Ideal Marriage(စံပြုထိုက်တဲ့အိမ်ထောင်ရေး)

etoneJuly 21, 20101min1299

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ
တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့
နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သဝန်တို
စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘဝအတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ
အလေးအနက်ထား
အချိန်ယူူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘဝမှာတော့ သဝန်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့
မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ
လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘဝကို
စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်
မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ဝင်ငွေမျိုး
ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။
ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်
ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး
အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက
လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ
သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က
အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်
အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး
ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို
ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာေ

ပါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့

9 comments

  • kopauk mandalay

    July 21, 2010 at 2:18 am

    အမှန်တကယ်လိုအပ်တာကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု့ရှိဘို့ရယ်
    သာမန်အချိန်မှာထက် အခက်အခဲနဲ့တွေ့ချိန်မှာ ခွင့်လွှတ်နားလည်မယ်ဆိုရင်
    တစ်ခါတစ်ရံမှာ စိတ်မတိုက်ဆိုင်လို့ ပြဿနာရှိနေပေမဲ့
    ကြီးမားတဲ့အဆင့်ထိမရောက်ဘူးလို့ယုံကြည်ပါတယ်။
    ရိုးရိုးလေးတွေးတာ အကောင်းဆုံးပါနော်။

  • teekaunglay

    July 21, 2010 at 7:37 am

    ဘာတွေ ဘယ်လိုပဲ စံသတ်မှတ် တယောက်နဲ့ တယောက် နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ ကြီးမားတဲ့ မေတ္တာရှိနေဖို့က အဓိကပါ..

  • manawphyulay

    July 21, 2010 at 9:27 am

    အားလုံးပြောသမျှတွေက မှတ်သားသင့်တဲ့စကားတွေပါပဲ။ ကျေးဇူးတင်ပါတယ်။

  • fatty

    July 21, 2010 at 9:56 am

    သိပ်မှတ်သားချင်တယ်ပေါ့

  • Yin Nyine Nway

    July 21, 2010 at 11:20 am

    ချစ်နေဖို့ နဲ့ နားလည်မှုလေးပါ
    နားလည်မှုသာမရှိရင်တော့

  • Gong Zhu

    September 15, 2010 at 2:26 pm

    နားလည်မှုသာမရှိရင်တော့ ဗေနောင် ဗေနောင်ဂျိ ပေါ့ 😛

  • Khin Thida Soe

    October 7, 2010 at 2:58 am

    နှစ်ဦးနှစ်ဘက်…နားလည်မှု ရရင်တေ့ာ ပိုကောင်းတာပေါ့

  • april

    October 7, 2010 at 4:10 am

    နားလည်မှုလည်း အရေးကြီးသလို တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့လည်း လိုအပ်ပါတယ်။

Leave a Reply