နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော(20)

(ရေရဲ့အဆုံးကုန်းတစ်ဝက်ဆို ပိုင်ချင်တာပေါ့ ……………အလွမ်းမီးလေးငြိမ်းပေးပါတော့……………………..လို့ မင်းသား (နေအောင်)လဲသီချင်းတွေဝင်ဆိုဘူးပါတယ်။
(မေတ္တာစေကျွန်………………….တို့ မူပိုင်ရှင်မကြီးမမနိုင်…………….တို့ကိုလည်းကွယ်လွန်သူ (ဒွေး)ကလဲဝင်ဆိုဘူးပါတယ်။
ရဲအောင်လဲဝင်တာဂွမ်းသွားပါတယ်။
ကိုစောနုရဲ့သီချင်းဆိုပြိုင်ပွဲကနေပြီး ဘိုသီချင်း(power of love) ဘာသာပြန်သီချင်းလေးဆုရတာကစလို့
တပြည်လုံးကို (အချစ်ရေ ကိုယ့်ကြောင့်………………………လို့ ဝန်ခံလိုက်တဲ့အသံဘယ်လောက်များကျယ်သလဲဆိုရင်ခုချိန်ထိကို သူ့အရှိန်က
ကာတွန်းငွေကြည်ရဲ့သား မုတ်ဆိတ်မွေးတိုနံ့နံ့ လူကလဲ တိုနံ့နံ့ပေမဲ့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့နေတတ်သူ စည်သူလွင်ပါ။
နောက်ဆိုတဲ့သူ့သီချင်းတွေဘယ်လောက်ကောင်းကောင်း ပထမဆုံးသီချင်းအရှိန်ကိုမကျော်နိုင်တာသေချာပါတယ်။
သူကမင်းသားလုပ်ကြည့်ပေမယ့်ကံမပါတော့ တစ်ခါနဲ့လန်သွားပါတယ်။
သူ့လိုအသံအေးအေးသီချင်းအေးအေးလေးတွေဆိုတတ်သူ အသံကောင်းသူကတော့ဂရေဟမ်ပါ။
သူကလဲ သီချင်းတွေအဆိုကောင်းအသံလဲကောင်းပေမဲ့ အဟောင်းနဲ့မှပိုနာမယ်ထွက်သူပါ။
သူ့သီချင်းထဲမှာနားထောင်ကောင်းတာကတော့ စုံတွဲဆိုတဲ့ ယနေ့မှစ၍နှစ်တစ်ရာတိုင်နဲ့ အိပ်မက်မက်တယ်ပါ(သည်သီချင်းမူရင်းက ပက်ထရစ်ပါ)။
ရတနာဦးလဲ ထို့အတူပါဘဲ။
ကျန်တာတွေဘယ်လိုကောင်းကောင်း ကော်ဖီသောက်တိုင်းလွမ်းတယ် ကိုမမှီဘူးထင်ပါတယ်။
စည်သူလွင်လိုဘဲ (ဆိုကြမယ် ပျော်ကြမယ်ပြိုင်ပွဲကနေတက်လာတဲ့သူတွေကတော့ ကောင်းကင်ပြာသီချင်းနဲ့နာမယ်ကြီးသွားတဲ့ စိုးအောင်
တွံတေးစိုးအောင်နဲ့တူမှာစိုးလို့ ကောင်းကင်ပြာနာမယ်တတ်လိုက်ရတဲ့သူ။
နောက်တစ်ယောက်က တော့ ကံ့ကော်တောမျိုးအောင်ရဲ့စာရေးလိုက်ပါတယ်မိစံရယ်နဲ့နာမယ်ရလာပြီးလူကပိတ်ညောင်ညောင်
တစ်ကြောင်ထဲကြောင်လို့အော်တတ်တဲ့ကောင်လေး ဘယ်သူဖြစ်မလဲ………………………………?
တစ်ရက်လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်း ဖွင့်ထားတဲ့သီချင်းလေးက
(အေးမြတဲ့ဆောင်းတစ်ညမှာ မီးရောင်ထိန်ထိန်လူအများနဲ့………………………….သီချင်းလေးနဲ့စောင်းမြောင်းဆို…….ကောင်းလိုက်တဲ့သီချင်း။
ဟောနားထောင်နေရင်း ထပ်လာတဲ့နောက်တပုဒ်က
ကိုယ်သိတဲ့သီချင်း ဒါပေမဲ့အသံက တစ်မျိုးကြီးဖြစ်နေလို့ခွေတောင်းကြည့်လိုက်တော့
နာမယ်နဲ့လိုက်တဲ့(ဘိုဖြူ)ပါတဲ့။ခုနကသီချင်းက လတ်တီးပါတဲ့။
သူ့ကလဲတောင်ကြီးသားပါဘဲ။ထီးဆိုင်သီချင်းတွေအဆိုများပါတယ်။မတူပေမဲ့ တစ်မျိုးနားထောင်ကောင်းပါတယ်။
တူရင်တောင် ဒီလောက်ကောင်းမယ်မထင်ပါဘူး။
နောက်ပိုင်းမှာ သူကထီးဆိုင်သီချင်းတွင်မကဘူး
ဆူးများတဲ့ပန်း………..ဖိုးချို။မိုးလုံးမိူင်း…………..မွန်းအောင်။ မင်းညဖြစ်ပါစေ……………….စိုးစိုး။
နဒီမင်္ဂလာ……………..ခင်ဝမ်း။ပြည့်စုံပါစေ………………….စိုးပိုင် အစရှိတဲ့နာမယ်ကြီးသီချင်းတွေပြန်ဆိုတာလဲ
တစ်မျိုးကောင်းပါတယ်။
(ဒီအချိန်ဆိုရင် အရင်ကတွေ့နေကြပါ………………အို့အို့………..မြေနီလမ်းက………..ဆိုတဲ့သီချင်းကလေးကတော့ အရမ်းကောင်းတယ်လို့ဆိုနိုင်ပါတယ်။
တစ်ခါတစ်ရံအလုပ်တွေကများ အချိန်ကနောက်ကျ မိုးကလဲချုပ်ဘိုက်ကလဲဆာနေတဲ့အချိန်မှာ အလုပ်ထဲက ကလေးများက
(အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး………………………….လို့စောင်းဆိုကြတဲ့သီချင်းလေးကောင်းလွန်းလို့မေးကြည့်မိမှ
ကလေးတွေဖွင့်ပြတဲ့သီချင်းလေးတွေကိုနားထောင်မိပါတယ်။
အသံချိုပြီးအေးတဲ့အပြင် မိုင်ကုန်လွှတ်အော်နိုင်လွန်းလို့ ခေတ်သစ်တွံတေးသိန်းတန်လို့တောင်တင်စားလိုက်ချင်တဲ့
(မင်းသိဘို့ကောင်းတယ်……………………………………..)
(ကန်တော်ကြီးအင်းယားလဲ မသွားချင်…………………………)
(လမင်းနဲ့ကြယ်စင်များ ကြွေသွားသည့်တိုင်…………………….)
(အဆိပ်ခွက်။အပြာရောင်ည၊ဒီကစောင့်နေသူ။) တို့ရဲ့သခင် အိုင်စီရဲ့ပင်တိုင်ရှင်(မျုးိကြီး)ပါ။
နောက်တရုပ်သီချင်းအလိုက်တွေနဲ့ခေတ်စားသူ အိုင်စီရှိုးပွဲမှာ အော်လံကြီးကို ကိုင်ကိုင်ဆိုလိုက်မှလူပိုသိသွားတဲ့
လူပျိုကြီးလို့လဲ ကြော်ငြာထားတဲ့ဝိုင်းဝို်င်း။
ရုပ်ကလေးကဖြောင့် (မင်းနဲ့မှချစ်တတ်ပြီပေါ့တို့ မင်းငါကိုစွန့်သွားတော့နေခြည်တို့ )ပါတဲ့တစ်ခွေထဲနဲ့ပေါက်သွားတဲ့ဇော်ပိုင်။
သူကလဲခုချိန်ထိ ဇော်ဝင်းရှိန်သီချင်းဟောင်းလေးတွေနဲ့ စင်ပေါ်မှာခေတ်စားနေတုန်း။
သူက(ဒါအချစ်လားကွယ် ရင်မှာဖန်ဆင်းတယ်လို့…………………………သွားလေသူ(ဒိုးလုံး)ရဲ့………………..
မြန်မာပြည် အဆိုတော်ထဲမှာ အသံအချိုဆုံးလို့ပြောနိုင်တဲ့ချောစုခင်။
ချောစုခင်သီချင်းထဲမှာတော့ (သင်္ကြန်ဒိုးလေး)ဆိုတဲ့သီချင်းကတော့ အမိုက်ဆုံးထင်ပါတယ်။
သွားလေသူအေးချမ်းမေသီချင်း…..ဘုရားစူး နဲ့ လူသိများလာတဲ့ တေးရေးဆရာ ဟင်္သာတမြင့်ငွေရဲ့သမီး ဖြိုးကြီးရဲ့ညီမ ယုဇန။
သူလဲအိမ်ထောင်ကျသွားတော့ချောစုခင်လိုဘဲ အသံပျောက်သွားတာနှမျောစရာပါ။
နောက်အခု တောင်အာဖရိက ကမ္ဘာ့ဘောလုံးပွဲ က ဝပ်ကာဝပ်ကာ ရှာကီရာရဲ့သီချင်းလေးကို အချစ်ကျောင်းသူဆိုပြီ ပြန်ဆိုလိုက်တဲ့
အသံကောင်းကောင်းမာန်ပါပါ ဆိုနိုင်တဲ့ တင်ဇာမော် သူလည်းအထက်က မမများအတိုင်းပါဘ။
အချစ်တွေ့တော့ဂီတကိုမေ့ကုန်ပါတယ်။
(ခရစ်စမတ်ကိုကြောက်တဲ့ ကဗျာဘွဲ့မှူး.။ကိုပေါဆိုတဲ့ရွှေဧည့်သည်ကိုမျှော်တဲ့ မီးမီးခဲ)စောဘွဲ့မှူးရဲ့သမီးတွေပါ။
(ဒန်ဒီဒီ ဟေ…………….လို့ခပ်ဆန်းဆန်းလေးအော်ပြီး ကမ္ဘာကြီးက ကျဉ်းတယ်ပြောပြီး ခဏခဏရန်ဖြစ်တိုင်း
ဗိုက်ခေါက်ကိုဆွဲလိမ်တတ်ပြီး တုန်ဘူးဆိုတုန်ဘူးဆိုပက်လို့အော်လိုက်တဲ့ ဆုန်သင်းပါရ်။
တို့ကလဲ မေ့ထားလို့မရနိုင်တဲ့သူတွေပါ။
2000ခုနှစ်မှာ(သူနဲ့ထိလိုက်တာနဲ့ ဖန်ကလွဲရင် အစားခံရမယ်ဆိုတဲ့…………………………………..အဖွဲ့လေးက
မြန်မာပြည် ဂီတလောက မှာ အသစ်ပေါ်ထွန်းလာမဲ့ကြယ်တစ်ပွင့်ကို သူတို့ထဲမှာ ပါဝင်စေပြီး ဂီတပုံစံအသစ်ဖြစ်တဲ့
……………………………………………………………..

2 comments

  • Su Chit

    July 21, 2010 at 4:26 am

    မူပိုင်ရှင်မကြီးမမခိုင်ပါ .. နိုင် မဟုတ်ပါဘူး။ ခုလိုမျိုးအကြောင်းအရာတစ်ခုကို သေသေချာချာရေးတော့မယ်ဆိုရင် အသေးစိတ်မှတ်မိမှ ပြောစေချင်ပါတယ်။ ကိုယ်မှတ်မိတာတွေသိတာတွေကို အရင်သေချာအောင်လုပ်ပြီးမှ ချရေးဖို့ကောင်းတယ်။ နှုတ်တစ်ရာစာတစ်လုံးဆိုတာကိုမမေ့ပါနဲ့။ အမှားကိုရေးရင် နောက်လူကို ဒုက္ခပေးရာရောက်ပါတယ်။ အဲဒါလေးတော့ စာမရေးခင်မှတ်ထားပေးပါ။ လူတိုင်းအမှားမကင်းပါဘူး။ နောက်မမှားဖို့ပဲအရေးကြီးပါတယ်

  • Su Chit

    July 21, 2010 at 4:31 am

    မိစံရယ် သီချင်းနဲ့ ဆိုကြမယ်ပျော်ကြမယ်ကတဆင့်နာမည်ရလာတာ အံ့မော်ဦးပါ။

Leave a Reply