ဒီနေ့ ရုံးကို ကျွန်မနေရာတွင် အစားဝင်ရန်မိန်းကလေး ၃ယောက်ကို အင်တာဗျူးသည်။အင်တာဗျူး
သည့် ၃ယောက်ထဲမှ ၂ယောက်ကို ခန့် မည် ဖြစ်သည်။ ထို ၂ယောက်တောင်းဆိုသည့် လစာက
နည်းလေသလား သို့ မဟုတ် ကျွန်မ မန်နေဂျာက သတ်မှတ်လိုက်လေသည်လားတော့ မသိ။
သူတို့ ၂ယောက်လုံးကို ခန့်လျှင်ပင် ၂ယောက်ပေါင်းလစာက ကျွန်မအခု ရသည့်လစာကို ပင်
မပြည့်ဟု မန်နေဂျာက ပြောသည်။

ကျွန်မသူ့ ဆိုလိုရင်းများကို နားလည်ပါသည်။ သူလျှော့ချသည့်လစာကို ကျွန်မ လက်မခံခဲ့ရ်ျ
ထွက်ဖြစ်ခဲ့သည်ရှိသော်ငြား သူ့ အတွက် လူမရှားကြောင်း သူပေးသည့်လစာသည် အဆင်ပြေကြောင်း
သက်သေပြဟန်ရှိဧ။်။ မထွက်ဘဲ တဖန်ပြန်လည် စဉ်းစားသင့်ကြောင်း ပြောလာဧ။် ။ ကျွန်မကို နားချသောသူများရှိဧ။် ။
ဒီရွာထဲက မိတ်ဆွေများ အကြံပေးကြသလို လစာတစ်ခုတည်း မကြည့်ဘဲ ရှေ့ ဆက်လုပ်သင့်ကြောင်း စသဖြင့်ပေါ့။

ကျွန်မ အနည်းငယ်တွေဝေလာသဖြင့် သူ့ ကို ထွက်မည် မထွက်မည် အဖြေမပေးဘဲ အကြိမ်ကြိမ်
စဉ်းစားသည်။ တစ်ရက်ကတော့ ရုံးက အင်ဂျင်နီယာ အစ်ကိုတစ်ယောက်ကိုပါပြောလာသည်။
သူလစာလျှော့သော်လည်း ကုမဏီသိပ်ကောင်းလွန်းသဖြင့် မွန်းပိုအမ် တစ်ယောက် မထွက်ချင်
ဖြစ်နေကြောင်း နောင်အချိန် ကုမဏီ ပရောဂျက်နည်းပါးချိန်များတွင်လည်း လစာကို လျှော့ဖို့ ရှိကြောင်း ပြောလာသည်ဟုဆိုသည်။
မန်နေဂျာကို ကွန်ဖန်းမေးကြည့်တော့လည်း ဟုတ်သည်ဟု ဆိုသည်။

ကျွန်မဆုံးဖြတ်ချက် မှားသည်ဟု အများက သတ်မှတ်ကြမည်လား မသိပါ။ ထိုနေ့ က ကျွန်မ
ထွက်စာကို မပြင်တော့ကြောင်း အကြောင်းပြန်လိုက်ပါသည်။ ကျွန်မကို အကြောင်းပြုပြီး တစ်ယောက်မှ စ တစ်ရာထိအောင်လူပါးဝပြီး
ခေါင်းပုံဖြတ်နေသော ကုမဏီတွင် ဆက်လုပ်ဖို့ ကျွန်မ ၀န်လေးသည်။ဘာပဲပြောပြော ဒီဖေဖော်ဝါရီ ကုန်တွင် ကျွန်မ ဒီကုမဏီတွင် ရှိနေမည် မဟုတ်တော့ပါ။

အခု ကျွန်မ မတ်လမှစပြီး အလုပ်လုပ်ရန် စဉ်းစားသောအခါ ၂မျိုးသွားတွေ့ ပါသည်။တစ်ခုက ကျွန်မ၀ါသနာပါသော တိုးဂိုက်အလုပ်ဖြစ်သည်။
ကုမဏီတစ်ခုတည်းဖြင့် ပုံသေမလိုက်တော့ဘဲ ဖရီးလန့်စ်
ဂိုက်လုပ်ဖို့ ။ ဂိုက်ဘ၀သည် လွတ်လပ်သည် ပင်ပန်းသည် သို့ သော်ဝါသနာပါသည်။ စိတ်ဖိစီးမှုတွေမရှိ
ပျော်ချင်လို့ ခရီးထွက်လာသော ဧည့်သည်များကို ကိုယ်က လိုက်လံ ဂရုစိုက် ရှင်းလင်းပြသရုံသာ။
သို့ သော် ဘ၀သည် အနှစ် ၂၀နေလည်း တိုးဂိုက်ပဲ ဖြစ်သည့်အတွက် စီနီယာကျသည် ဆိုတာကလွဲပြီး
ဘာရာထူးမှ ရှိမည် မဟုတ်။ ကျွန်မကျေနပ်နေမည်ဟု ထင်သည်။

နောက်တစ်ခုက ဂျပန် အခြေစိုက် ကုမဏီတွေ အများကြီး လာနေသဖြင့် ဂျပန်စကားပြောတတ်သော၊
ရုံးလုပ်ငန်းအတွေ့ အကြုံရှိသော ၀န်ထမ်းများကို ခေါ်နေသည်။ လစာကတော့ ကျွန်မအခု ထွက်ခဲ့သော
ကုမဏီလစားနီးပါးရှိသည်။ ကံကောင်းလျှင်တော့ ကုမဏီကောင်းနှင့် တွေ့ မည်။ ထိုကုမဏီတွင်
အနှစ်၂၀နီးပါးလုပ်ဖြစ်ခဲ့သည်ရှိသော် အခွင့်အရေးကောင်းနိုင်သည် လစာကောင်းလာနိုင်သည်။ရာထူးရှိမည်။
သို့ သော် ၀န်ထမ်းဘ၀ဖြစ်သည့် အားလျော်စွာ စိတ်ဖိစီးမှု၊ အလုပ်များမှုတွေ ရှိနေမည်ကတော့
အမှန်။ ငြိမ်းချမ်းစွာ နေနိုင်မည်ဟု ထင်သော်လည်း ဂျပန်ကုမဏီတစ်ခုကို ပြန်လည် ၀င်ရောက်ဖို့ ရာ
ကျွန်မ အားယူရပေဦးမည်။ဘ၀တွင် စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုသည် အရေးကြီးသလား၊ သူ့ အသက်အရွယ်နှင့်သူ
ထိုက်သင့်သော ရာထူးရာခံသည် အရေးကြီးသလား။
သေချာတာကတော့ သေရင် အကုန်ထားခဲ့ရမှာချည်းဖြစ်သော်လည်း ရှင်သန်နေချိန်တွင် ဖက်တွယ်ရန်
ကျွန်မ မည်သည့်လမ်းကို ရွေးချယ်ရပါမည်လဲ။

စဉ်းစားရကြပ်လာသဖြင့် ရွာထဲကို ၀င်ပြီး ရင်ဖွင့်လိုက်ရသည်။ ကူညီကြပါဦး။ ၀ိုင်းဝန်းအကြံပေးကြပါဦး။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)