_credit_rating
      =

      • Ghi Ghi ThE KiD

        February 15, 2013 at 6:31 am

        ဆြာသစ်ပြောဘူးတာကတော့ … ရွှေပေါင်စနစ်မရှိတော့တဲ့နောက်မှာ
        နိုင်ငံတွေရဲ့ ခရက်ဒစ် ရိတ်တင်း ကို သူတို့တိုင်းပြည်က ကမာ္ဘတန်း ကော်ပရေးရှင်းကြီးဒွေကို
        ကျိပြီး အတိုင်းတာတခုထိ အမှီသဟဲပြုပါသတဲ့ …
        ဆိုတော့ … ဆိုင်ရာ ကော်ပရေးရှင်းဒွေ အရှုံးပြရင် ဆိုင်ရာ တိုင်းပြည်ရဲ့
        ခရက်ဒစ် ရိတ်တင်းလည်း ကျမယ့် သဘောထင်ရဲ့…
        ဆိုနီနဲ့ ရှာ့ပ် တော့ ခွက်ခွက် လန်နေဘီ …
        ဟီဟိ…
        တစ်နှစ်လောက်တော့ နေကောင်းပါသေးတယ်ဂျာ…

        ဒက်ဂလောက် ဒက်ဂလောက်..

        :kwi:

        • Ghi Ghi ThE KiD

          February 15, 2013 at 6:38 am

          ဆောက်ကိုရီးယား ကန်ပနီဒွေ နှိပ်စက်တာပေါ့ဗျာ …
          ဇန်ဝါဒကို အခြေခံတဲ့ ဂျပန်ဒီဇိုင်း ဆိုတာက ကမာ္ဘမှာ နာမည်ရပြီးသားပါ
          ဖာရာရီ အန်ဇို ကိုတောင် ဒင်းတို့ ဒီဇိုင်းရေးပေးသေးတာ …

          ဒါပေမယ့် မော်ဒန်ဝါးလ်မှာ ဖက်ရှင်တေ့စ် ပြောင်းသွားတယ်ထင်ရဲ့…
          ဒီဇိုင်းနဲ့ ပါတ်သတ်လာရင် ကိုရီးယန်းတွေကို ယှဉ်လို့ကိုမရ …

          မော်ဒန် ချာတိတ်တွေက ဒီလိုရှုမြင်လာတယ် … ဂျပန်ပစ္စည်းဆိုတာ
          အဘိုးကြီးသုံး အဘွားကြီးသုံး အညွှန်းစာတွေများတယ် စတိုင်အောက်တယ်..
          အဆင့်တွေများတယ်… ကိုရီးယားဆိုတာ အာရှရဲ့ အီတာလီယာ …
          ဆိုတော့ …အဖြစ်တွေဆိုးကုန်သပေါ့…
          (ခေတ်ကာလ သမီးပျိုများ ရှန်နယ်ဖိုက်ဗ် ကို အဘွားကြီးအနံ့ ဆိုပြီး
          ဘာအပြစ်မှမရှိပါပဲ စွန့်ပယ် သလိုပေါ့..)

          အော်… strategic breakpoint တွေ ပြောပါတယ်…
          တိုယိုတာနဲ့ နစ်ဆန်းကို ဟွန်ဒိုင်းနဲ့ ကီယာ သတ်နိုင်ခဲ့ရင် …
          ဂျပန်ဆိုတာ ပြတိုက်ထဲ ပို့ရတော့မယ်…

          :kwi:

        • Ghi Ghi ThE KiD

          February 15, 2013 at 6:48 am

          ဆက်ဆွဲလိုက်ပါအုံးမယ်လေ….
          တီလုပ်ကြီးနဲ့ ကိုရီးယန်းတွေ ရဲ့ လောင်းကစားသွေးရဲမှုက
          အသစ်အသစ်တွေ အဖြစ်မြန်တဲ့ မော်ဒန် ဘစ်ဇနက်နဲ့ ပိုကိုက်သလိုပဲလားလို့
          တွေးမိတယ်…
          အဆင့်တွေများသော risk minimize လုပ်တတ်သော safty first တတ်သော
          ဂျပန်များထက်စာရင်ပေါ့..။
          တခုခုဆို ဒင်းတို့ လုပ်ချပလိုက်ပြီ … ဂျပုတွေက အနဲလစစ်လုပ်တုန်း ပလင်နင်လုပ်တုန်း
          ရှည်လျားလှတဲ့ အော်ဂနိုင်ဇေးရှင်း စွက်ချာမှာ အထက် အတည်ပြုမှု ရယူတုန်း…
          သည်တော့ ခံရတာမဆန်း..။

          နောက်တခုက ဘာသာစကား ကျွမ်းကျင်မှု …။
          အဆိုရှိပါတယ် ..တရုတ်တွေ ဂျပန်လာရင် သတင်းစာဝယ်ပြီး
          အလုပ်ခေါ်တဲ့နေရာ အရောက်သွား အင်တာဗျူးခံတယ် ဆိုတာ …
          ဟုတ်သပေါ့… ခန်းဂျိက ဒင်းတို့ဆီကလာတာကိုး ..။နောက်ပြီး..
          တခြားမကျိနဲ့ ကိုရီးယန်း ဆယ်လစ်ဗျစ်တီတွေပဲကျိ ..
          အကုန် ဂျပန်လို ပြောတတ်တယ် … ။ ဈေးရောင်းတတ်ကြတယ်။။
          ဆိုလိုသည်မှာ အရှေ့အာရှ ပြိုင်ဘက်၃ယောက်ကြားမှာ ဂျပန် တကောင်ပဲ..
          စကားကမကြွယ် ..နှေးကနှေး ..ရှေးရိုးစွဲကစွဲ .. လက်ကမရဲ …
          လူအိုကများ …အင်း …
          သိပ်မကြာတော့ပါပူးလေ…

          :byae:

        • kai

          February 15, 2013 at 7:12 am

          ဂျပန်ဟာ.. အမေရိကန်ကနေ.. နို်င်ငံရေးအရ..”ခွာဟန်ပြ” လိုက်ပြီးတဲ့နောက် ဟန်ချက်ပျက်သွားတယ်လို့.. ထင်မိတယ်..
          ယူအက်စ်က.. ကိုရီးယားကို ဒီဆယ်စုနှစ်ထဲ.. ဆွဲတင်ပေးတာများ.. ရုပ်ပျက်ဆင်းပျက်ပါပဲ..
          မကြာပါဘူး..
          ကိယ ကားနဲ့.. ဟွန်းဒိုင်းကားတွေ.. ဂျပန်ကားတွေကို ..ကျော်မယ်..
          အခုတောင်.. ဖရီးဝေးမှာ.. ကျုပ်နစ်ဆန်းကားဘေးကနေ.. “ဗျူး”ဆိုကျော်သွားရင်.. ပုံလှတဲ့.. ဟွန်ဒိုင်းကားလေးတွေ..
          ဈေးပေါ.. ပုံလှ.. :kwi:

        • Ghi Ghi ThE KiD

          February 15, 2013 at 7:41 am

          မွဲနေဘီ ဗျ. ….
          ဂျပန်ဒွေ ရွာထဲဝင်လာတာ နောက်ဆုံးထွက်ပေါက်..
          သွေးဆုံးတဲ့ သတို့သမီးလိုဖြစ်နေတဲ့ ကားတွေ အစင်းရေ သိန်းချီရောင်းရတာကိုပဲကျိ..
          ကျုပ်တို့ ဆားဗစ်ဆက်တာ လည်း အငမ်းမရ သွားတာသာကြည့် …
          အန်အီးစီရော ကေဒီဒီအိုင်ရော ..အငမ်းမရ ဖြစ်နေတောမြင်လို့မကောင်း..။
          ဒင်းတို့က လူလည်တွေဘဲ မသိတာမှမဟုတ်တာ …သဒ္ဒါတူနေလို့ ..
          စကားလုံးမှတ်မိတာလေးနဲ့ပဲ ၃လလောက် သင်ပေးတာနဲ့ …ဂငယ်မန်နေဂျာကို
          ပဲလပဲလ ရီပို့တ်လုပ်နိုင်တဲ့ တိုင်းပြည် ကမာ္ဘမှာ ဘယ်မှာမှ ရှာမရဘူးဆိုတာ
          သိပ်သိသပေါ့…။ အချိန်လေးကလည်း ၂နာရီခွဲပဲကွာတာ ..။
          အင်းဂလိလိုကလည်း သူတို့ထက်စာရင် သေစာရှင်စာ တတ်သေး…။
          အလုပ်သမားကလည်း ဈေးပေါပါဘိ။ ယောက်ျားသား မရှိလည်း ဘာအရေးလဲ။
          မိန်းကလေးနဲ့လုပ်လို့ရတဲ့အလုပ်တွေ တင်းကြမ်း။
          ၁နှစ်လောက် စာသင်ပေးပီး ကောလ်စင်တာတွေ အကုန် ရန်ကုန်ပို့မယ့် အကြံများ…။

          စာတတ်ဖို့မလိုဘူး …။ စားပွဲထိုးတတ်ဖို့လိုတယ်…။အဟိ..။
          ဂျပန်ဒွေ အရင်လို အီဇာဂါယာတွေမှာမသောက်နိုင်မဖြုန်းနိုင်ကြတော့တာကိုကြည့်ပြီး
          ရန်ကုန်ပြန်ကြတဲ့ တာကဒနိုဘဘ ကအမျိုးတွေများ တင်းကြမ်းဗျာ…။
          သူတို့ပြောတာတော့ ကားသွင်းစားကြမတဲ့ …။

        • ဦး ကျောက်ခဲ

          February 15, 2013 at 1:06 pm

          အင်း… တဂျီးတို့ ကိုဂီတို့ ပြောသလိုပဲ…

          မောင်ကျောက်တို့ ဆောက်လုပ်ရေး လောကလည်း ကကြီးတွေဖျက်ဆီးလို့ ဈေးကွက်ပျက်ပြီ၊ ကွာလတီမထိန်းပဲ ပေါပေါပဲပဲအောက်ဈေးနဲ့ လက်ကုန် လိုက်နှိုက်ကြတယ်။ အလုပ်သမားဆိုရင်လည်း အောက်ဈေးပေး၊ ကျွဲလိုနွားလိုခိုင်း၊ ရိုင်းချက်ကလက်လန်တယ်။ ကိုရီးယားဇတ်လမ်းတွေနဲ့ ဗြောင်းပြန်။ သူတို့များ မိန်းကန်ထရိုက်ရရင် သူတို့ ကကြီးကုမ္ပဏီပဲ ပြန် ဆဘ်ကန်ထရိုက်ပေးတာ… အခွန်လွတ်သတဲ့လေ။ သူတို့ဆီက အနုပညာဖန်တီးမှုကို ငွေရှင်တွေက ဈေးပေါပေါနဲ့ပြည်ပ ဖြန့်လို့ ရအောင် စပွန်ဆာပေးသတဲ့။ အဲဒါကြောင့် ပုံးရည်ကြီးလောက်မှ အရသာမကောင်းတဲ့ ကိုရီးယားပဲခေါက်ဆွဲက ကမ႓ာကျော်လို့။ ဘာတဲ့… သူတို့ကိုယ်သူတို့ အာရိယာန်တဲ့။
          ကကြီးတွေ မီဒီယာဟိုသင်းစွပ်ပြီး “ကျင့်” သွားကြတာ အခံရခက်တယ်ဗျာ။

          အဘဖောရေ ဆောရီးပါ စကားစပ်မိနေလို့…..

        • kai

          February 15, 2013 at 1:18 pm

          “တောင်”ကိုရီးယားတွေ ပိုက်ပိုက်ချမ်းသာပါစေကွယ်…
          “မြောက်”နဲ့”ချ”လိုက်ရင်.. အကုန်ယူအက်စ်ဆီပြန်ရောက်လာမှာ..

          ကွိ… :kwi:

  • ရဲစည်

    February 15, 2013 at 12:17 pm

    တောက်(စ်) နာသကွာ
    အနော်တို့ နေတဲ့ အရပ်များ ဘာ ခရက်ဒစ်၊ဒက်ဗစ်ကဒ်မှ မရှိဘူး ကိုယ်က ပိုက်ဆံအိတ်လေးကိုင်ပီး အဲ့လာလေးတွေ ထည့်ထားချင်တာ။ ခုတော့ တနှစ်စာ အခွန်ဆောင်ပီးရင် ဘဏ်ကနေ မမ်မိုရီစတစ်ကြီး ထုတ်ပေးတယ် ဈေးဝယ်လဲ အဲ့ထဲက၊ ပိုက်ဆံချေးလဲ အဲ့ထဲက၊ ဘာလုပ်လုပ် အဲ့မမ်မိုရီစတစ်လို ဟာကြီးနဲ့ဘဲ နှစ်ပါးသွားနေရတယ်။ အဲတစ်ခုတော့ အဆင်ပြေတယ်
    ဘယ်သွားသွား နိူင်ငံပြင်ပရောက်လဲ အဆင်ပြေတယ် အနော်တို့ ICBI က ၂၈နိူင်ငံရပီဆိုဘဲ ဟုတ်မဟုတ်တော့သိဘူး…..။
    အဲ မြန်မာပြည်တော့ မပါသေးဘူး :mrgreen:
    အထူးကြွားလိုတာကတော့ စမောဗစ်ဇစ်နက်လောက်ကစပီး ခရက်ဒစ်၊ဒက်ဗစ်ထက်စာရင် အဲ့မမ်မိုရီစတစ်က အတော်အလုပ်ဖြစ်ကြောင်း နောက်ပီး ထိုင်ရမထ အကုန်လုပ်လို့ရကြောင်း …..
    ပနားမားမှာ ဟိုတယ်ထဲကနေ အဲ့လာသုံးပီး စီအီးအတွက် အဝှာခေါ်ပေးဖူးကြောင်း ..ဟိဟိ :harr:

    • Foreign Resident

      February 17, 2013 at 11:06 am

      က ရဲစည် ။
      အဲ့ဒီ့ မမ်မိုရီစတစ် ကြီးအကြောင်း ပြောပြ / ရေးပြ ပါလား ။
      အဘလဲ သိချင်တယ် ။

    • kai

      February 17, 2013 at 4:20 pm

      တခါမှကို.. မကြားဖူးဘူး..
      ရေးပြပါလား..

      • ရဲစည်

        February 19, 2013 at 2:30 am

        ဦးဖောနဲ့ သဂျီး သားဂို နောက်တာလားဟင်င်င် ….

  • ကိုရင်စည်သူ

    February 17, 2013 at 8:02 pm

    အဘရေးပြ.. ခရက်ဒစ်ကတ်ရဲ့ လုံခြုံရေးပိုင်းနဲ့
    အသုံးပြုပုံလေးတော့ ရိပ်ဖမ်းသံဖမ်းရှိလာပါပြီခင်ဗျ..
    နိုင်ငံတော်တော်များများမှာ လစာတို့ဘာတို့ကို
    ဘဏ်ကနေပဲ အကောင့်ထဲ လှမ်းလွှဲပေးတာ
    တော်တော်ကြာခဲ့ပြီထင်တယ်နော်…။
    မြန်မာပြည်မှာလည်း အဲ့စနစ်လေး တွင်တွင်ကျယ်ကျယ်
    သုံးဖြစ်ရင်ကောင်းမယ်..
    လစာထုတ်အိမ်ပြန် ခါးပိုက်နှိုက်တာတို့ လုယက်တာတို့
    အမှုကိတ်စတွေ နည်းပါးသွားမယ်လို့ ဆက်စပ်တွေးမိတယ်..။
    အဘရှင်းပြသွားတဲ့ ခရက်ဒတ် စနစ်က ရွာမှာ တွင်တွင်ကျယ်ကျယ်သုံးဖို့
    မျိုးဆက်တစ်ခုလောက် စောင့်ရဦးမယ်.. တွေးမိတယ်…
    ဘာလုပ်လုပ် အထနှေး ဝသွေးနှောမှာ ကြောက်တဲ့
    သခင်မျိုးဟေ့ ဒို့ဘားမန်း… :kwi:

Leave a Reply